NUG က နိုင်ငံတစ်ဝန်း တော်လှန်ရေးစတင်ပြီဖြစ်ကြောင်း အရေးအပေါ်အခြေအနေကြေညာ

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels:
  • ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် မတရား သိမ်းပိုက်ကာ အာဏာလုယူခဲ့သော အာဏာသိမ်း စစ်ကောင်စီအား အမြစ်ဖြတ်ချေမှုန်းရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government)၊ ယာယီသမ္မတ ဦးဒါရှီလဆိုင်းက စစ်ရေးနည်းအရ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စတင်ပြီဖြစ်ကြောင်း ၇-၉-၂၀၂၁ ရက်နေ့တွင် ကြေညာခဲ့သည်။ 

    ထိုသို့ကြေညာပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်း အာဏာသိမ်းစစ်တပ်နှင့်  တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေသည့် ကိုးကန့်အဖွဲ့ဖြစ်သော မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) အဖွဲ့ကလည်း  လူမှုကွန်ရက် စာမျက်နှာကတဆင့် D-Day ကြေညာလိုက်ခြင်းသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင် ပထမဦးဆုံး D-Day ကြေညာလိုက်ခြင်းပင်ဖြစ်သည်။

    ထို့ပြင် ပြည်သူ့တော်လှန်ရေးစစ်သည်များ စစ်မြေပြင်တွင် လိုက်နာရမည့် အချက်(၇)ချက်ကိုပါ တစ်ပါတည်း ကြေညာခဲ့သည်။





    0 comments:

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo