Interview with Dr.Yin Yin Nwe (Rakhine Commission)

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: ,
  • Dr. Yin Yin Nwe

    တိုင်း​ရင်း​သား​နှင့်​ နိုင်ငံသား​ မတူညီပါ။ နိုင်ငံသား​ဖြစ်ခွင့်​ရှိသူဖြစ်လှ­ျင် ​ပေး​ပါမယ်။ ဦး​ဆုံး​ ဒီနိုင်ငံရဲ့​စကား​ကို ​ပြောတတ်​အောင် ကြိုး​စား​ပါ။ သို့​သော် တိုင်း​ရင်း​သား​ဖြစ်ခွင့်​ မရှိပါ။ ဘင်္ဂလီဟာ ဘင်္ဂလီပါပဲ။ "သမိုင်း​ကို လိမ်လည်ခြင်း​ဟာ နိုင်ငံကို ​စော်ကား​ခြင်း​ပဲဖြစ်တယ်။"

    လင်း​ဦး​(စိတ်ပညာ)


    H R W အစီရင်ခံစာကို ပြတ်သား​စွာ ငြင်း​ပယ်လိုက်တဲ့​ မြန်မာ့​တိုင်း​ရင်း​သူ ​ဒေါက်တာရင်ရင်နွယ် ၏ ​လေး​စား​ဂုဏ်ယူဖွယ် ဘဝဖြတ်သန်း​မှုများ​ 

     ၁၉၉၁ခုနှစ်မှ၂၀၁၁ခုနှစ်အထိ ယူနီဆက်တွင် တာဝန်ထမ်း​ဆောင်ခဲ့​ပြီး​ ၂၀၁၁ ​ဖေ​ဖေါ်ဝါရီလ၌ ကမ္ဘာ့​ကုလသမဂ္ဂ၏ အမြင့်​ဆုံး​ရာထူး​များ​ထဲမှ တခုအပါအဝင် ဖြစ်သည့်​ ယူနီဆက်၏ တရုတ်နိုင်ငံဌာ​နေကိုယ်စား​လှယ်အဖြစ်မှ အငြိမ်း​စား​ယူခဲ့​ ​သော ​ဒေါက်တာရင်ရင်နွယ်သည် အ​မေရိကနိုင်ငံ ​တောင်ပိုင်း​ကယ်လီဖိုး​နီး​ယား​သို့​ ​ခေတ္တအလည်အပတ်​ရောက်ရှိလာစဉ်ကိုဖီး​လစ်ထွန်း​(အရီဇိုး​နား​)၏ မိတ်ဆက်စီစဉ် ​ပေး​မှုဖြင့်​ ၂၀၁၁ခုနှစ် ​မေလ၁၆ရက်​နေ့​၌ ရတနာပုံ​နေပြည်​တော်သတင်း​စာမှ သွား​ရောက်​တွေ့​ဆုံ ​မေး​မြန်း​ခဲ့​ပါသည်။ 

    ​ဒေါက်တာရင်ရင်နွယ်ရဲ့​ကိုယ်​ရေး​ရာဇဝင်အကျဉ်း​

    ဇာတိကရှမ်း​ပြည်​တောင်ပိုင်း​တောင်ကြီး​မြို့​။ စစ်ပြီး​ခေတ်မှာ​မွေး​ပါတယ်။ အ​ဖေက ကျိုင်း​တုံ​စော်ဘွား​ကြီး​ရဲ့​သား​ စဝ်ဆိုင်မိုင်း​မင်း​ရဲ (Sao Saimong Mangrai) အ​မေက ​ဒေါ်မီမီခိုင်(က​မ္ဘောဇ​ကျောင်း​အုပ်) မွန်လူမျိုး​ဆို​တော့​ ရှမ်း​နဲ့​မွန်ကပြား​လို့​ပြောရမှာ​ပေါ့​။ ညီမ ​ဒေါ်သီသီတာ(ရန်ကုန်)၊​ ​မောင်​လေး​ စဝ်ခိုင်မိုင်း​(Sao Khai Mong)USA ​မောင်နှမ၃​ယောက်ပါ။ ငယ်စဉ်က​လေး​ကျောင်း​သား​ဘဝမှာ အ​မေတည်​ထောင်ထား​တဲ့​ က​မ္ဘောဇ​ကောလိပ် လို့ ​ခေါ်တဲ့​ကျောင်း​မှာ ၁ဝတန်း​အထိတက်ခဲ့​တယ်။ ၁ဝတန်း​စာ​မေး​ပွဲကြီး​ ​ဖြေခါနီး​မှာ အ​မေ့​ရဲ့​ကျောင်း​ ပြည်သူပိုင်သိမ်း​ခံရတဲ့​အတွက် က​မ္ဘောဇ​ကျောင်း​က​နေ ၁ဝတန်း​ မ​အောင်ဘဲ ဂန္ဒီ​ကျောင်း​က​နေ ၁ဝတန်း​အောင်ခဲ့​တယ်။ ပြည်သူပိုင်သိမ်း​ခံရတဲ့​ ​ကျောင်း​တွေထဲမှာ အ​မေ့​ရဲ့​က​မ္ဘောဇ​ကျောင်း​က ပထမဦး​ဆုံး​ပြည်သူပိုင်အသိမ်း​ခံ ရတဲ့​ကျောင်း​ပါ။ 

    ​နောက် ၁၉၆၄ အသက်၁၅နှစ်မှာ ရန်ကုန်ဝိဇ္ဇာနဲ့​သိပ္ပံတက္ကသိုလ် တက်ခဲ့​ပြီး​ ဘူမိ​ဗေဒ အဓိကနဲ့​၁၉၆ဂခုနှစ်မှာ ဘွဲ့​ယူခဲ့​တယ်။ နှစ်စဉ်ဘာသာစုံဂုဏ်ထူး​နဲ့​ ​အောင်ခဲ့​တယ်။ တက္ကသိုလ်​နောက်ဆုံး​နှစ် ၁၉၆ဂခုနှစ်မှာ အင်္ဂလန်က FGA ​ကျောက်မျက်ဆိုင်ရာ ဒီပလိုမာကိုရခဲ့​တယ်။ ၁၉၆၉ ဇန်နဝါရီလ ဘွဲ့​ရချိန်မှာ အသက်၁၉နှစ်။ ဘွဲ့​ရပြီး​တာနဲ့​ အလုပ်တန်း​ဝင်​တော့​အသက်က၁၉-၂ဝဘဲရှိ​သေး​တယ်။ တက္ကသိုလ်မှာ သရုပ်ပြဆရာမအ​နေနဲ့​ အလုပ်စလုပ်တယ်။ အသက်၂၁နှစ်မှာ နိုင်ငံခြား​ပညာ​တော်သင်အ​နေနဲ့​ အင်္ဂလန်မှာရှိတဲ့​ ကင်း​ဘရစ်တက္ကသိုလ်မှာ ပညာ သင်ခွင့်​ရတယ်။ ကင်း​ဘရစ်တက္ကသိုလ်က​နေ အသက်၂၅နှစ်၊​ ၁၉၇၄နှစ်ကုန်မှာ Ph.D စာတမ်း​တင်နိုင်ခဲ့​တယ်။ ၁၉၇၅ခုနှစ်မှာMineralogy နဲ့​ Ph.D ပါရဂူဘွဲ့​ မရခင်မှာ အပိုလိုအာကာသယာဉ်က ယူလာတဲ့​ လကမ္ဘာက​ကျောက်​တွေကို စစ်​ဆေး​ တဲ့​အလုပ်ကို ၆လ​လောက်လုပ်ခဲ့​တယ်။ မြန်မာပြည်က လွှတ်တဲ့​ ပြည်ပပညာ​တော်သင်​တွေထဲမှာ အသက်အငယ်ဆုံး​နဲ့​ Ph.D ဘွဲ့​ကိုရခဲ့​တာပါ။ Ph.D ဘွဲ့​ရပြီး​မြန်မာပြည်ပြန်လာပြီး​ရန်ကုန်ဝိဇ္ဇာနဲ့​သိပ္ပံ တက္ကသိုလ်ဘူမိ​ဗေဒဌာနမှာ တိုင်း​ပြည်အတွက် အလုပ်ပြန်လုပ်ခဲ့​တာ ကထိကဖြစ် တဲ့​အထိ၁၉ဂဂစက်တင်ဘာလအထိ၁၉နှစ်ကြာအလုပ်လုပ်ခဲ့​တယ်။ 

    ၁၉၈၈ စက်တင်ဘာလ၁ရရက်​နေ့​မှာ မြန်မာနိုင်ငံကထွက်ပြီး​ ဂျာမနီနိုင်ငံMunich Technical University မှာသု​တေသနအလုပ်လုပ်ခဲ့​တယ်။ ၁၉၉၁ခုနှစ်မှာ ယူနီဆက်မှာ ​အောက်​ခြေကစပြီး​ အလုပ်လုပ်ပါတယ်။ ပတ်ဝန်း​ကျင်ဆိုင်ရာ ပရိုဂျက်အရာရှိလုပ်ခဲ့​တယ်။ နိုင်ငံ၅ဝ ​ကျော်မှာ ​နေထိုင်အလုပ်လုပ်ခဲ့​တယ်။

    ၁၉၉၄က​နေ၁၉၉၉ခုနှစ်အထိ အ​နောက်အာဖရိကတိုက်မှာယူနီဆက်ရဲ့​ဒေသဆိုင်ရာ အကြံ​ပေး​အရာရှိအ​နေနဲ့​လုပ်ခဲ့​တယ်။ ၁၉၉၉က​နေ၂၀၀၁အထိ အ​ရှေ့​အလယ်ပိုင်း​ နိုင်ငံ၂ဝ မှာ ​ဒေသဆိုင်ရာစီမံကိန်း​အရာရှိ၊​ ၂၀၀၁က​နေ၂၀၀၅အထိအင်ဒိုနီး​ရှား​နိုင်ငံ မှာ၊​ ၂၀၀၅ခုနှစ်မှာ ယူနီဆက်ရဲ့​ ဆူနား​မိဆိုင်ရာအကြီး​အကဲနဲ့​ ၂၀၀၆ခုနှစ်ဒီဇင်ဘာလ ၁ရက်​နေ့​က​နေ အငြိမ်း​စား​ယူတဲ့​ ၂၀၁၁​ဖေ​ဖေါ်ဝါရီလအထိ တရုတ်ပြည်ဆိုင်ရာဌာ​နေ ကိုယ်စား​လှယ် ဖြစ်ခဲ့​တယ်။ တက္ကသိုလ်မှာအလုပ်လုပ်ခဲ့​တဲ့​အ​ကြောင်း​… ဘွဲ့​ရပြီး​တာနဲ့​သရုပ်ပြဆရာမအ​နေနဲ့​ ကထိက ရာထူး​အထိနဲ့​ ဘူမိ​ဗေဒပညာရှင် အ​နေနဲ့​ နှစ်​ပေါင်း​၂ဝနီး​ပါး​ အလုပ်လုပ်ခဲ့​တယ်။ ​နောက်ပြီး​ တက္ကသိုလ်က တပည့်​ ​ကျောင်း​သား​တွေနဲ့​ ရင်း​ရင်း​နှီနှီး​ မြန်မာပြည်အနှံ့​ကွင်း​ဆင်း​၊​ အတူတူ ပင်ပန်း​ဆင်း​ ရဲခံပြီး​စာတမ်း​တွေ​ရေး​ခဲ့​ဘူး​တယ်။ ဒီလိုတပည့်​ကျောင်း​သား​တွေနဲ့​ရင်း​နှီး​မှုအတိုင်း​ အတာ​တွေ၊​ အ​တွေ့​အကြံု​တွေက ဘာနဲ့​မှအစား​ထိုး​လို့​ မရနိုင်ဘူး​။ ဒါ​ကြောင့်​ကမ္ဘာ အနှံ့​ ဘယ်နိုင်ငံသွား​သွား​ နိုင်ငံ​တော်​တော်များ​များ​မှာ တပည့်​တွေရှိလို့​လာပြီး​နှုတ်ဆက်ကြပါတယ်။ မြန်မာပြည်မှာ နှစ်​ပေါင်း​များ​စွာ အလုပ်လုပ်ခဲ့​ရတဲ့​အချိန်​တွေ၊​ ကွင်း​ဆင်း​ကျောင်း​ သား​တွေနဲ့​ နိုင်ငံအနှံ့​ ပင်ပန်း​ဆင်း​ရဲခံပြီး​ လက်​တွေ့​ကွင်း​ဆင်း​သင်ခဲ့​၊​ ​လေ့​လာခဲ့​ရတာ ​တွေကို ​နောင်တ မရပါဘူး​။ မမသူငယ်ချင်း​တွေက​ပြောကြတယ်၊​ ​စော​စောစီး​စီး​ နိုင်ငံခြား​ထွက် အလုပ်လုပ်ရင် ​စော​စောစီး​စီး​ချမ်း​သာတာ​ပေါ့​တဲ့​။ မမက​တော့​ ဒီလိုမမြင်ဘူး​၊​ မြန်မာပြည်မှာ ဘူမိ​ဗေဒပညာရှင်တဦး​အ​နေနဲ့​လုပ်ခဲ့​ဘူး​လို့​ ​အောက် ​ခြေလူတန်း​စား​အ​ကြောင်း​ နား​လည်ခဲ့​တယ်၊​ ဆင်း​ရဲသား​တွေအ​ကြောင်း​လဲ ပိုနား​ လည်ခဲ့​တယ်၊​ဆင်း​ရဲခြင်း​အ​ကြောင်း​ကိုပိုသိခဲ့​တယ်။ နိုင်ငံခြား​ထွက်ခဲ့​တဲ့​အ​ကြောင်း​… မမ နိုင်ငံခြား​ကိုထွက်ချင်ရင် အ​စောကြီး​ထဲက ပညာ​တော်သင် ပြီး​ကတည်း​က လို့​ ​ပြောရင်ပိုမှန်မယ်ထင်တယ်၊​ ထွက်လို့​ရပါတယ်။ ဒါ​ပေမယ့်​ ဘူမိ​ဗေဒဌာနက ဆရာကြီး​တွေ ဆရာမကြီး​တွေ နဲ့​ မိဘ​တွေက ကိုယ့်​ကိုယုံကြည်လို့​ နိုင်ငံခြား​လွှတ် ပြီး​ပညာသင်​စေခဲ့​တယ်၊​ အား​လုံး​ကပြန်လာမယ်လို့​မျှော်လင့်​ကြတယ်၊​ ဒီလိုယုံကြည် မှုကို​တော့​အလွဲသုံး​စား​မလုပ်ချင်ဘူး​၊​ ဒါ​ကြောင့်​သစ္စာရှိရှိနဲ့​မြန်မာပြည်ကိုပြန်လာတယ်၊​ကိုယ်နဲ့​အတူပညာသင်သွား​ကြတဲ့​ တချို့​အကိုကြီး​တွေ၊​ တချို့​အမကြီး​တွေဆို ​လျော်​ကြေး​ပေး​လိုက်တယ်။ ပြန်မလာကြ​တော့​ဘူး​။ စိတ်ဆုံး​ဖြတ်ပြီး​ နိုင်ငံခြား​ကိုထွက်ဖြစ်တာက ၁၉ဂဂစက်တင်ဘာ၁ရရက်မှာ ထွက် လာခဲ့​တယ်။ ထွက်ရတဲ့​အဓိကအ​ကြောင်း​အရင်း​ကလဲ သား​လေး​ကြောင့်​ဘဲ။ အိမ် ​ထောင်ကွဲပြီး​တော့​ သား​ကိုမမကပဲ​စောင့်​ရှောက်လာရ​တော့​ သူ့​ကို ပညာ​ရေး​ ​ကောင်း​ ​ကောင်း​ပေး​ရမယ်လို့​ ခံယူထား​တယ်။ သား​လေး​ကလဲ အင်မတန်ကို စာ​တော်တဲ့​ က​လေး​။ ဒါ​ကြောင့်​ သူ့​အတွက် အ​ကောင်း​ဆုံး​ဖြစ်​အောင်၊​ သူ တိုး​တက်ဖွံ့​ဖြိုး​ရေး​ အတွက် မမကြိုး​စား​မယ်လို့​ ခံယူပြီး​ ဒီစိတ်နဲ့​ဘဲ အကိုတ​ယောက်ဆီမှာ ​ဒေါ်လာ တစ် ​ထောင်​ချေး​ပြီး​ ထွက်လာခဲ့​တယ်။ ဘယ်နိုင်ငံ၊​ ဘယ်​ဒေသ၊​ ဘာအလုပ်ရမယ်ဆိုတဲ့​ အာမခံချက်တခုမှ မရှိဘဲထွက်လာခဲ့​တာ။ ခုအသက်အရွယ်မှာပြန်စဉ်း​စား​တွေး​ ကြည့်​တော့​ကြောက်မိပါတယ်။ 

    ၁၉ဂဂနှစ်မှာ ဂျာမဏီနိုင်ငံဘွန်း​မြို့​Alexander von Humboldt ​ဖေါင်​ဒေး​ရှင်း​က Ph.Dဘွဲ့​ရှိတဲ့​ပညာရှင်​တွေကိုခန့်​မယ့်​Post တခု ကမမကို ​ခေါ်ထား​ တာရှိတယ်။ ​ဖေါင်​ဒေး​ရှင်း​က Post အတွက် မမကိုလက်ခံလိမ့်​မယ်ဆိုတဲ့​ ​မျှော်လင့်​ ချက်နဲ့​ဂျာမနီနိုင်ငံကိုထွက်သာထွက်လာခဲ့​ရတယ်၊​ ဘာမှမ​သေချာဘူး​။ ဂျာမနီနိုင်ငံကို​ရောက်​တော့​ ​ခေါ်ထား​တဲ့​ Post မှာအလုပ်ရဖို့​ အ​မေရိက၊​ဂျပန်၊​ အင်္ဂလိပ်သိပ္ပံရှင်​တွေနဲ့​ (ယှဉ်)ပြိုင်ပြီး​မှ အလုပ်ရခဲ့​တယ်။ မြန်မာနိုင်ငံရဲ့​အ​ခြေအ​နေ အ ​ကြောင်း​ကြောင်း​ကြောင့်​ လာတာ ​နောက်ကျ​ပေမယ့်​ အလုပ်ရခဲ့​တယ်။ မမကို အလုပ် ​ပေး​တာက အသက်၄ဝ​အောက် ထူး​ချွန်တဲ့​ သိပ္ပံပညာရှင်ဖြစ်လို့​၊​ ​နောက်ပြီး​ မြန်မာ ပြည်မှာလုပ်ခဲ့​တဲ့​သု​တေသနလုပ်ငန်း​တွေကိုကြည့်​ပြီး​တော့​ပေး​တာလို့​သိရတယ်။ မြန်မာနိုင်ငံမတ္တရာ၊​မိုး​ကုတ်​ဒေသမှာ အ​နေအစား​ဆင်း​ရဲ၊​ခေတ်မှီပစ္စည်း​ကရိ ယာမစုံလင်ဘဲ ကွင်း​ဆင်း​လေ့​လာပြီး​ သု​တေသနစာတမ်း​ကောင်း​ကောင်း​တွေ ထွက် လာနိုင်လို့​ရွေး​တာဖြစ်တယ်လို့​ဆိုပြီး​ မမကိုကြိုက်တဲ့​မြို့​ရွေး​ဆိုပြီး​ အလုပ်ခန့်​လိုက် ​တော့​တာပဲ။ ဒီလိုနဲ့​မမလဲ ဂျာမနီနိုင်ငံMunich Technical University တက္ကသိုလ်မှာ ၁နှစ်ခွဲ​ကျော် သု​တေသနအလုပ်​တွေ လုပ်ခဲ့​ပါတယ်။ အလုပ်မှာ မမကမြန်မာပြည်ကလာတာဆို​တော့​ ကွန်ပျူတာပညာမှာ သူများ​တွေထက် ​ခေတ်​နောက်ကျ​နေ​ပေ မယ့်​လဲ ကြိုး​စား​ပြီး​ ​လေ့​လာလိုက်​တော့​ စာတမ်း​တွေထွက်ခဲ့​ပါတယ်။ အလုပ်လုပ်​နေရင်း​ပဲ ကိုယ့်​တက္ကသိုလ်​ဟောင်း​ဖြစ်တဲ့​ ကင်း​ဘရစ်ကို ပြန်သွား​လေ့​ လာကြည့်​တယ်။ ဂျာမနီမှာက ဘာသာစကား​က နဲနဲခက်တယ်။ ပြီး​တော့​ သား​ပညာ​ရေး​ကိုလည်း​ အင်္ဂလန်မှာ ထား​ချင်တယ်ဆို​တော့​ ကင်း​ဘရစ်တက္ကသိုလ်ကို သွား​ ကြည့်​ခဲ့​တယ်။ အဲဒီမှာဘာကိုမြင်လိုက်သလဲ ဆို​တော့​ မမ ငယ်ငယ်ကသူငယ်ချင်း​တွေကပ​ရော် ဖက်ဆာကြီး​တွေ၊​ဆရာကြီး​တွေဖြစ်​နေကြပြီ။ ဒီလိုဖြစ်​နေကြ​ပေမယ့်​လည်း​ သူတို့​ရဲ့​ ဘဝဟာ တကယ့်​အောက်​ခြေမဆန်ဘူး​။ ​အောက်​ခြေမဆန်ဘူး​ဆိုတာကလူ​တွေနဲ့​ ထိ​တွေ့​မှုနည်း​တာကို​ပြောတာ​နော်။ သူတို့​ကသု​တေသနခန်း​ထဲ၊​ဓါတ်ခွဲခန်း​ထဲ မှာ၊​ စာကြည့်​တိုက်ကြီး​တွေထဲမှာဘဲ ကျင်လည်​နေကြရတယ်။ ဆရာကြီး​တွေက ​ပြောတယ်၊​ ဒီမှာအလုပ်လုပ်ချင်ရင်ဆက်လုပ်။ အချိန်တန်ရင်ပါ​မောက္ခ​တော့​ဖြစ် လာမှာဘဲလို့​ပြောတယ်။ ဒီမှာမမ စဉ်း​စား​တယ်။ ငါ ဒီလို စာကြည့်​တိုက်ကြီး​ထဲ၊​ သု​တေသနအခန်း​ထဲမှာ ​နေနိုင်မလား​ပေါ့​။ မမ က မြန်မာပြည်က ထွက်လာတာလဲ မကြာ​သေး​ဘူး​။ မြန်မာပြည်ရဲ့​ တချို့​နေရာ​တွေမှာ အစာရည်စာချို့​တဲ့​နေတာ​တွေ၊​ တိုင်း​ပြည်ဆင်း​ရဲ​နေတာ​တွေ ကိုလည်း​မျက်မြင်ကိုယ်​တွေ့​မြင်လာခဲ့​ရသူဆို​တော့​ ဘယ်လိုခံစား​မိလိုက်သလဲဆို ​တော့​ ငါ တက္ကသိုလ်မှာ မလုပ်ချင်ဘူး​၊​ လူ​တွေနဲ့​ ထိ​တွေ့​တဲ့​အလုပ်၊​ အထူး​သဖြင့်​ ဆင်း​ရဲတဲ့​နိုင်ငံ​တွေမှာ လူ​တွေကို ကူညီတဲ့​ အလုပ်ဘဲ လုပ်ချင်တယ်ဆိုတဲ့​ စိတ်ဆန္ဒက ထင်း​ထင်း​ကြီး​ပေါ်လာတယ်၊​ မမရဲ့​နိုင်ငံကူး​လက်မှတ် အခက်အခဲလဲ ဖြစ်​နေ​တော့​ ကုလသမဂ္ဂအလုပ်ကိုကြိုး​စား​မယ်ဆိုပြီး​ဆုံး​ဖြတ်ချက်ချလိုက်တယ်။ 

    ကုလသမဂ္ဂ အလုပ်ဝင်ခဲ့​ရပုံ​တွေအ​ကြောင်း​… ၁၉၉ဝဂျာမနီကထွက်လာပြီး​အ​မေရိကကို ​ရောက်လာခဲ့​တယ်။ ကုလသမဂ္ဂမှာ အလုပ်ဝင်​တော့​လဲ Ph.D မို့​သူတို့​ကတန်း​ခန့်​လိုက်တာ မဟုတ်ပါဘူး​။ ​အောက်​ခြေ က​နေ စဝင်လုပ်ပြီး​ ပင်စင်ယူတဲ့​အချိန်မှာ ကုလသမဂ္ဂရဲ့​ အဆင့်​အမြင့်​ဆုံး​ရာထူး​ ထဲကတခုဖြစ်တဲ့​ တရုတ်ပြည်ရဲ့​ဌာ​နေကိုယ်စား​လှယ် ရာထူး​တာဝန်ထမ်း​ဆောင်ခဲ့​ပြီး​မှပင်စင်ယူခဲ့​ပါတယ်။ အလုပ်စဝင်​တော့​လဲ ၃လ ယာယီအလုပ်​ပေါ်လို့​ ဝင်​လျှောက်လိုက်ပြီး​ ကုလသမဂ္ဂမှာ ဝင်သွား​တာပါ။ Database ​ရေး​ဖို့​ လူလိုလို့​ခေါ်​တော့​ မမက ဒီ​လောက်က​တော့​အ​ပျော့​ပေါ့​ဆိုပြီး​ဝင်​လျှောက်လိုက်တာ။ မမက  မြန်မာပြည်မှာ ​နောက်ဆုံး​ပေါ်ကွန်ပျူတာပညာကို မ​လေ့​လာခဲ့​ရ​ပေမယ့်​ ဂျာမနီ​ရောက်​တော့​ သူများ​ထက် အများ​ကြီး​ကြိုး​စား​လေ့​လာခဲ့​တဲ့​အတွက် စာတမ်း​ ​တွေအတွက် ကွန်ပျူတာ​တွေကို ​ကောင်း​ကောင်း​သုံး​တတ်​နေပြီ။ Database အလုပ်ရတာက​တော့​ မမရဲ့​ဆရာကြီး​ ​ဒေါက်တာညီညီရဲ့​ ​ကျေး​ဇူး​နဲ့​ ​စောင့်​ရှောက် မှု​ကြောင့်​ပဲ။ ဒီ Detabase အလုပ်လုပ်​နေတုန်း​ယူနီဆက်ကနံပါတ်၂လူကြီး​ဖြစ်တဲ့​ ​ဒေါက်တာရစ်ချတ်​ဂျော်လီက မမကို ကင်း​ဘရစ်တက္ကသိုလ်ကPh.D ဆိုတာလဲသိ​ရော မမ လုပ်​နေရတဲ့​အလုပ်နဲ့​ အရည်အချင်း​နဲ့​က မတန်ဘူး​ဆိုပြီး​ စမ်း​သပ်တဲ့​အ​နေနဲ့​စာတမ်း​တခု​ရေး​ခိုင်း​တယ်။

    အဲဒါကလဲရှင်းရှင်း ​ပြောရရင်UN ​အေဂျင်စီ​တွေကို Coordination လုပ်တဲ့​အ​ကြောင်း​ စာတမ်း​ဖြစ်​နေတယ်။ မမကြိုး​စား​ပြီး​ သု​တေသန​တွေလုပ်၊​ ​တွေ့​ဆုံ ​မေး​မြန်း​တာ​တွေလုပ်၊​ အချက်အလက်​တွေစုပြီး​ ​ရေး​လိုက်တာ စာတမ်း​တ​စောင် ထွက် သွား​ရော။ မမ တင်လိုက်တဲ့​စာတမ်း​ကို လူကြီး​တွေ ဘယ်​လောက် သ​ဘောကျ သလဲဆိုရင် တကမ္ဘာလုံး​မှာရှိတဲ့​ UNရုံး​တွေကိုUN ရဲ့​စာအ​နေနဲ့​ ဖြန့်​တယ်။ မမ နာမည် ကို​တော့​ မတပ်ဘူး​။ အဲဒါကပိုပြီး​သိက္ခာရှိတယ်။ အဲဒီမှာ နာမည်ရသွား​ပြီး​ UN မှာ အလုပ်ရသွား​တယ်။ ကိုယ့်​ရဲ့​ဘွဲ့​ကဘူမိ​ဗေဒဆို​တော့​ ဘူမိ​ဗေဒနဲ့​ ပတ်သက်တဲ့​အလုပ် ကိုရလိုက်တယ်။ဒါ​ပေမယ့်​လည်း​နိမ့်​တဲ့​ရာထူး​က​နေစတာ​ပေါ့​လေ။ UN မှာလုပ်ခဲ့​ရတုန်း​ကကြံု​တွေ့​ရတဲ့​အ​တွေ့​အကြံုအ​ကြောင်း​… UN မှာပထမဆုံး​စလုပ်ရတဲ့​အလုပ်ကနEnvironment ​ပေါ့​။ နယူး​ယောက်မှာလုပ် ရတယ်။

    ဒါ​ပေမယ့်​ ဂျီနီဗာနဲ့​ Rio deJaneiro မြို့​တွေကို သွား​အလုပ်လုပ်ခဲ့​ရတယ်။ အဲဒီမှာ က​လေး​လူငယ်​တွေနဲ့​ပတ်သက်တဲ့​နJhEnvironment Policy ​တွေကို မမ ​ရေး​ခဲ့​တယ်။ ယူနီဆက်မှာ ​အောင်မြင်မှု​တွေရခဲ့​လို့​ ရာထူး​တိုး​ခဲ့​တယ်။ စစ်ဖြစ်​နေတဲ့​ နိုင်ငံ ​ဘော့​စတီး​နီး​ယား​၊​ ယူဂိုစလား​ဗီး​ယား​၊​ ပါကစ္စတန်၊​ တာဂျစ်ကစ္စတန်နိုင်ငံမှာ လဲလုပ်ခဲ့​တယ်။ တချို့​နိုင်ငံ​တွေမှာဆိုရင် စစ်အတွင်း​ တာဝန်ထမ်း​ဆောင်ရတာ ဖြစ်တဲ့​အတွက် UN ကား​ပေါ်မှာ မမနဲ့​ကား​ဒရိုင်ဘာ၂​ယောက်ထဲ သွား​အလုပ်လုပ်ခဲ့​ရတယ်။ ဒီလို လုပ်​နေရင်း​နဲ့​ ကိုယ့်​ကို ရာထူး​နေရာ​တွေ ​ပေး​လာတယ်။ ဆား​ဗီး​ယား​မှာ လက်​ထောက် ဌာ​နေကိုယ်စား​လှယ်ရာထူး​၊​ ဒါမှမဟုတ် ဒီစစ်ဖြစ်​နေတဲ့​နိုင်ငံ​တွေမှာ လုပ်မလား​ ဆိုပြီး​ဖြစ်လာတယ်။ ဒီ​တော့​ မမ စဉ်း​စား​တာက စစ်ဖြစ်​နေတဲ့​နေရာ​တွေမှာ မမ က က​လေး​ကို ​ခေါ် ထား​လို့​လဲမရဘူး​။ ဒီစစ်ဖြစ်တဲ့​နေရာ​တွေမှာ တာဝန်ထမ်း​ဆောင်ရင် သား​လေး​ကို ​ဘော်ဒါ​ကျောင်း​ပို့​ရ​တော့​မယ်။ မမမှာလဲ ဒီသား​နဲ့​အ​မေနှစ်​ယောက်ထဲရှိတာ၊​ ကိုယ့်​ မှာ ခက်ခက်ခဲခဲဒီသား​ကိုပြုစုလာတာ။ ကိုယ့်​သား​နဲ့​လဲ​ဝေး​သွား​မယ်။ မြန်မာစကား​ လဲတတ်​တော့​မှာမဟုတ်ဘူး​။ ဒီရာထူး​ကို ကိုယ်ယူလိုက်ရင် ကျိန်း​သေ ရာထူး​တိုး​ မြန် မှာမှန်​ပေမယ့်​ မမ မယူခဲ့​ဘူး​။ ဒါနဲ့​ မမလဲစဉ်း​စား​တယ်။ ကိုယ့်​သား​နဲ့​ လဲပြီး​ ရာထူး​ယူမလား​၊​ သား​နဲ့​အတူ​နေမလား​ ​ပေါ့​။ ​နောက်ဆုံး​ ရာထူး​မတိုး​လဲ​နေ သား​ကို​တော့​ မခွဲနိုင်ဘူး​ ဆိုပြီး​ အာဖရိကကို ​ရွေး​ခဲ့​တယ်။ ၁၉၉၄က​နေ ၁၉၉၉ခုနှစ် ၆နှစ်နီး​ပါး​ကို ၂၃နိုင်ငံအတွက် အလုပ်လုပ်ခဲ့​ တယ်။ ၁၅နိုင်ငံက ပြင်သစ်ဘာသာစကား​၊​ ၅နိုင်ငံက အင်္ဂလိပ်စကား​၊​ ၂နိုင်ငံက ​ပေါ် တူကီစကား​၊​ ၁နိုင်ငံကစပိန်စကား​တွေ​ပြောကြတယ်ဆို​တော့​ မမက ပြင်သစ်စကား​ ကို ​သေချာ​ပြောနိုင်​အောင်ပဲသင်ခဲ့​တယ်၊​ ပြင်သစ်စကား​နဲ့​ အင်္ဂလိပ်စကား​တတ်ရင် နိုင်ငံ​တော်​တော်များ​များ​ကိုအုပ်ချုပ်နိုင်ပြီ။ နိုင်ငံ၂ဝအတွက် အဆင်​ပြေလို့​ မမက ပြင်သစ်စကား​သင်ခဲ့​တယ်။ ပုံမှန်ဆိုရင် နိုင်ငံတနိုင်ငံမှာ ၃နှစ်လုပ်ပြီး​ရင် ​နောက်တခြား​နိုင်ငံကို ​ပြောင်း​လို့​ ရတယ်။ မမက ဘာလို့​ အာဖရိကမှာ ၅နှစ်​ကျော်၆နှစ်ထိကြာ​နေသလဲဆို​တော့​ ကိုယ့်​သား​လေး​က အဲဒီမှာ အထက်တန်း​ကျောင်း​ကို တက်​နေပြီဆို​တော့​ သူ အထက် တန်း​အောင်ပြီး​တဲ့​အထိ​နေမယ်ဆိုပြီး​ မမက မ​ပြောင်း​ချင်​ကြောင်း​ ​တောင်း​ဆို လိုက်တယ်။ သား​လေး​လဲ Abidjan (Cote d’Ivoire) Ivory Coast က​နေ အထက်တန်း​အောင်ခဲ့​တယ်။ အဲလို ဆင်း​ရဲတဲ့​နိုင်ငံ​တွေမှာ လုပ်ခဲ့​ရလို့​ လူ​တွေရဲ့​ တကယ့်​ဆင်း​ရဲမွဲ​တေမှု​တွေ၊​ တိုး​ တက်ဖွံ့​ဖြိုး​ဖို့​ လိုအပ်တာ​တွေ၊​ ​ရောဂါမျိုး​စုံ​တွေကို ​တွေ့​ခဲ့​ရတယ်။ ဒီလို ဆင်း​ရဲ သား​တွေ၊​ ​ရောဂါ​တွေကို ကိုယ်တိုင်ကြံု​တွေ့​မြင်ခဲ့​ရတဲ့​အတွက် ​နောက်ပိုင်း​မှာ ကိုယ် ကဆရာဝန်မဟုတ်​သော်လည်း​ဘဲဆရာဝန်​တွေကိုပါအုပ်ချုပ်လာနိုင်ခဲ့​တယ်။

    ဒီလိုဆင်း​ရဲပြီး​ ​ရောဂါထူ​ပြောတဲ့​ တိုင်း​ပြည်​တွေမှာ လုပ်ခဲ့​ရတယ်။ ကိုယ်​ရောက်တဲ့​ နိုင်ငံ၊​ တိုင်း​ပြည်တိုင်း​၊​ ရွာတိုင်း​မှာ လူနာ​တွေကြား​ထဲ၊​ ဆင်း​ရဲသား​တွေကြား​ထဲ မှာ သူတို့​နဲ့​တန်း​တူ ​နေထိုင်ခဲ့​တယ်။ သူတို့​ကြား​ထဲမှာ ဝင်ဆန့်​ရတယ်။ ​အောက်​ခြေ ဆန်စွာ ​နေထိုင်နိုင်တယ်လို့​ပြောရမှာ​ပေါ့​။ ၁၉၉ဂမှာ သား​က တက္ကသိုလ်တက်ပြီဆို​တော့​ မမလဲ ၁၉၉၉မှာ အ​ရှေ့​အလယ်ပိုင်း​ ကို ​ပြောင်း​တယ်။ အဲဒီမှာ နိုင်ငံ​ပေါင်း​၂ဝအတွက် အလုပ်လုပ်ခဲ့​တယ်။ အ​နောက်ဖက်အစွန်ဆုံး​နိုင်ငံက​မော်ရိုကို၊​ အ​ရှေ့​ဘက်အစွန်း​ဆုံး​ကနိုင်ငံအီရန်အထိဘဲ။ ဆာဒန်ဟူ စိန်​ခေတ်မှာလုပ်ခဲ့​ရတယ်။ ဒီနိုင်ငံ​တွေက အာရပ်စကား​ဘဲ​ပြောတယ်။ အာရပ်ဘာ သာကခက်လွန်း​တော့​ မမ မသင်ခဲ့​ဘူး​။၂နှစ်ခွဲ​နေခဲ့​တယ်။ အယ်ဂျီး​ရီး​ယား​မှာအလုပ်လုပ်တဲ့​အချိန်ကတဖက်စွန်း​ရောက်သူ​တွေကအစိုး​ရကို ဒုက္ခ​ပေး​တဲ့​အ​နေနဲ့​ရိုး​ရိုး​အရပ်သား​တွေကိုလည်ပင်း​ဖြတ်​နေတဲ့​အချိန်မှာကိုတာဝန်ထမ်း​ဆောင်ခဲ့​ရတယ်။ တခြား​ဝန်ထမ်း​၊​ နိုင်ငံခြား​သား​တွေက​တော့​ အရပ်ထဲ မ သွား​ရဲကြဘူး​။ အိမ်​တွေ ကွင်း​ဆင်း​လေ့​လာ​ရေး​ကို မသွား​ရဲကြဘူး​။ ကိုယ်ကရှင်း​ရှင်း​ ​ပြောရရင် မြန်မာပြည်မှာ နည်း​မျိုး​စုံ၊​ အခက်ခဲမျိုး​စုံနဲ့​ ကွင်း​ဆင်း​ခဲ့​ရတဲ့​ အ​တွေ့​အကြံု ​တွေက ရှိခဲ့​တော့​ မ​ကြောက်ဘူး​၊​ ဘယ်သူသွား​သွား​ မသွား​သွား​ ကိုယ်ကသွား​တာဘဲ။ ကိုယ်က ဗုဒ္ဓဘာသာဝင်လဲဖြစ်​တော့​ ​သေတ​နေ့​မွေး​တ​နေ့​ဘဲဆိုပြီး​ သွား​တာဘဲ၊​ မ​ကြောက်ဘူး​။ ဒါ​ကြောင့်​အာရပ်တပည့်​တွေက ကိုယ့်​ကိုချစ်ကြတယ်။ အာရှမှာ စီး​ပွား​ပျက်ကပ်ဆိုက်ပြီး​တဲ့​နောက် အင်ဒိုနီး​ရှား​မှာ သမ္မတဆူဟာတို ပြုတ် ကျပြီး​ တိုင်း​ပြည်က စစ်​ဘေး​ကြံုပြီး​ပြိုလဲမလို ဖြစ်ခဲ့​တယ်။ ​နေရာတိုင်း​မှာ မူဆလင်နဲ့​ ခရစ်ယာန်​တွေ စစ်ဖြစ်​နေတဲ့​အချိန်မှာ မမက အင်ဒိုနီး​ရှား​နိုင်ငံဆိုင်ရာ ယူနီဆက်ရဲ့​ နံပါတ်(၂) အကြီး​အကဲရာထူး​အ​နေနဲ့​ သွား​အလုပ်လုပ်ခဲ့​တယ်။

    အင်ဒိုနီး​ရှား​ရဲ့​ အ​ရှေ့​ဖျား​Papua ဆိုတဲ့​ကျွန်း​စုက ဟိုး​အရင်က လူသား​စား​တဲ့​ ​နေရာ​ပေါ့​။ အဲဒီ ​ကျောက်​ခေတ်လူသား​တွေ ​နေတဲ့​နေရာကို လမ်း​ပြတ​ယောက်နဲ့​ ၂ ​ယောက်ထဲ ​တော​တောင်​တွေဖြတ်ပြီး​ ကုန်း​ကြောင်း​ လမ်း​လျှောက် သွား​ခဲ့​တယ်။ အဲဒီလူ​တွေက ခုချိန်ထိ မီး​ခြစ်မသုံး​ဘူး​၊​ မီး​လိုရင် သစ်ကိုင်း​ခြောက်ချင်း​ ပွတ်တိုက်ပြီး​ မီး​မွှေး​ယူကြတုန်း​ဘဲ။ အဝတ်အစား​မဝတ်ကြဘူး​။ သူတို့​ရဲ့​ ဓ​လေ့​အယူအရ မိခင်တ​ယောက်ဟာ သူ့​ရဲ့​က​လေး​တ​ယောက် ​သေသွား​တိုင်း​ လက်​ချောင်း​တ​ချောင်း​ဖြတ်ရတယ်။ လက်နှစ်ဘက်မှာရှိတဲ့​ လက်​ချောင်း​လေး​တွေ အား​လုံး​ဖြတ်လို့​ရတယ်။ လက်မကို​တော့​ပေး​မဖြတ်ဘူး​။ လက်မက အလုပ်လုပ်လို့​ ရ​အောင်ချန်ထား​တာ။ လက်​ချောင်း​တွေဖြတ်လို့​ ကုန်ရင်နား​ရွက်ဖြတ်ရတယ်။ ဒီလို ဖြတ်တဲ့​အခါမှာလဲ ​ကျောက်​ခေတ်လူသား​တွေဖြစ်တဲ့​အတွက် ​ခေတ်မှီသံမဏိဓါး​ ​တွေမရှိတဲ့​အတွက် ​ကျောက်ဓါး​တွေနဲ့​ဖြတ်ရတယ်။ အရမ်း​ကို ​ခေတ်မမှီတဲ့​နေရာ​တွေ ကိုသွား​ခဲ့​ရတယ်။အလုပ်လုပ်ခဲ့​ရတယ်။ ဒီလို​အောက်​ခြေကျကျအလုပ်လုပ်ခဲ့​ရသလို အမြင့်​ဆုံး​ကိုလဲ ​ရောက်ခဲ့​တယ်။ အင်ဒိုနီး​ရှား​ အမျိုး​သမီး​သမ္မတMegawati Sukarnoputri နဲ့​ လက်ရှိသမ္မတ Susilo Bambang Yudhoyono ၂​ယောက်စလုံး​နဲ့​တွေ့​ခဲ့​ရတယ်။

    ၂၀၀၄ ဩဂုတ်လ အား​ချဲ Acehမှာသူပုန်​တွေထ​နေတဲ့​အတွက် ဘယ်နိုင်ငံခြား​သား​ မှ ​ပေး​မဝင်တဲ့​အချိန်မှာ မမ နဲ့​ ယူနီဆက်ရဲ့​ အလှူရှင်နှစ်ဦး​နဲ့​ ကျန်း​မာ​ရေး​ဝန်ကြီး​ ​လေယာဉ်ပျံနဲ့​သွား​နိုင်ခဲ့​တယ်။ ၂၀၀၄ခု ဒီဇင်ဘာ၂၆မှာ ဆူနာမိ ဖြစ်​တော့​လဲ မမ သွား​ပြီး​ စီမံခန့်​ခွဲခဲ့​ရတယ်။ မမသွား​ပြီး​ လုပ်ကိုင်ခဲ့​တဲ့​အခါမှာ လုပ်ရည်ကိုင်ရည် ​ကောင်း​လို့​ နာမည်အရမ်း​တက်ခဲ့​ တယ်။ ဒါ​ကြောင့်​ ၂၀၀၅မှာ ရာထူး​အကြီး​ကြီး​ တိုး​ခဲ့​တယ်။ ဆူနာမိထိတဲ့​ နိုင်ငံဂနိုင်ငံ အတွက် ​ဒေါ်လာသန်း​ရဝဝ​ကျော်ကို ကိုင်ပြီး​ စီမံခန့်​ခွဲခဲ့​ရတယ်။ ဒီလို ​ငွေသန်း​ရဝဝ​ကျော်ကို သုံး​တဲ့​နေရာမှာ မှန်မှန်ကန်ကန်နဲ့​ လိမ်လည်မှုမရှိဘဲ သုံး​ စွဲတယ်ဆိုတာကို သံသယကင်း​အောင် သိသာနိုင်တဲ့​ စာရင်း​စစ်တဲ့​နည်း​စနစ်၊​ အထက် တင်ပြတဲ့​နည်း​စနစ်​တွေကို နယူး​ယောက်မှာ ရုံး​ထိုင်ရင်း​နဲ့​ တီထွင်ခဲ့​တယ်။ ဒီလိုလုပ် နိုင်ခဲ့​တဲ့​အတွက် ကိုဖီအာနန်၊​ သမ္မတကလင်တန်တို့​ရုံး​နဲ့​ အလုပ်လုပ်ခဲ့​ရတယ်။ ​ဟောလီး​ဝုဒ်သရုပ်​ဆောင် Roger Mooreနဲ့​လဲလက်တွဲလုပ်ခဲ့​ရဘူး​တယ်။တရုတ်ရုပ်ရှင်မင်း​သမီး​ Zhang Ziyi နဲ့​လဲလက်တွဲလုပ်ခဲ့​ရဘူး​တယ်။ တရုတ်ဒုသမ္မတXi Jinping တက်ခဲ့​တဲ့​ High-Level Meeting on Cooperation for Child Rights in Asia Pacific Region ကို ၂၀၁၀ နိုဝင် ဘာလ၄ရက်က​နေ၆ရက်အထိတရုတ်နိုင်ငံ​ပေကျင်း​မြို့​မှာဦး​စီး​လုပ်​ပေး​ခဲ့​တယ်။

    သား​တိုး​နေဝင်း​အ​ကြောင်း​… ၁၉၇၉မှာ​မွေး​တဲ့​သား​က မြန်မာပြည်က ထွက်လာတဲ့​အချိန်မှာ ဂနှစ်၉နှစ်အရွယ် ကတည်း​ မမက​ရောက်တဲ့​နေရာတိုင်း​မှာ တ​နေ့​ကို တနာရီ မြန်မာစာ သင်​ပေး​ပါ တယ်။ အ​မေ အလုပ်လုပ်တဲ့​ တိုင်း​ပြည်​တွေကို လိုက်ရလို့​လဲ ဘာသာစကား​ပေါင်း​ ၄မျိုး​ကို​ပြောနိုင်ပါတယ်။ အာဖရိကမှာ အင်တာ​နေရှင်နယ်​ကျောင်း​ တက်ပြီး​ အထက်တန်း​အောင်တယ်။ SATကို အမှတ်ပြည့်​နဲ့​အောင်လို့​ MIT, Harvard တက္ကသိုလ်​တွေက ဝင်ခွင့်​ပေး​တယ်။ ​နောက်ဆုံး​ သူက MITတက္ကသိုလ်ကို ​ရွေး​လိုက် တယ်။ ၁၉၉ဂမှာ MIT တက္ကသိုလ်ကိုတက်ပြီး​ ၅နှစ်အတွင်း​ ကွန်ပျူတာသိပ္ပံ အပါ အဝင်ဒီဂရီ၃ခုနဲ့​အောင်တယ်။ အ​မေပိုက်ဆံကုန်မှာစိုး​လို့​ Ph.D ဘွဲ့​မယူဘဲ အလုပ် တန်း​ဝင်လိုက်တာခုအ​မေထက်ချမ်း​သာ​နေပါတယ်။

    အခုလက်ရှိဆရာမရဲ့​အစီအစဉ်… မမက အခုပင်စင်ယူလိုက်ပြီဆို​ပေမယ့်​ ပင်စင်ယူခြင်း​သည် အလုပ်ရပ်စဲခြင်း​မျိုး​ မဟုတ်ပဲ အလုပ်ကိုဆက်လုပ်မယ်။ Consultant အ​နေနဲ့​လုပ်ဘို့​ အစီအစဉ်ရှိတယ်။အဖွဲ့​အစည်း​တခုက မမကို အလုပ်အပ်ချင်ရင် မမကို အီး​မေး​လ်နဲ့​ ဆက်သွယ်လိုက်ရုံ ဘဲ။ မမပြန်​နေမယ့်​ မြန်မာနိုင်ငံမှာ အီး​မေး​လ်က ​နေ့​တိုင်း​နာရီတိုင်း​ ရ​နေတာ မဟုတ် ​ပေမယ့်​လဲ အီး​မေး​လ်​တော့​ရတယ်။ မမရဲ့​အလုပ်က အီး​မေး​လ်တခုတည်း​ရှိရုံနဲ့​ဖြစ် တယ်။ ဘယ်နိုင်ငံကမဆို မမကို လိုလို့​ ဒီအလုပ်ကို လာလုပ်​ပေး​ပါလို့​ အီး​မေး​လ် ပို့​ လိုက်တာနဲ့​ မမက ထိုင်း​နိုင်ငံကိုထွက်ပြီး​ လိုအပ်တဲ့​အချက်အလက်​တွေ စု​ဆောင်း​ ရှာ​ဖွေပြီး​ သု​တေသနလုပ်ပြီး​ အလုပ်လုပ်ရုံပါဘဲ။ ထိုင်း​နိုင်ငံကို ထွက်လုပ်ရတယ် ဆိုတာကလဲ ရန်ကုန်ရဲ့​အင်တာနက်က ​နှေး​ပြီး​ ထိုင်း​မှာက ပိုမြန်လို့​ အလုပ်လုပ်ရတာ နဲ့​ လိုချင်တဲ့​အချက်အလက်​တွေရှာတဲ့​နေရာမှာ ထိုင်း​မှာက ပိုမြန်လိမ့်​မယ်။ မြန်မာနိုင်ငံမှာ​တော့​ စီး​ပွား​ရေး​အရ အလုပ်လုပ်မှာ မဟုတ်ဘူး​။ ပရဟိတလုပ်ငန်း​ ကိုလုပ်မယ်။ သူများ​ကိုကူညီတာ၊​ လူငယ်​တွေကို သင်တန်း​ပို့​ချတာ​တွေ လုပ်မယ်လို့​ ဆန္ဒရှိပါတယ်။ လန်ဒန်တက္ကသိုလ်က Public Policy ဘွဲ့​တခု ယူဖို့​ ကြိုး​စား​ ​နေတယ်၊​ တရုတ်ဘာသာစကား​ ဆက်သင်ဦး​မယ်။ အိမ်ကလဲ ပြင်​နေတယ်ဆို​တော့​ ဒီနှစ်​တွေထဲမှာဒါ​တွေပဲလုပ်ဖို့​ရှိပါတယ်။ အ​မေ့​အိမ်ကို ကိုယ်က ပြန်ဝယ်ပြီး​ ပြန်ပြင်​နေတယ်။ နဂိုအိမ်​လေး​ကို ဖျက်လိုက်တဲ့​ အတွက် အိမ်ဖျက်တာ သိန်း​၂ဝ​ကျော် ရတယ်။ အဲဒါအား​လုံး​ကို ပရဟိတလုပ်ငန်း​ လုပ်တဲ့​ဘုန်း​ကြီး​ကျောင်း​ကိုလှူပစ်လိုက်တယ်။ တက္ကသိုလ်မှာစာသင်ခဲ့​စဉ်ကအမှတ်တရဖြစ်တဲ့​အ​ကြောင်း​… တက္ကသိုလ်မှာ သရုပ်ပြဆရာမဘဝနဲ့​ စာစသင်တဲ့​အရွယ်က ၁၉နှစ် ၂၀ မပြည့်​ ​သေး​ဘူး​။ ​နောက် နယ်​တွေမှာ လက်​တွေ့​ဆင်း​ရ​တော့​လဲ ​ကျောင်း​သား​တွေနဲ့​ မမက လက်ရည်တပြင်တည်း​ ​နေထိုင်စား​သောက်တယ်။ ဆရာမဆိုပြီး​ သီး​သန့်​နေတာမျိုး​ မရှိခဲ့​ပါဘူး​။ ​တောနက်ထဲမှာ ကျား​တွေရှိတဲ့​ ဂူကြီး​ထဲမှာ ဖြတ်​ပြေး​ခဲ့​ရဘူး​တယ်။

    အမှတ်တရ​တွေက​တော့​အများ​ကြီး​ပါဘဲ။ မမက ​ကျောင်း​ဆရာဗီဇပါတယ်လို့​ ​ပြောလို့​ရတယ်။ ယူနီဆက်မှာ လုပ်​နေရင်း​လဲ ​ရောက်ရာတိုင်း​ပြည်မှာ သင်တန်း​တွေ​ပေး​ရတယ်။ စာ​တွေသင်​ပေး​ရတယ်။ တသက် လုံး​စာသင်​ပေး​လာရတယ်လို့​ပြောလို့​ရပါတယ်။ အလုပ်များ​တဲ့​ကြား​ကအပန်း​ဖြေနည်း​… တ​နေ့​ကို တနာရီခွဲ့​ Yoga လုပ်ပါတယ်။အင်ဒိုနီး​ရှား​မှာတုံး​က​ရေကူး​ပါတယ်။ ရုပ်ရှင်သိပ်မကြည့်​ဖြစ်ပါဘူး​၊​။ တီဗီမှာသတင်း​ပဲကြည့်​ဖြစ်တယ်။ ခရီး​သွား​ရ​တော့​ ​လေယာဉ်​စောင့်​တဲ့​အချိန်မှာ စာဖတ်ပါတယ်။ ငယ်ငယ်က ဝတ္ထုဖတ်​ပေမယ့်​ ​နောက် ပိုင်း​ Non Fiction, Biography နဲ့​ Political History စာအုပ်​တွေဖတ်ပါတယ်။ အခုအသက်အရွယ်အထိမျက်မှန်မတပ်ရ​သေး​ဘူး​။ ​တောင်တက်ဝါသနာပါလို့​ မနှစ်က မမက ​မောင်​လေး​ရယ်၊​ ညီမ​လေး​နဲ့​အတူ ဝိတိုရိယ ​တောင်သွား​တက်ခဲ့​ပါတယ်။

    ဖြည့်​ပြောချင်တဲ့​စကား​… နိုင်ငံခြား​ရောက်လာတဲ့​ မြန်မာလူငယ်​တွေ မြန်မာဘာသာစကား​အပြင် အခြား​ဘာ သာစကား​ကိုလဲသင်​စေချင်ပါတယ်။ လူငယ်​တွေကို ပရဟိတလုပ်ငန်း​တွေ များ​များ​ လုပ်​စေချင်သလို ပရဟိတလုပ်ငန်း​တွေမှာလဲ လှူဒါန်း​စေချင်တယ်။ လူတိုင်း​ ကျန်း​မာ​ရေး​အတွက် အချိုကို ​လျှော့​စား​စေချင်တယ်။ အခွင့်​ရရင်မြန်မာပြည်ရဲ့​ပညာ​ရေး​စနစ်ကိုတိုး​တက်​အောင်လုပ်​ပေး​ချင်ပါတယ်။ ။

    ရတနာပုံ​နေပြည်​တော်သတင်း​စာ၏ ​တွေ့​ဆုံ​မေး​မြန်ခြင်း​ကို စိတ်ရှည်လက်ရှည် ​ဖြေကြား​ပေး​သော ​ဒေါက်တာရင်ရင်နွယ် အား​အထူး​ကျေး​ဇူး​တင်ပါသည်။ မိုး​သက်ကို ​တွေ့​ဆုံ​မေး​မြန်း​သည်။ မှတ်ချက်။ ။ မန္တ​လေး​ဂေဇက် နိုဝင်ဘာ ၂၀၁၁ “ထင်ရှား​ကျော်ကြား​ မြန်မာများ​ကဏ္ဍ” တွင်ပုံနှိပ်​ဖေါ်ပြပြီး​ဖြစ်ပါသည်။

    3 comments:

    Anonymous said...

    Hello,
    I would like to know the background of Dr. Daw Yin Yin Nwe. I believe she is not a doctor in medicine. If you have knowledge regarding on her background such as a doctor in history, political science, international relations, anthropology, and etc, may you please include it in your post? Most of the points she made are very valid and outstanding. Kudos to Dr. Daw Yin Yin Nwe!
    Thanks for posting this short segment.
    YMK

    Anonymous said...

    Hello Ko Lin Oo,
    Thanks for the additional biography of Dr. Daw Yin Yin Nwe. This is more than enough of what I've asked for. Thanks for your very attentive response.
    What I learn from reading her biography is that we do not need a Ph.D to help a humanitarian work or social work. We just need to feel and experience the pain of people who are less fortunate.
    When I first listened to her interview, I thought she must have held a Ph.D in social science. This article has proved that my assumption was totally wrong. She has earned much respect from you.
    Again thank you for your post.
    YMK

    Anonymous said...

    She has earned much respect from me.
    (Correction to the sentence before the last one.)
    YMK

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo