သီအိုရီ​တွေရဲ့​ ပြင်ပကလူ

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels:

  • တကယ်​တော့​
    အချစ်ရဲ့​
    ဒဏ်ရာဆိုတာ....
    အဲ့​လောက်
    လတ်ဆတ်​နေဖို့​ မ​ကောင်း​ဘူး​။

    တကယ်​တော့​
    ​ဝေဒနာဆိုတာ
    အဲ့​လောက်
    တ​မြေ့​မြေ့​ ကျွမ်း​လောင်မ​နေသင့်​ဘူး​။

    တကယ်​တော့​
    ​တွေ့​ဆုံခြင်း​ဆိုတာ
    အဆုံး​သတ်မ​ကောင်း​ခြင်း​ရဲ့​နိဒါန်း​
    မဖြစ်သင့်​ဘူး​။

    တကယ်​တော့​
    စာနာတတ်ခြင်း​ဆိုတာ
    ဘာမှမရှိတဲ့​လူတစ်​ယောက်ကို
    ဒဏ်ရာ​တွေ လှူဒါန်း​ပေး​ဖို့​မဟုတ်ဘူး​။

    တကယ်​တော့​
    နား​လည်မှုဆိုတာ
    အဖြည့်​ခံသက်သက်
    ထိုး​ကျွေး​လိုက်ရခြင်း​ကို ​ခေါ်တာမဟုတ်ဘူး​။

    တကယ်​တော့​
    သီအိုရီ​တွေရဲ့​ ပြင်ပက
    ဥ​ပေက္ခာပြုခံရတဲ့​ လူတစ်​ယောက်
    အဲ့​ဒီလူ.................. ငါပဲ။

    လင်း​ဦး​(စိတ်ပညာ)

    0 comments:

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo