လမ်း​ဆုံ​ပေါ်က ဘဝကဗျာ

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels:
  • လမ်း​ဆုံ​ပေါ်က ဘဝကဗျာ


    သက်ပြင်း​တွေ အခါခါချတဲ့​ ည
    စကား​လုံး​တွေ မြိုမကျတဲ့​ ဘဝ
    ​ကြေကွဲစရာများ​နဲ့​
    ပန်း​တိုင်ကိုမ​ရောက်​သေး​သော လမ်း​ဆုံတစ်ခု
    ဆုံး​ဖြတ်ချက်ရာဇသတ်နဲ့​
    တုံး​လုံး​ပက်လက်မလန်ဖို့​
    အ​ရေး​ဆို ​တေး​ငို ညဉ်း​ခဲ့​ရ။

    မကြင်နာ ​နေတတ်တယ်လို့​
    အပြစ်မြင် အခက်​ပွေ
    လမ်း​ကြောင်း​ကိုလည်း​ ​ပြောင်း​ခဲ့​သူ။

    သစ္စာတရား​နဲ့​
    သည်း​ခံမှုကို ​လျှောက်နင်း​
    သက်​သေထူတဲ့​ မှတ်တိုင်တစ်ခုမှာ
    ဒီလိုမျိုး​........သုညကြွင်း​မယ်လို့​
    မထင်ခဲ့​ရိုး​ အမှန်ပါ။

    အမြင်နှစ်ခု
    ​ပြောင်း​ပြန်ထပ်ချိုး​ကျ​တော့​
    အရင်လူနဲ့​
    ​ပေါင်း​ရန် ဆက်ထုံး​က​တော့​
    ဒီလူအတွက်
    မ​ဖြေသာ ရက်မဆုံး​
    ​ဝေဒနာ ဇာတ်ရှံုး​ ​တွေပါပဲ။

    တစ်သက်လုံး​အတွက် ကျိန်စာမဖြစ်ဖို့​
    အခက်ဆုံး​ ဆုံး​ဖြတ်ချက်နဲ့​
    ​လျှောက်​နေတဲ့​ လမ်း​မှန်​ပေါ် ပြန်လာခဲ့​ပါ။


    အများ​နဲ့​ တစ်​ယောက်ဖြစ်ခဲ့​တောင်
    အနာနဲ့​အ​ပေါက်ကို
    ငါ ​ဆေး​ကြောသန့်​ရှင်း​ပေး​မှာပါ။

    ဘဝမှာ အနာတရမဖြစ်ဖို့​
    အချစ်နဲ့​ ဘဝ ထပ်တူ ကျရ​အောင်
    ငါ့​ ရင်ခွင်ကို ပြန်လာပါ။
    စိတ်ချမ်း​သာမှု တစ်သီတစ်တန်း​နဲ့​
    ဂစ်တာအိုနဲ့​ ​တေး​ဆိုညဉ်း​
    ဘဝကဗျာတစ်ပုဒ် အစပျိုး​ဖို့​
    ငါ​စောင့်​ကြိုပါရ​စေ။

    လင်း​ဦး​(စိတ်ပညာ)
    ၂၉-၁-၂၀၁၃ (၀၂း​၁၅) PM

    3 comments:

    Anonymous said...

    ကဗ်ာလေးကော .. ဖန္တီးထားတဲ့ ပုံလေးကော ကြိုက်တယ် :)

    ဆူးသစ် said...

    ကဗျာသရုပ်ဖော်ပုံကိုကြိုက်တယ်ဗျာ။ကဗျာလည်းကောင်းတယ်။ ကျန်ွတော့်အထင်ကိုလင်းဦးက ကဗျာအရေးနည်းနည်းကျဲတယ်ထင်တယ်။

    ဝမေိုးနိုင်(မုံရွာ) said...

    မရောက်ဖြစ်တာ တော်တော့်ကို ကြာသွားပြီဗျာ။ စိတ်အေးလက်အေးရှိတုန်း ရောက်လာခဲ့ပါတယ်။
    လက်လှမ်းမီသလောက်လေးတွေ ဖတ်သွားခဲ့တယ်။

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo