ချစ်ခြင်း​ရဲ့​ သတင်း​ကောင်း​

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels:

  • အခန်း​ထဲ
    ဂစ်တာအိုတစ်လုံး​
    ပျံ့​ကျဲ​နေတဲ့​ စာရွက်များ​
    တစ်ကိုယ်လုံး​ ကိုင်ရိုက်ထား​သလို
    ငါ့​အပြစ်နဲ့​ ငါ, နာကျင်​နေရတယ်။

    ပြစ်ဒဏ်ကျ အကျဉ်း​သား​တစ်​ယောက်လို
    စိတ်​တွေ ပြိုလဲ ယိုင်လဲ
    ငါ့​လစ်​လျော့​မှု​တွေအတွက်
    ပြစ်ဒဏ်က
    ချည်ထုံး​တွေ ​ဖြေ​လျှော့​ဖို့​
    အချစ်ကြိုး​ထုံး​ကို စ​တေး​နေပြီ။

    လစ်ဟာခဲ့​တယ် ............
    သီအိုရီအလွတ်ရတာ​တောင်
    မယ်လိုဒီမလှပတတ်ဘူး​ဆိုတာ။

    လစ်ဟာခဲ့​တယ်.............
    မျက်ဝန်​တွေရဲ့​ အလှမ်း​ဝေး​မှာ
    စိတ်ချင်း​တွေ ထပ်တူကျသင့်​နေတယ်ဆိုတာ။

    လစ်ဟာခဲ့​တယ်..........
    အထီကျန် ပြတိုက်ထဲမှာ
    ဂစ်တာအိုတစ်လုံး​
    သူ့​အနား​ရှိ​နေဖို့​လိုတယ်ဆိုတာ။

    လစ်ဟာခဲ့​တယ်
    စကား​လုံး​တွေ မလှပ​တောင်
    အချစ်ကဗျာတစ်ပုဒ်နဲ့​
    ရွတ်ဖတ် ချိုမြ​ပေး​ဖို့​လိုတယ်ဆိုတာ။


    ချစ်တယ်.... ချစ်တယ်
    စကား​လုံး​တွေ
    ဘဝတစ်ခုလုံး​အတွက်
    ​မျှော်လင့်​ခဲ့​ကြတယ်ဆိုတာ
    မင်း​, ငါ, အသိစိတ် ထပ်တူကျ​နေတယ်ဆိုတာ။

    ငါ့​ဆီပြန်လာခဲ့​ပါ.....
    လစ်ဟာမှု​တွေအတွက်
    ငါ​ပေး​ဆပ်ပါရ​စေ
    ငါ့​ရင်ခွင်ထဲ ပြန်ဝင်လှည့်​ပါ
    သစ္စာတရား​နဲ့​
    ​တေး​သီဆိုပြပါရ​စေ
    ​မေတ္တာရဲ့​တန်ပြန်မှု
    ချစ်ခြင်း​ရဲ့​ သတင်း​ကောင်း​ကို
    ​မျှော်လင့်​ယုံကြည်ချက် တနင့်​တပိုး​နဲ့​
    ငါ............... ​စောင့်​ ​မျှော် ​နေ ပါ့​မယ်။


    လင်း​ဦး​(စိတ်ပညာ)(၂၃-၁-၂၀၁၃)(၃း​ဝဝ PM)

    0 comments:

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo