St. Martin's Island & Shin Ma Pyu Island (Shapuree)

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels:
  • စိန့်​မာတင်၊​ ရှင်မဖြူ နဲ့​ အင်္ဂလိပ်-မြန်မာ ပထမစစ်

    စိန့်​မာတင်ကျွန်း​

    ခု ဘင်္ဂလား​ဒေ့​ရှ်ကို ​ပေး​လိုက်ရတယ်လို့​ ​ပြော​နေကြတဲ့​ စိန့်​မာတင်ကျွန်း​ အ​ကြောင်း​ နည်း​နည်း​ပြောချင်ပါတယ်။

    St. Martin's Island (စိန့်​မာတင်ကျွန်း​)က ​ဒေသခံ အ​ခေါ် ဘင်္ဂလီလို "Nirical Gingira"၊​ မြန်မာလို "အုန်း​ကျွန်း​" လို့​ အဓိပ္ပာယ် ရတယ်။ မြန်မာ-ဘင်္ဂလား​ဒေ့​ရှ် နှစ်နိုင်ငံကို ခြား​ထား​တဲ့​ နယ်ခြား​မြစ် နတ်မြစ်ဝ (Naf River)​ပေါ်မှာရှိပြီး​ မြန်မာနိုင်ငံ အ​နောက်​မြောက်ကမ်း​ရိုး​တန်း​မှ အ​နောက်ဘက် (၈) ကီလိုမီတာ၊​ ဘင်္ဂလား​ဒေ့​ရှ်နိုင်ငံ ​ကော့​ဘဇာ-တက်ခ်နတ် ကျွန်း​ဆွယ်မှ (Cox's Bazar-Teknaf Peninsular) ​တောင်ဘက် (၉) ကီလိုမီတာ အကွာအ​ဝေး​မှာ ရှိတယ်။ အရင် ဗြိတိသျှ-အန္ဒိယ၊​ အန္ဒိယ၊​ အ​ရှေ့​ပါကစ္စတန်၊​ ခု ဘင်္ဂလား​ဒေ့​ရှ် အဆက်ဆက် မြန်မာမပိုင်ခဲ့​ပါ။ ဗြိတိသျှ-အန္ဒိယ ​ခေတ်မတိုင်မီ၊​ မြန်မာက ရခိုင်ကို မသိမ်း​ခင် ရခိုင်ဘုရင်​တွေ ပိုင်ခဲ့​တဲ့​ အချိန်​တွေ ရှိ​ကောင်း​ရှိနိုင်တယ်။ ဒါ​ပေမဲ့​ အဓိကထား​ ဆိုလိုချင်တာက ခုလတ်တ​လော ကုလခုံရုံး​ရဲ့​ ဆုံး​ဖြတ်ချက်​ကြောင့်​ စိန့်​မာတင်ကျွန်း​ကို ဘင်္ဂလား​ဒေ့​ရှ် ကို ​ပေး​လိုက်ရတာ မဟုတ်ဘူး​ ဆိုတာကိုပါ။

    မိတ်​ဆွေများ​ ​ပြော​နေတဲ့​ စိန့်​မာတင်ကျွန်း​ နဲ့​ ရှင်မဖြူကျွန်း​ အတူတူပဲ ဆိုတာ (ကျ​နော့်​တစ်ဦး​တည်း​ သ​ဘောထား​အမြင်အရ) လက်မခံပါ။
    စိန့်​မာတင်  Google Image

    ရှင်မဖြူကျွန်း​

    ရှင်မဖြူကျွန်း​က အင်္ဂလိပ်လို Shapuree (ရှပူရီ) လို့​ခေါ်တယ်။ နတ်မြစ်ဝ​ပေါ်မှာပဲ ရှိတယ်။ (ကျ​နော့်​တစ်ဦး​တည်း​ အယူအဆအရ) စိန့်​မာတင်ကျွန်း​ထက် ​သေး​ရမယ်၊​ မြန်မာပြည်နဲ့​ ပိုနီး​ပြီး​ ခုအချိန်မှာ မြန်မာပိုင်တယ်။

    ဒါက ကျ​နော့်​ကိုယ်ပိုင် ဗဟုသုတအ​ပေါ် အ​ခြေခံတဲ့​ တစ်ဦး​တည်း​ အမြင်နဲ့​ ​ကောက်ချက်ဆွဲတာပါ။

    ​ကောင်း​ပြီ..။ အဲ့​ဒီ​ကောက်ချက် မှား​ရင်​ကော..။ ​ကောက်ချက်မှား​လို့​ ရှင်မဖြူကျွန်း​နဲ့​ စိန့်​မာတင်ကျွန်း​ အတူတူပဲ ဆိုလည်း​ ​ပြောစရာ ရှိပါတယ်။

    ဘာလို့​လဲဆို​တော့​ ရှင်မဖြူကျွန်း​က (ဗြိတိသျှ-အန္ဒိယ/ ဗြိတိသျှ-ဘား​မား​ခေတ်မတိုင်မီ ​ခေတ်​တွေမပါ) မြန်မာပိုင်ခဲ့​တယ်လို့​ ယူဆလို့​ မရပါ။ ဒီအ​ကြောင်း​ ရှင်း​ရာမှာ အင်္ဂလိပ်-မြန်မာ (အင်ဂလို-ဘား​မား​ ) ပထမစစ် ဖြစ်ရတဲ့​ ​နောက်ခံကို ရှင်း​ရပါ့​မယ်။

    အင်္ဂလိပ်-မြန်မာ ပထမစစ် (၁၈၂၄-၁၈၂၆)

    (စစ်အစိုး​ရ အဆက်ဆက်) ​ကျောင်း​သင်ရိုး​ညွှန်တမ်း​တွေမှာ ရှင်မဖြူကျွန်း​နဲ့​ ပတ်သက်ပြီး​ အငြင်း​ပွား​ရာမှ စစ်စတင်ဖြစ်တယ်လို့​ ဆို​လေ့​ရှိ​ပေမဲ့​ အဲ့​ဒီအ​ကြောင်း​က စစ်ကိုဖြစ်​စေတဲ့​ မီး​စတစ်စ လို့​ပဲ ​ပြောနိုင်ပြီး​ ​နောက်ကွယ်မှာ စစ်ဖြစ်​စေတဲ့​ အ​ကြောင်း​အချက်​တွေ အများ​ကြီး​ရှိတယ်။

    အင်္ဂလိပ်က အန္ဒိယကို (၁၇)ရာစုကတည်း​က အ​ရှေ့​အိန္ဒိယကုမ္မဏီ အ​နေနဲ့​ ဝင်တယ်။ (၁၈)ရာစု အလယ်​လောက်​ရောက်​တော့​ အိန္ဒိယတစ်တိုက်လုံး​နီး​ပါး​ ကုမ္မဏီက တဆင့်​ အုပ်ချုပ်​နေပြီလို့​ ဆိုလို့​ရတယ်။ တကယ် ဗြိတိသျှ-အန္ဒိယ နာမည်နဲ့​ အုပ်ချုပ်တာက​တော့​ (၁၉)ရာစုအလယ်​လောက်မှာ ဖြစ်တယ်။

    အဲ့​သလို​နောက်ခံအ​ခြေအ​နေမှာ ကုန်း​ဘောင်မင်း​ဆက်ရဲ့​ သတ္တမ​မြောက် မင်း​ဆက် ဘကြီး​တော်(စစ်ကိုင်း​မင်း​) လက်ထက် (၁၈၁၉-၁၈၃၇) ၁၈၂၂ မှာ မြန်မာက အာသံနဲ့​ မဏိပူရ (Assam & Manipur) ကို သိမ်း​လိုက်တယ်။ သိမ်း​ရတဲ့​အ​ကြောင်း​က​တော့​ ဘကြီး​တော်ရဲ့​ ဘိသိက်မင်္ဂလာပွဲကို မဏိပူ​စော်ဘွား​ မတက်တာကို အ​ကြောင်း​ပြုပြီး​ မထီမဲ့​မြင်ပြုတယ်လို့​ ယူဆကာ ​နောင်မှာ ​နောင်ကျင်သွား​စေဖို့​အတွက် ရည်ရွယ်တယ်။ အဲ့​သလို သိမ်း​လိုက်တဲ့​ အတွက် (အင်အား​ကြီး​တဲ့​) အင်္ဂလိပ်အုပ်ချုပ်​နေတဲ့​ ဗြိတိသျှ-အိန္ဒိယနဲ့​ နယ်နိမိတ် ထိစပ်မှုက ပိုများ​လာတယ်။ အင်္ဂလိပ်ကလည်း​ သူတို့​ရဲ့​ အကျိုး​စီး​ပွား​ဖြစ်​နေတဲ့​ ဗြိတိသျှ-အိန္ဒိယ နယ်ပယ်​တွေကိုပါ ခြိမ်း​ခြောက်လာနိုင်တယ်လို့​ ယူဆပြီး​ မြန်မာတပ်​တွေကို ပြန်လည် ​တော်လှန်​နေတဲ့​ အာသံနဲ့​ မဏိပူရ၊​ ရခိုင် (ရခိုင် (Arakan) က ၁၇၈၄ ကတည်း​က ကုန်း​ဘောင် မင်း​ဆက်​အောက် ​ရောက်ပြီး​ဖြစ်) ​တော်လှန်​ရေး​တပ်သား​ (မြန်မာ​တွေ အ​ခေါ် သူပုန်) ​တွေကို လက်နက်၊​ ရိက္ခာ ​ထောက်ပံ​ပေး​တယ်။

    မဏိပူကို မြန်မာဝင်လာ​တော့​ နယ်ချင်း​ဆက်​နေတဲ့​ ကချာ​စော်ဘွား​ကပါ သူ့​နယ်ကိုဆက်သိမ်း​မှာ ​ကြောက်ပြီး​ အင်္ဂလိပ်အုပ်ချုပ်​နေတဲ့​ ဗြိတိသျှ-အိန္ဒိယဘက်ကို ဝင်ပြီး​ခိုလှံုတယ်။ အင်္ဂလိပ်ကလည်း​ ကချာနယ် (Cachar) အပြင် အခြား​နယ်ချင်း​ဆက်​နေတဲ့​ ဂျိန်း​တိယ (Jaintia) နယ်​တွေကို သူ့​ရဲ့​ ကိုလိုနီအဖြစ် ​ကြေညာပြီး​ ဗြိတိသျှ-အိန္ဒိယထဲကို ထည့်​တယ်။ အဲ့​နယ်​တွေ ကာကွယ်ဖို့​အတွက်ဆိုပြီး​ စစ်တပ်လွှတ်တယ်။

    အင်း​ဝ​နေပြည်​တော် (ဘကြီး​တော်က အမရပူရ က​နေ အင်း​ဝကို ၁၈၂၃ မှာ ပြန်​ပြောင်း​ပြီး​ နန်း​စိုက်ပြီ) ဘက်က အဓိကကျတဲ့​ (ဩဇာရှိတဲ့​) ပုဂ္ဂိုလ်များ​ ဖြစ်တဲ့​ ဘကြီး​တော်၊​ မဟာဗန္ဒုလ၊​ နန်း​မ​တော်မယ်နု နဲ့​ သူ့​မောင် စလင်း​မြို့​စား​ ​မောင်အို စသူတို့​ရဲ့​ (အထူး​သဖြင့်​ စစ်သူကြီး​ ဖြစ်တဲ့​ မဟာဗန္ဒုလ) ​မျှော်မှန်း​ယူဆချက်ကလည်း​ အင်း​ဝအာဏာစက်ကို အာသံနဲ့​ မဏိပူရတင်မက အင်္ဂလိပ်အုပ်ချုပ်​နေတဲ့​ အ​ရှေ့​ဘင်​ဂေါ ထိပါ သက်​ရောက်​စေနိုင်တဲ့​ အင်အား​ မိမိတို့​မှာ ရှိတယ်လို့​ ယူဆတယ်။
    စိန့်​မာတင်  Google Image
    စိန့်​မာတင်  Google Image

    စိန့်​မာတင်  Google Image

    နယ်စပ်မှ ပြဿနာများ​

    အထက်ကတင်ပြသလို ရခိုင်၊​ အာသံနဲ့​ မဏိပူရ တို့​က မြန်မာအုပ်ချုပ်မှု​အောက်​ရောက်​နေ​တော့​ အင်္ဂလိပ်အုပ်ချုပ်​နေတဲ့​ ဗြိတိသျှ-အန္ဒိယ နဲ့​ နယ်စပ်ထိစပ်​နေပြီ ဖြစ်တဲ့​အတွက် မဖြစ်မ​နေ ရင်ဆိုင်လာရတာက နယ်​မြေချင်း​ထိစပ်တဲ့​ ​နေရာ​တွေမှာ ဖြစ်​လေ့​ဖြစ်ထရှိတဲ့​ နယ်ခြား​မျဉ်း​ကိစ္စ၊​ ဟိုဘက်ဒီဘက် ကျူး​ကျော်ဝင်​ရောက်မှု စတဲ့​ ပြဿနာ​တွေဖြစ်တယ်။ အဲ့​သလို ဖြစ်စဉ်တစ်ခုမှာ အ​ရှေ့​အန္ဒိယကုမ္မဏီက ဆင်ဖမ်း​သမား​တွေ မြန်မာ့​ပိုင်နက်ထဲ ဝင်လာလို့​ မြန်မာဘက်က ဖမ်း​ထား​လိုက်တယ်။ အဲ့​ဒါကို အ​ကြောင်း​ပြုပြီး​ နှစ်ဘက်တင်း​မာ ​နေတဲ့​ အချိန် ၁၈၂၃ စက်တင်ဘာ မှာ မြန်မာက အင်္ဂလိပ်စစ်တပ်ငယ်တစ်ခု တပ်စွဲထား​တဲ့​ ရှင်မဖြူကျွန်း​ကို တက်သိမ်း​တယ်။ အဲ့​သလို တက်သိမ်း​တော့​ အင်္ဂလိပ်က ရှင်မဖြူကျွန်း​က​နေ မြန်မာတပ်​တွေ ဆုတ်ခွာ​ပေး​ဖို့​ ​တောင်း​ဆိုတယ်။ ပြီး​တော့​ ​နောင် နယ်စပ်ပဋိပက္ခ မဖြစ်​အောင် နယ်စပ်မျဉ်း​ အတိအကျ ဆွဲဖို့​ဆိုပြီး​ ကိုယ်စား​လှယ်နှစ်​ယောက် လွှတ်လိုက်တယ်။ လွှတ်လိုက်တဲ့​ ကိုယ်စား​လှယ် နှစ်​ယောက်ကိုပါ မြန်မာဘက်က ဖမ်း​ထား​လိုက်တယ်။ အဲသလိုနဲ့​ နှစ်ဘက် နယ်စပ်ပဋိပက္ခ​တွေက ပိုကြီး​ထွား​လာတယ်။

    ၁၈၂၄ နှစ်ဆန်း​မှာပဲ အင်း​ဝ​နေပြည်​တော်က စစ်သူကြီး​ သတိုး​သီရိ မဟာဥဇန (နာမည်အမှတ်မှား​နိုင်တယ်) ကို အင်္ဂလိပ် အုပ်ချုပ်​နေပြီဖြစ်တဲ့​ ကချာနယ်၊​ ဂျိန်း​တိယနယ်ထဲ အထိလိုက်ပြီး​ ရခိုင်၊​ အာသံနဲ့​ မဏိပူ ​တော်လှန်​ရေး​တပ် (သူပုန်တပ်) ​တွေကို နှိမ်နင်း​ဖို့​ လွှတ်လိုက်တယ်။ အင်္ဂလိပ်ကလည်း​ သူတို့​ရဲ့​ တပ်​တွေကို မြန်မာတပ်နဲ့​ ရင်ဆိုင်ဖို့​ လွှတ်​တော့​ ကချာနယ်မှာ ရင်ဆိုင်တိုက်ပွဲ​တွေ စဖြစ်တယ်။ အဲ့​သလိုနဲ့​ နယ်စပ် ပြဿနာကို အ​ကြောင်း​ပြုပြီး​ အင်္ဂလိပ်-မြန်မာ ပထမစစ်ကို ၁၈၂၄ မတ်လ၊​ ၅ ရက်​နေ့​မှာ တရား​ဝင် စဖြစ်တယ်။

    အင်္ဂလိပ်ဘက်က စစ်တိုက်ချင်တဲ့​ အ​ကြောင်း​များ​

    (ဒီ​နေရာမှာ သတိပြု​စေချင်တာက မြန်မာဘုရင်က အထက်မှာ တင်ပြသလို အင်္ဂလိပ်အုပ်ချုပ်တဲ့​ ​ဒေသ​တွေနဲ့​ နယ်စပ်ချင်း​ထိတဲ့​ အထိ နယ်မချဲ့​ဘဲ​နေလည်း​ အင်အား​ကြီး​မား​နေပြီဖြစ်တဲ့​ အင်္ဂလိပ်က (အဲ့​အချိန်မှာ အင်္ဂလိပ်က ကမ္ဘာမှာ နပိုလီယံရဲ့​ ပြင်သစ်အင်ပါယာကိုလည်း​ နိုင်ပြီး​ဖြစ်) တဖြည်း​ဖြည်း​နဲ့​ နယ်စပ်က နိုင်ငံငယ်​လေး​တွေကို သိမ်း​ပြီး​ တစ်ချိန်ချိန်မှာ မြန်မာပြည်ကိုလည်း​ သိမ်း​မှာဖြစ်တယ်။)

    အင်္ဂလိပ်ဘက် က စစ်တိုက်ချင်တဲ့​ အဓိက အ​ကြောင်း​တွေက​တော့​

    (၁) ကုန်ကြမ်း​ရှာလို့​ရတဲ့​၊​ ကုန်​ချောပြန်​ရောင်း​လို့​ရတဲ့​ ​ဈေး​ကွက် လိုချင်မှု၊​
    (၂) ပထဝီနိုင်ငံ​ရေး​၊​
    (၃) မိမိရဲ့​ အကျိုး​စီး​ပွား​ နဲ့​ အကျိုး​စီး​ပွား​ဖြစ်​နေတဲ့​ နယ်ပယ်ကို ကာကွယ်လိုမှု၊​
    (၄) အင်ဂလို-ဖရန်း​စစ် အား​ပြိုင်မှု၊​
    (အဲ့​အချိန်မှာ ပြင်သစ်ကလည်း​ မြန်မာမင်း​တွေနဲ့​ အဆက်အဆံရှိ​နေပြီ ဖြစ်တယ်။ အထူသဖြင့်​ ပြင်သစ်သ​င်္ဘော​တွေ မြန်မာ့​ပင်လယ်ဆိပ်ကမ်း​တွေမှာ အသုံး​ချခွင့်​ရသွား​မှာ စိုး​ရိမ်တယ်။)
    (၅) လတ်တ​လောဖြစ်​နေတဲ့​ နယ်စပ် ပဋိပက္ခများ​

    မြန်မာဘုရင်ဘက်မှ စစ်တိုက်ဖြစ်​စေတဲ့​ အ​ကြောင်း​များ​

    (၁) အင်း​ဝ​နေပြည်​တော် အင်ပါယာကို အ​နောက်ဘက်မှာ ဆက်လက်ချဲ့​ထွင်လိုမှု၊​
    (၂) နိုင်ငံငယ်​လေး​တွေကို အစဉ်အဆက် နိုင်​နေကျ ဖြစ်တဲ့​အတွက် အခြား​မည့်​သည့်​ နိုင်ငံနှင့်​မဆို မိမိအလိုကျ ဆက်ဆံနိုင်ဟု ယူဆမှု၊​
    (၃) ဘကြီး​တော် လက်ထက် အာဏာထက်​နေတဲ့​ ပုဂ္ဂိုလ်များ​ရဲ့​ မိမိအင်အား​ကို အထင်ကြီး​မှု၊​
    (၄) နိုင်ငံတကာမှာ ဘာ​တွေဖြစ်​နေတယ်ဆိုတာကို မသိ​တော့​ အင်္ဂလိပ်ရဲ့​ အင်အား​ကို မှန်မှန်ကန်ကန် မသုံး​သပ်တတ်မှု၊​
    (၅) ပထီဝီနိုင်ငံ​ရေး​ကို မသိမှု၊​
    (၆) လတ်တ​လောဖြစ်​နေတဲ့​ နယ်စပ် ပဋိပက္ခများ​၊​

    စစ်ပွဲစတင်ဖြစ်စ နှစ်ဘက် အနိုင်၊​ အရှံုး​ အ​ခြေအ​နေ

    ရခိုင်၊​ အာသံနဲ့​ မဏိပူနယ်စပ်​တွေမှာ စစ်စတင်ဖြစ်​တော့​ မြန်မာက အဲ့​ဒီ​ဒေသ​တွေမှာ စစ်တိုက်​နေတာ ဆယ်စုနှစ်​တွေနဲ့​ချီ ကြာ​နေပြီဆို​တော့​ (လက်နက် မယှဉ်နိုင်​ပေမဲ့​) ​ရေ​မြေကျွမ်း​ကျင်မှု​ကြောင့်​ တပန်း​သာတယ်။ မဟာဗန္ဒုလက အင်္ဂလိပ်ကို တိုက်ရာမှာ စစ်မျက်နှာနှစ်ခု ဖွင့်​ပြီး​တော့​ တိုက်ဖို့​ ဆုံး​ဖြတ်တယ်။ ရခိုင်မှ တဆင့်​ ဘင်္ဂလား​ရဲ့​ အ​ရှေ့​တောင်ပိုင်း​ဖြစ်တဲ့​ စစ်တ​ကောင်း​ကို သိမ်း​မဲ့​ ထိုး​စစ်ရယ်၊​ ကချာ၊​ ဂျိန်း​တိယနယ်​တွေမှ တဆင့်​ ဘင်္ဂလား​ရဲ့​ ​မြောက်ပိုင်း​ဖြစ်တဲ့​ Sylhet ကို သိမ်း​မဲ့​ ထိုး​စစ်ရယ် ဖြစ်တယ်။ မဟာဗန္ဒုလက ရခိုင်စစ်မျက်နှာကို သူကိုယ်တိုင် ဦး​စီး​ပြီး​တော့​ ကချာ၊​ ဂျိန်း​တိယ စစ်မျက်နှာကို​တော့​ သတိုး​သီရိ မဟာဥဇန (နာမည်အမှတ်မှား​နိုင်တယ်) ကို ဦး​စီး​စေတယ်။ သတိုး​သီရိ မဟာဥဇနရဲ့​ တပ်က စစ်တရား​ဝင် မဖြစ်ခင်ကတည်း​က ကချာ၊​ ဂျိန်း​တိယနယ်မှာ အင်္ဂလိပ်တပ်ကို နိုင်ပြီး​ ဖြစ်တယ်။ အဲ့​တော့​ သူ့​ကို Sylhet ထိ ဆက်သိမ်း​စေတယ်။

    မဟာဗန္ဒုလဦး​စီး​တဲ့​ ရခိုင်စစ်မျက်နှာမှာ မြဝတီမင်း​ကြီး​ ဦး​စက စစ်တရား​ဝင်စဖြစ်ပြီး​ လပိုင်း​အတွင်း​မှာပဲ သူ့​တပ်ကို ​ကော့​ဘဇား​ (Cox's Bazzar) အ​ရှေ့​ဘက် (၁၀) မိုင်အကွာအထိ သိမ်း​နိုင်တယ်။ ​နောက်ပိုင်း​ မဟာဗန္ဒုလ တပ်ကို​စောင့်​ပြီး​ တပ်နှစ်တပ်​ပေါင်း​ကာ ​ကော့​ဘဇား​ကို ဆက်သိမ်း​တယ်။ စစ်တ​ကောင်း​ (Chittagong) နဲ့​ ကုမ္မဏီ ဌာနချုပ် ရှိတဲ့​ ကာလကတ္တား​ (Calcutta) မှာ အင်္ဂလိပ်​တွေက ​ကော့​ဘဇား​ကျ သွား​တဲ့​ သတင်း​ကြောင့်​ ​တော်​တော် ထိန်လန့်​ တုန်လှုပ်ကုန်ကြတယ်။ တကယ်လည်း​ အဲ့​အချိန်မှာ ဗန္ဒုလ တပ်က ဆက်ချီတက်မယ်ဆိုရင် စစ်တ​ကောင်း​တင်မက ကာလကတ္တား​ကိုပါ သိမ်း​နိုင်တဲ့​ စစ်​ရေး​ အသာရမှုမျိုး​ မြန်မာဘက်မှာ ရှိတယ်။ ဒါ​ပေမဲ့​ ဗန္ဒုလက ရန်သူ့​နယ်ထဲ တအား​ဝင်သွား​မှာကို မလိုလား​တော့​ မြဝတီမင်း​ကြီး​ တပ်ကို စစ်တ​ကောင်း​ထိ ဆက်မချီ​တော့​ဖို့​ အမိန့်​ပေး​လိုက်တယ်။

    စစ်ပွဲ အလယ်နှင့်​ အဆုံး​သတ်

    ဗန္ဒုလရဲ့​ စစ်တ​ကောင်း​ထိ တက်မသိမ်း​ဖို့​ ဆုံး​ဖြတ်ချက်ဟာ တစ်ဘက်က အင်္ဂလိပ်တပ် ပြည်မကို ဝင်​တော့​ ကိုယ့်​တပ်ကို အမြန် ပြန်ဆုတ်နိုင်ခဲ့​တဲ့​ အကျိုး​ရလဒ်ရခဲ့​ပေမဲ့​ အခြား​တစ်ဘက်အ​နေနဲ့​ ​နောက်ဆုံး​ စစ်ရှံုး​လို့​ အင်္ဂလိပ်နဲ့​ စစ်​ပြေငြိမ်း​ရေး​ စာချုပ် ချုပ်ဖို့​ ​ဆွေး​နွေး​တော့​ အရင်က စစ်တ​ကောင်း​ကိုပါ သိမ်း​ပြီး​ ကာလကတ္တား​ကိုပါ ထိထိ​ရောက်​ရောက် တကယ် ခြိမ်း​ခြောက်နိုင်ခဲ့​ရင် စာချုပ်အရ (စစ်ရှံုး​လို့​) အင်္ဂလိပ်ကို ​ပေး​ရမဲ့​ ​ဒေသ စကား​ပြောရာမှာ မြန်မာဘက်က အသာစီး​ရနိုင်မယ်လို့​လည်း​ တချို့​ သမိုင်း​ပညာရှင်​တွေက သုံး​သပ်ခဲ့​ကြတယ်။

    စစ်ပွဲအစ ရခိုင် စစ်မျက်နှာမှာ အင်္ဂလိပ်က မြန်မာကို (လက်နက်သာ​ပေမဲ့​လည်း​) ​ဒေသ မကျွမ်း​ကျင်မှု၊​ ရာသီဥတု အခက်အခဲ စတဲ့​ သဘာဝအတား​အဆီး​တွေ​ကြောင့်​ ဘယ်လိုမှ မယှဉ်နိုင်ခဲ့​တော့​ အင်္ဂလိပ်က ဗျူဟာ​ပြောင်း​ပြီး​ ​ရေလမ်း​မှတဆင့်​ မြန်မာ ပြည်မကို ဝင်ခဲ့​တယ်။ မြန်မာမှာ ​ခေတ်မှီတဲ့​ စစ်​ရေး​အမြင် မရှိ​တော့​ အင်္ဂလိပ်​တွေ ​ရေလမ်း​က​နေ ဝင်လာနိုင်တယ်ဆိုတာကို ကြိုမတွက်မိခဲ့​ဘူး​။ ​နောက်ဆုံး​ အင်္ဂလိပ်​ရေတပ်က စစ်သ​င်္ဘော​တွေ ရန်ကုန်ဆိပ်ကမ်း​ကို ဝင်လာ​တော့​မှ အံ့​ဩတကြီး​နဲ့​ ပြန်ခုခံခဲ့​ရတယ်။ ဘကြီး​တော်က ဗန္ဒုလကို ရခိုင်စစ်မျက်နှာက ပြန်​ခေါ်ပြီး​ ရန်ကုန်ကို ခုခံ​စေတယ်။ ရခိုင်မှာ ဦး​စ ကျန်ခဲ့​ပြီး​ ရခိုင်စစ်မျက်နှာကို ထိန်း​ထား​တယ်။

    ရန်ကုန်တိုက်ပွဲ ၁၈၂၄ ​မေမှာ စဖြစ်ပြီး​ နှစ်ကုန်မှာ မြန်မာ ရှံုး​လို့​ ရန်ကုန်က​နေ ဆုတ်​ပေး​လိုက်ရတယ်။ ၁၈၂၅ နှစ်ဆန်း​မှာပဲ နာမည်​ကျော် ဓနုဖြူ တိုက်ပွဲဖြစ်တယ်။ မြန်မာဘက်က ဦး​စီး​တိုက်တဲ့​ ဗန္ဒုလကျတယ်။ ဗန္ဒုလက သတ္တိ​ပြောင်​မြောက်တဲ့​ စစ်ဗိုလ်ချုပ်ဖြစ်​တော့​ စစ်ပွဲရဲ့​ အရှိန်အမြင့်​ဆုံး​ဖြစ်​နေတဲ့​ အချိန်မှာ သူ့​ရဲ​ဘော်​တွေ အား​မငယ်​အောင် သူကိုယ်တိုင် စစ်​မြေပြင်တ​လျောက် လမ်း​လျှေက်ပြီး​ အား​ပေး​တယ်။ ဒါ​ပေမဲ့​ ထုံး​တမ်း​စဉ်လာ အ​ဆောင်အ​ယောင်ဖြစ်တဲ့​ သွား​လေရာ ​ရွှေထီး​မိုး​တာကို စစ်​မြေပြင်မှာပါ ဆက်ကျင့်​သုံး​တော့​ အင်္ဂလိပ်ဘက်က အလွက်တကူပဲ ဗန္ဒုလရှိတဲ့​နေရာကို ခန့်​မှန်း​နိုင်ပြီး​ စက်အ​မြှောက်နဲ့​ ပစ်​တော့​ ကျခဲ့​ရရှာတယ်။

    အင်္ဂလိပ်က ရန်ကုန်ကို ရပြီး​တဲ့​နောက် ရခိုင်စစ်မျက်နှာကို ပြန်ဖွင့်​တယ်။ ဓနုဖြူမှာ ဗန္ဒုလကျတဲ့​ ရက်တစ်ရက်တည်း​မှာပဲ ရခိုင်မြို့​တော် ​မြောက်ဦး​က​နေ မြဝတီမင်း​ကြီး​ ဦး​စ ဦး​စီး​တဲ့​ မြန်မာတပ် ဆုတ်​ပေး​လိုက်ရတယ်။ ပြည်မမှာ ဓနုဖြူတိုက်ပွဲပြီး​တဲ့​နောက် မြန်မာဘက်က ပြည်မှာ အပြင်း​အထန် (၁၈၂၅ နှစ်ကုန်ပိုင်း​) ခုခံခဲ့​တယ်။ ပြည်က ဆုတ်​ပေး​လိုက်ရပြီး​တဲ့​နောက်​တော့​ ၁၈၂၆ နှစ်စမှာ ဘကြီး​တော်က အင်္ဂလိပ်တပ် ​နေပြည်​တော် အနီး​ကို ​ရောက်လာပြီ ဖြစ်တဲ့​ အတွက် စစ်​ပြေငြိမ်း​ဖို့​ သ​ဘောတူလိုက်ရတယ်။ ၁၈၂၆ ​ဖေ​ဖော်ဝါရီ ၂၄ အင်း​ဝ​နေပြည်​တော်နဲ့​ (၄၅)မိုင်အကွာ ရန္တပိုမှာ ရခိုင်၊​ တနင်္သာရီ၊​ အာသံနှင့်​ မဏိပူရ အင်္ဂလိပ်ကို ​ပေး​မယ်၊​ ကချာနဲ့​ဂျိန်း​တိယကိုလည်း​ ​နောင်မှာ မ​နှောင့်​ယှက်​တော့​ဘူး​၊​ စစ်​လျော်​ကြေး​ငွေ စတာလင်​ပေါင် တစ်သန်း​လည်း​ပေး​မယ်၊​ သံအဖွဲ့​ အပြန်အလှန် ထား​ရှိမယ်၊​ အင်္ဂလိပ်နဲ့​ စီး​ပွား​ရေး​စာချုပ်​တွေလည်း​ ချုပ်မယ် စတဲ့​ သ​ဘောတူညီချက်​တွေ ပါရှိတဲ့​ ရန္တပိုစာချုပ်နဲ့​ အင်္ဂလိပ် မြန်မာ ပထမစစ် အဆုံး​သတ်ခဲ့​တယ်။

    နိဂုံး​

    အင်္ဂလိပ် မြန်မာ ပထမစစ် သမိုင်း​နောက်ခံကို အတိုချုပ် တင်ပြပြီး​သွား​တော့​ ကျ​နော် အဓိက ​ပြောချင်တဲ့​ စိန့်​မာတင်ကျွန်း​ကို မြန်မာနိုင်ငံက ခုမှ ​ပေး​ရတာ မဟုတ်ဘူး​ဆိုတဲ့​ အ​ကြောင်း​ကို နိဂုံး​ချုပ်အ​နေနဲ့​ ဆက်လက် ​ဆွေး​နွေး​ပါမယ်။

    ကျ​နော် ပထမဦး​ဆုံး​ တင်ပြတဲ့​ စိန့်​မာတင် နဲ့​ ရှင်မဖြူက သပ်သပ်တစ်ကျွန်း​စီ ဆိုတဲ့​ အယူအဆ အရဆို စိန့်​မာတင်ဟာ အစကတည်း​က မြန်မာ မပိုင်ခဲ့​ဘူး​၊​ တ​လျှောက်လုံး​လည်း​ မြန်မာ ပိုင်မလာခဲ့​ဘူး​၊​ ခုလည်း​ မပိုင်ဘူး​ဆိုတာ ထင်ရှား​စေတယ်။ ရခိုင်ဘုရင်လက်ထက်က ပိုင်ခဲ့​တာဆိုတာကို ကျ​နော့်​အ​နေနဲ့​ မငြင်း​ပါ။ ပ​ဒေသရာဇ်​ခေတ် တစ်​လျှောက်လုံး​ နိုင်ငံ တစ်နိုင်ငံနဲ့​ တစ်နိုင်ငံ အင်အား​ကြီး​တဲ့​ အချိန်​တွေ မှာ အပြန်အလှန် သိမ်း​ပိုက်ခဲ့​ဖူး​၊​ ဩဇာခံခိုင်း​ခဲ့​ဖူး​ကြတာ အစဉ်အလာပါ။

    မိတ်​ဆွေ​တွေ ခု​ပြော​နေတဲ့​ စိန့်​မာတင် နဲ့​ ရှင်မဖြူ အတူတူပဲ ဆိုတာ မှန်တယ် ဆိုရင်လည်း​ အဲ့​ဒီ ရှင်မဖြူဟာ အစက မြန်မာပိုင်ခဲ့​တာ မဟုတ်ဘူး​၊​ ကုန်း​ဘောင်မင်း​ဆက် အင်ပါယာ ချဲ့​ထွင်ရင်း​နဲ့​ သိမ်း​ခဲ့​တဲ့​ ​နေရာများ​မှ တစ်ခု​သော​နေရာသာ ဖြစ်တယ်။ အဲ့​သလို ပ​ဒေသရာဇ်လက်နက်နိုင်ငံ​တော် ဘဝက သိမ်း​ပိုက်ခဲ့​တဲ့​ ​နေရာ​တွေတိုင်း​သာ ခုမပိုင်​တော့​လို့​ အငြင်း​ပွား​ ကန့်​ကွက်​နေရမယ်ဆိုရင် ​ကော့​ဘဇာ၊​ အာသံ၊​ မဏိပူ၊​ ဇင်း​မယ်၊​ အယုဒယ စတဲ့​ အဆက်ဆက် နယ်ချဲ့​ သိမ်း​ပိုက်ခဲ့​ဖူး​တဲ့​ ​နေရာ​တွေ အား​လုံး​ အတွက်ပါ ကန့်​ကွက်ရမလို၊​ မပိုင်​တော့​လို ​ဒေါသ ဖြစ်ရ​တော့​မလို ဖြစ်​နေတယ်။ တရုတ်က ပုဂံကို သူတို့​ လက်လွှတ်လိုက်ရပါတယ် ​ပြောရင် အဓိပ္ပာယ်မဲ့​သလို ခု စိန့်​မာတင်ကျွန်း​ကို ဘင်္ဂလား​ကို ​ပေး​လိုက်ရ​လေခြင်း​လို့​ ကြိတ်မနိုင်၊​ ခဲမရဖြစ်​နေရတာ အဓိပ္ပာယ်ရှိရဲ့​လား​ ဆိုတာ ​ဝေဖန်၊​ သုံး​သပ်၊​ စဉ်း​စား​ ​စေချင်တယ်။

    တိုင်း​ပြည်ကို မှန်မှန်ကန်ကန် ချစ်တတ်ကြပါ​စေ။

    ငြိမ်း​ချမ်း​အေး​
    ၁၇၊​ မတ်၊​ ၂၀၁၂

    4 comments:

    mstint said...

    ဒီဖောင့်နဲ့ကျ အားလုံးဖတ်လို့ရတာမို့ ခြေဆန့်မွှေနှောက်သွားတယ်
    မောင်လင်းဦးရေ။
    ဒီပို့စ်လေးကနေ မြန်မာပြည်နဲ့ပတ်သက်တဲ့သမိုင်းတချို့
    ပြန်လည်ပြီးသိလိုက်ရလို့ကျေးဇူးပါနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အြေးမပါစကေယွ်။

    မတ္တောဖြင့်
    အန်တီတင့်

    မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

    ဒီအကြောင်းကိုသတင်းသသေချောချာစောင့်ဖတ်ဖြစ်တယ်
    မှန်၏ မှား၏ဆိုတာ ကျန်ွတော်ကိုယ်တိုင်လည်း သချောမခွဲခြားတတ်ခဲ့ဖူး
    ဒါပမေယ့် အရင်တုန်းကမသိခဲ့တာတကွေို အခုသိလိုက်ရတယ်
    ကျေးဇူးပါ ကိုလင်းဦး

    ဆူးသစ် said...

    တော္တော္တော့ ဦးနှောက်စားတဲ့ကိစ္စပဲ။ ဒါနဲ့ကိုလင်းဦးရေ-ရေးသူက သူ့ရဲ့စာကိုးတဘွေယ်ကယူတယ်ဆိုတာလေးများ မဖော်ပြထားဘူးလားခင်ဗျား။ ဘာဖြစ်လို့လဲဆိုတော့ သမိုင်းဖြစ်နတေော့ မှန်တာမှန်တာတစ်ပိုင်း၊ အထောက်အထားပြတာက တစ်ပိုင်းမဟုတ်လား။ ကျန်ွတော်တို့လည်း အဲဒီလိုပဲ လက်ခံချင်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပငွ့်ပငွ့်လင်းလင်းပြောရရင် အလုပ်ထဲမှာ ဘကုန်းတနွေဲ့တွဲလုပ်နရေတာကိုး။ ဖတ္ရတာတော့ တော္တော္ဗဟုသုတတိုးသြားပါတယ္။ ကၽနြ္တော္စိတ္ဝင္စားမိပါတယ္။

    zekhong said...

    I would like to suggest to translate this article .if you like it from Geopolitical point of view about Rohingya Problem.Kindly Read http://stopimperialism.org/articles/a-new-front-myanmars-role-in-the-geopolitics-of-empire/

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo