သူမ (She)
Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels:
  • ကျွန်​တော့်​ ကဗျာ ပင့်​သက်​နောက်
    တစ်စိုက်မတ်မတ် သူမလိုက်ခဲ့​တယ်....
    စိတ်ဝိဉာဉ်နဲ့​
    တစ်ရှိုက်မတ်မတ် သူမ ကြိုက်ခဲ့​တယ်.....
    သူမက
    က​လေး​ဆန်တယ်......
    ဒါ​ပေမယ့်​
    မဖြစ်နိုင်တာကို ​တောင့်​တတတ်သူ မဟုတ်ဘူး​။
    သူမက
    လူကြီး​ဆန်တယ်.....
    ဒါ​ပေမယ့်​
    စကား​လုံး​ကြီး​တွေနဲ့​ ကိုင်မ​ပေါက်တတ်ဘူး​။
    ရိုး​သား​မှုဂုဏ်ကို ထိန်း​တယ်၊​
    အချစ်နဲ့​ ဘဝအတွက်
    ​လှေကား​ထစ်​တွေကို ပြတယ်။
    တစ်ခါတစ်​လေ
    သီအိုရီ တံခါး​​တွေကိုလည်း​ ​ခေါက်ပြရဲ့​၊​
    တစ်ခါတစ်​လေ
    မြင်း​ပြိုင်​တွေလည်း​ ဆွဲပြရဲ့​၊​
    သက်ပြင်း​တွေလည်း​ ချပြရဲ့​၊​
    မျက်ပုလဲ​တွေလည်း​ ခပြရဲ့​၊​
    ​မျှော်လင့်​ခြင်း​တံခါး​ဝက​နေ
    ကျွန်​တော့်​ကို ​စောင့်​ကြို​နေ​လေရဲ့​။
    စိတ်ရိုး​တိုင်း​ပြောရရင်
    အရိပ်လိုသူအတွက်
    စိတ်မိုး​ကို အသာလွှင့်​လို့​
    မျက်​ဖြေအလင်္ကာ​တွေလည်း​ မရွတ်လိုပါ။
    လွဲ​ချော်မှု တစ်စုံတစ်ရာအတွက်
    ဆန္ဒ​တွေလည်း​ မရုပ်သိမ်း​စေလိုပါ။
    ကျွန်​တော့်​ အနာဂတ်ထဲပဲ
    ထာဝရ ဝင်​ရောက် နား​ခိုလှည့်​ပါ။
    လင်း​ဦး​(စိတ်ပညာ)
    5 comments:
    လက္ဝဲ said...
    မျဉ်းပြိုင်တလွေဲ ဆွဲပြရဲ့
    စက်ပြင်းတလွေဲ ချပြရဲ့
    မျက်ပုလဲတလွေဲ ခ ပြရဲ့..။
    မိုက်တယ်။
    အချစ်နဲ့ ဘဝအတကွ်
    လှခေါးထစ်တကွေို ပြတယ်.။
    မိန်းမပီသ သူ လေး တစ်ယောက်..။း)))
    သုံးခေါက်လောက်ပြန်ဖတ်သွားတယ် ကိုလင်းဦး
    အျဖဴရောင္နတ္သမီး said...
    This comment has been removed by the author.
    အျဖဴရောင္နတ္သမီး said...
    ကၽ​နြ္တော္ကဗ်ာ​ပင့္​သ​က္နောက်
    Angelhlaing(May everybody be happy and healthy! said...
    ဒီကဗျာ ပိုင်ရှင်မလေးအတကွ် ကျေနပ်စရာ အပြည့် ချစ်ခြင်း တစ်စုံ...ဖြင့်..
    ပျော်ရင်ဖွယွ် ချစ်သူများနလေ့ေး ဖြစ်ပါစေ အကို..
    mstint said...
    သူမအကြောင်းလေးဖတ်သွားတယ် မောင်လင်းဦးရေ။
    ပျော်ရွှင်ဖယ်ချွစ်သူများနေ့ဖြစ်ပါစကေယွ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အြေးမပါစနေော်။
    မတ္တောဖြင့်
    အန်တီတင့်
    Post a Comment
    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)
    Twitter
    Copyright (c) 2010 Myanmar Blogger byLin Oo