Myanmar (U21) 3 - 1 Indonesia (U21)

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels:

  • ဘရူနိုင်း​ဖိတ်​ခေါ်ဖလား​ပွဲကို ​ဖေ​ဖော်ဝါရီ ၂၄ ရက်မှ စ၍ စတင်ကျင်း​ပလျက်ရှိရာ အဖွင့်​ပွဲတွင် မြန်မာ ယူ၂၁ အသင်း​မှ ဖလစ်ပိုင် ယူ၂၁ အသင်း​အား​ ၈-၂ ဂိုး​ဖြင့်​ အနိုင်ရရှိခဲ့​ပါတယ်။

    မြန်မာ ယူ၂၁ အသင်း​သည် ဒုတိယပွဲစဉ်အဖြစ် ၂၈-၂-၂၀၁၂ ရက်​နေ့​တွင် အင်ဒိုနီး​ရှား​အသင်း​နှင့်​ ယှဉ်ပြိုင်ခဲ့​ ရပါတယ်။ ပထမပိုင်း​၂၀ မိနစ်တွင် Andik မှ အင်ဒိုနီး​ရှား​အသင်း​အတွက် အဖွင့်​ဂိုး​ကို သွင်း​ယူ​ပေး​ခဲ့​ပြီး​ ပထမတစ်ပိုင်း​လုံး​ ဦး​ဆောင်ခဲ့​ပါတယ်။

    ဒုတိယပိုင်း​ပွဲအစ၊​ ၄၆ မိနစ်မှာ​တော့​ မြန်မာအသင်း​မှ ​ကျော်​ဇေယျာဝင်း​မှ ​ချေပဂိုး​ကို သွင်း​ယူ ​ပေး​ခဲ့​ပါတယ်။ မြန်မာအသင်း​ဟာ စိတ်ဓါတ် တက်ကြွလာခဲ့​ပြီး​ အချိတ်အဆက်မိမိနဲ့​ အသာစီး​ ကစား​ခဲ့​ရာ ၅၈ မိနစ်တွင် ​ကျော်ကိုကိုမှ အနိုင်ဂိုး​သွင်း​ခဲ့​ပါတယ်။ ၆၅ မိနစ်တွင်လည်း​ ​ကျော်ကိုကိုမှပင် အနိုင်​သေချာရန်အတွက် လိုအပ်​သောဂိုး​ကို သွင်း​ယူ​ပေး​ခဲ့​လို့​ မြန်မာအသင်း​မှ ၃-၁ ဂိုး​ဖြင့်​ ဦး​ဆောင်ကစား​ခဲ့​ပါတယ်။ ပွဲပြီး​ချိန်အထိ ၃ ဂိုး​ဖြင့်​ပင် ဦး​ဆောင်နိုင်ခဲ့​လို့​ မြန်မာအသင်း​မှ ဂိုး​ပြတ် အနိုင်ရခဲ့​ပါတယ်။ မတ်လ (၂)ရက်​နေ့​တွင် လာအိုအသင်း​နှင့်​ ယှဉ်ပြိုင်ကစား​ရမှာ ဖြစ်ပါတယ်။


    Indonesia Coach



    ​အောင်ပွဲခံ​နေ​သော မြန်မာပရိသတ်

    ​အောင်ပွဲခံ​နေ​သော မြန်မာကစား​သမား​များ​




    လက်ရှိ မြန်မာအသင်း​ရပ်တည်မှုဇယား​

    လင်း​ဦး​(စိတ်ပညာ)

    2 comments:

    PYAE SONE MUE * * * said...

    အရမ်း ၀မ်းသာစရာကောင်းတဲ့သတင်းတစ်ပုဒ်ပါ

    ကျေးဇူးအများကြီးတင်ပါတယ်

    ဆူးသစ် said...

    ကျန်ွတော်လည်း အဲဒီရလဒ်ကိုသိချင်နတော။ ကျေးဇူးပါကိုလင်းဦးခင်ဗျား။ ကျန်ွတော်တို့အာကြီးလည်း လန်းနတေဲ့အကြောင်း ဂုဏ်ယူစွာပြောချင်ပါရဲ့။ စပါးကို ကြိတ်ပြီးဝါးလိုက်ရတာ မြိန်တယ်ဗျို့။

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo