ဖြတ်သန်း​ခဲ့​သမျှ ဘ​လော့​ဂ်ဂါသမိုင်း​

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: ,



  • ကို​အောင်နဲ့​ အဖြူ​ရောင်နတ်သမီး​ခေါ် မနမ်း​မဝတို့ ​က Blog Day အတွက် ​ရေး​စေချင်လို့​ Tag ခဲ့​ပါတယ်။ ကျွန်​တော့်​အ​နေနဲ့​လည်း​ အမှန်အတိုင်း​ပြောရရင် ​ရေး​ရမယ်ဆိုရင် မြန်မာဘ​လောဂ့်​တွေကို ​ဝေဖန်ချင်တာ​နေတာက ဦး​ဆုံး​ဖြစ်​နေ​လေ​တော့​ မ​ရေး​ချင်ဘူး​။ ဒါ​ပေမယ့်​ ​ရေး​ကို ​ရေး​သင့်​တယ်ထင်လို့​ကို ​ရေး​ပါဦး​မယ်။

    “ဦး​ဆုံး​ Blog ဖြစ်တည်မှု”
    ကျွန် ​တော်ဟာ သတင်း​လိုက်ဖတ်ရင်း​ ပြင်သစ် Blogger တစ်​ယောက်ရဲ့​ Blog ကို ​ရောက်ခဲ့​ပါတယ်။ သူ့​Blog ဆီက Create Blog ဆို​တော့​ စပြီး​ စမ်း​သပ်ခဲ့​တယ်။ ၂၀၀၇ နှစ်စပိုင်း​မှာ ကျွန်​တော့​ နာမည် မသုံး​ခဲ့​ပါဘူး​။ Demolition man ဆိုပြီး​ လုပ်ခဲ့​တာပါ။ စာ​တွေ မထည့်​ရေး​သေး​ပါဘူး​။ ကျွန်​တော်က Game ဝါသနာအိုး​ဖြစ်တာနဲ့​အညီ အွန်လိုင်း​ Flash Game များ​ရဲ့​ ကုဒ်​တွေယူပြီး​ Blog စာမျက်နှာဆီမှာ တင်​လေ့​ရှိပါတယ်။ အင်္ဂလိပ်သတင်း​တွေကို ကူး​ယူ တင်​လေ့​ရှိတယ်။

    “မြန်မာစာဖြင့်​ စတင်​ရေး​ဖြစ်ခြင်း​”
    ဒီ ​နောက်မှာ​တော့​ ကျွန်​တော်လည်း​ နာမည် အရင်း​သုံး​ပြီး​ ​ရေး​ချင်လာခဲ့​မိတယ်။ ဒီလိုနဲ့​ ​ဘောလုံး​ဝါသနာအိုး​ဖြစ်တာနဲ့​အညီ၊​ အာဆင်နယ် ပရိတ်သတ်အဖြစ် http://linoo2007-arsenalclub.blogspot.com ကို ၂၀၀၇ ခုနှစ်၊​ ဩဂုတ်လမှာ စတင် လုပ်ခဲ့​ပါတယ်။ ဒီအချိန်မှာ မပန်ဒိုရာတို့​၊​ ကိုစိုး​ထက်တို့​ ကိုညီလင်း​ဆက်တို့​ လာဖတ်​လေ့​ ရှိကြပါတယ်။ ​ဘောလုံး​ဝေဖန်​ရေး​ဆောင်း​ပါး​၊​ အ​တွေ့​အကြံုများ​ကို စတင်​ဝေမျှ ​ရေး​သား​ခဲ့​ပါတယ်။ ဒါ​ကြောင့်​လည်း​ မပန်ဒိုရာတို့​ကအစ လင်း​ဦး​(အာဆင်နယ်)လို့​ လင့်​ချိတ်​လေ့​ ရှိပါတယ်။ ​နောက်ပိုင်း​တော့​ Domain အမျိုး​မျိုး​ပြောင်း​ပြီး​ လင်း​ဦး​(စိတ်ပညာ)နာမည်နဲ့​ ဆက်​ရေး​ ပါတယ်။

    “Blog ​ပေါ်က နည်း​ပညာ”
    ဒီအချိန်မှာပဲ ဘ​လော့​ဂ်ဂါ​တွေအတွက် အ​ရေး​ကြီး​ဆုံး​ EOT ​တွေ၊​ ပြင်ဆင်မှု​တွေကို လုပ်ဖို့​ လိုအပ်ချက်​တွေကို ကိုရန်​အောင်၊​ ကို​မောင်လှ၊​ ကိုညီလင်း​ဆက်တို့​၊​ ကိုမင်း​ကျော်တို့ ​ မျှ​ဝေ​ပေး​နေပြီဖြစ်တယ်။ သူတို့​တွေရဲ့​ ​ကျေး​ဇူး​ကြောင့်​ Myanmar Blogger ​လောကဟာ တစ်စတစ်စ အပြင်အဆင်​ရော နည်း​ပညာအရ တိုး​တက်လာတယ်လို့​ ဆိုနိုင်ပါတယ်။

    “အဲ့​အချိန်က ဘ​လော့​ဂ်ဂါ”
    အဲ့ ​အချိန်က ဘ​လော့​ဂ်ဂါ အများ​စုဟာ ဒီ​ခေတ် ​ဝေဖန်​ရေး​သမား​တွေလို Blog ဆိုတာ ကိုယ့်​ခံစား​ချက်၊​ ကိုယ်​ရေး​ချင်တာ​ရေး​၊​ ဂျီ​မေလ်း​တစ်ခုရှိရုံနဲ့​ ဘ​လောဂ်တစ်ခု တည်​ဆောက်လို့​ ရတာပဲ ဆိုတဲ့​ ပုံစံမျိုး​မဟုတ်ဘဲ၊​ ​စေတနာထား​ ၊​ ​ဝေမျှချင်စိတ်အပြည့်​ရှိကြတယ်ဆိုတာ ​တွေ့​ရပါတယ်။

    "အနာဂတ်လှိုင်း​၏ ဆုံမှတ်များ​"
    ဒီ​နေရာမှ ကိုရန်​အောင်တို့​၊​ ကို​မောင်ပွတ်တို့​၊​ ကိုဖြိုး​တို့​၊​ ကိုစိုး​ဇေယျတို့​နဲ့​ ဘ​လောဂ်ဂါ​တွေ လုပ်ခဲ့​ကြတဲ့​ "အနာဂတ်လှိုင်း​၏ ဆုံမှတ်များ​" ဖွဲ့​တည်မှု​လေး​ကို ချန်ထား​လို့​ မရပြန်ပါဘူး​။ ဒါ​တွေဟာလည်း​ မြန်မာဘ​လောဂ့်​ဂါ​တွေရဲ့​ သမိုင်း​မှတ်တိုင် တစ်ခုပါပဲ။

    “ကိုစိုး​ထက်တို့​ ဦး​ဆောင်​သော​ခေတ်”
    ​ဒေါက်တာစိုး​ထက် စီ​ဗောက်ကို သတင်း​မ​ပေး​၊​ အသိမ​ပေး​ရင် Myanmar Blogger မဟုတ်ဘူး​လို့​တောင် ​ပြောစမှတ် ပြုခဲ့​ကြသလို လူချစ်လူခင်​ပေါများ​တဲ့​ ဘ​လော့​ဂ်ဂါတစ်​ယောက် ရပ်တည် ​ပေါ်​ပေါက်ခဲ့​ဖူး​ပါတယ်။ ​နောက်ပိုင်း​ ကိုစိုး​ထက်ကို တိုက်ခိုက်တဲ့​ လူတစ်စုလည်း​ ​ပေါ်လာပြန်​တော့​ အ​နှောင့်​အယှက်​တွေ ဖြစ်လာကြတယ်။ ကိုရန်​အောင်၊​ ကိုမင်း​ကျော်၊​ ကိုညီလင်း​ဆက်၊​ ကိုသင်ကာ၊​ ​ ကို​နေဘုန်း​လတ်(လက်ရှိ ​ထောင်ထဲတွင်) ၊ ​မောင်မျိုး​ (​ပျောက်ပြန်​ပေါ်)၊  ကို​တေ (အဲ့​တုန်း​က ဒီမိုက​ရေစီအတွက် ဦး​ဆုံး​ရန်ဖြစ်​နေကြ၊​ ဖဲ့​ခံ​နေရ ဘ​လော့​ဂ်ဂါတစ်​ယောက်ပါ)၊​ ကို​မော်စီ၊​ ကို​ဆောင်း​ယွန်း​လ၊​  ညီငယ်ထူး​တေဇာ၊ဘစ်ဂတ်တူ၊​ မနိုင်း​နိုင်း​စ​နေ၊​ မပန်ဒိုရာ၊​ မ​လေး​မ၊​ မဂျစ်တူး​၊​ မမြရွက်​ဝေ၊​ အိုကီဆု၊မဘာညာ၊​ မပင့်​ဂိုး​၊​ TuZ Zaung ၊​  မရွှန်း​မီ၊​ မလုလု တို့​ဆီကို သွား​ရောက်လည်ပတ် ဖတ်​လေ့​ရှိပါတယ်။

    ဒီဘက်ပိုင်း​ အလယ်​ခေတ်လို့​ဆိုရမယ့်​ သူ​တွေထဲမှာ ကိုဒီဘီ​အေ၊​ ကို​အောင်သာငယ်ညီငယ်ညိမ်း​ညို​၊​ ကို​အောင်(ပျူ)၊​ မင်း​ကျန်စစ်၊​ အဇ္ဈတ္တပြခန်း​၊​ မင်း​ယွန်း​သစ်​၊​ ဗညား​ရှိန်၊​ ကို​ဇောင်း​၊​ ညီငယ်သူရဿဝါ၊​ ညီငယ်​ကျော်ညို​သွေး​၊​ ကို​ဇော်(Multiply မှာကတည်း​ ဖတ်ခဲ့​ရတယ်။)၊​ ​ရွှေရတုမှတ်တမ်း​ (ကွယ်လွန်သူ ဘကြီး​ကျောက်)၊​ မဝါဝါခိုင်မင်း​၊ ကိုရင်​နော်ခင်​လေး​ငယ်၊​ ​ မသက်ဇင်၊​ မနှင်း​ဆီနက်၊​ မအိန္ဒြာ၊​ မက်မက်၊​ မှူး​ဒါရီ၊​ သဇင်နီ၊​ မခိုင်စိုး​လင်း​၊​ ညီမငယ် သွန်း​သွန်း​၊​ မဇူး​ဇူး​၊​ မ​ချော၊​ မနမ်း​မဝ၊ ​ တို့​ဟာ ရသ၊​ကဗျာပိုင်း​၊​ အ​တွေ့​အကြံု​တွေမှာ ဖြန့်​ဝေ​ရေး​သား​ မျှ​ဝေခဲ့​တဲ့​ ဘ​လောဂ်ဂါ​တွေ ဖြစ်ခဲ့​ပါတယ်။ ဒါ့​အပြင် စာ​ရေး​ဆရာ ​ရွှေလမ်း​ငွေလမ်း​ဝင်း​ကြည်ဟာ မ​ကွေး​က​နေ မရမက အွန်လိုင်း​တက်ပြီး​ စာ​ပေ အ​ကြောင်း​အရာ​တွေကိုမျှ​ဝေရင်း​ ဘ​လောဂ်ဂါအဖြစ် ခံယူခဲ့​သူ ဖြစ်ခဲ့​တယ်။ ဒီအလယ်​လောက်မှာပဲ အခြား​သော စာ​ရေး​ဆရာများ​လည်း​ ဘ​လောဂ်ဂါ ​တွေဖြစ်လာကြတယ်။

    “Wordpress နဲ့​ ဘ​လောဂ့်​ဂါ”
    Blogspot မှာတင်မဟုတ်ဘဲ Wordpress မှာ Hosting ​တွေ ဘယ်လိုလုပ်မရမလဲဆိုတာက အစ ကူး​ပြောင်း​ကာလကို စတင် နည်း​ပညာ​ပေး​ခဲ့​ကြပါတယ်။ Myanmar Wordpress ၊​ Wordpress Myanmar ​တွေကို ​ထောင်ပြီး​ ​စေတနာသန့်​သန့်​နဲ့​ မျှ​ဝေခဲ့​ကြတယ်။

    “မိုး​ဦး​လေပြည် နဲ့​ ဘ​လော့​ဂ်ဂါများ​”
    ဒီအလယ် ​ခေတ်မှာ ရသစာ​ပေကို အ​လေး​ထား​တဲ့​ ဘ​လောဂ်ဂါ​တွေ များ​လာတယ်လို့​ ဆိုရမယ်။ ညီငယ်​ကျော်ညို​သွေး​ရဲ့​ အကြံ​ပေး​ချက်နှင့်​အတူ “မိုး​ဦး​လေပြည် ကဗျာ/အက်​ဆေး​” စာအုပ်ကို ကျွန်​တော်ဦး​ဆောင်ပြီး​ ဝိုင်း​ဝန်း​ လုပ်​ဆောင်ကြတယ်။ ဒါဟာလည်း​ ရသပိုင်း​ဆိုင်ရာ ဘ​လောဂ့်​ဂါ ​တွေရဲ့​ မှတ်တိုင်တစ်ခုလို့​ ဆိုပါရ​စေ။

    “​နောက်ပိုင်း​ဘ​လောဂ်ဂါ”
    ရှေ့​ကဘ​လောဂ်​တွေနဲ့​ သိပ်မ​ဝေး​တဲ့​ အချိန်ကာလမှာ ​ရေး​ခဲ့​သူ​တွေ များ​ကြ​ပေမယ့်​ ခံယူချင်း​ မတူတာလား​၊​ ဒါမှမဟုတ် ဒီ​ခေတ်ရဲ့​ ​ဝေဖန်​ရေး​ ​လေကန်​ရေး​အချို့​ကြောင့်​လား​တော့​ မသိပါ။ ကိုယ့်​ဟာကိုယ် ဘယ်လို​ရေး​ရေး​ ဘာမှမဖြစ်​ပေမယ့်​ ကျွန်​တော့်​အတွက်​တော့​ အ​ရှေ့​ပိုင်း​ ဘ​လော့​ဂါ​တွေ​လောက် ဖတ်ရတာ အဆင်မ​ပြေဖြစ်လာပါတယ် (အကုန်လုံး​မဟုတ်ပါ၊​ ​ကောင်း​တဲ့​သူလည်း​ ​တော်​တော်​လေး​ကို ​တော်လွန်း​ ​ကောင်း​လွန်း​ပါတယ်)။ ဒါက ကျွန်​တော့​ အမြင်ပါ။ ဆဲသွား​ရင်လည်း​ မတတ်နိုင်ပါဘူး​။ သူတို့​ကို အပြစ်လည်း​ ​ပြောတာမဟုတ်သလို ​ပြောလည်း​ ​ပြောလို့​မရပါဘူး​။ သူတို့​က ကိုယ့်​စာမျက်နှာ ကိုယ့်​ဟာကိုယ်​ရေး​တာ ဘာ​ရေး​ရေး​ ​ပေါ့​လေ။ ဘယ်လိုဖြစ်ဖြစ် တစ်ခုခု​တော့​ ​ပေး​နေတာပါပဲ။

    “လက်ရှိအ​ခြေအ​နေ”
    ကိုနိုင်ထွန်း ​ရဲ့​ အဖြူ​ရောင်သံစဉ်ကို ဟိုး​ကတည်း​က ဝင်ကူခဲ့​သလို၊​ လက်ရှိလည်း​ ကူညီ​နေ ပါတယ်။ ​နောက်တစ်ခုက​တော့​ ဂျက်ဇ်မြူး​ဇစ်​ရေဒီယိုမှာလည်း​ လိုအပ်သလို ဝင်ကူခဲ့​ပါတယ်။ ယူနီကုတ်ဟာ မြန်မာစာ​ပေမှာ အဓိက ကျလာတာမို့​ ဒီဘက်ပိုင်း​လည်း​ ဝင်လုပ်တယ်။ အား​ကစား​ကဏ္ဍအဖြစ် www.myanmarepl.com ကိုလည်း​ လုပ်​နေပါတယ်။ အလုပ်ကလည်း​ ရှုပ်တဲ့​ကာလမို့​ ဒီဘက် ဘ​လော့​ဂ်ပိုင်း​ ပို့​စ်အမြဲတမ်း​ မတင်ဖြစ်​တော့​တဲ့​ အ​ခြေအ​နေ ဖြစ်သွား​ရ ပါတယ်။

    “ဖြတ်သန်း​ခဲ့​သမျှ”
    အခု ​တော့​ ဘ​လောဂ်မှတ်တမ်း​ ဘ​လော့်​ဂါဘဝမှာ ကျွန်​တော် သိပ်ကြိုက်တဲ့​ ဘ​လောဂ်ဂါ​တွေ တစ်​ယောက်ပြီး​တစ်​ယောက် ဆက်လက် မ​ရေး​နိုင်​တော့​တာကို ​တွေ့​နေရပါတယ်။ ​ပြောရပါဦး​မယ်။ လမ်း​လွှဲ​နေတဲ့​ အယူအဆ​တွေကို ​စေတနာ သန့်​သန့်​နဲ့​ ​ထောက်ပြ​နေတဲ့​ အချိန်မှာ လာ​ရောက်ဆဲဆိုကြ၊​ မ​ကောင်း​ပြောကြနဲ့​ ပုဂ္ဂိုလ်​ရေး​ တိုက်ခိုက်တာကအစ ကျွန်​တော်တို့​တွေ ကြံု​တွေ့​ခဲ့​ရပါတယ်။ ကဗျာဝါဒ၊​ ကဗျာ ဒဿန၊​ ရသအ​ပေါ် အယူအဆကအစ ​နောက်ပိုင်း​ ကွဲလွဲလာတာ​တွေ ​တွေ့​ခဲ့​ရပါတယ်။ စိတ်မ​ကောင်း​မှု​တွေသာ ကျွန်​တော်တို့​ ​တွေ့​ရှိ ရရှိခဲ့​ကြတယ်။

    ဒါ ​ကြောင့်​ ဘယ်တုန်း​က ဘယ်ဘ​လော့​ဂ်ဂါပဲဖြစ်ဖြစ် ​ရေး​နေတဲ့​ဟာ​တွေ ရပ်ပြီး​ စိတ်မပျက်ကြပါနဲ့​။ ကွန်မတ်မရလို့​လဲ စိတ်မပျက်ပါနဲ့​၊​ လာမလည်ကြလို့​လည်း​ စိတ်ပျက်ကြပါနဲ့​။ ​စေတနာသာလျှင် အဓိကပါ။ တစ်​ယောက်လာရင် ကိုယ်​ပေး​ချင်တာ တစ်​ယောက်ရမယ်လို့​ မှတ်​စေချင်ပါတယ်။ 
    လင်း​ဦး​(စိတ်ပညာ)

    17 comments:

    ခေ်ာ(အစိမ်းရောင်လင်ွပြင်) said...

    ကိုလင်းဦးရဲ့ ဘလော္ဂါတေအြပေၚ အားပေးခ်က္လေးကို သဘောက်ပါတယ္
    အားပေးသူမရွိလဲ စာတြေ ဆက်ရေးနိုင်ဖို့ ကြိုးစားပါ့မယ်
    ံပေ်ာ္စရာ ဘလောဂ္႔ဒျေးဖစ္ပါစေရွင္

    အျဖဴရောင္နတ္သမီး said...

    This comment has been removed by the author.

    အျဖဴရောင္နတ္သမီး said...

    Happy Blog Day.. ပါ ကိုလင္းဦးရေ...

    shwelannwelanwinkyi said...

    ဒီမိုကရေစီခေတ္ႀကီးထဲမွာ ဘလော့ဂါတေတြူရာ တူရာ ပေါင္းစုၿပီး တိုင်းပြည်နဲ့ အများအကျိုးအတကွ် စတေနာထားကြပါစို့..။

    ကိုအောင်(ပျူနိုင်ငံ) said...

    အခုလို ဘလော့တြေ၊ ဘလော့ဂါတေရြဲ႕ ျဖတ္သန္းမွဳကို သေသေခ်ာခ်ာ ရေးပေးတာ ကေ်းဇူးဗ်ာ၊ တက္ဂ္ပို႕စ္ကို ရေးပေးတဲ့အတကြ္ ကေ်းဇူးတင္ပါတယ္ ကိုလင္းဦးရေ ...

    ဇောင္း said...

    အမှတ်တရလေးတွေကိုယ်စီနဲ့မို့ Happy Blog day ပါ ကိုလင်းဦး

    ZaunG

    ATN said...

    ကိုလင္းဦး ရေးထားတာလေး ကောင်းတယ်... ကြိုက်တယ်ဗျို့... (ကျနော့် နံမည်ပါလို့ ဟုတ်ဘူးနော်...း))

    An Asian Tour Operator said...

    Blog သမိုင်းကြောင်း တစ်စိတ်တစ်ပိုင်း ကိုသိခငွ့်ရတဲ့ အတက်ွကျေးဇူးပါ။

    မိုးယံ said...

    ဖတ်မှတ်သွားတယ်... ခတေ်ဦးပိုင်းမသိတာတွေ သိလိုက်ရပြီ ကျေးဇူး ကိုလင်းဦး။ ကိုယ်ကကောင်းအောင် လုပ်ပါလျက်နဲ့ အဆဲအဆိုခံရတာတော့ မြင်ရကြားရလနွ်းလို့ စိတ်ပျက်လှ ပါတယ်ဗျာ..

    ကၽနြ္တော့္လို မျဖစ္ညစ္က်ယ္ အိမ္လေးတောင္ မၾကာမၾကာ ရောက္လာလို႕ ကေ်းဇူးနော္ အစ္ကို။

    သဒ္ဓါလှိုင်း said...

    အချိန်ပေးပြီး လာလည်ခဲ့တဲ့အတကွ် ကျေးဇူးတင်ဝမ်းမြောက်မိပါတယ်။
    ဘလော့ဂ့်သမိုင်းလေးကို သိခဲ့ရပါတယ်။ အမြဲတမ်းစတေနာထားပြီး ကြိုးစားပါ့မယ် ကိုလင်းဦး။
    ခင်မင်လေးစားလျက်
    သဒ္ဓါ

    ဆူးသစ် said...

    ခံယူချက်ပြတ်သားတယ်။ ကြိုက်တယ်။ အာကြီးလိုပဲ။ ဘယ်လောက်ရှုံးရှုံး ကျန်ွတော်တို့ကတော့ တိုက်စစ်ပဲ ကိုလင်းဦး။ အဓိကက ကျန်ွတော်တို့ ပေးချင်တဲ့ ပရိသတ်ကို ဖျော်ဖြေမှုပါ။

    Han Kyi said...

    ဘလော့ဂင်းနဲ့ပတ်သက်တဲ့ ခံယူချက်ကို သဘောကြတယ်...ခံယူသူဘက်က ဘယ်လိုပဲ ရှိပါစေ ပေးသူဘက်က စတေနာသန့်ရှင်းနရေင် အပြုသဘောဆောင်တယ်လို့ ယူဆပါတယ်...ဆက်ကြိုးစားပါဦးမယ်...

    မြသွေးနီ said...

    မြန်မာဘလော့ဂါများရဲ့ သမိုင်းအစကို သိခငွ့်ရခဲ့တဲ့အတကွ် ကျေးဇူးတင်မိပါတယ်။ အခြေအနပေေးတဲ့အထိ ကြိုးစားပြီးဘလော့ရေးသွားချင်ပါတယ်ရှင်..။

    ပေါ့ဆိမ့် said...

    မှန်လိုက်တာ ကိုလင်းဦးရေ... ကျန်ွတော်တို့လည်း လိုင်းပေါ်အရောက်နည်းသွားတယ်။ ဒါပမေယ့် ဘာပြဲဖစ်ဖြစ် ကျန်ွတော်တို့တော့ လုပ်နိုင်သလောက် လုပ်ဖြစ်နတေုန်းပါ ...
    ခတေ်ဦးပိုင်းက ဘလော့ဂါတေကြိုလည္း လေးစားလ်က္ပါ ..
    ကောင္းက်ဳိးမွန္သမွ် မွ်ဝေနေတဲ့ ဘလော့ဂါတေကြိုလည္း လေးစားလ်က္ပါ ...
    ခင်မင်စွာဖြင့်
    ဆင်တဲကဖေး

    PYAE SONE MUE * * * said...

    အရမ်းအားကျပါတယ် အစ်ကို

    သိ င်္ဂါ ရ said...

    ကိုလင်းဦး ရဲ့ Blogging သမိုင်းကို ဖတ်ရလို့ ကျေးဇူးအထူးပါ ခင်ဗျာ ...

    Ma Tint said...

    ဘလော့လင့်ခ်အဟောင်းက သက်တမ်းကုန်သွားလို့ ဘလော့လင့်ခ်အသစ်ကိုလုပ်နချေိန်မှာ ဘလော့လည်ဘို့တပျွေက်ကက်ခွဲ့သလို မကြာခဏခရီးထက်စွရာတွေ ပေါ်လာပြန်တော့ ဘလော့တနွေဲ့ ပိုအလှမ်းဝေးခဲ့တယ်... ဒီကနတေ့ော့ မောင်လင်းဦးရဲ့ စာမျက်နှာပေါ်ကို ရောက်လာပြီး ရသမျှတဖွေတ်သွားတယ်... လင့်ခ်အသစ်လြေးပန်ချိတ်လိုက်အုံးနော်...
    http://www.auntytint.blogspot.com
    ဖြတ်သန်းခဲ့သမျှ ဘလော့ဂါသမိုင်း ပို႔စ္လေးဖတ္တော့ ကိုယ္တိုင္ဘလော့ဂါဘဝ မရောက္ခင္က အခ်ိန္ရရင္ရသလို ကိုယ္လည္ပတ္ခဲ့တဲ့ ဘလော့လေးတေအြမ်ားစုျဖစ္ခဲ့လို႔ ၀မ်းသာတယ်....

    မတ္တောဖြင့်
    တီတင့်

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo