မဆုံး​သော မှတ်တိုင်များ​

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels:

  • ကမ္ဘာတစ်ခုလည်း​မဟုတ်
    ကမ္ဘာတုလည်း​ မဟုတ်​သော
    ကမ္ဘာတစ်ခုကို
    တူး​ဆွ ​ဖော်ခဲ့​သော ညတစ်ည........။

    နတ်သမီး​တစ်ပါး​က
    ပေး​မက်ခွင့်​ပေး​သော
    အိမ်မက်မဟုတ်​သော
    အနာဂတ် ကမ္ဘာတစ်ခုကို
    ဖန်တီး​ ​မှော်ဝင်​စေခဲ့​တယ်။

    အဲ့​ညက
    လမ်း​ဆုံး​ မဟုတ်​သော
    လမ်း​ဆုံ တစ်ခုမှာ
    ရပ်​နေခဲ့​.............။
    သူ မဟုတ်​သော သူမက
    သူမ မဟုတ်​သော သူ့​ကို
    စိတ်ဝိဉာဉ်ပူး​ကပ်
    အား​အင်​တွေလည်း​ ဖြစ်​စေခဲ့​တယ်။

    ဟော....
    ကမ္ဘာသစ်တစ်ခု​တောင် ဖြစ်ခဲ့​ပြီ.....
    အဲ့​မှာ.....
    မြက်ခင်း​စိမ်း​ရှိတယ်
    ရေကြည် ရှိတယ်
    အနာဂတ် ​နေ့​သစ်​တွေရှိတယ်
    တေး​ညဉ်း​သံသဲ့​သဲ့​နဲ့​
    အခြား​ကမ္ဘာ​တွေကို အံတု​နေပုံများ​
    မှတ်တမ်း​တွေ​တောင် ထိုး​ကြပြီ။

    ဒီလိုနဲ့​........
    တူး​ဆွမှုရဲ့​ မှတ်တိုင်တစ်ခု
    လတင်း​တင်း​ ပြည့်​ခဲ့​ပြီ။

    ကဲ.......
    လတ်တစ်​လော ကွာ​ဝေး​မှုကို အံတု
    မဆုံး​နိုင်​သော မှတ်တိုင်​တွေ
    ထပ် ….စိုက်လိုက်ရ​အောင်။...................။

    လင်း​ဦး​(စိတ်ပညာ)
    (၁၄-၆-၂၀၁၁)ရက်​နေ့​

    1 comments:

    အျဖဴရောင္နတ္သမီး said...

    ကဗ်ာလေး လာဖတ်သွားပါတယ်..။
    အချစ်မှတ်တိုင်များ တခုပြီးတခု စိုက်နိုင်ပါစလေို့ ဆုတောင်းပေးသွားပါတယ်..။

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo