နား​ခံ​တော် မူလနိဒါန်း​

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: ,

  • ကျွန်ုပ်သည် ၁၂၉၂ ခုနှစ်မှစ၍ မြန်မာဘုရင်မင်း​မြတ်လက်ထက် “​နော်ရထာ​ကျော်ထင်”ဘွဲ့​ရ လွှတ်​တော်စာ​ရေး​တော်ကြီး​ ရာထူး​၊​ အင်္ဂလိပ်အစိုး​ရလက်ထက် ကျက်သ​ရေ​ဆောင် ​ရွှေစလွယ်နှင့်​ အမှုထမ်း​ကောင်း​တံဆိပ်ရ ရန်ကုန်တက္ကသိုလ်​ကျောင်း​တော်ကြီး​မှ “မဟာဝိဇ္ဇာ”ဘွဲ့​ထူး​အပ်နှင်း​ခြင်း​ခံရသူ ပုဂံဝန်​ထောက်မင်း​ ဦး​တင်အား​ ကြိုကြား​ကြိုကြား​ ပါဠိဘာသာပြန်ဆရာတစ်ဦး​ဖြစ်ရာ အား​လပ်​သော အခါများ​၌ ကျွန်ုပ်ကိုယ်တိုင်ကလည်း​ ဦး​တင်၏ထံတွင် မြန်မာ​ရေး​ထုံး​၊​ ထီး​သုံး​၊​ နန်း​သုံး​၊​ လွှတ်​တော် အမှတ်အသား​မှ စ၍ ပျို့​၊​ ကဗျာ၊​ လင်္ကာများ​ကို သင်ကြား​ဆည်း​ပူး​ခဲ့​သဖြင့်​ ဦး​တင်မှာ ကျွန်ုပ်၏ “မြန်မာစာပြဆရာ” ဖြစ်​ပေသည်။

    ထိုစဉ်အခါ ဦး​တင်သည် ကျွန်ုပ်အား​ သား​ရင်း​တမျှ ခင်မင်ကြင်နာ သင်ကြား​ပေး​ရုံမက မိမိပိုင် ​ပေစာ၊​ ပုရပိုက်များ​နှင့်​ လွှတ်​တော်အမှတ်အသား​ စ​သော လက်​ရေး​စာ ပုံနှိပ်ကျမ်း​စာ​ပေါင်း​ ၂၀၀ ​ကျော်ကို သ​ဘောရှိ ကူး​ယူခွင့်​ပြုကာ အပ်နှင်း​ထား​သည့်​ပြင် နား​မလည်​သော အချက်တို့​ကိုလည်း​ စိတ်ရှည်စွာ အပင်ပန်း​ခံ၍ ရှင်း​လင်း​ပြသ​သော​ကြောင့်​ ယခုထက်တိုင် ​ကျေး​ဇူး​တင်၍ မဆုံး​နိုင်​အောင် ရှိပါသည်။ ဦး​တင်မှာ ကင်း​ဝန်မင်း​ကြီး​၏ တပည့်​ရင်း​ဖြစ်ရာ ကင်း​ဝန်မင်း​ကြီး​နှင့်​ ​ယောမြို့​စား​ ဗိုလ်မှူး​ ဝန်ကြီး​ ဦး​ပုကြိး​တို့​၏ စု​ဆောင်း​ကောက်နှုတ်ထား​သော ခွဲထား​ကျော်ကျမ်း​ကို လက်ကိုင်ရရှိထား​သဖြင့်​ ၎င်းမူကိုပါ အပ်နှင်း​ပြီး​ ကျွန်ုပ်အား​ ခက်ဆစ် ဂဏ္ဍိ အ​ရေး​ခိုင်း​သော​ကြောင့်​ ၁၂၉၄ ခုနှစ်က ကျွန်ုပ်သည် ဦး​တင်၏ အိမ်၌​နေ၍ ဦး​တင်နှင့်​ တိုင်ပင်ကာ (ခွဲထား​ကျော် ဂဏ္ဍိကျမ်း​ကြီး​)ကို ​ရေး​ခဲ့​ပေသည်။ ထိုကျမ်း​ကို ယခု ပုံမနှိပ်ရ​သေး​ပေ။

    တစ်​နေ့​သောအခါ “နား​ခံ” ခွဲထား​နှင့်​ စပ်လျဉ်း​၍ “စစ်ကဲ၊​ နား​ခံ၊​ လွှတ်နား​ခံ၊​ နား​ခံမျိုး​ အမြွက်” ဟူ​သော သတ်ထူး​ကဗျာကို အဓိပ္ပါယ် မရှင်း​လင်း​သဖြင့်​ ​မေး​မြန်း​ရာမှ အင်္ဂလိပ်အစိုး​ရမင်း​တို့​ လက်ထက်က ကွယ်​ပျောက်၍​နေ​သော နား​ခံ​တော် ရာထူး​အ​ကြောင်း​ ​ရောက်သွား​ရာ ဤဝတ္ထု၌ပါ​သော အတိုင်း​ မိမိကိုယ်တိုင်​တွေ့​မြင်ရပုံ ​ပြောပြသဖြင့်​ ​သေချာစွာမှတ်သား​ ​ရေး​ယူထား​လိုက်ပါသည်။

    ကျွန်ုပ်မှာ မြန်မာစာ​ပေကို အား​ပေး​လို​သော ဝတ္ထု​ရေး​ဆရာတစ်​ယောက်ဖြစ်သည့်​အတိုင်း​ ထူး​ခြား​သော နား​ခံ​တော် ရာထူး​ကို အ​ကြောင်း​ပြုကာ ဝတ္ထုတစ်ပုဒ်​ရေး​သား​ရလျှင် စာ​ပေ ပရိယတ္တိ လိုက်စား​သူတို့​အတွက် အကျိုး​များ​လိမ့်​မည်ဟု ထင်မှတ်မိသဖြင့်​ သူရိယမဂ္ဂဇင်း​၏ ဦး​စီး​နာယက တည်း​ဖြတ်သူ ဦး​သိမ်း​မောင်နှင့်​ တိုင်ပင်ကြည့်​ရာ ဦး​သိမ်း​မောင်ကိုယ်တိုင်က ထပ်မံတိုက်တွန်း​ ပြန်​သော​ကြောင့်​ ဤ “နား​ခံ​တော်”ဝတ္ထုကို ​ရေး​သား​ပြီး​ သူရိယသတင်း​စာတိုက်သို့​ မူပိုင် ​ရောင်း​ချလိုက်​ပေသည်။

    နား​ခံ​တော်ဝတ္ထုမှာ ​ရှေး​အခါ ပူတ​ကေ​ခေါ် ​ပေါ်တူဂီလူမျိုး​များ​နှင့်​ ဇာတ်လမ်း​ခင်ကျင်း​ထား​သဖြင့်​ မူလက (ပူတ​ကေနှင့်​ နား​ခံ​တော်ဝတ္ထု)ဟု အမည်​ပေး​ခဲ့​လေသည်။ သို့​ရာတွင် ယခုအခါ ​ခေါ်​ဝေါ် လွယ်ကူ​စေရန် “ဝါစာသိလိဌသုခစ္စာရဏ” အကျိုး​ငှာ ပူတ​ကေဟူ​သော ပုဒ်ကို ဖြုတ်ပြီး​ “နား​ခံ​တော်” ဝတ္ထုဟု မှည့်​ခေါ်လိုက်​ပေသည်။ (ဤဝတ္ထုကို ၁၂၉၄ ခုနှစ် နယုတ်လဆုတ် ၁ ရက်​နေ့​ထုတ် သူရိယ ရုပ်စုံ သတင်း​စာ တတိယတွဲ၊​ အမှတ် ၃၂ မှစ၍ အပတ်စဉ် လစဉ် ဆုံး​သည့်​တိုင်​အောင် ​ဖော်ပြခဲ့​လေသည်။)
    ထို့​နောက် ကျွန်ုပ်တို့​၏ ​ကျေး​ဇူး​ရှင်ဆရာ မန္တ​လေး​မြို့​၊​ မစိုး​ရိမ်တိုက် သဒ္ဒတ္ထရတနာဝလိ မဟာပါဠိ အဘိဓါန်ကျမ်း​ပြု၊​ အဂ္ဂမဟာပဏ္ဍိတ၊​ ပထမ​ကျော် ဆရာ​တော်ဦး​ဉာဏ၏ ​ကျောင်း​နေဖက် သူငယ်ချင်း​ဖြစ်​သော ရန်ကုန်တက္ကသိုလ်​ကျောင်း​တော် အ​ရှေ့​နိုင်ငံ ပညာရပ်များ​ဆိုင်ရာ ပါ​မောက္ခ ဆရာကြီး​ ဦး​ဖေ​မောင်တင်က ဤဝတ္ထုမှာ ဝတ္ထုသာမန်မဟုတ်ဘဲ ဦး​တင်၏ ရာဇဝင်မှတ်စုတို့​ဖြင့်​ ​လေး​နက်စွာ ​ရေး​ထား​ခြင်း​၊​ မြန်မာစာ​ပေကို အား​ပေး​မြှင့်​တင်ခြင်း​၊​ ရာဇဝင်နှင့်​ တိုက်ဆိုင်၍ ​နေ့​ရက် အချိန်ပါ ညီညွတ်​အောင်​ရေး​ထား​ခြင်း​၊​ ဝတ္ထုဇာတ်လမ်း​ခင်း​ကျင်း​ပုံ ဆန်း​ကျယ်ခြင်း​ စ​သော အချက်တို့​နှင့်​ ပြည့်​နှက်​နေသည့်​အပြင် မြန်မာဝတ္ထုအတန်း​အစား​ကိုလည်း​ မြှင့်​တင်၍ထား​သော​ကြောင့်​ စာအုပ်တစ်အုပ် ဖြစ်​မြောက်​စေရန် ဆရာကြီး​ကပင် စီမံ​ပေး​ပါမည့်​အ​ကြောင်း​နှင့်​ ​တောင်း​ပန်​လေရာ ဆရာကြီး​မှာ မြန်မာစာ​ပေကို အား​ပေး​လို​သော မဟာဇ္ဈာသယရှိသည့်​အတိုင်း​ မိမိပါဝင်​သော “မြန်မာနိုင်ငံ ပညာ ပြန့်​ပွား​ရေး​အသင်း​”သို့​ အပ်နှံကာ ပုံနှိပ်​စေပါ​ကြောင်း​။

    မူလဝတ္ထု​ရေး​စဉ် တိုင်း​ပြည်လုံး​ကြိုက်ဖြစ်​စေရန် ​ခေတ်ဆန်​သော အသွား​တို့​ဖြင့်​ အခြား​သော ဝတ္ထုများ​နည်း​အတိုင်း​ အချို့​နေရာတွင် လိုသည်ထက် ပိုမိုစွာ သိုင်း​ဝိုင်း​ချဲ့​ထွင်ထား​သော အချက်များ​ ပါရှိ​လေရာ ပါ​မောက္ခဆရာကြီး​က အ​ရေး​မကြီး​သောအချက်များ​ကို ပယ်ဖျက်လျက် မှတ်ချက်အဖြစ်ဖြင့်​ အသုံး​ပြုတန်သည်ကို ​အောက်ဘက်ဆွဲချပြီး​ ကျနစွာ သုတ်သင်တည်း​ဖြတ်ထား​သဖြင့်​ ဖတ်ရှုသူတို့​အဖို့​ ပိုမို၍ ရှင်း​လင်း​သွား​ပေသည်။

    ဤဝတ္ထုပါ ရာဇဝင်ဗဟုသုတတို့​မှာ ဦး​တင်၏ မှတ်သား​ချက်များ​နှင့်​ ကျွန်ုပ်၏ ​ချွေး​နဲစာ မှတ်စုများ​ ဖြစ်သည့်​ပြင် ပြင်ဆင်​သောအခါ၌လည်း​ ပါ​မောက္ခဆရာကြီး​ကိုယ်တိုင် တစ်နှစ်​ကျော်​ကျော် ​သေချာစွာ ဖတ်ရှုပြီး​မှ တည်း​ဖြတ်သုံး​သပ်ထား​သဖြင့်​ ဝတ္ထုသာမည သ​ဘောမထား​ဘဲ ရာဇဝင်မှတ်စုသင်ခန်း​စာ တစ်ခုကဲ့​သို့​ သ​ဘောပိုက်ပြီး​ ဖတ်ရှုသင့်​ကြ​ပေသတည်း​။ 

        စိုး​မြင့်​ (​ရွှေစကြာ)
                                    ခွဲထား​ကျော်၊​ ဂဏ္ဍိကျမ်း​ဆရာ
    ရန်ကုန်မြို့​။
    ၁၂၉၇ ခုနှစ်၊​ ပြာသိုလဆုတ် ၁၄ ရက်။

    0 comments:

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo