လစ်ဗျားနိုင်ငံအား အပြည်ပြည်ဆိုင်ရာတပ်ဖွဲ့များက လေကြောင်းမှနေ၍ တိုက်ခိုက်ခြင်း

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels:

  • လစ်ဗျားနိုင်ငံခေါင်းဆောင် Gaddafi က မဟာမိတ်တပ်ဖွဲ့များ လစ်ဗျားနိုင်ငံအား တိုက်ခိုက်မှု အပေါ် “ကိုလိုနီဆန်သော၊ ဘာသာရေးစစ်ပွဲဆန်သည့် ကရူးဆိတ်စစ်ပွဲ”အဖြစ် ကျူးကျော် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုပါသည်။

    ၁၂-၂-၂၀၁၁ ရက်နေ့တွင် ဗြိတိန်ဝန်ကြီးချုပ် David Cameron က ပြည်သူများအပေါ် Gaddafi က ပြင်ပမှ ခေါ်ယူသည့် ကြေးစားစစ်သားများ၊ စစ်လေယာဉ်များနှင့် လက်နက်တပ်ဆင်ထားသည့် ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်မှုကို ဟန့်တားရန် လေယာဉ်မပျံသန်းရေး (No-Fly Zone) ကို သတ်မှတ်ရန် အဆိုပြုခဲ့ပါသည်။ အကယ်၍ ကုလသမဂ္ဂမှ ၎င်းကို ထောက်ခံပါက အီတလီနိုင်ငံ အနေဖြင့် ထောက်ခံမည်ဟု ဆိုပါသည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး Robert Gates က ယင်းအဆိုပြုချက်ကို ဝေဖန်ခဲ့ပါသည်။ ၎င်းက အမေရိကန်လွှတ်တော်ကို သတိပေးရာ၌ လေယာဉ် မပျံသန်းရေးဇုံသည် လစ်ဗျားနိုင်ငံလေကြောင်းကာကွယ်ရေးကို တိုက်ခိုက်မှုနှင့် စတင်လာနိုင်သည်ဟု သတိပေးခဲ့ပါသည်။ ၎င်းအဆိုပြုချက်ကို ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့က ကန့်ကွက်ခဲ့ပါသည်။ ရိုမေးနီးယားနိုင်ငံက အဆိုပါ အဆိုပြုချက်ကို လုံးဝ ကန့်ကွက်ခဲ့ပါသည်။ (၁၁-၃-၂၀၁၁ ရက်နေ့ တွင် ကျင်းပသည့် ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေးတွင် ရိုမေးနီးယားသမ္မတ Traian Basescu က ပြောကြားခဲ့ရာ၌ မိမိတို့အနေဖြင့် လေယာဉ်မပျံသန်းရေးဇုံအဖြစ် သတ်မှတ်ခြင်းသည် ဥရောပ သမဂ္ဂ၏ အလုပ်မဟုတ်ဘဲ နေတိုးအဖွဲ့၏ အလုပ်သာဖြစ်ကြောင်း၊ စစ်ရေးအရ အဖြေရှာခြင်း အချိန်အခါမဟုတ်သေးကြောင်းဖြင့် ဆိုပါသည်။)

    ၇-၃-၂၀၁၁ ရက်နေ့တွင် နေတိုးအဖွဲ့ရှိ အမေရိကန်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် Ivo Daalder က နေတိုးအဖွဲ့အနေဖြင့် တစ်နေ့လျှင် ၂၄ နာရီ စောင့်ကြည့်ရေးတာဝန်ကို ဆောင်ရွက်ရန် ဆုံးဖြတ် ကြောင်းဖြင့် ကြေညာပါသည်။ ထိုနေ့တွင်ပင် ကုလသမဂ္ဂ သံတမန်တစ်ဦးက Agence France-Presse သို့ ပြင်သစ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့သည် ယခုအပတ် စောနိုင်သမျှစော၍ ကုလသမဂ္ဂ လုံခြံုရေးကောင်စီသို့ လေယာဉ်မပျံသန်းရေးဇုံ ဆုံးဖြတ်ချက်ကို တင်သွင်းနိုင်ရန် စီစဉ်နေသည်ဟု အတည်ပြု ပြောကြားပါသည်။

    ၁၂-၃-၂၀၁၁ ရက်နေ့တွင် အာရပ်အဖွဲ့ချုပ် (Arab League) ၏ နိုင်ငံခြားရေးဝန်ကြီးများက လစ်ဗျား နိုင်ငံတွင် လေယာဉ်မပျံသန်းရေးဇုံ စည်းကြပ်ရန် ကုလသမဂ္ဂသို့ တောင်းဆိုရန် သဘောတူညီ ခဲ့ကြပါသည်။ ၎င်းမှစ၍ Nato/Arab ပူးပေါင်းမှုဖြင့် လေယာဉ်မပျံသန်းရေးဇုံ ဖြစ်ပေါ်စေရန် စတင်ခဲ့ခြင်း ဖြစ်ပါသည်။ လစ်ဗျားနိုင်ငံတွင် နိုင်ငံခေါင်းဆောင် Gaddafi အစိုးရကို ပုန်ကန်သူများက လေယာဉ်မပျံသန်းရေးဇုံတစ်ခုတည်းဖြင့် လုံလောက်မည်မဟုတ်ကြောင်း၊ အကြောင်းမှာ ဗုံးကြဲမှု အများစုသည် လေယာဉ်ဖြင့်သာမဟုတ်ဘဲ တင့်ကားများနှင့် ဒုံးပျံများဖြင့် ပစ်ခတ်ခြင်းတို့ ပါ၀င်ကြောင်းဖြင့် ဆိုပါသည်။

    ၁၇-၃-၂၀၁၁ ရက်နေ့တွင် ကုလသမဂ္ဂလုံခြံုရေးကောင်စီက ၁၉၇၃ ခုနှစ် ဆုံးဖြတ်ချက်ဖြစ်သည့် လေယာဉ်မပျံသန်းရေးဇုံကို ကြားနေမဲ ၅မဲ၊ ကန့်ကွက်မဲ မရှိဘဲ ၁၀မဲအသာဖြင့် အတည်ပြုခဲ့ပါသည်။ အဆိုပါဆုံးဖြတ်ချက်မှာ Benghazi အပါအဝင် Jamhariya ရှိ ပြည်သူများအပေါ် လေကြောင်းမှ တိုက်ခိုက်မှုမှ ကာကွယ်ရန် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများကို ပြုလုပ်ရန် ဖြစ်ပါသည်။ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ပထမဦးဆုံးထောက်ခံခဲ့သည့် ဗြိတိန်၊ ပြင်သစ်နှင့် လက်ဘနွန်နိုင်ငံများ တို့နှင့်အတူ အမေရိကန်နိုင်ငံက ထောက်ခံခဲ့ပြီး၊ ပိုမိုတောင့်တင်းသည့် ဆုံးဖြတ်ချက်ဖြစ်သော Gaddafi တပ်ဖွဲ့များက လေကြောင်း၊ မြေပြင်နှင့် ရေကြောင်းမှ ပြည်သူများကို တိုက်ခိုက်မှုများကို ကာကွယ်ရန်အတွက် စစ်ရေးအရ အရေးယူဆောင်ရွက်မှုကို ခွင့်ပြုရန် တောင်းဆိုခဲ့ပါသည်။ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague က အရေးယူဆောင်ရွက်မှုသည် မူ(၃)ချက်နှင့် ကိုက်ညီကြောင်း ဖြင့် ဆိုပါသည်။ အဆိုပါ မူ(၃)ချက်မှာ လုံလောက်သည့် အကြောင်းပြချက်ရှိခြင်း၊ ဥပဒေကြောင်းအရ ရှင်းလင်းသည့် အခြေခံအချက်ရှိခြင်းနှင့် ဒေသတစ်ဝန်းလုံး ထောက်ခံချက် ရရှိခြင်းတို့ဖြစ်ကြောင်း ဖြင့် ဆိုပါသည်။

        လေယာဉ်မပျံသန်းရေးအဖြစ် သတ်မှတ်ဆုံးဖြတ်ချက်သည် ချက်ခြင်း အာဏာသက်ရောက်မှု ရှိသော်လည်း အဆိုပါအရေးယူဆောင်ရွက်မှုသည် မည်မျှကြာမည်ကို ရှင်းလင်းစွာ မသိရသေးခြင်း ဖြစ်ပါသည်။ ယခင်က ပြင်သစ်အရာရှိများက ၎င်းအရေးယူဆောင်ရွက်မှုမှာ နာရီပိုင်း (Within Hours) များလောက်သာ ဖြစ်သည်ဟု ဖော်ပြခဲ့ပါသည်။ သို့ရာတွင် ဗြိတိသျှအရာရှိများက အဆိုပါ အကြံပြုချက်ကို သတိအနေအထားဖြင့် ဆန့်ကျင်ကြပါသည်။ ၁၈-၃-၂၀၁၁ ရက်နေ့အထိ ၎င်းအရေးယူဆောင်ရွက်မှုကို မည်သည့်နိုင်ငံများပါ၀င်မည်၊ ၎င်းတို့၏ အခန်းကဏ္ဍသည် မည်သည့် အခန်းကဏ္ဍက ပါ၀င်မည်ကို တိကျစွာ သတ်မှတ်ချက်များ ချမှတ်ခြင်း မရှိသေးပါ။ သို့ရာတွင် ပြင်သစ်နှင့် ဗြိတိန်နိုင်ငံများက အဆိုပါဆုံးဖြတ်ချက်ကို မိမိတို့၏ အရေးပေါ်အခြေအနေအရ ဆောင်ရွက်ရန် ရည်ရွယ်ပါကြောင်းဖြင့် ထုတ်ဖော်ပြောကြားကြပါသည်။ ၎င်းတို့၏ ထုတ်ဖော် ပြောကြားချက်ကို လက်ဘနွန်နှင့် အမေရိကနိုင်ငံတို့က အပြည့်အဝ ထောက်ခံကြပါသည်။ လေယာဉ်မပျံသန်းရေးဇုံအဖြစ် အရေးယူဆောင်ရွက်မှုကို ဗြိတိန်နိုင်ငံက “Operation Ellamy” ဖြင့် လျှို့ဝှက်အမည် ပေးပါသည်။

    ၁၉-၃-၂၀၁၁ ရက်နေ့တွင် ပြင်သစ်လေယာဉ်များ လစ်ဗျားနိုင်ငံအပေါ် စတင်ပျံသန်းခဲ့ပါသည်။ ယင်းနေ့တွင် Gaddafi အစိုးရကို ပုန်ကန်သူများ၏ တိုက်လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရပြီး လစ်ဗျား အစိုးရက ၎င်းမှာ ပုန်ကန်သူများသည် ကုလသမဂ္ဂဆုံးဖြတ်ချက်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့က ရဟတ်ယာဉ်တစ်စီးနှင့် တိုက်လေယာဉ်တစ်စီးကို အသုံးပြု၍ လစ်ဗျားစစ်တပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။

    BBC သတင်းဌာန၏ အဆိုအရ ပုန်ကန်သူများ ထိန်းချုပ်ထားသည့် မြို့တော်  Benghazi ကို တိုက်ခိုက်မှုမှ ကာကွယ်ရန်အတွက် ပြင်သစ်လေတပ်မှ တိုက်လေယာဉ် အစီး(၂၀)ကို ကီလိုမီတာ ၁၀၀ နှင့် ၁၅၀ ကီလိုမီတာအတွင်း (မိုင် ၆၀ နှင့် မိုင် ၁၀၀ ပတ်ဝန်းကျင်) ပျံသန်း စေလွှတ်ခဲ့ပါသည်။ ပြင်သစ်သမ္မတ Nicolas Sarkozy က ၎င်းတို့၏ လေတပ်သည် Benghazi ရှိ ပြည်သူများကို ကာနယ် Gaddafi ၏ မည်သည့် ရန်လိုတိုက်ခိုက်မှုများမှမဆို ကာကွယ်တိုက်ခိုက်သွားမည် ဖြစ်ကြောင်းဖြင့် ဆိုပါသည်။ ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြင်သစ် တို့၏ လေယာဉ်တစ်စင်းသည် လစ်ဗျားစစ်တပ်၏ ယာဉ်များကို တိုက်ခိုက်ခဲ့သည်ဟု ဆိုပါသည်။

        ပင်တဂွန်စစ်ဌာနချုပ်က ကြေညာရာ၌ အမေရိကန်နှင့် ဗြိတိသျှတပ်များသည် လစ်ဗျားနိုင်ငံရှိ ဝေဟင်နှင့် မြေပြင်ကာကွယ်ရေးတည်နေရာ (၂၀)အား 110-112 Tomahawk တိုက်ချင်းပစ် ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ကြေညာပါသည်။ အဆိုပါနယ်မြေတွင် အမေရိကန်နိုင်ငံ၏ ရေငုတ်သင်္ဘောများ အပါအဝင် မဟာမိတ် စစ်ရေယာဉ် (၂၅)စီးခန့် နေရာယူထားပါသည်။

        လစ်ဗျားအစိုးရရုပ်မြင်သံကြားက ဘာသာရေးစစ်ပွဲဖြစ်သည့် ခရုဆိတ်စစ်ပွဲကို ဆင်နွှဲနေ သည့် ရန်သူများသည် Benghazi ၊ Zuwarah နှင့် Misruta မြို့များရှိ ပြည်သူများကို ပစ်မှတ် အနေဖြင့် ဗုံးကြဲတိုက်ခိုက်သည်ဟု ကြေညာပါသည်။ ၎င်းရုပ်မြင်သံကြားက Tripoli မြို့တွင် ပြင်သစ် လေယာဉ်တစ်စင်းကို ပစ်ချခဲ့သည်ဟု ကြေညာခဲ့သော်လည်း ပြင်သစ်လေတပ်က ၎င်းတို့၏ လေယာဉ် ပစ်ချခံရခြင်းမရှိဘဲ လေယာဉ်အားလုံးသည် ၎င်းတို့၏ လေယာဉ်အခြေစိုက်စခန်းများထံ ပြန်လည်ရောက်ရှိခဲ့သည်ဟု ဆိုပါသည်။

    လင်းဦး(စိတ်ပညာ)

    1 comments:

    HayMon said...

    သတင္းလေးဖတ္သြားတယ္ရွင့္

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo