အီဂျစ်နိုင်ငံ၏ မငြိမ်မသက်မှု

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels:

  • ဆယ်စုနှစ်များ​စွာ ဖြစ်​ပေါ်ခဲ့​သည် လာဘ်စား​မှု၊​ ​နေထိုင်မှုအဆင့်​အတန်း​နိမ့်​ကျမှုနှင့်​ ဖိနှိပ်မှုများ​ကြောင့်​ တူနီး​ရှား​နိုင်ငံတွင် အကြမ်း​ဖက်ပုန်ကန်မှုကို အတုယူ၍ အီဂျစ်နိုင်ငံတွင် ဖြစ်​ပေါ်လျက်ရှိ​သော လာဘ်စား​မှု၊​ အလုပ်လက်မဲ့​ဖြစ်မှု၊​ ဖိနှိပ်မှုနှင့်​ လွတ်လပ်စွာ​ပြောဆိုခွင့်​မရှိမှုတို့​ကို အ​ကြောင်း​ပြု၍ အီဂျစ်အစိုး​ရအား​ ဆန္ဒပြမှု​ပေါ်​ပေါက်ခဲ့​ခြင်း​ ဖြစ်ပါသည်။


    ၂၅-၁-၂၀၁၁ (​ဒေါသဖြစ်သည့်​နေ့​) (Day of Anger)
    အာရပ်ဘာသာဖြင့် ​ ​ဒေါသဖြစ်​ပေါ်သည့်​နေ့​ (Day of Anger)သို့​မဟုတ် အကြမ်း​ဖက်ပုန်ကန်သည့်​နေ့​ (Day of Revolt) သည် ၂၅-၁-၂၀၁၁(အင်္ဂါ​နေ့​)၌ တူနီး​ရှား​အကြမ်း​ဖက်ပုန်ကန်မှုကို အတုယူ၍ ဆန္ဒပြမှုများ​သည် အီဂျစ်နိုင်ငံမြို့​များ​ဖြစ်သည့်​ ကိုင်ရို၊​ အလက်ဇန်ဒီး​ယား​၊​ စူး​အက်ဇ်နှင့်​ အစ်​မေး​လီး​ယား​မြို့​များ​တွင် ဖြစ်​ပေါ်ခဲ့​ပါသည်။ ကိုင်ရိုတွင် လူ​ထောင်​ပေါင်း​များ​စွာ ဆန္ဒပြလျက်ရှိပြီး​၊​ Tahrir Square တွင် ဆန္ဒပြသူ (၁၅၀၀)ခန့်​ ရှိပြီး​၊​ အလက်ဇန်ဒီး​ယား​မြို့​ အနှံ့​အပြား​တွင် ဆန္ဒပြသူ (၂၀၀၀၀)ခန့်​၊​ အာစဝမ်မြို့​၏ ​တောင်ဘက်တွင် ဆန္ဒပြသူ (၂၀၀)ခန့်​၊​ အစ်​မေး​လီး​ယား​မြို့​၏ အ​ရှေ့​ဘက်တွင်ဆန္ဒပြသူ (၂၀၀၀)ခန့်​နှင့်​ မဟာလာမြို့​၏ ​မြောက်ပိုင်း​တွင် ဆန္ဒပြသူ (၃၀၀၀)ခန့်​ ရှိပါသည်။ နံနက်ပိုင်း​တွင် ကိုင်ရိုမြို့​လယ်​ခေါင်ရှိ တရား​ရုံး​ချုပ်​ရှေ့​၌ ဆန္ဒပြသူများ​ စု​ဝေး​ရာ၌ ပုံမှန်ထက် များ​ပြား​လွန်း​သည့်​အတွက် လုံခြံု​ရေး​ရဲအ​စောင့်​များ​ကို ဖြတ်​ကျော်နိုင်ခဲ့​ပြီး​ Tahrir Square သို့​ ဦး​တည်သွား​ခဲ့​ပါသည်။
    ကိုင်ရိုမြို့​တွင် ရဲတစ်ဦး​သေဆုံး​ခဲ့​ပြီး​၊​ စူး​အက်ဇ်မြို့​တွင် ဆန္ဒပြသူ နှစ်ဦး​သေဆုံး​ကြောင်း​ သတင်း​ပို့​ပါသည်။ ကိုင်ရိုမြို့​တွင် ဆန္ဒပြသူများ​က ခဲများ​ဖြင့်​ ပစ်ခတ်ခြင်း​နှင့်​ ​နောက်ပြန်ဆုတ်ရန် အင်အား​သုံး​ ကြိုး​ပမ်း​ခြင်း​များ​ကြောင့်​ ရဲတပ်ဖွဲ့​များ​သည် ဆန္ဒပြသူများ​ကို မျက်ရည်ယိုဗုံး​နှင့်​ အင်အား​ ကြီး​မား​သော ​ရေပိုက်များ​ဖြင့်​ နှိမ်နင်း​ခဲ့​ပါသည်။ ရဲတပ်ဖွဲ့​အ​နေဖြင့်​ ကြမ်း​တမ်း​စွာဖြင့်​ အင်အား​သုံး​ နှိမ်နင်း​မှုကို ​ရှောင်ကြဉ်ခဲ့​ကြောင်း​ သတင်း​ရရှိပါသည်။

    ၂၆-၁-၂၀၁၁ (ဗုဒ္ဓဟူး​နေ့​)
    ၂၆-၁၂၀၁၁ (ဗုဒ္ဓဟူး​နေ့​)တွင် အကြမ်း​ဖက်ဆန္ဒပြမှုများ​ ဆက်လက်ဖြစ်​ပေါ်ခဲ့​ပါသည်။ ဆန္ဒပြသူများ​၏ ဦး​ရေအတိအကျကို မခန့်​မှန်း​နိုင်​သော်လည်း​ ​ထောင်​ပေါင်း​များ​စွာ ရှိပါသည်။ ဆန္ဒပြ သူများ​ရဲ့​ ရဲတပ်ဖွဲ့​များ​အကြား​ ကြမ်း​တမ်း​စွာ တိုက်ခိုက်မှုများ​ကြောင့်​ ကိုင်ရိုမြို့​တွင် ရဲအရာရှိတစ်ဦး​ နှင့်​ ဆန္ဒပြသူတစ်ဦး​သေဆုံး​ခဲ့​ပါသည်။ စူး​အက်ဇ်မြို့​၏ အ​ခြေအ​နေမှာ ပိုမိုဆိုး​ဝါး​လာပြီး​ ကျည်အစစ် ဖြင့်​ ပစ်ခတ်နှိမ်နင်း​မှု​ပေါ်​ပေါက်ခဲ့​ပြီး​ ဆန္ဒပြသူများ​နှင့်​ ရဲတပ်သား​များ​ နှစ်ဘက်စလုံး​ အနာတရ ဖြစ်ခဲ့​ကြပါသည်။


    ၂၇-၁-၂၀၁၁ (ကြာသပ​တေး​နေ့​)
    ၂၇-၁-၂၀၁၁(ကြာသပ​တေး​နေ့​) တွင် ဆန္ဒပြသူများ​ အင်အား​နည်း​ ခဲ့​ပါသည်။ အ​ကြောင်း​မှာ ၂၈-၁-၂၀၁၁ (​သောကြာ​နေ့​)တွင် အလုံး​အရင်း​ ဖြင့်​ ဆန္ဒပြမှုများ​ပြုလုပ်ရန် စီစဉ်​နေသည့်​အတွက် ​ကြောင်း​ ဖြစ်ပါသည်။ မူဆလင်ညီအကိုများ​အဖွဲ့​ (The Musalim Brotherhood) က ဆန္ဒပြမှုများ​ကို အပြည်အဝ​ထောက်ခံ​ကြောင်း​ ​ကြေညာခဲ့​ပြီး​ ၂၈-၁-၂၀၁၁ (​သောကြာ​နေ့​) ဆန္ဒပြပွဲတွင် မူဆလင် ညီအကိုများ​အဖွဲ့​မှ ပါဝင်ဆင်နွှဲရန် စီစဉ်ခဲ့​ပါသည်။ ပြန်လည်ပြင်ဆင်​ရေး​သမား​ (Reformer) နှင့်​ အတိုက်အခံ​ခေါင်း​ဆောင်ဖြစ်သူ Mr. Mohamed El Baradei မှ ​သောကြာ​နေ့​ ဆန္ဒပြပွဲအတွက် အချိန်မီ ပြန်လာမည်ဟု ကတိပြုပါသည်။ အကယ်၍ လက်ရှိသမ္မတ ​ဟော့​စ်စနီမူဘာရတ်သည် အီဂျစ်မှ ထွက်ခွာပါက ပြည်သူများ​အ​နေဖြင့်​ ၎င်းကို ​တောင်း​ဆိုလာပါက အသွင်ကူး​ပြောင်း​ရေး​ကာလ (Transitional Period) တွင် အီဂျစ်သမ္မတ၏ ရာထူး​ကို ယူမည်ဟု ၎င်းက ဆိုပါသည်။ ၎င်း​နေ့​ ည​နေပိုင်း​တွင် ဘီဒူရင်မျိုး​ရိုး​ဖြစ်သူ ဆန္ဒပြသူတစ်ဦး​အား​ ဆိုင်း​နိုင်း​ဒေသ​မြောက်ပိုင်း​ Sheikh Zoweid မြို့​တွင် ရဲက ပစ်သတ်ခဲ့​သဖြင့်​ ​သေဆုံး​သူ (၇)ဦး​ရှိခဲ့​ပါသည်။ စူး​အက်ဇ်မြို့​တွင် အကြမ်း​ဖက်ဆန္ဒပြမှု ပြင်း​ထန်စွာ ဖြစ်ပွား​ခဲ့​ပြီး​ ရဲစခန်း​များ​ အပါအဝင် အ​ဆောက်အဦအ​တော်များ​များ​ မီး​တင်ရှို့​ခြင်း​ခံခဲ့​ ရပါသည်။ စူး​အက်ဇ်နှင့်​ ဆိုင်း​နိုင်း​ဒေသရှိ လူများ​သည် လက်နက်များ​ ကိုင်စွဲလာကြပြီး​ လက်နက်ဖြင့်​ ​တော်လှန်မှုကို ဦး​တည်လျက်ရှိပါသည်။

    ၂၈-၁-၂၀၁၁ (​ဒေါသဖြစ်ပွား​သည့်​ ​သောကြာ​နေ့​) (Friday of Anger)
    အာရပ်ဘာသာဖြင့် ​ ​ဒေါသဖြစ်ပွား​သည့်​ ​သောကြာ​နေ့​(Friday of Anger) ဖြစ်သည့်​ ၂၈-၁-၂၀၁၁ ရက်​နေ့​တွင် အီဂျစ်နိုင်ငံတစ်ဝန်း​လုံး​၌ လမ်း​များ​တွင် ဆန္ဒပြသူ ​ထောင်​ပေါင်း​များ​စွာဖြင့်​ ပြည့်​နှက်ခဲ့​ပါသည်။ အဆိုပါ​သောကြာ​နေ့​ကို အမျက်​ဒေါသထသည့်​နေ့​ (Day of Rage) ဟုလည်း​ ဆိုပါသည်။ ​မျှော်လင့်​ထား​သည့်​ လူစုလူ​ဝေး​ဖြင့်​ အစိုး​ရအား​ ဆန့်​ကျင်ဆန္ဒပြပွဲ မတိုင်မီ နာရီများ​စွာ ခန့်​က၊​ ​ဒေသစံ​တော်ချိန် (၁)နာရီ မတိုင်မီ အီဂျစ်အစိုး​ရသည် အင်တာနက်ဝန်​ဆောင်မှုများ​ကို ပိတ်ပစ်ခဲ့​သော်လည်း​ အချို့​သောသူများ​အ​နေဖြင့်​ အခြား​နည်း​လမ်း​များ​ဖြင့်​ အင်တာနက်ဆက်သွယ် နိုင်ခဲ့​ပါသည်။ စာသား​ပေး​ပို့​ခြင်း​နှင့်​ မိုဘိုင်း​ဖုန်း​ဝန်​ဆောင်မှုများ​ကို ပိတ်ပင်ခဲ့​ပါသည်။ အီဂျစ်တွင် ရှိသည့်​ မိုဘိုင်း​ဖုန်း​အော်ပ​ရေတာအား​လုံး​ကို သတ်မှတ်ထား​သည့်​ ဧရိယာများ​တွင် ဝန်​ဆောင်မှု ​ပေး​ခြင်း​ကို ဆိုင်း​ငံ့​ထား​ရန် ညွှန်ကြား​ထား​ပါသည်။ အီဂျစ်ဥပ​ဒေအရ အာဏာပိုင်များ​အား​ ​ဖော်ပြပါ အမိန့်​ကို ထုတ်ပြရန်ရန် အခွင့်​အ​ရေး​ရှိပြီး​ ​အော်ပ​ရေတာများ​အ​နေဖြင့်​ ၎င်းအမိန့်​အတိုင်း​ နာခံရန် ဖြစ်ပါသည်။

    သောကြာ​နေ့​ ဝတ်ပြုဆု​တောင်း​ပွဲပြီး​နောက် လူ​ထောင်​ပေါင်း​များ​စွာသည် ဆန္ဒပြမှုများ​ကို စတင်ခဲ့​ပြီး​ နာရီပိုင်း​အတွင်း​ ဆန္ဒပြသူများ​မှာ ​ထောင်​ပေါင်း​ရာချီ၍ ဖြစ်သွား​ပါသည်။ အလား​အလာရှိ ​သော သမ္မတကိုယ်စား​လှယ်​လောင်း​ဖြစ်သည့်​ Mr. Mohamed El Baradei သည် ကိုင်ရိုမြို့​သို့​ ပြန်လာပြီး​နောက် ဆန္ဒပြသူများ​နှင့်​အတူ ပူး​ပေါင်း​ရန် အစီအစဉ်ရှိသည်ဟု ဆိုပါသည်။ Mr. El Baradei သည် ဂါဇာ​ဒေသဆန္ဒပြပွဲတွင် ဦး​ဆောင်​နေပါသည်။ Mr. El Baradei သည် ၂၈-၁-၂၀၁၁ ရက်​နေ့​တွင် အစိုး​ရကိုဆန့်​ကျင်သည့်​ ဆန္ဒပြပွဲတွင် အဖမ်း​ခံရပြီး​နောက် ​နေအိမ်တွင် အကျယ်ချုပ် ချုပ်ထား​ပါသည်။ Mr. El Baradei က ၎င်းအ​နေဖြင့်​ ​နေအိမ်တွင် အကျယ်ချုပ် ချုပ်ခံရလိမ့်​မည်ဟု ဂရုမပြုခဲ့​ပါ​ကြောင်း​ဖြင့်​ ​နောက်တစ်​နေ့​တွင် Aljazeera ကို ​ပြောကြား​ခဲ့​ပါသည်။

    ထို​နေ့​တစ်​လျှောက်လုံး​ ကိုင်ရို၊​ အလက်ဇန်း​ဒီး​ယား​နှင့်​ အီဂျစ်ပြည်အနှံ့​ အာဏာပိုင်များ​နှင့်​ အစိုး​ရဆန့်​ကျင်သူများ​အကြား​ ပြင်း​ထန်စွာ တိုက်ခိုက်မှုများ​တွင် ရဲများ​က မျက်ရည်ယိုဗုံး​၊​ ရာဘာ ကျည်ဆံနှင့်​ ​ရေအ​မြောက်များ​ (Water Cannons) ဖြင့်​ လူအုပ်အတွင်း​သို့​ ပစ်ခတ်နှိမ်နင်း​ခဲ့​ပါသည်။ စူး​အက်ဇ်မြို့​တွင် ဆန္ဒပြသူ လူ​ထောင်​ပေါင်း​များ​စွာသည် ရဲစခန်း​အတွင်း​သို့​ ဒလကြမ်း​စီး​နင်း​ပြီး​ အဖမ်း​ခံ​နေရ​သော ဆန္ဒပြသူများ​ကို ကယ်ထုတ်ခဲ့​ကြပါသည်။ Port Said မြို့​တွင် ဆန္ဒပြသူ ​ထောင်​ပေါင်း​များ​စွာ စု​ဝေး​ပြီး​ ဘက်စုံသုံး​ အစိုး​ရအ​ဆောက်အဦများ​ကို မီး​တင်ရှို့​ခဲ့​ကြပါသည်။ စူး​အက်ဇ်မြို့​ ဆန္ဒပြမှုတွင် ပါဝင်သူ အနည်း​ဆုံး​လူတစ်ဦး​ကို ရဲများ​က ပစ်သတ်ခဲ့​ကြပါသည်။ အစိုး​ရက ည ၆ နာရီမှ နံနက် ရ နာရီအထိ အပြင်မထွက်ရ အမိန့်​(Curfew) ထုတ်ပြန်ခဲ့​သော်လည်း​ ဆန္ဒပြသူ များ​က လစ်လျူရှုခဲ့​သဖြင့်​ ရဲများ​က ဖမ်း​ဆီး​နှိမ်နင်း​ခဲ့​ကြပါသည်။ ည​နေပိုင်း​တွင် ကိုင်ရိုမြို့​၌ National Democratic Party (NDP) ရုံး​ချုပ်အ​ဆောက်အဦများ​ထဲမှ တစ်ခုကို ဆန္ဒပြသူများ​က မီး​တင်ရှို့​ခဲ့​ကြ ပါသည်။ ည​နေပိုင်း​ ဝတ်ပြုဆု​တောင်း​ပွဲအတွက် ဆန္ဒပြသူများ​ နား​နေစဉ် ရဲများ​က မျက်ရည်ယိုဗုံး​များ​ ဖြင့်​ ဆက်လက်ပစ်ခတ်ခဲ့​ပါသည်။

    အီဂျစ်အစိုး​ရက စစ်တပ်ကို ကိုင်ရို၊​ အလက်ဇန်ဒီး​ယား​နှင့်​ စူး​အက်ဇ်မြို့​များ​တွင် ရဲများ​ကို အကူအညီ​ပေး​ရန်အတွက် တပ်ချထား​ပါသည်။ ဆန္ဒပြသူများ​သည် မီး​လောင်လျက်ရှိ​သော လက်ရှိ အာဏာရပါတီရုံး​ချုပ်များ​အနီး​ရှိ အီဂျစ်ပြတိုက် (Egyptian Museum) ကို ကာကွယ်ရန်အတွက် တပ်များ​နှင့်​အတူ ပူး​ပေါင်း​လျက်ရှိပါသည်။ Aljazeera က သတင်း​ပေး​ရာ၌ စူး​အက်ဇ်မြို့​တွင် ဆန္ဒပြသူ များ​နှင့်​ လက်နက်ကိုင် ​ဗြောင်ရင်ဆိုင်မှုများ​ကို ​ရှောင်ရှား​လို​သော ဆန္ဒများ​ရှိပါသည်။ အလက်ဇန်း​ ဒီး​ယား​မြို့​တွင်လည်း​ အလား​တူ ဆန္ဒရှိ​ကြောင်း​ သတင်း​ပို့​ပါသည်။

    ဝါရှင်တန်ဒီစီတွင် ​ရောက်ရှိ်​နေ​သော အီဂျစ်စစ်တပ်၏ ကာကွယ်​ရေး​ဦး​စီး​ချုပ် Lt. Gen. Sami Hatez Enan ဦး​ဆောင်​သော ကိုယ်စား​လှယ်အဖွဲ့​၏ ခရီး​စဉ်သည် ဆန္ဒပြပွဲများ​ကြောင့်​ ရပ်တန့်​ သွား​ခဲ့​ပါသည်။ အဆိုပါခရီး​စဉ်သည် အ​မေရိကန်နိုင်ငံ ဒုတိယကာကွယ်​ရေး​ဝန်ကြီး​ (အပြည်ပြည် ဆိုင်ရာလုံခြံု​ရေး​ရာ)ဖြစ်သည့်​ Mr. Alexander Vershbow က ဦး​ဆောင်၍ နှစ်စဉ်ကျင်း​ပသည့်​ တစ်နိုင်ငံနှင့်​ တစ်နိုင်ငံ စစ်​ရေး​ပူး​ပေါင်း​ဆောင်ရွက်မှု ခရီး​စဉ်ဖြစ်ပါသည်။ ​ရေတပ်ဗိုလ်ချုပ် Mr. Mike Mullen ၊​ ပူး​တွဲကာကွယ်​ရေး​ဦး​စီး​ချုပ်၏ ဥက္ကဌနှင့်​ အခြား​သူများ​နှင့်​ ​ဖေ​ဖော်ဝါရီလ ၂ ရက်​နေ့​အထိ ​ဆွေး​နွေး​ရန်ရှိပါသည်။ သို့​ရာတွင် အီဂျစ်တွင် ဖြစ်​ပေါ်​နေ​သော ဆန္ဒပြပွဲများ​ကြောင့်​ အဆိုပါ ကိုယ်စား​လှယ်အဖွဲ့​သည် ဇန်နဝါရီလ ၂၈ ရက်​နေ့​တွင် ဝါရှင်တန်မှ အီဂျစ်သို့​ ပြန်လည် ထွက်ခွာ သွား​ပါသည်။ ​သောကြာ​နေ့​ည မထွက်ခွာမီ အ​မေရိကန်နိုင်ငံ ဒုတိယကာကွယ်​ရေး​ဝန်ကြီး​ (အပြည် ပြည်ဆိုင်ရာလုံခြံု​ရေး​ရာ)ဖြစ်သည့်​ Mr. Alexander Vershbow က အ​မေရိကန်ကုန်ကျစရိတ်ဖြင့်​ ဖိတ်​ခေါ်ခဲ့​သော နှစ်ဒါဇင်ခန့်​ရှိသည့်​ ​ဖော်ပြပါ အီဂျစ်စစ်တပ်၏ ကာကွယ်​ရေး​ဦး​စီး​ချုပ် ဦး​ဆောင်​သော ကိုယ်စား​လှယ်အဖွဲ့​ကို ဆန္ဒပြမှုအ​ပေါ် ထိန်း​ထိန်း​သိမ်း​သိမ်း​ ​ဆောင်ရွက်ရန် တိုက်တွန်း​ခဲ့​သည်ဟု ပင်တဂွန်မှ ​ပြောကြား​ပါသည်။

    အစိုး​ရအ​ဆောက်အအုံများ​အတွင်း​ရှိ ပစ္စည်း​များ​ လုယူမှုသတင်း​များ​ကြောင့်​ ကိုင်ရိုမြို့​ရှိ ဆန္ဒပြပွဲကြီး​၏ အလယ်​ခေါင်အနီး​ရှိ ​ကျော်ကြား​သည့်​ အီဂျစ်​ရှေး​ဟောင်း​ပြတိုက် (Egyptian Museum) ၏ ​ရှေး​ဟောင်း​ပစ္စည်း​များ​ လုံခြံု​ရေး​အတွက် စိုး​ရိမ်မှုများ​ ​ပေါ်​ပေါက်ခဲ့​ပါသည်။ အီဂျစ် အစိုး​ရပိုင် ရုပ်မြင်သံကြား​မှ ည​နေပိုင်း​တွင် အဆိုပါပြတိုက်အား​ စစ်တပ်ကွန်မင်ဒိုများ​မှ လုံခြံု​ရေး​ ယူထား​ကြောင်း​ ​ကြေညာခဲ့​ပါသည်။ အဆိုပါ ကွန်မင်ဒိုများ​ မ​ရောက်မီ ပြတိုက်၏​ရှေ့​ဂိတ်တွင် လူငယ်များ​ လက်ချင်း​တွဲလျက် လူသား​ကွင်း​ဆက်(Human Chain) ပုံစံဖြင့်​ ကာကွယ်ရန် ကြိုး​ပမ်း​ ခဲ့​ကြပါသည်။ သို့​သော် လုယက်သူနှစ်ဦး​သည် ၎င်းတို့​ အဖမ်း​မခံရမီ ညပိုင်း​တွင် အမိုး​မှ ဝင်​ရောက်ဟန်ရှိပြီး​ ​ဆေး​စိမ်မံမီရုပ်အ​လောင်း​ နှစ်​လောင်း​၏ ​ခေါင်း​များ​ရှိ ပိတ်စများ​ကို ဆုတ်ဖြဲခဲ့​ကြပြီး​ ​ရှေး​ဟောင်း​ပစ္စည်း​ငယ် အများ​အပြား​ကို ပျက်င်္စီး​စေခဲ့​ပါသည်။

    ၂၉-၁-၂၀၁၁(စ​နေ​နေ့​)
    ဆန္ဒပြမှုများ​သည် ဆက်လက်၍ ဘက်စုံပြန့်​နှံ့​လျက်ရှိပြီး​ ဆန္ဒပြသူအများ​စုက “မူဘာရတ် ကျဆုံး​ပါ​စေ”ဟု ​ကြွေး​ကြော်ကြပါသည်။ “တပ်မ​တော်နှင့်​ပြည်သူ တစ်သား​တည်း​”ဟုလည်း​ ​ကြွေး​ကြော်ကြပါသည်။ ဆန္ဒပြမှုကြာရှည်လာမှုနှင့်​အတူ တပ်မ​တော်၏ အ​နေအထား​မှာ အကျပ် အတည်း​နှင့်​ ဒွိဟဖြစ်စရာ အ​နေအထား​သို့​ ​ရောက်ရှိ​နေပါသည်။ ​ဒေသစံ​တော်ချိန် ည​နေ(၂)နာရီတွင် Midan Tahrir-Mahrir Square တွင် လူ (၅၀,၀၀၀) ခန့်​ စု​ဝေး​ခဲ့​ကြပြီး​၊​ Kafr-al-Sheikh တွင် (၁၀,၀၀၀)ခန့်​ စု​ဝေး​ခဲ့​ပြီး​ ​နောက်ဆက်တွဲအဖြစ် အီဂျစ်နိုင်ငံတစ်ခုလုံး​ ဆန္ဒပြမှုများ​ကို ပြုလုပ်ခဲ့​ကြ ပါသည်။ စစ်တပ်မှ ည​နေ(၄)နာရီမှ နံနက်(၈)နာရီအထိ အပြင်မထွက်ရအမိန့်​ကို ကိုင်ရို၊​ အလက်ဇန် ဒီး​ယား​နှင့်​ စူး​အက်ဇ်မြို့​များ​တွင် ​ကြေညာခဲ့​ပါသည်။ Aljazeera (အင်္ဂလိပ်ဘာသာ) သတင်း​ဌာနအရ၊​ ပြီး​ခဲ့​သော​နေ့​က ရဲတပ်ဖွဲ့​၏ အပြင်မထွက်ရ အမိန့်​ (Police Curfew) သည် မည်သို့​ပင်ဆို​စေကာမူ အကျိုး​သက်​ရောက်မှု မရှိခဲ့​ဟု ဆိုပါသည်။ ဆန္ဒပြသူများ​သည် ဆက်လက်၍ Tahrir Square သို့​ ဆင်း​လာလျက်ရှိကြပါသည်။ ဆန္ဒပြမှုများ​သည် ပြည်ထဲ​ရေး​ဝန်ကြီး​ဌာနသို့​ စုရုံး​ခဲ့​ကြပြီး​ အဆိုပါ အ​ဆောက်အဦသို့​ ဝင်​ရောက်ရန် ကြိုး​ပမ်း​ရာမှ ရဲများ​၏ ပစ်ခတ်မှု​ကြောင့်​ လူ(၃)ဦး​ ​သေဆုံး​ခဲ့​ပါသည်။

    သတင်း​သမား​များ​၏ ​ဖော်ပြချက်အရ၊​ ဆန္ဒပြသူများ​သည် ၎င်းတို့​အလိုရှိသည်ကို လက်ဆုပ် လက်ကိုင် မရ​သေး​သော်လည်း​ ၎င်းတို့​၏ ရည်မှန်း​ချက်ဖြစ်​သော မူဘာရတ်၏ သမ္မတသက်တမ်း​ အဆုံး​သတ်မှု နီး​လာပြီဟု စိတ်ခံစား​မှုများ​ကြောင့်​ ယခင်အ​စောပိုင်း​နေ့​များ​ကထက်ပို၍ မိမိကိုယ် မိမိ ယုံကြည်မှုများ​ တိုး​ပွား​လာပြီး​ ​အောင်ပွဲခံမှုများ​ကိုလည်း​ ပြုလုပ်လာကြသည်ဟု ဆိုပါသည်။ မျက်မြင် သက်​သေတစ်ဦး​က Aljazeera ကို ​ပြောပြရာ၌ အရွယ်​ပေါင်း​စုံ ​ယောကျာ်း​နှင့်​ မိန်း​မများ​က အဆိုပါ ​အောင်ပွဲခံပွဲများ​ကို တက်​ရောက်ကြသည်ဟု ဆိုပါသည်။ အပြင်မထွက်ရ အမိန့်​ထုတ်ပြန်ထား​သော် လည်း​ လူများ​သည် လမ်း​များ​ပေါ်တွင် ​ရောက်ရှိပြီး​ ၎င်းတို့​ကို မည်သူကမျှ တား​ဆီး​ရန် မကြိုး​ပမ်း​ ကြ​ချေ။ ကိုင်ရိုလမ်း​များ​ပေါ်တွင် ရဲများ​မရှိခြင်း​ကြောင့်​ လုယက်မှုများ​ ဖြစ်ပွား​လျက်ရှိ​ကြောင်း​ သတင်း​ ပို့​ကြပါသည်။ ကမ္ဘာလှည့်​ခရီး​သွား​နေရာများ​သည် မငြိမ်မသက်မှုများ​ ဖြစ်​ပေါ်လျက်ရှိပြီး​ ဂါဇာရှိ ပိရမစ်များ​သို့​သွား​မှုများ​ကို ဆိုင်း​ငံ့​ထား​ပါသည်။ အနား​ယူစခန်း​ဖြစ်​သော Sharm-el Shaikh သည် ငြိမ်သက်လျက် ရှိပါသည်။

    မျက်မြင်သက်​သေများ​၏ အဆိုအရ အီဂျစ်အစိုး​ရ၏ ဗဟိုလုံခြံု​ရေး​တပ်ဖွဲ့​ (Egyptian Regime’s Central Security Forces) နှင့်​ ဆက်စပ်​နေသည့်​ လူသတ်သမား​အဖွဲ့​များ​ (Party Thugs) သည် အစိုး​ရမှ ထုတ်​ပေး​သော လက်နက်များ​ကို ကိုင်​ဆောင်၍ ကိုင်ရိုမြို့​တွင် လုယက်လျက် ရှိကြသည်ဟု ဆိုပါသည်။ Al-Arabiya သတင်း​လမ်း​ကြောင်း​မှ ဖုန်း​ဖြင့်​ ​ပြောကြား​ချက်အ​ပေါ် မျက်မြင်သက်​သေ တစ်ဦး​၏ သတင်း​ပို့​ချက်ဖြင့်​ အလက်ဇန်ဒီး​ယား​မြို့​တွင်း​ရှိ သတင်း​များ​အရ၊​ လူတစ်စုမှ ဖမ်း​မိသည့်​ ဘဏ်​ဖောက်ရန် ကြိုး​ပမ်း​နေ​သော လက်နက်ကိုင်လူတစ်စုကို စစ်​ဆေး​မေး​မြန်း​ ပြီး​နောက် သိရှိရသည်မှာ ၎င်းလူများ​သည် အီဂျစ်လျှို့​ဝှက်ရဲ (Egyptian Undercover Police) ၏ အစိတ်အပိုင်း​များ​ဖြစ်ပြီး​ မငြိမ်မသက်မှုများ​ကို ဖန်တီး​ရန် ၎င်းတို့​ကို အမိန့်​ပေး​ထား​သည်ဟု ဆိုပါ သည်။ Al-Ahram Center for Political and Strategic Studies ၏ ​လေ့​လာဆန်း​စစ်သူ Mr. Emad Gad ၏ အဆိုအရ၊​ ၎င်းအ​နေဖြင့်​ ယုံကြည်ရ​သော​နေရာမှ သတင်း​ရရှိခဲ့​ကြောင်း​၊​ ၎င်းမှာ ထိပ်ဆုံး​ ကျသည့်​နေရာမှ အမိန့်​အရ အကျဉ်း​ထောင်များ​တွင် လူသိများ​သည့်​ ပြစ်မှုကြီး​ကျူး​လွန်သူများ​ကို လွှတ်​ပေး​ပြီး​ လက်နက်များ​ကိုင်​ဆောင်​စေ၍ ဆန္ဒပြသူများ​နှင့်​ ​ရော​နှော​နေရန်ဖြစ်သည်ဟု ဆိုပါသည်။

    ကိုင်ရိုမြို့​တောင်ပိုင်း​ Beni Suef တွင် ရဲစခန်း​(၂)ခုကို တိုက်ခိုက်မှု​ကြောင့်​ ဆန္ဒပြသူ (၁၇)ဦး​ကို အီဂျစ်ရဲများ​က ပစ်သတ်ခဲ့​သည်ဟု ဆိုပါသည်။ ဆန္ဒပြမှုဖြစ်ပွား​စဉ် ​နောက်ထပ် လူ(၈)ဦး​ အသတ်ခံခဲ့​ရပါသည်။ ကိုင်ရိုမြို့​ရှိ Abu Zabaal အကျဉ်း​ထောင်တွင် ​ထောင်​ဖောက်ရန်ကြိုး​ပမ်း​မှု ​ကြောင့်​ အကျဉ်း​သား​များ​နှင့်​ ရဲများ​ တိုက်ခိုက်မှုဖြစ်ပွား​ပြီး​ လူ(၈)ဦး​သေဆုံး​ခဲ့​ပါသည်။ Reuters သတင်း​ဌာန၏ ​ရေတွက်မှုအရ၊​ ​သေဆုံး​သူ လူ(၁၀၀)ခန့်​ အနည်း​ဆုံး​ရှိသည်ဟု ဆိုပါသည်။ သို့​ရာတွင် မည်သည့်​အ​ရေအတွက်ကိုမျှ အတည်ပြုနိုင်ခြင်း​ မရှိ​သေး​ပါ။

    တင့်​ကား​များ​သည် စူး​အက်ဇ်မြို့​၏ လမ်း​များ​တွင် လှည့်​လည်လျက်ရှိသည်ဟု သတင်း​ပို့​ ပါသည်။ ပထမတွင် ​တောင့်​တင်း​သည့်​ ဗဟိုလုံခြံု​ရေး​တပ်ဖွဲ့​ယူနစ်များ​ကို ချထား​ခဲ့​ပြီး​၊​ စစ်တပ်များ​ကို အဓိကမြို့​များ​သို့​ ​စေလွှတ်ပြီး​ လမ်း​များ​တွင် တိုက်ခိုက်​နေမှုများ​ကို ရှင်း​ခိုင်း​ပါသည်။ ဆန္ဒပြသူများ​သည် ရဲစခန်း​ကို ဝင်စီး​ပြီး​နောက် လက်နက်များ​ ရယူ၍ ရဲစခန်း​ကို မီး​ရှို့​ခဲ့​ကြပါသည်။ Rafah ရှိ ဆိုင်း​နိုင်း​မြို့​တွင် ​ဒေါသထွက်​နေ​သော အကြမ်း​ဖက်လူအုပ်ကြီး​သည် ရဲအရာရှိ (၃)​ယောက်ကို သတ်ပစ်ခဲ့​ကြပါသည်။

    ၃၀-၁-၂၀၁၁(တနင်္ဂ​နွေ​နေ့​)
    ညပိုင်း​တွင် ​ထောင်​ပေါင်း​များ​စွာ​သော ဆန္ဒပြသူသည် အပြင်မထွက်ရ အမိန့်​ကို ဆက်လက်၍ လိုက်နာခြင်း​မရှိဘဲ လမ်း​မများ​ပေါ်တွင် စုရုံး​ခဲ့​ကြပါသည်။ ညနက်လာသည်နှင့်​အမျှ တပ်များ​နှင့်​ သံချပ်ကာကား​များ​သည် ကိုင်ရိုမြို့​တစ်​လျှောက် အဓိက​နေရာများ​ဖြစ်သည့်​ ဘူတာရုံများ​၊​ အဓိက အစိုး​ရအ​ဆောက်အဦများ​နှင့်​ ဘဏ်များ​တို့​တွင် ​နေရာယူကြပါသည်။ စစ်တပ်အ​နေဖြင့်​ မြို့​တွင်း​ရှိ ​နေရာများ​ကို ကင်း​လှည့်​ရန် မလုံ​လောက်သဖြင့်​ မြို့​နေလူထုများ​အ​နေဖြင့်​ ပြည်သူ့​စစ်​ကော်မတီများ​ ကို ဖွဲ့​စည်း​ပြီး​ ​သေနတ်များ​၊​ တင်း​ပုတ်များ​နှင့်​ ဓါး​များ​ကိုင်​ဆောင်​စေ၍ လုယက်သူများ​နှင့်​ ဘဏ်ဓါး​ပြ များ​၏ ရန်ကို ကာကွယ်​စေခဲ့​ပါသည်။ ရဲများ​မရှိ​သော်လည်း​ တပ်မ​တော်သား​ အ​မြောက်အများ​သည် စူး​အက်ဇ်မြို့​တွင် ​နေရာယူထား​ကြောင်း​ သတင်း​ပို့​ပါသည်။ ပြီး​ခဲ့​သောညက စူး​အက်ဇ်မြို့​တွင် မငြိမ်မသက်မှုများ​ဖြစ်ပွား​ခဲ့​သော်လည်း​ နံနက်ပိုင်း​သို့​ ​ရောက်လာသည့်​အခါတွင် လမ်း​များ​တွင် အ​တော်အတန် ငြိမ်သက်လျက် ရှိ​နေပါသည်။ ကိုင်ရိုမြို့​တွင် မြို့​နေလူထုများ​သည် ရဲများ​မရှိသည့်​ အတွက် ၎င်းတို့​၏ အိမ်များ​နှင့်​ စီး​ပွား​ရေး​လုပ်ငန်း​များ​ကို ကာကွယ်ရန် အရပ်ဖက်ကာကွယ်​ရေး​ အုပ်စုကို ဖွဲ့​စည်း​ခဲ့​ကြပါသည်။ ကိုင်ရိုမြို့​တစ်​လျှောက် စစ်​ဆေး​ရေး​ဂိတ်များ​စွာကို စစ်တပ်မှ ထား​ရှိခဲ့​ပါသည်။
    ဒေသစံ​တော်ချိန် နံနက်(၆)နာရီတွင် Tahrir Square ၌ လူဦး​ရေ (၁၀၀)ထက် မများ​ဘဲ တိတ်ဆိတ်လျက်ရှိပါသည်။ နံနက်ခင်း​နောက်ပိုင်း​တွင် ပထမဦး​ဆုံး​အ​နေဖြင့်​ ရာ​ပေါင်း​များ​စွာ​သော အစိုး​ရတရား​သူကြီး​များ​ ပါဝင်သည့်​ ဆန္ဒပြသူ လူ(၃,၀၀၀)မှ (၅,၀၀၀)အထိ ကိုင်ရိုမြို့​၏ Central Square တွင် စုစည်း​ခဲ့​ကြ​ကြောင်း​ သတင်း​ပို့​ပါသည်။ ၎င်းတို့​က ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေအသစ်နှင့်​ အသွင်ကူး​ပြောင်း​ရေး​အစိုး​ရ (Transitional Government) ကို ဖွဲ့​စည်း​ရန် ​တောင်း​ဆိုခဲ့​ကြပါသည်။ တရား​သူကြီး​များ​သည် Tahrir ဆန္ဒပြမှုတွင် ပါဝင်ခဲ့​ကြပါသည်။ စစ်သား​များ​ကို ကျည်အစစ်အသုံး​ ပြုရန် အမိန့်​ပေး​ထား​သော်လည်း​ စစ်တပ်မှ ​ပြောကြား​ရာ၌ ၎င်းတို့​အ​နေဖြင့်​ ပြည်သူများ​ကို ကာကွယ်ရန်ဖြစ်သည့်​အတွက် ၎င်းအမိန့်​ကို ငြင်း​ဆန်​ကြောင်း​ဖြင့်​ ဆိုပါသည်။ Aljazeera Arabic အဆိုအရ၊​ စစ်တပ်မှ အရာရှိချုပ်သည် ဆန္ဒပြသူများ​ကို ၎င်းတို့​အ​နေဖြင့်​ မပစ်ခတ်ဟု ဆိုပါသည်။ ရဟတ်ယာဉ်များ​သည် ဆန္ဒပြမှုများ​ကို ပျံဝဲ​စောင့်​ကြည့်​လျက်ရှိသကဲ့​သို့​ ဂျက်တိုက်​လေယာဉ်များ​ သည်လည်း​ Central Square အ​ပေါ်သို့​ ခပ်နိမ့်​နိမ့်​ ကြိမ်ဖန်များ​စွာ ပျံဝဲလျက်ရှိပါသည်။ အီဂျစ် ​လေတပ် F 16 ​လေယာဉ်(၂)စီး​ ပထမကြိမ်ပျံဝဲပြီး​နောက် လူထုသည် ​အော်ဟစ်ခဲ့​ပြီး​ ​ကြွေး​ကြော်မှု များ​၊​ ရီ​မောခြင်း​များ​နှင့်​ လက်​ဝေ့​ရမ်း​ခြင်း​များ​ကို ပြုလုပ်ခဲ့​ပါသည်။ သို့​ရာတွင် လူစုကွဲသွား​ခြင်း​ မရှိခဲ့​ပါ။

    ဒေသစံ​တော်ချိန် (၁ဝး​၅၅)နာရီတွင် ကိုင်ရိုမြို့​ရှိ Aljazeera ၏ ရုံး​များ​ကို ပိတ်ရန် အမိန့်​ပေး​ ပါသည်။ တစ်ပြိုင်နက်တည်း​ သတင်း​ထောက်အား​လုံး​၏ အ​ထောက်အထား​ စာရွက်စာတမ်း​များ​ကို တရား​ဝင်ရုတ်သိမ်း​လိုက်ပါသည်။ အီဂျစ်ကာကွယ်​ရေး​ဝန်ကြီး​နှင့်​ အီဂျစ်စစ်တပ်၏ ကာကွယ်​ရေး​ ဦး​စီး​ချုပ်ဖြစ်သူ Mr. Mohamed Hussein Tantawi က ကိုင်ရိုမြို့​လယ်ရှိ Tahrir Square ရှိ ဆန္ဒပြသူ များ​နှင့်​ ​တွေ့​ဆုံခဲ့​ပါသည်။ (၁ဂး​၃၀)နာရီတွင် Mr. Mohammed El-Baradei က Tahrir Square သို့​ ​ရောက်ရှိလာပြီး​ လူထုကြီး​ကို “မိမိတို့​၏ စတင်မှုကို ​နောက်ပြန်ဆုတ်ရန် မဖြစ်နိုင်​ကြောင်း​၊​ သင်တို့​ သည် ယခု​တော်လှန်​ရေး​၏ ပိုင်ရှင်များ​ဖြစ်​ကြောင်း​၊​ သင်တို့​သည် အနာဂတ်ဖြစ်​ကြောင်း​၊​ မိမိတို့​၏ အဓိက​တောင်း​ဆိုမှုသည် လက်ရှိအစိုး​ရထွက်ခွာသွား​ရန်ဖြစ်ပြီး​ အီဂျစ်လူမျိုး​တို့​အ​နေဖြင့်​ သီလ သမာဓိ ရှိစွာ လွတ်လပ်စွာနှင့်​ သိက္ခာရှိစွာ ​နေနိုင်​သော အီဂျစ်ပြည်သစ်ကို စတင်ရန် ဖြစ်​ကြောင်း​ဖြင့်​ ​ပြောကြား​ ပါသည်။ အတိုက်အခံ​ခေါင်း​ဆောင်ဖြစ်သူက ဆက်လက်​ပြောကြား​ရာ၌ မိမိအ​နေဖြင့်​ မူဘာရက်နှင့်​ မ​ဆွေး​နွေး​လို​ကြောင်း​ တပ်မ​တော်နှင့်​သာ ​ဆွေး​နွေး​လို​ကြောင်း​ဖြင့်​ ​ပြောကြား​ပါသည်။ ထိုအချိန်တွင် လက်ရှိသမ္မတ မူဘာရတ်သည် ၎င်း၏ တပ်မ​တော် တပ်မှူး​များ​နှင့်​ အစည်း​အ​ဝေး​ ကျင်း​ပလျက် ရှိပါသည်။

    Aljazeera မှ သတင်း​ပို့​ရာ၌ မူဆလင် ညီအစ်ကိုများ​အဖွဲ့​ (Muslim Brotherhood) ၏ အဖွဲ့​ဝင် (၃၄)ဦး​ကို အ​စောင့်​များ​ ၎င်းတို့​၏ တာဝန်ကျ​နေရာများ​မှ စွန့်​ခွာသွား​သည့်​အတွက် ထိန်း​သိမ်း​ထား​ခြင်း​မှ လွှတ်လိုက်သည်ဟု ဆိုပါသည်။ မူဆလင် ညီအကိုများ​အဖွဲ့​နှင့်​အတူ အခြား​အီဂျစ် နိုင်ငံ​ရေး​လှုပ်ရှား​မှုအဖွဲ့​ဝင်များ​က Mr. El-Baradei ကို ​ထောက်ခံကြပြီး​ အစိုး​ရနှင့်​ ညှိနှိုင်း​ရန် ၎င်းကို တာဝန်​ပေး​ပါသည်။ El-Baradei ကို သမ္မတအဖြစ် တာဝန်ထမ်း​ဆောင်ရန် ​တောင်း​ဆိုကြပါသည်။ (၂ဝး​၃၀)နာရီတွင် Tahrir Square မှလွဲ၍ ရဲများ​ လမ်း​များ​အတွင်း​သို့​ ဝင်လာကြပါသည်။ လုံခြံု​ရေး​ နှင့်​ ​ဆေး​ဘက်ဆိုင်ရာ သတင်း​ပို့​ချက်များ​အရ ဆန္ဒပြပွဲစတင်ချိန်မှစ၍ အနည်း​ဆုံး​ လူ(၁၀၂)ဦး​ ​သေဆုံး​ပြီး​ လူ(၂၀၀၀)ခန့်​ ဒဏ်ရာရရှိသည်ဟု ဆိုပါသည်။

    အီဂျစ်ဗဟိုဘဏ်က ဘဏ်အား​လုံး​နှင့်​ ရှယ်ယာ​ဈေး​ကွက်ကို (၃၀-၁-၂၀၁၁)(တနင်္ဂ​နွေ​နေ့​) တွင် ပိတ်သည်ဟု ဆိုပါသည်။ သမ္မတ မူဘာရတ်က လက်ရှိ​လေ​ကြောင်း​ ပျံသန်း​ရေး​ဝန်ကြီး​နှင့်​ ​လေတပ် ကာကွယ်​ရေး​ဦး​စီး​ချုပ်​ဟောင်း​ဖြစ်သူ Mr. Ahmed Shafiq ကို အစိုး​ရအသစ်ဖွဲ့​ရန် တာဝန် ​ပေး​ပါသည်။ ပါတီသစ္စာခံဖြစ်သူ Mr. Shafiq သည် ၎င်း၏ နိုင်ငံ​ရေး​ဆိုင်ရာ ယုံကြည်စိတ်ချမှု အ​နေအထား​အရ သမ္မတ မူဘာရတ်၏ အရိုက်အရာကို ဆက်ခံသူဖြစ်မည်ဟု တစ်​ပေး​ခြင်း​ခံရပါသည်။

    ၃၁-၁-၂၀၁၁(တနင်္လာ​နေ့​)
    ၂၀၁၁ခုနှစ်၊​ ဇန်နဝါရီလ (၃၀)ရက်​နေ့​မှ (၃၁)ရက်​နေ့​ ညအထိ ကိုင်ရိုမြို့​တွင် တိတ်ဆိတ် ​နေပါသည်။ လွန်ခဲ့​သော ​နေ့​များ​ကထက် လုယက်မှုများ​ ​လျော့​နည်း​ခဲ့​ကြောင်း​ သတင်း​ပို့​ပါသည်။ လုံခြံု​ရေး​အရာရှိများ​က ​ကြေညာရာတွင် အပြင်မထွက်ရအမိန့်​သည် (၁၅း​ဝဝ)နာရီမှ စတင်ပြီး​၊​ အပြင်မထွက်ရ အမိန့်​ကို မလိုက်နာပါက ပစ်သတ်မည်ဟု ခြိမ်​ခြောက်ထား​ပါသည်။ သို့​ရာတွင် အ​ရေး​ယူ​ဆောင်ရွက်မှုများ​ကို မပြုလုပ်ခဲ့​ပါ။

    အစိုး​ရအဖွဲ့​ အ​နေအထား​
    အီဂျစ် Shura ​ကောင်စီ၏ နိုင်ငံခြား​ရေး​ရာနှင့်​ ကာကွယ်​ရေး​ ​ကော်မတီ၏ အကြီး​အကဲနှင့်​ လက်ရှိအာဏာရ ပါတီအဖွဲ့​ဝင်ဖြစ်သူက ဆန္ဒပြပွဲများ​သည် ပြီး​ဆုံး​လိမ့်​မည်ဟု မယုံကြည်​ကြောင်း​ဖြင့်​ ဆိုပါသည်။ ၂၀၁၁ ခုနှစ်၊​ ဇန်နဝါရီလ (၂၉)ရက်​နေ့​တွင် ယခင်​နေ့​များ​၏ အဖြစ်အပျက်များ​ကို တုန့်​ပြန်သည့်​အ​နေဖြင့်​ ဆန္ဒပြပွဲများ​ စတင် ပြီး​နောက် ပထမဦး​ဆုံး​အကြိမ်အဖြစ် ​ဒေသစံ​တော်ချိန် သန်း​ခေါင်ယံ ​ကျော်တွင် သမ္မတ မူဘာရတ်က နိုင်ငံပိုင် ရုပ်မြင်သံကြား​မှတဆင့်​ ​ပြောကြား​ခဲ့​ပါသည်။ ၎င်းက တိုင်း​ပြည် တည်ငြိမ်​ရေး​နှင့်​ တရား​ဥပ​ဒေ စိုး​မိုး​ရေး​ကို ​ဆောင်ရွက်ရမည်ဖြစ်​ကြောင်း​၊​ လအနည်း​ငယ်ခန့်​က ဖွဲ့​စည်း​ခဲ့​သည့်​အစိုး​ရအဖွဲ့​ကို ဖျက်သိမ်း​ပြီး​ အစိုး​ရအဖွဲ့​အသစ်ကို ဖွဲ့​စည်း​ရန် ​မေတ္တာရပ်ခံပါ​ကြောင်း​၊​ မိမိအ​နေဖြင့်​ သမ္မတရာထူး​က နှုတ်ထွက်ရန် မရှိ​ကြောင်း​ဖြင့်​ ​ပြောကြား​ သွား​ပါသည်။ သမ္မတ မူဘာရက်က Mr. Omar Suleiman ကို ဒုတိယသမ္မတနှင့်​ အီဂျစ် ​ထောက်လှမ်း​ရေး​အဖွဲ့​ အကြီး​အကဲအဖြစ် ခန့်​အပ်ပြီး​ Mr. Ahmed Shafik ကို ဝန်ကြီး​ချုပ်အဖြစ် ခန့်​အပ်ပါသည်။

    လင်း​ဦး​(စိတ်ပညာ)

    2 comments:

    ကြည်ဖြူပိုင် said...

    ကိုလင်းဦးရေ
    အနော်လဲစာလာမဖတ်ဖြစ်တာ(ဘလော့ဂ်တဖွေက်ခြေဦးမလှည့်ဖြစ်တာ)ကြာပြီမို့မရောက်ဖြစ်တာခငွ့်လွှတ်ပါ။ သတိတရစာလာဖတ် မွတ္ခ်က္ပေးသြားတဲ့အတကြ္ကေ်းဇူးပါ။
    ႏွစ္သစ္မွာပေ်ာ္ရႊင္မွဳအပေါင္းခညောင္းပါစေ... :)

    မိုးယံ said...

    သတင္းမ်ား လာဖတ္ပါသည္ခင္ဗ်ာ.. သတိရတယ္အစ္ကိုရေ။

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo