“တရုတ်နိုင်ငံက အမေရိကန်အပေါ် အဘယ်ကြောင့် အမျက်ဒေါသထွက်ရသလဲ” ဖိုင်အား Wiki Leaks မှ ဖော်ပြထားခြင်းနှင့် ဖမ်းဝရမ်းထုတ်ခံထားရခြင်း

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels:
  • ယမန်နှစ်က တရုတ်နိုင်ငံအနေဖြင့် Google ကို အင်တာနက်တွင် ရှာဖွေရရှိနိုင်မှုများ (Internet Searches) များနှင့်ပတ်သက်၍ ဆင်ဆာလုပ်စိစစ်ရန် ဖိအားပေးလာ၍ အမေရိကန် သံရုံးအနေဖြင့် ဝါရှင်တန်သို့ လျှို့ဝှက်ကြေးနန်း ပေးပိုခဲ့သည်။ ထို လျှို့ဝှက် ကြေးနန်းတွင် တရုတ်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များသည် Internet Searches ကုမ္ပဏီ ဖြစ်သော Google အပေါ် စိုးရိမ်စိတ်များလာသည့်အကြောင်းကို ဖော်ပြထားပါသည်။

    ၁၈-၅-၂၀၀၉ ကြေးနန်းခေါင်းစဥ်ဖြစ်သော တရုတ်နိုင်ငံရှိ Google သည် ဆင်ဆာစိစစ်မှုများကို ခုခံရန်အတွက် တန်ဘိုးပေးခြင်း (Google China Paying Price for Resisting Censorship) ကို ရည်ညွှန်း၍ တရုတ်နိုင်ငံ၏ ထိပ်တန်းအုပ်ချုပ်ရေးအဖွဲ့ဖြစ်သော Mr.Li Changchun အနေဖြင့် ၎င်း၏ နာမည်ကို Search engine ၌ ရိုက်ထည့်ရာတွင် ၎င်းကို ဝေဖန်ထားသည့် သတင်းအချက်အလက်များကို ဖတ်ရှုလိုက်ရ၍ အံ့ဩသွားကြောင်းဖြင့် ဖော်ပြထားပါသည်။

    ၎င်းလျှို့ဝှက်ကြေးနန်းကို ဖော်ပြမှုသည် Wiki Leaks ၏ အများသိဖော်ပြချက်များအနက် တစ်ခုပင် ဖြစ်ပါသည်။ ထိုသို့ ဖော်ပြချက်သည် တရုတ်နိုင်ငံ၏ ခေါင်းဆောင်မှုအပိုင်းအား စိုးရိမ်စိတ်များ ပွားများလာအောင် ပြုလုပ်ပေးသကဲ့သို့ ရှိပါသည်။ တရုတ်နိုင်ငံမှ အရာရှိများက အမေရိကန်အစိုးရသို့ Google ၏ မြေပြင်ဂြိုဟ်တုဆိုင်ရာ ဝန်ဆောင်မှုပေးခြင်းတွင် ၎င်းတို့၏ အစိုးရဆိုင်ရာ အဆောက်အအုံများ၏ ပုံရိပ်ပြတ်သားချက် (Resolution of Images) ကို လျှော့ချပေးခြင်းဖြင့် ဆင်ဆာပြုလုပ်ပေးရန် ဖိအားပေးခဲ့ကြောင်း၊ အဆိုပါ အဆောက်အဦ ပုံရိပ်များ၏ အချက်အလက်များကို အကြမ်းဖက်သမားများက အသုံးပြု၍ အစိုးရနှင့် စစ်ရေးဆိုင်ရာအဆောက်အအုံများကို တိုက်ခိုက်လာပါက အမေရိကန် အစိုးရအနေဖြင့် တာဝန်ရှိကြောင်း သတိပေးထားပါသည်။

    အမေရိကန် တစ်ချို့က တရုတ်ခေါင်းဆောင်များသည် အင်တာနက်ဆိုသည်မှာ ပွင့်လင်းမှုနှင့် ဒီမိုကရေစီအတွက် ပိတ်ပင်၍ မရသောအရာဖြစ်သည်ကို မစဥ်းစားကြဟု ထင်မြင်နေကြသည်။ ၁၈-၅-၂၀၀၉ ရက်စွဲပါဖြင့် ဖော်ပြထားသော ဆင်ဆာစိစစ်မှုကို ခုခံရန်အတွက် တရုတ်နိုင်ငံရှိ Google က တန်ဘိုးပေးခြင်း ခေါင်းစဥ်ပါ ကြေးနန်းတွင် တရုတ်နိုင်ငံ၏ ထိပ်တန်းအုပ်ချုပ်ရေးအဖွဲ့ ပေါလစ်ဗြူရိုအမြဲတမ်းကော်မတီဝင်နှင့် နိုင်ငံ၏ ဝါဒ ဖြန့်ချီရေးဆိုင်ရာ အဆင့်မြင့်အရာရှိဖြစ်သော Mr. Li Changchun သည် Google ကုမ္ပဏီကို အစိုးရအနေဖြင့် Google အပေါ် အမျက်ဒေါသ လျော့ပါးအောင် အရေးယူဆောင်ရွက်မှု အချို့ကို ပြုလုပ်ရမည်ဖြစ်ကြောင်းဖြင့် ဖိအားပေးခဲ့သည်ဟု Wiki Leaks က ဖော်ပြခဲ့ပါသည်။

     Julian Assange
    Wiki Leaks Website တည်ထောင်သူမှာ ဩစတြေးလျနိုင်ငံသား အသက် (၃၉)နှစ်အရွယ် Julian Assange ဆိုသူ ဖြစ်ပြီး၊ နိုင်ငံတကာရှိ အစိုးရများ၏ ထိပ်တန်း လျှို့ဝှက်ဖိုင်များကို သူ၏ ဝက်ဆိုက်ဘ်မှတဆင့် ဖြန့်ဝေ ဖော်ပြနေသူ ဖြစ်ပါသည်။ အမေရိကန်တပ်ဖွဲ့ဝင်များနှင့် ပတ်သက်သည့် လျှို့ဝှက်စာတမ်း ဖိုင်ပေါင်း ၅၀၀၀၀၀ ကျော်ကိုလည်း တင်ခဲ့သည်။

    လက်ရှိအချိန်တွင် Julian Assange အား Paypal ကုမ္ပဏီမှလည်း ဝန်ဆောင်မှု မပေးတော့ပေ။ 

     လင်း​ဦး​(​စိတ်​ပ​ညာ)

    0 comments:

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo