X2O (Special One) မဏ္ဍာပ်မှာ ​ပေါက်​ကွဲ​မှု​ဖြစ်​ပွား

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,
  • ရန်​ကုန်​မြို့​ ​ကန်​တော်​ကြီး​စောင်း​တွင်​ ​ကျင်း​ပ​ပြု​လုပ်​သည့်​ မြန်​မာ​​ ရိုး​ရာ​ ​သ​ကြင်္န်​ပွဲ​များ​ ကျင်း​ပ​ ​နေ​ချိန်​တွင်​ လူစည်ကားသည့် မဏ္ဍာပ်တစ်ခုဖြစ်​သော​ X2O (Special One) မဏ္ဍာပ်တွင်​ ဗုံး သုံးလုံး ပေါက်ကွဲ​ပြီး​၊​ ​မ​ပေါက်​ကွဲ​သေး​သည့်​ ​ဗုံး​တ​လုံး​တွေ့​ရှိ​ကြောင်း​ ​သ​တင်း​ရ​ရှိ​သည်​။​ အ​ဆို​ပါ​ ​တွေ့​ရှိ​သော​ဗုံး​သည်​ လက်​လုပ်​ဗုံး​​ အ​မျိုး​အ​စား​ဖြစ်​ပြီး​၊​ (၉၀၅) စစ်မြေပြင်​ အင်ဂျင်နီယာတပ်မှ​ ​တွေ့​ရှိ​ခဲ့​ခြင်း​ ဖြစ်​ကြောင်း​​ သိ​ရှိ​ရ​သည်​။

    ​ပေါက်​ကွဲ​မှု​ကြောင့်​ ​အ​ခင်း​ဖြစ်​ပွား​ရာတွင်​ အ​မျိုး​သား​ ​၅​ ဦး​၊​ ​အ​မျိုး​သ​မီး​ ​၄​ ဦး​ ​နေ​ရာ​တွင်​ ​သေ​ဆုံး​ခဲ့​ပြီး​​၊​ ​အ​ယောက်​ ​၅၀​ ​ထက်​မ​နည်း​ ​ဒါဏ်​ရာ​ ​ရ​ရှိ​ခဲ့​ကြောင်း​​ သိ​ရှိရ​သည်​။​​ ​နောက်​ဆုံး​ရ​ရှိ​သော​သ​တင်း​အ​ရ​ ​လူ​ ​၃၀​ ​ခန့်​​ ​သေ​ဆုံး​ပြီး​၊​ စစ်​ဘက်​ဆိုင်​ရာ​အ​ရှိ​ကြီးတဦး​ပါ​ ​ဒဏ်​ရာ​ရ​ရှိ​ခဲ့​ကြောင်း​ ​ထပ်​မံ​သိ​ရှိ​ရ​သည်​။

    မြို့နယ်အုပ်ချုပ်ရေးမှူး ဗိုလ်ကြီး သန့်ဇင်သိန်း​ (ငြိမ်း)​၊​ မဌေးဌေးရီ ၄၅​ ​နှစ်​၊​ ဦးခင်မောင်လေး ၆၁​ ​နှစ်​တို့ ​သေ​ဆုံး​သွား​ပြီး​၊​ ​သေ​ဆုံး​သူ​များ​တွင်​ ​အ​သက်​ အငယ်​ဆုံး​မှာ​ ​၃၅​ ​နှစ်​​ ​ဖြစ်​ပြီး​၊​ ​အ​သက်​အ​ကြီး​ဆုံး​မှာ​ ​၆၁​ ​နှစ်​​ ဖြစ်​ကာ မျက်​မြင်​သက်​သေ​များ​၏​ ​ပြော​ဆို​ချက်​အ​ရ​ ​ဒဏ်​ရာ​​ ရ​သူ​များ​အ​များ​စု​သည်​ အ​သက်​ ​၁၄​ ​နှစ်​မှ​ ​၁၈​ ​နှစ်​အ​တွင်း​ဖြစ်​ပြီး​ ​အ​များ​စု​မှာ​ ​မိန်း​ခ​လေးငယ်​လေး​များ​ဖြစ်​ကြောင်း​ ​သိ​ရ​သည်​။ ​ ရ​ရှိ​သည့်​သ​တင်း​များ​အ​ရ​ ဒဏ်ရာပြင်းထန်သည့်​ သူ​များ​တွင်​ ​အ​သက်​ ​၁၀​ ​နှစ်​အ​ရွယ်​ မဧပရယ်ကျော်ဟိန်း​ ​ပါ​ဝင်သည်​​ ​ကို​တွေ့​ရှိ​ရ​သည်။​ အ​ဆို​ပါ​​ ပေါက်​ကွဲ​မှု​သည့်​ မဏ္ဍာပ်​ အပေါ်တွင် ပေါက်ကွဲ​ခဲ့​ခြင်း မဟုတ်ဘဲ မဏ္ဍာပ်​ အောက်ဘက်မှ ပေါက်ကွဲခြင်း​ ဖြစ်​ကြောင်း​မျက်​မြင်​​ သက်​သေ​များ​က​ ​ပြော​ဆို​ကြ​သည်​။

    ​ဗုံး​ကွဲ​မှု​ကြောင့်​ ​အ​နီး​ရှိ​ လူ​အ​များ​ ဝရုန်းသုံးကား ထွက်ပြေးမှု​ကြောင့် ထိခိုက်လဲပြို လူပိပြီး ထိခိုက် ဒဏ်ရာရတဲ့သူတွေလည်း မနည်း​​ကြောင်း​ ​အ​ခင်း​ဖြစ်​ပွား​ရာ​ ​အ​နီး​တွင်​ရောက်​ရှိ​နေ​သူ​တဦး​က​ ​ပြော​ဆို​ခဲ့​သည်​။ အ​ခင်း​ဖြစ်​ပွား​ပြီး​ ​မ​ကြာ​မီ​ ​မှာ​ပင်​အ​နီး​နား​ရှိ​ Black Culture, Black Jack, 16.9​ စသည့် မဏ္ဍာပ်များ​ကို​ပါ လုံ​ခြံု​ရေး​​ အ​ရ​ ချက်​ချင်း​ ပိတ်လိုက်ပြီး​၊​ ​ကန်​တော်​ကြီး​စောင်း​တွင်​ ​ကျင်း​ပ​ပြု​လုပ်​သည့်​ အ​ခမ်း​အ​နား​များ​​ အပါ​အ​ဝင်​ ​ပျဥ်း​မ​နား​နှင့် ​နေ​ပြည်​တော်​ရှိ​ မဏ္ဍာပ်များ​​ အား​လုံး​ကို​ ​လုံ​ခြံု​ရေး​အ​ရ​ဆို​ကာ ​နောက်​ပိုင်း​တွင်​ ​လုံးဝ​ပိတ်​ပြစ်​ခဲ့​​ကြောင်း​သိ​ရှိ​ရသည်​။​

    ​​ ​မြန်​မာ​​ စစ်​အ​စိုး​ရ​ဘက်​မှ​ ​​အ​ဆို​ပါ​ဖြစ်​စဥ်​နှင့်​​ ပက်​သတ်​၍​ မ​ည်​သူ​၏​ ​လက်​ချက်​ဖြစ်​ကြောင်း​ ချက်​ချင်း​ သ​တင်း​ထုတ်​ပြန်​ခြင်း​မ​ရှိ​သေး​သော်​လည်း​ ​စစ်​အ​စိုး​ရ​သည်​ ​မ​ကြာ​ခ​ဏ​ ​ပြည်​ပ​ရောက်​အ​ဖွဲ့​အ​စည်း​များ​၏​ ​လက်​ချက်​ဟု​ ​ပြော​ဆို​လျှက်​ ပြည်​တွင်း​ ​အ​တိုက်​အ​ခံ​​ နိုင်ငံ​ရေး​သ​မား​မျာ​း ​ဖမ်း​ဆီး​​ အ​ပြစ်​ပေး​လျက်​ရှိသည်​။​ ​ပြည်​တွင်း​ရှိ​​ နိုင်ငံ​ရေး​​ အ​သိုင်း​အဝန်း​များ​ကြား​တွင်​လည်း ​မ​ကြာ​မီ​ ​အ​တိုက်​အ​ခံ​နိုင်ငံ​ရေး​သ​မား​များ​ ​ထပ်​မံ​ဖမ်း​ဆီး​ခံ​တော့​မည်​ ​အ​လား​အ​လာ​ရှိ​နေ​ကြောင်း​ ​ပြော​ဆို​နေ​သံ​များလည်း​ ​ထွက်​လျက်​​ရှိ​သည်​။

    2 comments:

    ♥ကိုဇော္♥ said...

    အရင္ကရော . .
    အခုရော . .
    နောင္ရော . .
    ထာဝရ အနနေဲ့ပါ . . .
    ဒီလို လုပ်ရပ်အား ရှုတ်ချပါတယ်။

    အနမ်း said...

    စိတ်ပျက်စရာပါပဲ။
    သွေးစနွ်းတဲ့ နတေ့စ်နထေ့ပ်ဖြစ်ပြန်ပြီပေါ့။

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo