Rapper သုံးယောက် ဒဂုံစင်တာဖောက်

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,

  • ၁၃-၃-၂၀၁၀ ရက်နေ့ ၊ ဒဂုံစင်တာရှိ ဆိုင်ခန်များတွင် ငွေသားနှင့် အဝတ်အထည်များ ပျောက်ဆုံးလျက် ရှိသည်ကို တွေ့ရှိရသည်။ ထို့နောက် စမ်းချောင်း မြို့နယ်ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ -

    ၁၂-၃-၂၀၁၀ ရက်နေ့၊ ဒဂုံစင်တာ ပိတ်ချိန်၌ တာဝန်ကျ လုံခြံုရေးဝန်ထမ်းများသည် ဆိုင်ခန်းများနှင့် အခန်းများအား လိုက်လံစစ်ဆေးရာ အိမ်သာအခန်း တစ်ခန်းသည် အထဲမှ ဂျက်ထိုးကလန့်ထားသည်ကို တွေ့ရပါကြောင်း၊ ၎င်း လုံခြံုရေးဝန်ထမ်းများမှ သန့်ရှင်းရေးအလုပ်သမားများထင်၍ ဘာမှစစ်ဆေး မေးမြန်းခြင်း မရှိခဲ့ရပါကြောင်း သိရသည်။

    ဆက်လက်၍ စုံစမ်းသိရှိရသည်မှာ ဒဂုံစင်တာလူနေတိုက်ခန်းများမှ နေထိုင်သူမိသားစုမှ CCTV ကင်မရာအား မြေညီထပ် ဓါတ်လှေကားထိပ်တွင် တပ်ထားပါကြောင်း၊ ဒဂုံစင်တာတွင် စင်တာပိုင် ကင်မရာများမရှိဘဲ ထိုမိသားစုပိုင် ကင်မရာတစ်ခုသာရှိသည်ကို တွေ့ရပါကြောင်း၊ ထို CCTV ကင်မရာအား စစ်ဆေးရာ ၁၃-၃-၂၀၁၀ ရက်နေ့ မနက် ၄ နာရီအချိန်လောက်တွင် ယခုခေတ် Rapper စတိုင် အဝတ်အစားများဖြင့် လူကောင် သေးသေး လူသုံးဦး အထုပ်အပိုးများလွယ်ကာ ထွက်ခွာသွားသည့်ကျောပြင်ကို တွေ့ရှိရသည်။

    ထို လူသုံးဦးထွက်ခွာသွားချိန်တွင် လုံခြံုရေးတာဝန်ရှိသူများ ရှိနေပါကြောင်း၊ လုံခြံုရေးဝန်ထမ်းများမှ အပေါ်ထပ်မှ ဧည့်သည်များ ခရီးထွက်မည်ထင်၍ စစ်ဆေးမေးမြန်းခြင်း အလျဉ်းမရှိခဲ့ပါကြောင်းသိရှိရသည်။

    ထို့နောက် ၁၂-၃-၂၀၁၀ ရက်နေ့ စင်တာပိတ်ချိန်တွင် မစစ်ဆေးခဲ့ရသော အိမ်သာခန်းအား သွားရောက်စစ်ဆေးရာ အိမ်သာအခန်း အထက်ခိုးကိုဖောက်ထားသည်ကို တွေ့ရှိခဲ့ရသည်။ ထို ဖောက်ထားသော အပေါက်ကို ဆက်လက်စစ်ဆေးရာ ဆိုင်ခန်းထက်ခိုးများသို့ သွားခဲ့ကြောင်းကို တွေ့ရှိရသည်။ စင်တာအတွင်းဖက်တွင် ဆိုင်ခန်းတစ်ခန်းအထက်မီးဆိုင်းများကို ဖောက်ထားသည်ကို တွေ့ရ၍ ၎င်းမှ ဆိုင်ခန်းများအတွင်းသို့ ၀င်ရောက်သည်ဟု ယူဆရပါကြောင်းသိရှိရသည်။ ဆိုင်များမှ တန်ဖိုးကြီးသော အဝတ်အထည်များ၊ ဖိနပ်များ၊ ခါးပတ်များအပြင် ဆိုင်တွင် သိမ်းထားသော ငွေသားများကိုပါ ယူသွားကြောင်း သိရသည်။

    ရဲမှ ဆက်စပ်ယူဆချက်မှာ ၎င်းဖောက်ထွင်းသူ သုံးဦးသည် ဘယ်နေရာတွင် ဘာရှိသည်ကို တပ်အပ်သိနေသည်မှာ ထူးဆန်းပါကြောင်း၊ နေ့လည် သို့မဟုတ် တစ်နေ့ခင်းလုံး ဒဂုံစင်တာတွင် ရှိနေသည်ဟု ထင်မိပါကြောင်းနှင့်၊ စင်တာပိတ်ချိန်တွင် အိမ်သာခန်းတွင် ၀င်ရောက်ခိုအောင်းကာ ဖောက်ထွင်းခဲ့သည်ဟု ယူဆပါသည်။ လေးထပ်တွင် ဖိနပ်တစ်ရံကိုတွေ့ရ၍ ၎င်းဖောက်ထွင်းသူသုံးဦးသည် လေးထပ်တွင် အဝတ်အစား အသစ်များလဲကာ ဓါတ်လှေကားမှနေ၍ ခရီးထွက်မည့် သူများအသွင်ဖြင့် ဆင်းသွားသည်ဟု ယူဆသည်။ ငွေသား (၈)သိန်းနှင့် အဝတ်အထည်များ ပျောက်ဆုံးလျက်ရှိရာ စုစုပေါင်းတန်ဖိုးငွေ (၃၃)သိန်းကျော် ဖောက်ထွင်းခံခဲ့ရသည်ဟု သိရသည်။

    လုံခြံုရေးတာဝန်ယူထားသည်မှာ FISCA ကုမ္ပဏီမှဖြစ်၍ ဖောက်ထွင်းခံရသော ဆိုင်ခန်းများမှ အလျော်တောင်း နေကြောင်း သိရှိရသည်။

    လင်းဦး(စိတ်ပညာ)

    5 comments:

    အဲလာ™ said...

    ခုခေတ်လူခယ်တွေတော်တော် များများတော့
    Rapper style ပဲ ၀တ်ကြပါတယ် :)

    အနမ်း said...

    မကောင်းမှု ဒုစရိုက်တွေများလာပြီလေ။
    ဘယ်သူ့မှအပြစ်မတင်ချင်တော့ပါဘူး။

    မိုးခါး said...

    ဟူးးးးးးးး
    ဒုက္ခ း(

    ♥ကိုဇော်♥ said...

    ဖြစ်ရလေ....
    မလွယ်တော့ပါလား။

    ပေါ့ဆိမ့် said...

    ေဩာ် ....
    မိုက်မှမိုက်လိုက် ပလေ..
    ခင်တဲ့
    (ပေါ့ဆိမ့်)
    ကိုလင်းဦး.. လာခဲ့ဦးလေဗျာ..
    စိတ်ကူးထဲကလူ အကြောင်းပြောထားတယ် အကြံပေးလှဲ့ဦး...

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo