ပဲခူးကောလိပ်ကျောင်းသားများ ကားတိုက်ခံရ

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,
  • (၄-၂-၂၀၀၉) နေ့လည် ၁၅ းဝဝ နာရီအချိန်၊ ပဲခူးဒီဂရီကောလိပ်( တောင်ဂိတ်ရှေ့ကျောင်းဝင်းအပြင်)ဘက်တွင် ကျောင်းသူ(၂)ဦးနှင့် ကျောင်းသား(၁)ဦးတို့ အိမ်ပြန်ရန်အတွက် သုံးဘီးဆိုင်ကယ်ပေါ်တွင် ထိုင်နေစဉ် ယာဉ်အမှတ် ထ-၆၀၆၁ ဟိုင်းလတ်အဖြူမှ အရှိန်ဖြင့် ၀င်တိုက်ပြီး ထွက်ပြေးသွားခဲ့သည်။

    မမေသဇင်ဦးသည် ညာဖက် ချိုစောင်းပေါက်သွားခြင်း၊ မသန္တာဝေသည် ဒူးခေါင်းနှစ်ဖက် အနည်းငယ်ပွန်းပဲ့ သွားခြင်း၊ မောင်မြတ်မင်းသူသည် ဘယ်ဘက်နားနောက် အနည်းငယ် ဖူးရောင်းသွားကာ အသီးသီး ဒဏ်ရာ ရခဲ့သည်။

    သို့သော် ယခုအချိန်ထိ ထိုကားပိုင်ရှင်များမှ လာရောက်တောင်းပန်ခြင်း မပြုလုပ်သည့်အပြင် ထိုကားကို မဖမ်းဆီးသေးသည်မှာ အဘယ်ကြောင့်ပါနည်း ။.... ။

    လင်းဦး(စိတ်ပညာ)

    1 comments:

    ~ဏီလင်းညို~ said...

    ကိုလင်းဦးရေ....
    စိတ်မကောင်းစရာပဲနော်....။
    ကျောင်းသားလေးတွေ ကားတိုက်ခံရတာဆိုတော့လေ....း(
    ခင်မင်တဲ့
    ဏီလင်းညို

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo