ဂျာနယ်တစ်စောင်အား ပွင့်လင်းစွာ ရှု့မြင်ခြင်း

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: ,
  • မြန်မာပြည်မှာ ကွန်ပြူတာနှင့် ပတ်သက်ရင် ဖတ်စရာ ဂျာနယ်် အနည်းငယ်သာရှိပါတယ်။ အခု ဆိုင်မှာ ကွန်ပြူတာဂျာနယ် တစ်ခုတည်း ရှိတာမို့ ဒီတစ်အုပ်ပဲဝယ်လာပါတယ်။ အကြောင်းကတော့ ဒီဂျာနယ်် စာဖတ်သူအတွက် ဘယ်အသုံးကျသလဲ စစ်ဆေးဖို့ပါ။

    စာအုပ်စလှန်ကြည့်တော့ ပြိုးပြိုးပြောင်ပြောင် စာရွက်တွေနှင့် ကြော်ညာတွေ သိပ်များတာကို ပထမ သတိထားမိတယ်။ သေသေချာချာ ရေကြည့်တော့ ၄၉ မျက်နှာရှိတယ်။ အရွက်ပြည့် ကြော်ငြာတွေပဲရေတာ။ အသေးလေးတွေ အများကြီး ပါသေးတယ်။ အေးလေ ကြော်ညာပါတာထားပါတော့။

    ထုတ်ဝေသူ ကျင့်ဝတ် နှင့်မညီ ပြုကျင့်တာကတော့ ကြော်ငြာများကို ကြော်ငြာလို့မပြောပဲ စာမူရင်း ထဲမှာ ထည့်ထားတာပဲဖြစ်ပါတယ်။ ဥပမာ Epson inject printer (two articles in page 64) ဟာ ၅၇၆ဝ DPI ရှိလို့ အရေအသွေးကောင်း ပြီး ဘယ်ဆိုင်မှာ လက်လီလက်ကား ရရှိနိုင်တဲ့အကြောင်းပါ။ DPI သိပ်များလွန်းတယ်။ မဖြစ်နိုင်ဘူး။ ၆ဝဝ DPI ထက်ကျော်ရင် DPI ဘယ်လောက်ကြီးကြီး လူ့မျက်စိဖြင့် ပိုကောင်းမှန်း မသိနိုင်ဘူး။ ဒီလိုမျိုး inject printer တွေ ဓားမဖိုး ထက်လက်ခကြီးလို့ အလကားပေးတောင် catridge နဲ့ cable မပါရင် မယူဘူး။ ဒါတောင် မှင်ဖင်ကပ်ပါတဲ starter kit catridge ဆို မလိုချင်ဘူး။ အို ကိုယ်က တခါတလေသုံးတာ ခြိုးခြိုးခြံခြံ inject printer လေးဝယ်ထားမယ် တွက်ကိန်းမမှားနဲ့၊ မှင်ခြောက်ခြောတ် သွားတတ်လို့ print တစ်ခါထုတ်တိုင်း တစ်ခါ catridge ဝယ်ရတတ်တယ်။ ရှင်းရှင်းပြောရရင် inject printer ခေတ်ကုန်သွားပြီ။ ပြန်မဆန်းနဲတော့။ ဒီ DPI က manufacturer တွေရဲ့ လုပ်ကွက်။ သူ့မှင်ပေါက်သေးတာကို ပြောတာလဲ ဖြစ်နှိုင်တယ်။ ဘာပြောပြော output မှာ လူ့မျက်စိနဲ့ မသိနိုင် တဲ့ကိစ္စကို ဘာလို့ ကွန်ပြူတာဂျာနယ် မှာ manufacturer တွေရဲ့ လုပ်ကွက်နင်းပြီး အရေးတယူပြောရသလဲ။

    ကွန်ပြူတာဂျာနယ် မှာ ဝယ်၍ စာဖတ်သူ အတွက်မကြည့်ပဲ ကြော်ငြာတဝက် စာမူတွေ မွှန်နေအောင် ပါပါတယ်။ ဒါတော်တော် ဆိုးတဲကိစ္စပါ။ natural opinion မရှိဘူး။

    HAPPY BIRTHDAY VIRUS ကို အပြတ် နှိမ်နှင်းခြင်း လို့ စာအုပ်မျက်နှာဖုံးမှာ ဟောက်လုံး ထုတ်ထား ပါတယ်။ အခုခေတ်မှာ virus issue ဟာအရေးတယူ လုပ်ပြောစရာမလိုတော့ပါဘူး။ ကျွန်တော့ windows စက်မှာ anti-virus တောင်မသုံးဘူး။ မြန်မာနိုင်ငံမှာ internet မှ သိပ်မသုံးတဲ့ဟာ ဘယ်က virus က ဝင်ရတာလဲ။ အမှန်တော့ စက်ပျက်ရင် virus ထက် hardware failure သာ ဖြစ်ဖို့များပါတယ်။ မသိရင်တော့ virus ဖြစ်တာလိုလို service center တွေက လုပ်တတ်တယ်။ ကွန်ပြူတာဂျာနယ် အနေနဲ့ ဘေတီးမပေးသင့်ဘူး။

    စာမျက််နှာ ၈၁ မှာ Google server တခါတလေ down တာ ကြုံတွေ ့ရမည်ဖြစ်ကြောင်း ရွှီးထားပါတယ်။ မဖြစ်နိုင်ဘူး။ server down တာ ပေါ့သေးသေး ကိစ္စ မဟုတ်ဘူး။ ebay server down တွင်းက stock share တော်တော်ကျသွားတယ်။ gmail server တော့ အရင်က down တပ်တယ်။ အခု ကောင်းသွားပြီ။

    ကွန်ပြူတာ အထွေထွေကဏ္ဍမှာ အခမဲ့ Email ရနိုင်တဲ့ ဝက်ဆိုက်တွေကို သုံးမျက်နှာရေးထားတယ်။ သိပ်များလွန်းတယ်။ နှစ်ဆယ်ကျော်လစ်ထဲမှာ gmail မပါဘူး။ 30gigs.com ကို ထိပ်ဆုံးမှာ ထည့်ထားတယ်။ လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ် လောက် တုန်းက gmail 1 gigabyte မို့ 30gig marketing လုပ်တဲ့ကိစ္စ။ စပေါ်ကတည်းက သုံးမရဘူး။

    Game Review section မှာ Super Mario Glalaxy အကြောင်း ဝေဝေဆာဆာရေးထားတယ်။ ဟေ ဒါက Nitendo game စစ်စစ်ကြီး။ Nitendo company သူ့ game ကို ဘယ်တော့မှ အခြား platform ကို port မလုပ်ဘူး။ ကွန်ပြူတာနဲ့ ကစားမရတာကို ကွန်ပြူတာ ဂျာနယ်မှာ ဘာလို့ထည့်ထားလဲ။ တော်ကြာ Super Mario Glalaxy game ကစားချင်လို့ Wii မဝယ်ဘဲ PC ဝယ်လိုက်ရင် ခက်မယ်။

    စာဖောင်ပြည့်အောင် dictionary ကိုလဲ ထည့်ထားသေးတယ်။ dictionary ပါဆိုမှ ဘယ်လိုလုပ် magzaine လိုဖတ်ရမလဲ။ dictionary ဆိုတာ A to Z ပါမှ အသုံးကျတယ်။ အခုမှ C ပဲရှိသေးတယ်။ XML ကြည့်ဖို့ ဘယ်လောက်စောင့်ရမလဲ။ ဒါမှမဟုတ် စာဖတ်သူ knowledge ကြွယ်ဝအောင် dictionary ကျက်မှတ်ဖို့ ထည့်သွင်းထားလေသလား။

    mouse ကို rumble ဖြစ်အောင်လုပ်နည်း ဆိုပြီး ဆောင်းပါးတခုပါသေး။ စာပွဲပေါ်မှာ ငြိမ်ငြိမ် mouse ကို ဘယ်သူက rumble ဖြစ်ချင်မှာလဲ။ game controller မှာတောင် vibration မကြိုက်လို့ အမြဲ disable လုပ်ထားတယ်။ ဒါအသုံးမဝင်တဲ့ marketing feature တွေ။ cell phone ကို scanner ဖြစ်အောင် သုံးမည့် ဆောင်းပါးလဲ တခုပါသေး။ မဟုတ်သေးပါဘူး။

    ကွန်ပြူတာ သင်ခန်းစာကဏ္ဍ မှာ Java Developer Guide ဆိုပြီး AWT layout အကြောင်းရေးထားတယ်။ သိပ်အောက်နေပြီ။ AWT ဆိုတာ ရှေးရှေးတုန်းက Java 1.2 အရင် GUI မှာသုံးတာ။ အခု sun က 1.6 stable ဖြစ်လို့ 1.3 ကို obsolete လို့ပြောပြီးပြီ။ Java Developer သိသင့်တာက Java 1.2 ကို Java 2 လို့ခေါ်တယ်။ framework ချင်း သိပ်ကွာလို့ Java 2 အရင် java framework ကို မသုံးရဘူး။

    အယ်ဒီတာအနေနှင့် ကွန်ပြူတာလောက သတင်းနှင့် direction တွေကို မသုံးသပ်တတ်ဘူး။ ဥပမာ HD DVD format ရှုံးနိမ့်သည့် သတင်းအစား XBox မှာ Blu-ray ကိစ္စအတွက် Microsoft က Sony နှင့် စကားပြောဆိုသည့်ကြောင်း ရေးထားတယ်။ ဒါက နောက်ဆက်တွဲ သတင်း။ အရေးကြီးတဲ့ ပင်ရင်းသတင်း မဟုတ်ဘူး။ အရေမရ အဖတ်မရ press release သတင်း။ HD DVD format ပျက်သွားပြီ ဖြစ်တာကြောင့် မြန်မာတွေ HD DVD စက်တွေ မှားယွင်းမဝယ်မိဖို့ပြောရင် ကွန်ပြူတာ ဂျာနယ်တွေမှာတာဝန်ရှိတယ်။

    အရေးကြီးတဲဲ့ သတင်းတွေကျန်နေတယ်။ Sun က MySQL ဝယ်တဲ့အကြောင်း၊ VISTA SP1၊ MS SQL 2008၊ Microsoft က yahoo ကိုဝယ်ဖို့အကြံ၊ Google အကြီးပိုင်းတွေ Facebook ထဲပြောင်းသည့်ကိစ္စ စတဲ့ ဒီလမှာ အရေးကြီးတဲ့ အကြောင်း တွေမပါဘူး။ VISTA SP1 သတင်း မပါတာကတော့ တော်တော် ရှော်သွားပြီ။ HD DVD vs. Blu-Ray ဆို ကွန်ပြုတာသမားအတွက် ဘောလုံးပွဲကြည့်ရ သလိုပဲ။ တစ်ဖက်နှင့် တစ်ဖက် ကန်ချက်တွေ သိပ်ကောင်းတဲ။ ဒီလမှပြီးသွားတာ။ သိပ်အရေးကြီးတဲ့ သတင်း။ ကွန်ပြူတာဂျာနယ်မှာ မပါဘူး။ HD DVD player တွေ ရောင်းရအောင် တမင် ဖုံးကွယ်ထားတာလဲ ဖြစ်နိုင်တယ်။ ချုံပြောရရင် အယ်ဒီတာအနေနှင့် ကွန်ပြူတာလော့က သတင်းနှင့် direction တွေကို မသုံးသပ်တတ်ဘူး။ သင်တန်းတခု နေရာပြောင်းတာတော့ပါတယ်။ အေးလေသူသိတဲ့ direction အပြောင်းဖြစ်မှာပေါ့။

    အကြောင်းအရာ ရွေးချယ်မှူ့ ညံ့ဖျင်းခြင်းများ၊ စာမူတွေမှာ စာရေးသူမပါဘဲ ထင်ရာစိုင်း အရေးအသားများ (စာမူပိုလို့လည်း မရဘူး)၊ ဟောက်လုံး၊ ရွှီးလုံး များ၊ အတင်းအဖြင်းများ၊ original content မပါဝင်ခြင်းများ၊ ခေတ််အောက်သော သင်ခန်းစာများသာ ဖြစ်သောကြောင့် ကွန်ပြူတာဂျာနယ်ဟာ မြန်မာ ကွန်ပြူတာ သမားများအတွက် အကျိုးမရှိပဲ အဆိပ်အတောက်ပင် ဖြစ်နိုင်ကြောင်း အသိပေးအပ်ပါသည်။

    Kyaw Tun

    လင်းဦး(စိတ်ပညာ)

    6 comments:

    Oak Kar said...

    ဒီပို့ဟာ လွန်ခဲ့တဲ့ 2008 ခုနှစ်တုံးက NativeMyanmar Forum မှာ တစ်ယောက်တင်ခဲ့တဲ့ post နဲ့ တစ်ထပ်ထဲ ဖြစ်နေတယ်၊
    http://www.forums.myanmarcommunity.com/viewtopic.php?f=29&t=2571
    တခါ နောက် Myanmar Geeks ဖိုရမ်မှာလဲ တထပ်ထဲတူတဲ့ post တစ်ခုကို တွေ့ရပါတယ်။
    http://www.mmgeeks.org/forum/viewtopic.php?f=23&t=560
    နောက်ထပ် ကျွန်တော် မမှတ်မိတော့တဲ့ ဖိုရမ်တစ်ခုမှာလဲ တွေ့ရပါသေးတယ်။

    Post ထဲမှာပါတာတွေက တော်တော်များများ မှန်နေပါတယ်၊ ဒါပေမယ့် ဒီတစ်ပို့စ် ကိုပဲ ထပ်ခါတလဲလဲ ဖေါ်ပြနေတာက တိုက်ခိုက်တာနဲ့တူနေပါတယ်၊ 2008 က ဂျာနယ်ဆိုတော့ update လဲ မဖြစ်တော့ပါဘူး၊
    ကျွန်တော်တို့ဆီမှာ နည်းပညာနဲ့ ပါတ်သက်တဲ့ စာစောင်ရော ရေးသားသူရော မရှိသလောက်နည်းပါတယ်၊ နည်းပါးလှတဲ့ ဒီမီဒီယာလေးတွေကို ဒီထက်ပိုကောင်း ပိုပြည့်စုံစေချင်ပါတယ်။ ဒီလိုစေတနာမျိူးနဲ့ ရေးမယ့် နောက်ပို့စ်တွေကို မြင်ပါရစေခင်ဗျာ။
    (ကျွန်တော် တခါမှ ကွန်မင့်မပေးပေမယ့် ဒီဘလော့ရဲ့ fan တစ်ဦးပါ...စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပါစေဗျာ)

    လင်းဦး(စိတ်ပညာ) said...

    ဟုတ်ပါတယ်.. ကိုဥက္ကာရေ...

    ကြည်ဖြူပိုင် said...

    အင်းနော်
    အထောက်အကူပြုစေမယ့်ဂျာနယ်မျိုးဖြစ်သင့်တာ

    mks said...

    ဒီ ပိုစ့် အတွက် ကျေးဇူးတင် ပါတယ်၊

    နေ့အိပ်မက် said...

    natural opinion မရှိဘူး။

    netural မဟုတ်ဘူးလားဟင်

    ဇီဝက (ဆေး-၂) said...

    blog တစ်ခုမှ မဟုတ်ဘူး ဂျာနယ်တစ်စောင်အတွက်လည်း original content သည် အသက်သွေးကြောဖြစ်ပါသည်။ သို့သော် original content ကို တန်ဖိုးထားသော စာဖတ်ပရိသတ်ရှိမှသာ ဂျာနယ်များ အရည်အသွေးတက်လာမည် ဖြစ်သည်။

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo