Earworm

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,
  • ကျွန်တော့် စိတ်ထဲစွဲမြဲဖြစ်စေခဲ့သည့် သီချင်းမှာ မိဘ မေတ္တာဘွဲ့ သီချင်းတစ်ပုဒ်ပင်ဖြစ်သည် ။ အသိထဲတွင် သော်လည်းကောင်း၊ အမြဲ ရွတ်ဖြစ်သော သီချင်းမှာ အမေ့ရုပ်ရည် သီချင်းဖြစ်ပါသည်။ သီချင်းရေးသူ၏ စိတ်ဝိဉာဉ်နှင့် ပုံရိပ်များကို မြင်ယောင်လာမိသည် ။ သီချင်းဆိုသူ ပြောင်းလဲသွားကြသော်လည်း သီချင်း၏ ရသမှာ မပြောင်းလဲခဲ့ပေ ။ အမေတစ်ယောက်၏ ဇယာထောင်းချိန်ကို သားတစ်ယောက်အနေဖြင့် မြင်မိသော စိတ်ခံစားချက်ကို ပေါ်လွင်စေသည်။ နားထောင်ရင်း ကိုယ်တိုင်ပင် မျက်စိထဲ တရိပ်ရိပ် တွေးထင်လာမိခဲ့သည် ။

    ဒီသီချင်းကို အလွန်နှစ်သက်ခဲ့သလို သီချင်းရေးသူနှင့် တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့သည်။ ဂစ်တာနည်းပြဖြစ်သူ ဆရာခိုင်ကျော် (ယခုအခါ ဂျပန်စာများ သင်ကြားပေးနေ) စတူဒီယိုတွင် တွေ့ဆုံချိန် ဖြစ်သည်။ ကိုနိုင်ဇော်(လေးဇီးကလပ်) နှင့်အတူ လူတစ်ယောက်ရောက်လာသည် ။ ဆရာခိုင်ကျော်မှ "ကိုအုန်းမောင်လေ.... အမေ့ရုပ်ရည်သီချင်း ရေးသူပေါ့ " ဟု မိတ်ဆက်ပေးလေတော့သည်။ တော်တော်လေး အံ့အားသင့်သလို ၀မ်းသာမိသွားသည် ။ မိမိကြိုက်နှစ်သက်သောသီချင်းကို ရေးဖွဲ့ခဲ့သူနှင့် ဒီလိုမျိုး တွေ့ဆုံရလိမ့်မည်ဟုလည်း တစ်ခါမှ မတွေးမိခဲ့ ။ တစ်ဆက်တည်း သူ့ဘဝအခြေအနေကို သိရ၍ ၀မ်းနည်းသွားရပြန်သည်။ အနုပညာစစ်စစ်ကို ဖန်တီးပုံဖော်နေသူတစ်ဦး၏ ဘဝက အလွန်ဆင်းရဲလှသည် ။ ကျွန်တော်နှင့် တွေ့ချိန် သူ့မှာ လက်ဖက်ရည်ဖိုးတောင် မရှိဟု ရိုးရိုးသားသားပင် ဖွင့်ပြောရှာသည် ။ သူ၏ ရင်ဘတ်မှ ခံစားချက်များကို ဖွင့်ထုတ်ကြားခဲ့ရသည်။ အနုပညာသမားတစ်ယောက်၏ မနုလှသော ဘဝဇာတ်ကြောင်းများပင်။ အမေ့ရုပ်ရည်သီချင်းသည်လည်း သူ့ဘဝပြယုဂ်တစ်ခုပင် ။

    ညီမငယ် ရွှန်းမီ Tag လာသော Earworm ကို ရေးသားပါသည် ။

    လင်းဦး(စိတ်ပညာ)

    4 comments:

    ရွှန်းမီ said...

    ကိုလင်းဦး ကြားယောင်မိတယ်ဆိုတဲ့ သီချင်းလေးက စာသားလေးငြိမ့်ညောင်းသလို အဓိပ္ပာယ်လည်း အပြည့်ရှိပါတယ်.. သီချင်းနာမည် ကြားဖူးပေမယ့် ဖန်တီးသူတွေနဲ့ ဆက်စပ်ပြီး သေသေချာချာအခုမှ နားထောင်ဖြစ်လို့ သီချင်းမျှဝေတာကို ကျေးဇူးတင်ပါတယ်..
    အနုပညာသမားတွေရဲ့ ဘဝကိုလည်း စာနာမိပါတယ်။
    လေးစားစွာ အားပေးလျက်ပါ ကိုလင်းဦး..

    ကြည်ဖြူပိုင် said...

    အကိုလင်းဦးရေ..တိုက်ဆိုင်လိုက်တာနော်
    ကြိုက်တဲ့သီချင်းက “အမေ့ရုပ်ရည်” တဲ့...
    အနော်လဲတဂ်ပို့စ်လေး“သီချင်းတို့ရဲ့အလယ်မှာ” ရေးထားတာ အကြိုက်ဆုံးက “အမေ့ရုပ်ရည်” ဖြစ်နေခဲ့တယ်။
    တကယ်တမ်းဖြစ််မလာနိုင်မှန်းသိပေမယ့်
    မေ့ကိုအရင်ကလိုငယ်ရွယ်
    နုပျိုလန်းဆန်းမှုလေးတွေ
    ရစေချင်ဇောနဲ့ထပ်တူမေ့ရဲ့
    ကိုယ့်အသက်နဲ့အတူဖြစ်ပေါ်လာတဲ့
    ဲ့ဇရာတွေကိုသတိပြုမိရင်းနဲ့ ဆွတ်ဆွတ်မောမောကို
    ဒီသီချင်းလေးကိုကြိုက်လာခဲ့မိတာ။

    HAPPY CLOUD said...

    ကျနော်လည်း ဒီသီချင်း အတော်လေးကြိုက်တယ်။ ကိုအုန်းမောင်သတင်းကြားရတာတော့ စိတ်မကောင်းဘူး။

    ခင်မင်လျက်..
    မိုးမောင်

    ဒူကဘာ said...

    အမှန်တော့ ကိုလင်းဦးက ဂီတလောကနဲ့ ဆက်စပ်နေတော့ နောက်ကွယ်က ဖြစ်ရပ်တွေကို များများ ရေးရမှာဗျ၊

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo