ဂစ်တာအိုတစ်လုံးပေါ်မှ ရောင်စုံဒီဇိုင်းများ

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels:
  • LinOoGuitarPoem
    ညဉ့်ငှက်တို့ တေးထပ်ကုန်ပြီ
    မှောင်မဲပြည့်ကျပ်သိပ်နေတဲ့ အခန်းထဲ
    အသက်ရှုမဝတဝ ငါလဲလျောင်းနေတယ်...
    ကောင်မလေးရေ.....
    အလွမ်းကို ခဝါချလိုက်ကြပါတဲ့
    ဘယ်တော့မှ မဖြစ်နိုင်တော့တဲ့ တမ်းတမှုမျိုးကို
    ဆန့်ကျင်ကြတယ်...
    အချို့က အတိတ်ဟာ အတိတ်မှာပဲ စတေးခဲ့ပါတဲ့...
    အယူအဆတွေ မျိုးမျိုးနဲ့ ငါ့စိတ်ကို အမှောင်ချပေးကြတယ်.။

    ပိတ်သားထက်က ဇာတ်လမ်းမဟုတ်ဘူး...
    မုသားကို ကိုးစားတဲ့ စေစားသူလည်းမဟုတ်ဘူး...
    အပြုစားခံနေရတဲ့ ကဝေရှင်တစ်ယောက်မဟုတ်ဘူး...
    ဖြစ်တတ်တဲ့ သဘောဆိုတာ
    ချစ်ရသူနှစ်ယောက်အတွက်
    ဘဝတစ်ခုစာ လုံလောက်တဲ့ အကြောင်းပြချက်မဟုတ်ဘူး ။

    ဘဝဇာတ်ဆရာရယ်...
    လှပတဲ့ ညနေခင်းတွေကို
    ကျေးဇူးပြု၍ ပြန်လည်ခင်းပြတော်မူပါ...
    ချစ်ခြင်းဖြင့် အလင်းတန်းများပွင့်စေခဲ့သူကို
    ဘယ်အကြောင်းတရားနဲ့ မျဉ်းပြိုင်စေခဲ့သလဲ...
    သေခြင်းတရားဆိုတာကို
    ဘယ်သူက ယှဉ်ကာပြိုင် နိုင်ခဲ့လို့လဲ ....
    ဒီရင်ကိုမှ အပူမြိုက် ...
    သက်ပြင်းချတိုင်း နာကျင်စေခဲ့တယ် ။

    ပင့်သက်ကိုချတယ်...
    ရှေ့က ကော်ဖီခွက်
    ကိုင်လိုက်တော့ တုန်နေတဲ့ ဟောဒီ့လက်
    အကြောင်းတရားကို လက်မခံနိုင်သေးဘူး....
    ငါ... ရူးနေပြီ...ကောင်မလေးရေ...
    တီးနေတဲ့ ဂစ်တာတစ်လက်
    အတွေးက သံစဉ်ကို နှောက်ယှက်တယ် ...
    ကော့ဒ်အတူကိုင်ခဲ့တဲ့ လက်က ဒဏ်ရာကိုမွှတယ် ....
    အပူလှိုင်းတစ်ခုက ရင်ကိုဝင်ဆောင့်တယ်.....
    ငါ့မျက်ရည်က..... ငါ့...ည..များစွာကို ပြပြန်တယ် ။

    အချို့က ချစ်လျက်နဲ့ကွဲကြတယ်...
    ဒါပေမယ့်.... မုသားတွေပါတယ် ...။
    အချို့က ကွဲရက်နဲ့ ချစ်ကြတယ်...
    ဒါပေမယ့် .....မာနတွေပါတယ် ....။
    အချို့က ခွဲရက်နဲ့ နားလည်ကြတယ်...
    ဒါပေမယ့် ....ဘဝဆိုတာ ပါတယ်... ။
    ငါတို့က သံယောဇဉ်နဲ့ ချစ်ကြတယ်...
    ဒါပေမယ့် ....သေခြင်းတရားက ၀င်လာတယ် ....။
    ရှောင်လွှဲလို့မရတဲ့ အရာမှန်းသိပေမယ့်
    သေခြင်းတရားရေ...
    ငါတို့အတွက် မင်းဝင်လာတာ စောလွန်းတယ် ။

    ညနေခင်းတွေဟာ ငါ့အတွက်
    ပြဇာတ်တစ်ပုဒ်ကို ပြန်ပြန်ပြတယ်....
    တေးသီချင်းတစ်ပုဒ်ကို ပြန်ပြန်တီးမိတယ် ......
    ချလိုက်တဲ့ သက်ပြင်းက
    ညနေခင်းကိုအရောင်ပြောင်း
    မျက်ဝန်းမှာ ရောင်စုံဆွဲလို့
    ဂစ်တာအိုတစ်လုံးအပေါ် ကျရောက်တယ်....
    ဒီတစ်ညလည်း
    ငါ့မျက်ရည်က .....ငါ့ ...ည.... များစွာကို ပြဦးမယ်.... ။



    လင်းဦး (စိတ်ပညာ)

    (၂-၁၀-၂၀၀၉) မနက် ၂ း ၁၅ တွင် ရေးဖွဲ့သည် ။

    13 comments:

    may16 said...

    ကဗျာလာဖတ်ပါတယ် ကိုလင်းဦး...ကော်ဖီ၁၀ခွက်ကတော့ အရမ်းများတယ်နော် :)

    WWKM said...

    ဒါက တကယ် တက်ဂ်ပို့စ်အတွက် ရေးပေးတဲ့ကဗျာလေး
    တစ်ပုဒ်လား။
    ကဗျာလေးက အရမ်းကောင်းပါတယ်.
    ဖတ်ပြီး စိတ်မကောင်းသွားဘူး။
    တကယ်အဲလိိုဇာတ်လမ်းလေးဆိုရင် ခံစားရမှာပဲနော်.
    အဆင်ပြေပါစေ ကိုလင်းဦးရေ။

    ဘာပဲဖြစ်ဖြစ် သတိတရ ရေးပေးတာကို ကျေးဇူးတင်ပါတယ်ရှင်။

    လင်းဦး(စိတ်ပညာ) said...

    မဝါရေ.. ဟုတ်ပ .. Tag အတွက် ရေးတဲ့ကဗျာ ဆိုတာ မရေးလိုက်ရဘူး....

    ဒီလိုပါပဲ.... ခံစားချက်ကိုယ်စီတော့ ရှိကြပါတယ်....

    နွေဆူးလင်္ကာ said...

    ကဗျာလေး ကောင်းတယ်ဗျို့။ ကြိုက်တယ်။

    ရွှန်းမီ said...

    ကဗျာကို ဖတ်ပြီး မျက်ရည်အပြာရောင်တွေ အိုင်နေတယ်လို့ မြင်မိတယ်..

    ဖြိုးဝေ-mmp said...

    အားပေးနေပါသည် အရေးအသားတွေလန်းတယ်ဗျာ
    လေးစားလျှက်

    ငှက်ငယ်လေး said...

    အချို့က ကွဲရက်နဲ့ ချစ်ကြတယ်...
    ဒါပေမယ့် .....မာနတွေပါတယ် ....။

    ဟုတ်တယ်နော်...ထောက်ခံတယ်

    Nge Naing said...

    ”ငါတို့က သံယောဇဉ်နဲ့ ချစ်ကြတယ်...
    ဒါပေမယ့် ....သေခြင်းတရားက ၀င်လာတယ် ....။
    ရှောင်လွှဲလို့မရတဲ့ အရာမှန်းသိပေမယ့်
    သေခြင်းတရားရေ...
    ငါတို့အတွက် မင်းဝင်လာတာ စောလွန်းတယ်။”

    ဆိုတော့ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပေါ့နော့်။ ဖတ်ပြီး စိတ်မကာင်း ဖြစ်မိတယ်။ လူတိုင်းမှာ ရင်နဲ့မဆံ့အောင် ခံစားစရာ လောကဓံ တခုမဟုတ်တခုတော့ တယောက်တမျိုးစီ ရှိကြတာပါပဲလို့ ဖြေသိမ့်ပြီး အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပါတယ်နော့်။

    kiki said...

    ဆရာ ကိုလင်းဦးက ဘက်စုံ ရ ပါလား ။
    သတင်းရော ၊ ကဗျာ ရော ။ သုတစုံ ၊ရသစုံ ပါဘဲ

    အချို့က ချစ်လျက်နဲ့ကွဲကြတယ်...
    ဒါပေမယ့်.... မုသားတွေပါတယ် ...။
    အချို့က ကွဲရက်နဲ့ ချစ်ကြတယ်...
    ဒါပေမယ့် .....မာနတွေပါတယ် ....။
    အချို့က ခွဲရက်နဲ့ နားလည်ကြတယ်...
    ဒါပေမယ့် ....ဘဝဆိုတာ ပါတယ်... ။
    ငါတို့က သံယောဇဉ်နဲ့ ချစ်ကြတယ်...
    ဒါပေမယ့် ....သေခြင်းတရားက ၀င်လာတယ် ....။

    ဖတ်ပြီး ကြေကွဲ သွားမိတယ် ..

    မိုးသား said...

    အစ်ကို့ဆီလာပြီး ကဗျာတွေ ဖတ်တိုင်း တစ်ခုခုတော့ ရခဲ့တယ်လို့ ထင်တယ် ..အစ်ကို ..ကျေးဇူးပါ..။

    ကျွန်တော်လည်း ဘလော့ဂ်မရေးဖြစ်တာ ကြာသွားလို့ အစ်ကို့ဆီ မရောက်နိုင်တာအစ်ကိုရေ..။
    အခုတော့ ပြန်ရေးနေပါပြီ။

    ကြည်ဖြူပိုင် said...

    အလွမ်းကို ခဝါချလိုက်ကြပါတဲ့
    ဘယ်တော့မှ မဖြစ်နိုင်တော့တဲ့ တမ်းတမှုမျိုးကို
    ဆန့်ကျင်ကြတယ်...
    အချို့က အတိတ်ဟာ အတိတ်မှာပဲ စတေးခဲ့ပါတဲ့...
    အယူအဆတွေ မျိုးမျိုးနဲ့ ငါ့စိတ်ကို အမှောင်ချပေးကြတယ်...........................................................
    အချို့က ချစ်လျက်နဲ့ကွဲကြတယ်...
    အချို့က ကွဲရက်နဲ့ ချစ်ကြတယ်...
    အချို့က ခွဲရက်နဲ့ နားလည်ကြတယ်...
    ဒါပေမယ့် ....ဘဝဆိုတာ ပါတယ်... ။
    ငါတို့က သံယောဇဉ်နဲ့ ချစ်ကြတယ်...
    ဒါပေမယ့် ....သေခြင်းတရားက ၀င်လာတယ် ....။
    ရှောင်လွှဲလို့မရတဲ့ အရာမှန်းသိပေမယ့်
    သေခြင်းတရားရေ...
    ငါတို့အတွက် မင်းဝင်လာတာ စောလွန်းတယ် ။
    .......................................
    ဒီစာသားလေးတွေကြိုက်မိတယ်

    သိင်္ဂါကျော် said...

    ကဗျာလေးက လှလိုက်တာ...
    တကယ့်ကို ကြေကွဲစရာလေးပဲ..

    ဘရာဗို said...

    ကောင်းတယ်ဗျာ
    ဆက်ရေးပါဦး

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo