မင်းသိရဲ့လား (၂)

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,
  • လူကောင်းဆိုတဲ့
    ပညတ်ထဲမှာ
    မင်းကို ဘယ်အရာတွေနဲ့ သတ်မှတ်ခဲ့သလဲ ။

    ယုံကြည်ခဲ့တဲ့ သူ့မိဘ...
    အရာအားလုံး ပုံအပ်ခဲ့သူ .. တစ်ယောက်
    ပုံစံပျက်သလား အောက်မေ့ရတဲ့
    မင်းရဲ့ ဦးနှောက်တစ်ခု....
    ဘဝင်မကျတော့တဲ့အခါ
    မေတ္တာဟာ အဆိပ်..
    ငွေဟာ အဆိပ်...
    သစ္စာဟာ အဆိပ်..
    အရိပ်ဟာ အဆိပ်....
    အဆိပ်ဟာ အရိပ်ဖြစ်နေတယ်......။

    မင်း အိမ်ပြန်ချိန်တွေ သူ့ဆီမဟုတ်ဘူး...
    မင်း ၀ိဉာဉ်တွေ သူ့ဆီမဟုတ်တော့ဘူး...
    ဖြစ်ကလက်ဆန်း ပြောတတ်တဲ့
    စကားလုံးတိုင်း ဆီချောနေတတ်တဲ့..
    ဟိုးက ရောင်စုံမီးဝိုင်းထဲက
    မိန်းမပျိုတွေကြားထဲမှာ...
    မင်း ရစ်မူးနေတယ်.... ။

    မင်းရဲ့ အိမ်ရှေ့တံခါးဝဟာ
    စေ့ထားရုံ စေ့ထားတဲ့နေ့တွေ
    ဘယ်လောက်ထိ ကြာနေပြီလဲ .......
    အဲ့အချိန်
    အိပ်ယာထက်က
    မျက်ဝန်းတစ်စုံရဲ့
    ပင့်သက်ရှိုက် ဝေဒနာတစ်စုံဟာ
    တစ်စိမ့်စိမ့်စီးရင်း မင်းပြန်လာချိန်ကို
    အသုံးတော် ခံနေတာ ... မင်း သိရဲ့လား ။

    "ငါ ရှာသလောက် ငါသုံးမယ်....
    ငါ့ဟာငါ ဘာလုပ်လုပ်" ဆိုတဲ့
    လူ့အတ္တတစ်ယောက်ရဲ့
    အော်ဟစ်နေကျ တေးဆိုးတစ်ပုဒ်လို
    ခဏခဏ မင်းဆိုပြနေတယ်.... ။

    မင်းဘဝရဲ့ နိဒါန်းလို့
    မင်းကိုယ်တိုင် ရင့်ကျူးတဲ့ သူ့ကို
    ခုတော့
    အချိန်တိုင်း ပင့်ရှိုက်ငိုညဉ်းသံတွေနဲ့
    ပြည့်နှက်ခိုင်းနေလေရဲ့........ ။

    မင်းကတော့
    အဲ့အချိန်....... ဘဝပင်လယ်တစ်သိုက်
    ငါးမျှားချိတ်နဲ့ မျှားနေတဲ့ လူတစ်ယောက်လို
    အခါခါ ပွက်နေတဲ့ မာယာရေဆိုးတွေထဲ
    မျှားနေခဲ့... မျှားနေဆဲ...........
    မင်းကိုယ်မင်း ဂုဏ်တွေယူနေဆဲ ။
    အပေါင်းအသင်းတွေကြားထဲ
    ဘယ်သူ့ကို ဘယ်လျှိုထဲမှာ
    ပုရစ်တက်ခဲ့တယ်၊
    နစ်ခဲ့တယ်... ပစ်ခဲ့တယ်......
    မင်း ဂုဏ်ယူဆဲ .................။

    ခန္ဓာမြဲသရွေ့
    မင်းအတွက် ရင်စည်းခံနေတဲ့ သူ...
    အိပ်ယာပေါ် ဘုန်းဘုန်းလဲသွားရတဲ့နေ့တွေမှာတောင်
    မင်း တစ်ချက်တောင် ကြည့်ခဲ့ဖူးလား...
    မင်း မသိတဲ့ သည်းခံခြင်းကို ရင်ဝယ်ပိုက်လို့
    အသိုက်တစ်ခုကို ပုံစံမပျက်ဖို့...
    အသိုက်တစ်ခုကို လာမလုဖို့..
    သူ ကြိုးစားနေရတာ......မင်းသိရဲ့လား ။

    သူပြံုးခဲ့........
    မင်းရဲ့ မရဏအော်သံတွေကြားမှာ.....၊
    သူဖြေရှင်းခဲ့
    မင်းရဲ့ အရှုပ်အထုပ်တွေကြားမှာ.......၊
    သူရပ်ခဲ့.......
    မင်းရဲ့ ချောင်ထိုးခံထားနေရတဲ့
    တရားဝင် မိန်းမတစ်ယောက်အဖြစ်နဲ့လေ .....။

    မြို့ပြရဲ့ ငရဲနေ့တွေထဲ.....
    သူ့ဘဝကို သူရုန်းလို့
    မင်းရဲ့ ရင်သွေးကို သူပိုက်လို့
    သူ့အလံကို သူထောင်ခဲ့ ....
    ဘဝရဲ့ မနက်ခင်းတိုင်း
    တင်းခံနေသူဆိုတာ မင်းသိရဲ့လား .... ။

    ကြိုးစားပါရဲ့
    ရိုးသားပါရဲ့.......
    အဲ့ဒီအသိုင်းအဝိုင်းရဲ့ လှောင်ပြောင်မှုတွေကြားထဲ
    အဲ့ဒီ စကားတွေကို လှိုင်လှိုင်သုံးလို့
    အပြံုးမျက်နှာတစ်ခုနဲ့
    အဲ့ဒီ အသိုင်းဝိုင်းကြားမှာ
    ငြင်းဆန်လို့
    မင်းအတွက် တံတိုင်းကာပေးခဲ့တာ မင်းသိရဲ့လား ။

    အခုတော့ သွားပြီလေ....
    အခုတော့ သွားရှာလေပြီ....
    မင်း သိက္ခာကို စောင့်ရှောက်ရင်း ........
    မင်း ရင်သွေးကို စောင့်ရှောက်ရင်း ..........
    ဘဝခြားသွားပြီလေ ။

    အထိမ်းအကွပ်မဲ့နေတဲ့မင်းကို
    မိခင်လိုစောင့်ရှောက်ခဲ့........
    ကျွေးမွေးခဲ့.......
    ထိန်းသိမ်းခဲ့ ..............
    သူ့ အတ္တကို သူနှိမ်လို့၊
    သူ့ မာနကို သူချိုးလို့
    ဘဝကိုရင်း ချစ်ခဲ့သူဆိုတာ မင်းသိရဲ့လား ..........။

    မင်း မသိခဲ့တာတွေဟာ
    သူ မရှိတော့တဲ့နောက်မှာ
    အရေးကြီးဆုံး လိုအပ်သူတစ်ယောက်ဆိုတာ
    မင်းသိရဲ့လား ...................။
    လင်းဦး(စိတ်ပညာ)
    (၁၄-၆-၀၉ ,ည ၈ နာရီ ၁၀ မိနစ်တွင် ရေးဖွဲ့သည်)

    16 comments:

    ကလေးငယ်လေး said...

    ဦးဦးကတော့ ရေးလိုက်ရင် ကဗျာတွေက အမိုက်စားတွေချည်းပဲ.. :)

    Mhu Darye said...

    ကဗျာတပုဒ် အဖြစ်ထက်၊ ဇာတ်ကြောင်းတိုလေး တပုဒ်လို့ မြင်တယ်...။
    အရေးအသားတွေ ညက်ညောလှပနေပေမယ့်၊ ဇာတ်ကောင်တွေဘဝက မလှရှာဘူးနော်...

    ဖတ်ရှူ ့သွားခဲ့တယ်။

    mgngal said...

    တစ် ရော နှစ်ရော ကြိုက်တယ်ဗျ ကိုလင်းဦး ။ ကဗျာဖတ်အပြီးမှာ နင် နင်သွားတယ် ။ ထိမိလှပါတယ် အရေးအဖွဲ ့တွေက ။

    အိန္ဒြာ said...

    မဆုံးနိုင်တဲ့ သက်ပြင်းရှည်တစ်ခု ရှိုက်မိပါတယ်..။
    ရေးနေတဲ့ အချိန်မှာ ဖြစ်နေမယ့်
    ကရုဏာဒေါသောစိတ်တွေ
    ယူကျံုးမရတာတွေ
    မချိတင်ကဲသောကတွေနဲ့
    မျက်ရည်တောင်ဝဲချင်ဝဲနေနိုင်မယ် ဆိုတာအထိ ခံစားလို့ရလိုက်ပါတယ်..။
    အဲဒီ့ခံစားချက်တွေ ကဗျာကတဆင့် ကူးစက်ပြီးလှည့်ပြန်လာခဲ့ပေါ့...။

    အိန္ဒြာ

    လင်းရမ္မာ said...

    >>>ဖြစ်ကလက်ဆန်း ပြောတတ်တဲ့
    စကားလုံးတိုင်း ဆီချောနေတတ်တဲ့..
    ဟိုးက ရောင်စုံမီးဝိုင်းထဲက
    မိန်းမပျိုတွေကြားထဲမှာ...
    မင်း ရစ်မူးနေတယ်.... ။<<<
    ကျွန်တော်ကြိုက်တယ်အကိုရာ

    may16 said...

    ကဗျာကမိုက်တယ် ကိုလင်းဦး

    ကံကောင်းသူ said...

    ရေးထားတာအရမ်းကောင်းတယ်နော်
    ဖတ်ပြီးကွက်ကွက်ကွင်းကွင်းမြင်လာလို့
    ၀မ်းတောင်နည်းရတယ်

    shwelannwelanwinkyi said...

    ရွှေလမ်းငွေလမ်းဝင်းကြည်
    လူ့ဘဝဇာတ်ဝင်ခန်းတစ်ခုကို ထိထိမိမိ ကဗျာမီးမောင်းဆလိုက်ထိုးပေးလိုက်တာလား ဆရာလင်းဦး
    သိပ့်မိုက်တယ်။ သိပ့်ကိုြကြိုက်သွားပါတယ်။

    မသက်ဇင် said...

    ကိုလင်းဦးရေ
    ဘဝင်မကျတော့ရင် အရာရာဟာ
    အဆိပ်ဖြစ်သွားတတ်တယ်နော်
    ခင်မင်လျက်

    မိုးခါး said...

    အဲဒီဇာတ်လမ်းတွေ
    တော်တော်မုန်းတယ် း(

    ခမ်းကီး said...

    ခံစားခဲ့ပါတယ်။
    အပိုင်း-၃ ကို မျှော်နေဦးမည်။

    မသက်ဇင် said...

    ကိုလင်းဦးရေ
    မဖတ်ရသေးတဲ့အကြွေးတွေလာဖတ်ပါတယ်
    ခင်မင်လျက်

    Apprenticeship said...

    "ယုံကြည်ခဲ့တဲ့ သူ့မိဘ...
    အရာအားလုံး ပုံအပ်ခဲ့သူ .. တစ်ယောက်
    ပုံစံပျက်သလား အောက်မေ့ရတဲ့
    မင်းရဲ့ ဦးနှောက်တစ်ခု....
    ဘဝင်မကျတော့တဲ့အခါ
    မေတ္တာဟာ အဆိပ်..
    ငွေဟာ အဆိပ်...
    သစ္စာဟာ အဆိပ်..
    အရိပ်ဟာ အဆိပ်....
    အဆိပ်ဟာ အရိပ်ဖြစ်နေတယ်......။"

    စကားလုံးတွေ အတော်ဖွဲ့တတ်သား နောင်တာဆိုတာ အမြဲနောက်ကျတာပဲ ပြောနေလဲ နားလည်မယ် မထင်ပါဘူး :P

    အိမ် said...

    ကဗျာလေးကို ခံစားသွားပါတယ်ဗျား။

    ဆုငယ်. said...

    အစ်ကိုရေ အရေးအသားအဖွဲ့အနွဲ့ ကောင်းတဲ့ ကဗျာရှည်ကြီးကို ဖက်သွားပါတယ်၊ တကယ် ကောင်းတဲ့ကဗျာလေးပဲ၊

    valentina said...

    အရမ်းခံစားမိစေတဲ့ကဗျာလေးပါပဲ.အရှည်ကြီးဖတ်ပြီး အမောကြီးလဲမောသွားမိတယ်။အသက်ရှင်ရက်သေနေသလို
    အစွန်.ပယ်ခံရတဲ့(သို.)အထီးကျန်မှုကြောင့်အသက်ပါ
    ပါသွားတဲ့ မိန်းမသားတစ်ယောက်ရဲ.ဘဝကို ဂရုဏာသက်မိသလို..ငါသာဆိုရင်ဆိုတဲ့အတွေးမျိုးကိုလဲ
    သုံးသပ်မိသွားတယ်။ခံစားလိုက်ရတဲ့အတွေးတချို.အတွက်
    ကျေးဇူးပါ။

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo