မိုးဦးလေပြည်

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,
  • ကဗျာဟူသည် နှလုံးသားမှ ခံစားချက်ကို ပုံဖော်ကာ ဖောက်ထွင်းလာတတ်သော သဘောရှိ၏။ ထို့ကြောင့်ပင် ကဗျာကို လူတော်တော်များများချစ်ကြ၏။ ကဗျာမှ ရသ အမျိုးမျိုးပေးစွမ်းနိုင်စွမ်းရှိသည်။

    မိမိဖြစ်သန်းလာသော ဘဝအတွေ့အကြံု၊ အချစ်၊ အနုအလှများစွာကို ကဗျာတွင် ဖော်ပြတတ်ကြသည်။ ကဗျာသည်လည်း ခေတ်အမျိုးမျိုး ဖြတ်သန်းလာခဲ့ရသည်။ ပုံစံအမျိုးမျိုး အမည်အမျိုးမျိုးနှင့် ခေတ်အလိုက်ကဗျာဆရာများ ရေးဖွဲ့ခဲ့ကြ၏။ ဆိုရသော်........ ကဗျာသည်လည်း ခေတ်တစ်ခု၏ စံနမူနာ ၊ ပြယုဂ်ပင် ဖြစ်လေသည်။

    ကျွန်တော်နှင့် ကိုဂစ်တာတို့ တွေ့ကြတော့ ကဗျာစာအုပ် လုပ်ချင်ကြောင်း ပြောလာသည်။ ကျွန်တော်သည်လည်း ထိုကဲ့သို့ စိတ်ကူးမျိုး ရှိနေသဖြင့် အကောင်အထည်ဖော်ဖြစ်ကြသည်။ ကဗျာချစ်သော လူငယ်များ၏ ကြိုစားအားထုတ်မှုကို ပြသချင်သည်။ ကိုဂစ်တာမှ ဒီဇိုင်းများကို တာဝန်ယူသလို ကျွန်တော်သည်လည်း စာမူများကို လိုက်စုခဲ့သည်။

    ပထမဆုံး အခက်အခဲက ကဗျာစာအုပ်နာမည် ရွေးဖို့ပင်ဖြစ်၏။ နောက်ဆုံး ကိုဂစ်တာမှ "အစ်ကိုရေ... နွေကုန် မိုးဦးအစဆိုတော့ မိုးဦးလေပြည်လို့ ပေးရင်ကောင်းမလား"ဟု မေးလာသည်။ ကျွန်တော်လည်း " ဟာ... ဒီနာမည်လေး မဆိုးဘူးပဲ"ဟု ဆိုကာ အတည်ပြု ရွေးချယ်ခဲ့ပါသည်။

    ရင်၌ ဖြစ်တည်လျက်ရှိသော ခံစားချက်များကို မွေးဖွား ဖြစ်တည်ရာ ကျွန်တော်တို့၏ ကဗျာများသည် စာဖတ်သူများကို ကျေနပ်မှု တစ်ခုခု ရှိစေလိမ့်မည်ဟု ယုံကြည်မိပါသည်။ နောက်နောင်များတွင်လည်း ဒီထက် ကောင်းအောင် ကြိုးစားပါဦးမည်။

    မိုးဦး၏ မြေသင်းရနံ့နှင့်အတူ မိုးဦးလေပြည်ကဗျာစာအုပ်သည် ထွက်ပေါ်လာခဲ့ပေပြီ။ လိုအပ်သည်များကို ထောက်ပြလိမ့်မည်ဟုလည်း မျှော်လင့်မိပါသည်။

    လေးစားစွာဖြင့်

    လင်းဦး(စိတ်ပညာ)

    မိုးဦးလေပြည် ကဗျာစာအုပ်ကို အောက်ပါ အဆင်ပြေရာလင့်တစ်ခုခုမှ Download ချကာ ရယူနိုင်ပါသည်။
    (Wiki)Downlaod
    (ifile)Download
    (Zhare)Download
    (Google) Download
    (RapidShare)Download

    9 comments:

    သက်ပိုင်သူ said...

    ကိုလင်းဦး
    မ တစ်ပုဒ်တည်းပါပဲလားဗျ
    အားပေးသွားတယ်နော်
    နောက်ထပ် ဖန်တီးနို်င်ပါစေဗျာ

    လင်းဦး(စိတ်ပညာ) said...

    ကိုသက်ပိုင်သူရေ.. မ တစ်ပုဒ်ထဲဟုတ်ပါဘူး... နောက်ဆုံးမှာ မင်းမသိသေးတဲ့အနံ့ဆိုး ပါသေးတယ်... အဟဲ ... မျက်စိရှန်းသွားတာဖြစ်မယ်.. ဟုတ်ကဲ့.. အားပေးတာကျေးဇူးပါ... ကြိုးစားပါ့မယ်

    မိုးခါး said...

    ကျေးဇူးတင်ကြောင်းလာပြောတာပါ း)

    mgnge said...

    အဟဲကျွန်တော်လည် းကဗျာချစ်တယ်ဗျ
    ဒေါင်းသွားတယ်...
    ဖတ်လိုက်ဦးမယ်ဗျာ

    သီဟသစ် said...

    ကိုကြီးလင်းဦးရေ...

    ကဗျာလေးတွေ လာယူသွားပြီ...

    Thanks.. Good Luck

    ခင်မင်စွာဖြင့်
    သီဟသစ်

    ကိုလူထွေး said...

    အားကျတယ်ဗျာ...

    မအကြောင်း ကဗျာရှည်ကြီး ဖတ်သွားတယ်...

    "မ..." အားကြီး ရက်စက်တယ်... :`(

    တားမြစ် ထားသော... said...

    ဒေါင်းသွားတယ်ဗျ။ နောက်များမှ မှတ်ချက်ပြုပါအုံးမယ်။ း)

    သုခမိန်(E-Journal)

    ရွှန်းမီ said...

    အားပေးသွားပါတယ်..
    အားလုံး Congratulations!

    ဆုငယ်. said...

    ကဗျာစာအုပ်လေးပို့ပေးတာကျေးဇူးပဲနော်၊ အနံဆိုးဆိုတဲ့ကဗျာလေးက မိုက်တယ်။ မိုးဦးလေပြည်လည်းကြိုက်တယ်၊ မ ကဗျာကအရှည်ကြီးပဲ အရမ်းတော်တာပဲ။ ကျန်တဲ့ကဗျာတွေလည်းကြိုက်တယ်။ ခင်မင်လျှက်
    ဆု

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo