နားလည်လိုက်ပါတယ် "မ"

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,
  • မ.......
    အလွမ်းတစ်ခုကို
    ကျမ်းတစ်ခု မဖွဲ့ချင်ကြောင်း
    ကျွန်တော် ပြောဖူးပါတယ်....
    လှမ်းချူပြီးသားလက်တစ်စုံရဲ့အကြောင်း
    ခဏခဏပြောလို့
    ယတိပြတ် ဆုံးဖြတ်ချက်တစ်ခုနဲ့
    ကျွန်တော့်ဘက်အလေးသာခဲ့တယ်ပေါ့...။

    ထားရှိတဲ့ သံယောဇဉ်ကတစ်ဖက်
    မှားမှန်းသိရက်နဲ့ ချစ်ခဲ့တာကတစ်ဖက်
    မ... အရမ်းစိတ်မောခဲ့မှန်း သိပါတယ်..... ။

    အချစ်ဆိုတာကို မြည်းစမ်းရင်း
    မစားသင့်မှန်း သိရက်နဲ့
    စားသုံးခဲ့ကြတယ်....။

    အဆိပ်သင့်တော့ လူးလဲ
    ပလူးပလဲဆန်တဲ့
    မူးပဲလောက်တောင် တန်ဖိုးမရှိဘူးဆိုတဲ့ အထာလေးနဲ့
    ရှင်းတောင် မပြခဲ့ ...
    ဒါနဲဲ့ပဲ ....
    မျှော်လင့်ခြင်းတိမ်တိုက်
    အဝေးလွင့်ပါးခဲ့ရတယ်.... ။

    ကတိတွေကို
    အကြိမ်ကြိမ်ပေး
    တွေဝေမှုတောင် မရှိခဲ့ဘူးဆိုတဲ့.... မ ,
    အခုတော့
    ဘယ်မှော်ကြိုးဝင်လို့
    ကျွန်တော်မျိုးကို အသေသတ်ခဲ့သလဲ....
    အခုတော့ မော်ကြွားစွာနဲ့
    နှစ်ယောက်သား ပျော်ပါးနေရောပေါ့... ။

    အဖြစ်အပျက်က
    မြန်ဆန်လွန်းတယ် ....
    ကျွန်တော် ပြန်လာခဲ့တဲ့လမ်းမှာ
    အလွမ်းတွေကို ပွေ့ပိုက်
    မ, ပေးတဲ့ ပျော်ရွှင်မှုတစ်သိုက်နဲ့
    အိမ်မက်တွေကို ဆက်မက်ခဲ့သူပါ.......
    ကျေးဇူးပြု၍ ပေးထားတဲ့ ကတိသစ္စာတရားကို
    အရည်မကျိုပစ်ဖို့
    ခဏခဏ တောင်းဆိုဖူးပါတယ်....
    ကျွန်တော့်အပေါ် နားလည်မှုအလင်းရောင်လေးတွေ
    အမြဲ စိုးမိုးထားတတ်တဲ့ မ,ကို
    ဘယ်လိုသောအကြောင်းပြချက်နဲ့
    မေ့လို့ ရနိုင်ပါ့မလဲ ။

    တိတ်ဆိတ်မှုကိုဖြိုခွင်း
    လေခွင်းလာတဲ့ မြှားတစ်စင်း
    မထင်မှတ်တဲ့အချိန်မှာကျရောက်
    ရင်ဘတ်ကဟောင်းလောင်း
    ဗလောင်ဆူ ဦးနှောက်တစ်ခုနဲ့
    ကျွန်တော့်အပူကို
    မ, မြင်နိုင်ပါ့မလား...
    လုပ်ရက်လေခြင်းရယ်လို့
    လျှောက်ခဲ့တဲ့လမ်းကို ပြန်ကြည့်
    အသိတရားလက်ကိုင်ထားလို့
    အပူရုပ်ကိုတော့ ဟန်ဆောင်လို့မရခဲ့ပါဘူး။

    ဖြစ်ပျက်သမျှ အကောင်းချည်းပဲရယ်လို့
    တစ်ဖက်ကိုပဲလှည့်ကြည့်
    မျက်စိကိုစုံမှိတ်
    ဘယ်သစ္စာတရားကိုနှလုံးသွင်းလို့
    ခုလို လုပ်ရက်ခဲ့သလဲ ။

    မာနတွေလား...
    သိက္ခာတွေလား...
    အတ္တတွေလား..
    အပြံုး၊အမုန်း၊အရှုံးဓါတ်ခံ
    လက်ကျန်တောင်မထား
    တစ်ဖက်မှာ ဟန်ရေးပြ
    မော်ဖူးခွင့်တောင် မရအောင်
    အသေ သတ်လိုက်တာလား ။

    ပစ္စက္ကအချိန်
    ဒီရင်မှာ ဘာဖြစ်နေမလဲ
    မ, တွေးမိဘူးလား ....
    ထုံးရစ်ဖွဲ့ သံယောဇဉ်မာန်တင်း
    အကျံုးမဝင်ဘူးဆိုတဲ့ သဘောတရားနဲ့
    ဝေဒနာကို အချိန်က ကုစားသွားမယ်တဲ့လား..
    အပိုင်းပိုင်းဖြစ်နေတဲ့ နှလုံးသားကို
    နှစ်ယောက်သား , ရှု့စားသွားပါဦးလား....။

    နားလည်လိုက်ပါတယ် ...မ
    ပျက်လုံးတွေထုတ်ပြီး
    ကျွန်တော့်ကို ဖြတ်ပုန်းခဲ့တာမှ မဟုတ်တာ....
    တစ်သက်လုံးအတွက် ရည်ရွယ်ပြီးမှ
    ချည်ထုံးကို ဖြေပစ်
    ဦးဆုံးလူ သူ့တစ်ယောက်အတွက်
    ပေးဆပ်လိုက်တာ မဟုတ်လား ။

    မိဘလား...
    မေတ္တာလား...
    သစ္စာလား....
    အကြောင်းရင်းခံ မသိပေမယ့်
    အရှုံးလူ ကျွန်တော်အတွက်တော့
    မျက်ရည်မိုးလေး ထစ်ချုန်းခွင့်ပေးတဲ့အတွက်
    ကျေးဇူးပါ , မ .... ။

    အကြောင်းတရားတွေ ဘယ်လိုဖြစ်ဖြစ်
    ချစ်ခဲ့တဲ့ ကာလအတွင်း
    မက်ခွင့်ပေးခဲ့တဲ့ အိမ်မက်တွေအတွက်
    ကျွန်တော် အမှတ်ရနေမှာပါ ။

    "အတူတူပဲ...အရမ်းလွမ်းတာပဲ"
    နောက်ဆုံးချန်ခဲ့တဲ့ မက်ဆေ့စ်အတွက်
    ကျွန်တော် အမြဲမှတ်မိနေမယ့်
    အလွမ်းစာပိုဒ်လေးအဖြစ် ရှိနေမှာပါ ။

    မ, ရယ်....
    ကျွန်တော့်မျက်ဝန်းမှာ
    လေနီကြမ်းတွေတိုက်ခဲ့ပေမယ့်
    မ , စိတ်အချမ်းသာဆုံး လမ်းကိုရွေးခဲ့တာကို
    ဗွေ မယူပါဘူး ......
    ကိုယ့်ဘဝနဲ့ကိုယ်ဖြစ်သွားပြီမို့
    မ , ဆက်လျှောက်မယ့်လမ်းမှာ
    မျှော်လင့်ထားတဲ့ အိမ်မက်တွေ
    ဆက်မက်နိုင်ပါစေ....
    ကျန်ခဲ့သူတစ်ယောက်အတွက်
    မှာတမ်းလေးတောင် မပေးခဲ့တာ
    ကျွန်တော့်ကို မခံစားစေချင်လို့မဟုတ်လား ။

    ပစ်ပယ်မုန်းခဲ့တာ မဟုတ်ဘူးလို့
    ကျွန်တော် ယုံကြည်နေဆဲပါ မ, ရယ် ....
    ဘဝ ဘဝ တွေအတွက်
    ကျွန်တော် နားလည်လိုက်ပါတယ် မ,ရယ်....
    မဖြေဆည်နိုင်တာကလွဲလို့
    ကျွန်တော် နားလည်လိုက်ပါတယ်..........
    ပျော်နေသူ နှစ်ယောက်အတွက်
    ကျွန်တော် နားလည်လိုက်ပါတယ်
    ကျွန်တော် နားလည်လိုက်ပါတယ် မ, ရယ်.......။

    လင်းဦး(စိတ်ပညာ)
    (၂၂.၄.၂၀၀၉၊ နေ့လည် ၃းဝဝ နာရီတွင် ရေးဖွဲ့သည်)

    27 comments:

    ကလေးငယ်လေး said...

    အော်.. မ.. မ.. မ.. :P
    ဦးဦးရေ.. အရမ်းကောင်းတဲ့ကဗျာလေးပါ :)

    Pinkgold said...

    Great poem and reflect the real feeling.

    ကေမောင်ငြိမ်း said...

    ကိုလင်းဦး ပက်ပက် စက်စက် ကောင်းတယ်ဗျာ၊ ခံစားသွာရပြီဗျာ..။ တကယ် ကြွေသွားပြီ ... ။ :D

    သက်ပိုင်သူ said...

    စွန့်ပစ်ခံ နှလုံးသားကဗျာလေးပါလား..... မ ကြောင့် အသည်းတွေ ကြွေကုန်ပြီနဲ့ တူတယ်

    Ðaywalker[Soul] said...

    မ..ကဗျာတွေကိုလည်း ကြိုက်တယ်၊ နောက်...မ..ကိုလည်းကြိုက်တယ်ပေါ့နော်။ ကိုယ်တိုင်တော့ မရေးဘူးသေဘူး။ မ..က အရမ်းရက်စက်တတ်တာကိုး၊ သူ့မကောင်းကြောင်း သိပ်မရေးချင်လို့ မရေးတာ...ဒီကဗျာလေးနဲ့တော့ကိုက်ပါပေ့။

    ကိုရင်ညိန်း said...

    နင့်နေတာပဲ နယ်သားရေ..
    ဘာပြောရမှန်းတောင်မသိတော့ဘူး

    Kyaw Nyo Thway said...

    ငိုချင်အောင်လာမလုပ်နဲ့။

    Phyo Maw said...

    ကျနော့်မှာလဲ မရှိတယ်။
    ဆုတောင်းဖို့ ကြယ်လေးတွေ ကြွေပေးသေးတာပဲ...
    ကိုယ့်လူ မအတွက် နှလုံးသားတွေ
    ချွေပေးလိုက်တာပဲ...
    ပထဦးဆုံး ဒီလောက်ကဗျာရှည်ရှည်ကို နှစ်နှစ်ခြိုက်ခြိုက်ဖတ်ဖူးတယ်။

    eaindraomtt said...

    ခံစားချက်က တိုက်ရိုက်လာတဲ့အခါ
    ကဗျာတွေဟာရေစီးသိပ်ကောင်းတယ်...


    အိန္ဒြာ

    Han Thit Nyeim said...

    မ... ဒီကမာ္ဘကြီးမှာ ကျွန်တော်ကြေကွဲကာ... တစ်ယောက်တည်း လွမ်းနေမှာပါ....

    မသက်ဇင် said...

    ကိုလင်းဦးရေ
    ''မ''
    ကဗျာ ကိုလာဖတ်သွားပါတယ်
    လွမ်းမောစရာ ကဗျာရှည်ပါပဲလေ

    မြစ်ကျိုးအင်း said...

    မျက်ရည်မိုးလေး ထစ်ချုန်းခွင့်ပေးတဲ့အတွက်
    ကျေးဇူးပါ , မ .... ။ တဲ့လားဗျာ
    ခံစားတတ်လွန်းလှတယ် ဒါကြောင့်လည်းကဗျာကောင်း လေးတွေ ထွက်တာနေမှာပါ ။အားပေးပါတယ် ဆက်ရေးပါအုံးဗျာ

    လင်းနေ said...

    ပစ္စက္ကအချိန်
    ဒီရင်မှာ ဘာဖြစ်နေမလဲ
    မ, တွေးမိဘူးလား ....
    ထုံးရစ်ဖွဲ့ သံယောဇဉ်မာန်တင်း
    အကျံုးမဝင်ဘူးဆိုတဲ့ သဘောတရားနဲ့
    ဝေဒနာကို အချိန်က ကုစားသွားမယ်တဲ့လား..
    အပိုင်းပိုင်းဖြစ်နေတဲ့ နှလုံးသားကို
    နှစ်ယောက်သား , ရှု့စားသွားပါဦးလား....။

    လွှွတ်ကောင်းတဲ့ကဗျာပေပဲဗျာ တကယ်ပဲရင်ဘတ်ကိုတိုက်
    ရိုက်ထိတာဗျို့ စကားလုံးအသိမ်းအနှုတ်အဖွဲ့အနွဲ့ အရစ်အနှောင်တွေနဲ့ မအကြောင်းဖွဲ့နွဲ့သွားပုံများ အင်းတိုက်ဆိုင်လိုက်ပါဘိ ကိုလင်းဦးရေ

    သဇင်ဏီ said...

    ခံစားချက်တွေထင်တယ်...
    ကဗျာလေးကောင်းတယ်အကို...
    အားလုံးအဆင်ပြေပါစေ...

    မိုးခါး said...

    ရေးထားတာလေးကြိုက်လိုက်တာ
    ခံစားချက်တွေလားဟင်

    may16 said...

    ခံစားချက်တွေ အရမ်းကောင်းတယ် ကိုလင်းဦး

    My Diary said...

    အရမ်းခံစားလို့ထိမိပါတယ်။
    အခုလို ရင်းတွင်းဖြစ်လေးတွေကို ဖက်ချင်တာပါ
    အရမ်းကောင်းပါတယ်။

    sumon said...

    မတတ်သာလို့ ခပ်ခွာခွာနေလိုက်ရတာဖြစ်မှာပါ ကိုလင်း ဦးရယ်.. မ မှာ လည်းခံစားရတတ်တဲ့ အသည်းနှလုံးရှိမှာပါ

    mgngal said...

    ဘာပြောရမလဲ မသိတော့အောင်ပဲ ။ း(

    pandora said...

    ဒါ.. ရင်တွင်းဖြစ် စစ်စစ်ပဲ

    Ko ZERO said...

    Nice love poem!

    mgnge said...

    ခံစားရတယ်ဗျာ...။
    ကဗျာလေး ဖတ်ရင်းနဲ ့ တစ်မျိုးကြီးဖြစ်သွားတယ်..။

    နားလည်တတ်ရန်ကော လို ့လည်း ခံစားမိတယ်..။

    ချစ်တတ်လိုက်တာလို ့လည်း ထင်မိတယ်..။
    ကဗျာလေးအရမ်းကြိုက်တယ်အကိုရာ.။

    ပျော်ရွှင်အဆင်ပြေ ပါစေ..။

    Upasaka said...

    ကို လင်း ဦးရေ .. ကြွေအောင် ရေးတတ်တယ် ဗျာ

    ရဲဝင့်သူ said...

    ကောင်းသဗျာ။ မြင်နေရတယ်အားလုံုးမြင်နေရတယ်အကိုုရ။


    လေးစားစွာဖြင့်
    ရဲဝင့်သူ

    ကြည်ဖြူပိုင် said...

    ကိုလင်းဦးရေ....တကယ့်ခံစားချက်ပဲလား။ ဒါမှမဟုတ်အနော့လိုပဲ အငှားခံစားချက်တွေနဲ့ရေးသလားတော့မသိ။ တပုဒ်လုံးကိုကောင်းလွန်းတယ်။ အကြိုက်ဆုံးစာသားလေးတွေကတော့
    “အကြောင်းတရားတွေ ဘယ်လိုဖြစ်ဖြစ်
    ချစ်ခဲ့တဲ့ကာလအတွင်း
    မက်ခွင့်ပေးခဲ့တဲ့အိပ်မက်တွေ အတွက်
    ကျွန်တော်အမှတ်ရနေမှာပါ” ရယ်
    “ပစ်ပယ်မုန်းခဲ့တာ မဟုတ်ဘူးလို့
    ကျွန်တော်ယုံကြည်နေဆဲပါ
    ဘဝဘဝတွေအတွက်
    ကျွန်တော်နားလည်လိုက်ပါတယ်
    မဖြေဆည်နိုင်တာကလွဲလို့
    ကျွန်တော်နားလည်လိုက်ပါတယ်
    ပျော်နေသူ ၂ ယောက်အတွက်
    ကျွန်တော်နားလည်လို်က်ပါတယ်”

    ကောင်းပါ၏ ကောင်းပါ၏

    ကံကောင်းသူ said...

    ခံစားရတဲ့ကဗျာတစ်ပုဒ်ပါ
    ကြိုက်ပါတယ်

    ကိုလူထွေး said...

    ဩ... ဒီကဗျာလား..

    ကျွန်တော်က စာအုပ်ကို ဒေါင်းလုပ်ပြီးမှ ဖတ်ခဲ့တာဗျ...

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo