မြန်မာအမျိုးသမီး အသတ်ခံရမှုနှင့်ပတ်သက်၍ အိန္ဒိယလူမျိုးမှ ၀န်ခံပြောကြားခြင်း

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,
  • ရဲမှ ပြောကြားရာတွင် ဆက်သွယ်ရေး မြေအောက်တွင်းထဲတွင် အမျိုးသမီးအား ပစ်ထားခဲ့ခြင်းမှာ ချစ်သူများနေ့တွင် အချင်းများကြရာမှ အသတ်ခံရခြင်းဖြစ်သည်ဟု ဆိုပါသည်။ ရဲအရာရှိတစ်ဦးမှ ပြောကြားရာ၌ ယခုကိစ္စတွင် အဓိက သင်္ကာမကင်းဖြစ်ခံရသူမှ ၎င်းတို့နှစ်ဦး စကားများပြီးနောက် သူမကို လည်ပင်းညှစ်သတ်ခဲ့ သည်ဟု ၀န်ခံခဲ့ကြောင်း ပြောဆိုပါသည်။

    ယခုအမှု၏ အဓိကတရားခံဖြစ်သူ အိန္ဒိယလူမျိုးအား ဒူဘိုင်းပြည်သူ့ဥပဒေအရ တရားစွဲဆိုမည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၂၂ရက်နေ့တွင် Dubai မြို့၏ Al Nahda နယ်မြေတွင် မြန်မာအမျိုးသမီး သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပါသည်။ အိနိ္ဒယလူမျိုးမှ ၀န်ခံပြောဆိုရာမှာ- မြန်မာအမျိုးသမီးကို ချစ်သူများနေ့တွင် Mamzar ကမ်းခြေသို့ ခေါ်သွားခဲ့ကြောင်း၊ ၎င်းကမ်းခြေတွင် နှစ်ဦးသား ချစ်စရာကောင်းသော ညနေခင်းကို မိမိတို့ကုန်ဆုံးခဲ့ပြီး၊ သူမအား လက်ကိုင်အိတ်တစ်အိတ် လက်ဆောင်ပေးခဲ့ကြောင်း၊ ထို့နောက် သူမနှင့်အတူ အငှားကားဖြင့် Al Nahda သို့ ပြန်လာခဲ့ပါကြောင်း၊ ထို့နောက် သူမ၏ အိမ်သို့ လမ်းလျှောက်ပြန်ကြစဉ် သူမမှ အတူတူနေကြရန် တောင်းဆိုခဲ့ရာ မိမိမှ ငြင်းဆိုခဲ့ပြီး သူငယ်ချင်းအဖြစ်နှင့်သာ ဆက်လက် နေထိုင်သွားလို ကြောင်း ၊ အကြောင်းမှာ သူမ၏ နိုင်ငံတွင် ယောကျ်ားနှင့် ကလေးတစ်ယောက်ရှိသည့်အတွက်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် အိန္ဒိယ အမျိုးသမီးကိုသာ လက်ထပ်လိုကြောင်းပြောရာ တစ်ဦးနှင့်တစ်ဦး အချင်းများခဲ့ပါကြောင်း၊ မိမိအား သူမမှ လိမ်လည်လှည့်ဖျားသူ လူမိုက်ဟု ပြောဆိုခဲ့ပါကြောင်း၊ ထို့နောက် ၎င်းအနေဖြင့် ဒေါသထွက်လာပြီးနောက် သူမကို ပေးထားသည့်ငွေများကို ပြန်ပေးရန် တောင်းဆိုခဲ့ပါကြောင်း၊ ထို့နောက် အကြီးအကျယ် စကားများကြပြီး သူမကို လည်ပင်းညှစ်သတ်ခဲ့ပြီး ဆက်သွယ်ရေးကြိုးများ ပြုပြင်ရာ မြေအောက်တွင်းပေါက်သို့ ပစ်ချခဲ့ပါကြောင်း ၀န်ခံပြောဆိုပါသည်။

    သူမ၏ အပေါင်းအသင်းများမှ သူမပျောက်ဆုံးနေသည်မှာ ငါးရက်ခန့်ရှိပြီဟု ရဲဌာနသို့ သတင်းပေးပို့ခဲ့ပြီး သူမ၏ ခန္ဓာကိုယ်ကို ဆောက်လုပ်ရေးအလုပ်သမား တစ်ဦးမှ တွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။ ထိုမြန်မာအမျိုးသမီးမှာ အာရပ်စော်ဘွားများ လေကြောင်းလိုင်းတွင် အလုပ်လုပ်ရန်အတွက် Dubai မြို့သို့ ၂၀၀၈ခုနှစ်၊ စက်တင်ဘာလ ကတည်းက ရောက်ရှိနေခြင်း ဖြစ်ပါသည်။

    လင်းဦး(စိတ်ပညာ)

    Source: 7 DAYS Paper
    thanks: Zox

    သတင်းများကို ရေးသားရာတွင် Bloomberg, NewYorkTimes, CNN, BBC , ABC news စသော သတင်းဌာနများမှ သတင်းများကို အားလုံးပေါင်းစပ်ကာ ဘာသာပြန်၍ အကောင်းဆုံးဖြစ်အောင် ပြန်လည်ရေးသားထားခြင်း ဖြစ်ပါသည် .......အတတ်နိုင်ဆုံး သတင်းများကို Update ဖြစ်အောင် ရေးနေပါသည်... သို့သော် သတင်းများသည် အချိန်နှင့် Source ယူရာ သတင်းဌာနများပေါ်တွင် မူတည်နေပါ၍ အမှားအယွင်းများ ပါခဲ့လျှင် ခွင့်လွှတ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်.....

    20 comments:

    နှင်းဆီနက် said...

    ယောကျာ်းတွေများမကောင်းဘူးနော် ကိုယ့်ချစ်သူကိုတောင်သတ်တယ်တဲ့ ဒါဆိုဘာလို့ချစ်သေးလဲ

    နှင်းဆီနက် said...

    ချစ်သူများနေ့မှာဖြစ်တာဆိုတော့ စိတ်မကောင်းဘူး တခြားချစ်သူတွေပျော်ရွှင်ချိန်မှာ မိန်းကလေးကအဖြစ်ဆိုးလို့ တစ်ဦးနှင့်တစ်ဦးညှိနှိုင်းယူရမှာကို ဒေါသနဲ့သတ်တဲ့အထိဆိုတော့ နှစ်ဦးလုံးအတွက် အဖြစ်ကလဲဆိုးပါတယ်

    poemflower said...

    ဖတ်သွားပါတယ် ကိုလင်းဦး..

    နှင်းပွင့်ဖြူလေး said...

    မိန်းကလေးရော.. ယောကျားလေးရော ၂ ယောက်လုံး မကောငး်ဘူးး

    ခိုင်စိုးလင်း said...

    သိပ်တော့မဖြစ်နိုင်ဘူးနော် ကုလားက ငြင်းမရတော့တဲ့ အဆုံးသတ်တယ်ဝန်ခံတာဟုတ်ရင် ဟုတ်မယ်ဆိုပေမဲ့ သူပြောတဲ့ ဇတ်လမ်းမျိုးတော့မဖြစ်နိုင်ဘူး ။ အဲဒါကြောင့်သတ်ရတယ်ဆို အဝတ်အစားတွေက ဘာလို့ကျွတ်နေသလဲ

    ဘာတွေတုန်း said...

    ဟုတ်ပါတယ် မခိုင်စိုးလင်းထောက်ပြတဲ့ အချက်က စဉ်းစားစရာပဲ။

    Mhaw Sayar said...

    အတိအကျပဲ. နှစ်ယောက် စကားများလို့ လက်လွန်သွားတယ်ဆိုရင် ဘာကိစ္စ အဝတ်အစားတွေက မရှိဖြစ်နေရတာတုန်း။ ရေထဲ ကျွတ်ပါသွားလောက်အောင် ရေစီးသန်နေရင်လည်း လူပါပါသွားရောပါ့။

    မခိုင်လုံတဲ့ Alibi ပဲ.။ ကုလားကတော့ တောပြောတောင်ပြော ပြောနေပြီ။

    မိုးခါး said...

    ဟင်းးးး .. စိတ်မောပါတယ်နော် .......

    Myo Naing said...

    I'm very sad about this ..so many myanmar are troubled in every countries bcoz of our gov is selfish that's why our citizen r struggling for their live.......

    မသက်ဇင် said...

    ကိုလင်းဦးရယ်---
    လူသားတွေအတွက်--လုံခြံုမှုဆိုတာ
    ဘယ်မှာများရှိနိုင်အုံးတော့မှာလဲ--
    ကြေကွဲသွားရပါတယ်---

    BLACK DREAM said...

    ဘာပြောရမှန်းတောင် မသိဘူး..။ ဘာမှမပြောတာပဲ ကောင်းမယ်ထင်တယ်..။ :(

    ဖြိုးဝေတိုး said...

    လာဖတ်သွားပါတယ်ဗျာ
    လူသားတွေရဲ့ရန်ကြွေးတွေ၊ သတ်ဖြတ်မှုတွေက တနေ့နေ့
    ပိုပိုဆိုးလာတယ်.......

    ကေမောင်ငြိမ်း said...

    စဉ်းစားလေ စဉ်းစားလေ ပိုပြီး အကုသိုလ်များ... များလာတယ်၊ စိတ်ပျက် ဘို့သိပ်ကောင်းတယ်၊ အပေါ်က မခိုင်စိုးလင်း ပြောတာကို တွေးကြည့်ရင် လည်း ပိုပြီး ဒီကိစ္စက စိတ်ဝင်စား စရာကောင်းလာတယ်၊ အိနိ္ဒယ အမျိုးသားရဲ့ ပြောတာတွေကို သိပ်လက်ခံချင် စရာ မကောင်းဘူး၊

    minnyo said...

    မုဒိမ်းကျင့်လူသတ်မှက အချင်းများလူသတ်မှုထက် အပြစ်ပိုကြီးမယ်ထင်တယ်...အမျိုးသမီးအတွက်ဖြေတွေးစရာတစ်ကွက်ပေါ့ဗျာ

    Layma said...

    ကိုလင်းဦးရေ..
    လေးမ မစိမ်းကားပါဘူး.. ရောက်ဖြစ်ပါတယ်..
    ခြေရာမချန်ဖြစ်တာပါ..
    ဟစ်ဟော့တုန်းက အသံတွေ နားထောင်သွားသလို။
    ဒူဘိုင်းမှာ အလောင်းတွေ ့တုန်းကလည်း သိလိုက်ပါတယ်..
    အခုတရားခံပေါ်သွားပြီဆိုတော့ လည်း ၀မ်းသာရပြန်ရော...။ ဆွေးနွေးသွားတဲ့ မှတ်ချက်တွေအရ.. လည်း စိတ်ဝင်စားမိစရာတွေပါပဲ...။
    ဒီပို ့စ်နဲ ့ မဆိုင်တာတွေ ရေးမိပြီ...။
    ဒီ ပို ့စ်အတွက်ရေးမယ့် မှတ်ချက်က.. ဒီမှာ....

    ဘာလို အကြောင်းကြောင့်ပဲ သေသေ...
    သေတဲ့ သူကတော့ သေခဲ့ပြီ... ဥပဒေက ရုပ်ရှင်ထဲက ရဲလိုပဲ.. နောက်မှ လာတယ်... သေတာက အရင်လာတယ်...။
    နောက်ထပ် မြန်မာ အမျိုးသမီးတွေ ဒီိလို ထပ် မဖြစ်ရအောင် မြန်မာ အမျိုးသမီးတွေ ကိုယ်တိုင် သတိကြီးကြီး ထားမှ ဖြစ်မယ်...။

    Layma said...

    ကိုလင်းဦးရေ..
    လေးမ မစိမ်းကားပါဘူး.. ရောက်ဖြစ်ပါတယ်..
    ခြေရာမချန်ဖြစ်တာပါ..
    ဟစ်ဟော့တုန်းက အသံတွေ နားထောင်သွားသလို။
    ဒူဘိုင်းမှာ အလောင်းတွေ ့တုန်းကလည်း သိလိုက်ပါတယ်..
    အခုတရညးခံပေါ်သွားပြီဆိုတော့ လည်း ၀မ်းသာရပြန်ရော...။ ဆွေးနွေးသွားတဲ့ မှတ်ချက်တွေအရ.. လည်း စိတ်ဝင်စားမိစရာတွေပါပဲ...။
    ဒီပို ့စ်နဲ ့ မဆိုင်တာတွေ ရေးမိပြီ...။
    ဒီ ပို ့စ်အတွက်ရေးမယ့် မှတ်ချက်က.. ဒီမှာ....

    ဘာလို အကြောင်းကြောင့်ပဲ သေသေ...
    သေတဲ့ သူကတော့ သေခဲ့ပြီ... ဥပဒေက ရုပ်ရှင်ထဲက ရဲလိုပဲ.. နောက်မှ လာတယ်... သေတာက အရင်လာတယ်...။
    နောက်ထပ် မြန်မာ အမျိုးသမီးတွေ ဒီိလို ထပ် မဖြစ်ရအောင် မြန်မာ အမျိုးသမီးတွေ ကိုယ်တိုင် သတိကြီးကြီး ထားမှ ဖြစ်မယ်...။

    ဖိုးဂျယ် said...

    အကိုရေ စိတ်မကောင်းစရာပဲ
    အရှေ့က အကို အမတွေပြောသလိို အကြောင်းပြက
    မခိုင်လုံဘူးနော်

    မဆုမွန် said...

    ဖြစ်ရတယ် သူ့ကို အတူတူနေပါပြောလို့ပဲ သူကသူငယ်ချင်းအဖြစ်ဆက်နေမယ် အိနိယအမျိုးသမီးပဲ ယူမယ်ပြောလိုက်တယ်တဲ့ ယုံချင်စရာကြီးကွယ် အော် ကုလားရယ် ပြောရင်း ဒေါသထွက်လာပြီ သူပေးထားတဲ့ငွေပြန်တောင်းတော့ စကားများပြီး သတ်ပစ်သတဲ့ ဒုက္ခ...ငါနော် ဒေါသထွက်လာတယ် ဖတ်ရင်းနဲ့..ဒီအိနိယကောင်တွေ ဝေးဝေးက ရှောင်ကြစမ်းပါကွယ်

    MYO HAN HTUN said...

    Bad news. Myanmar Girls should think twice before loving foreigners .. may be even Myanmars.

    Mya said...

    လက်မခံနိုင်စရာအကြောင်းပြချက်ပါ။ဒါပေမဲ့သူများနိုင်ငံ
    မှာဆိုတော့ဘာများတတ်နိုင်မလဲ။မြန်မာအမျိုးသမီးတွေ
    အတွက်သင်ခန်းစာပေါ့လေ။

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo