တိုကျိုလေဆိပ်တွင် အမေရိကန်ကုန်တင်လေယာဉ်ပျက်ကျခြင်း

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,

  • လေဆိပ်နှင့်ဆေးရုံများ၏ တာဝန်ခံအရာရှိများ ပြောကြားချက်အရ၊ အမေရိကန်ကုန်တင်လေယာဉ် FedEx သည် တိုကျိုမြို့၏ နာရီတာလေဆိပ်သို့ ဆင်းသက်စဉ် လေယာဉ်မှာ မီးလောင်ပေါက်ကွဲသွားပြီး လေယာဉ်မှူးတို့ သေဆုံးသွားကြောင်း ပြောကြားကြပါသည်။

    နာရီတာလေဆိပ်ကြက်ခြေနီဆေးရုံ၏ တာဝန်ခံအရာရှိမှ ပြောကြားရာ၌ လေယာဉ်အမှုထမ်း (၂)ဦးလုံးသည် အမေရိကန်နိုင်ငံသားများဖြစ်သည်ဟု ဆိုပါသည်။

    ဗီဒီယိုဖြင့် လေယာဉ်ဆင်းသက်မှုကို ပြသရာ၌ လေယာဉ်မှာ လေယာဉ်ပြေးလမ်းဖြင့် (၂)ကြိမ်ဆောင့်မိပီး မီးလောင်မပေါက်ကွဲခင် လေယာဉ်မှာ ဘယ်ဘက်သို့ တိမ်းစောင်းသွားပါသည်။ လေယာဉ်မှာ ကုန်တင်လေယာဉ်အမျိုးအစား Mc Donnell Douglas MD-11 ဖြစ်ပြီး FedEx ပိုင် ဖြစ်ပါသည်။

    လေဆိပ်အရာရှိ Mr. Masaru Fujisaki မှ ပြောကြားရာ၌ ယခုလေယာဉ်ပျက်ကျခြင်းမှာ လေပြင်း တိုက်ခတ်မှုကြောင့်ဖြစ်သည်ဟု ဆိုပါသည်။


    FedEx ပြောရေးဆိုခွင့်ရှိသူ Mr. Matt Ceniceros က FedEx Express Flight 80 သည် တရုတ်ပြည် ဂွမ်ကျိုမြို့ Guangzhou မှ ထွက်ခွာပြီး ဂျပန်အပြည်ပြည်ဆိုင်ရာလေဆိပ် နာရီတာသို့ တနင်္လာနေ့ နံနက် ၆နာရီအဆင်းတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။

    လေဆိပ်ရှိ လေ့လာချက်များအရ လေတိုက်နှုန်းမှာ လေယာဉ်ပျက်ကျစဉ်အတွင်း တစ်နာရီ မိုင်၃၀မှ မိုင်၅၀အတွင်း ရှိသည်ဟု သတင်းပို့ချက်များအရ သိရပါသည်။

    ဂျပန်တိုကျို သတင်းဌာနမှ ပြောကြားရာ၌ မီးသတ်သမားများသည် လေယာဉ်အမှုထမ်းဖြစ်သူ (၂)ဦးကို ကယ်တင်နိုင်ရန် မီးလောင်ပျက်စီးနေသည့်အကြားမှ ကြိုးပမ်းခဲ့ကြသည်ဟု ဆိုပါသည်။အဆိုပါသတင်းဌာနမှ ဆက်လက်ပြောကြားရာ၌ ဂျပန်နိုင်ငံ၏ အဓိက အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖြစ်သော နာရီတာလေဆိပ်၏ အရှည်ဆုံးလေယာဉ်ပြေးလမ်း(၂)ခုအနက် လေယာဉ်ပြေးလမ်း A တွင် အဆိုပါ ကုန်တင်လေယာဉ်မှာ ဆင်းသက်ခဲ့သည်ဟု ဆိုပါသည်။
    လင်းဦး(စိတ်ပညာ)

    Sources - CNN,AFP
    သတင်းများကို ရေးသားရာတွင် Bloomberg, NewYorkTimes, CNN, BBC , ABC news စသော သတင်းဌာနများမှ သတင်းများကို အားလုံးပေါင်းစပ်ကာ ဘာသာပြန်၍ အကောင်းဆုံးဖြစ်အောင် ပြန်လည်ရေးသားထားခြင်း ဖြစ်ပါသည် .......အတတ်နိုင်ဆုံး သတင်းများကို Update ဖြစ်အောင် ရေးနေပါသည်... သို့သော် သတင်းများသည် အချိန်နှင့် Source ယူရာ သတင်းဌာနများပေါ်တွင် မူတည်နေပါ၍ အမှားအယွင်းများ ပါခဲ့လျှင် ခွင့်လွှတ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်.....

    5 comments:

    Phyo Maw said...

    ဆိုးပါ့
    မီးလောင်ရာ ၂ယောက်မလွတ် ဖြစ်သွားပါလား။

    နှင်းဆီနက် said...

    "လေပြင်းက မိုင်၃၀နဲ့၅၀အတွင်းတောင် လေယာဉ်မခံနိုင်ဘူးနော် လေယာဉ်မှူး၂ယောက်လဲတော်တော်ကြိုးစားခဲ့ရှာမှာပဲ အမြင့်ကနေအောက်ကိုဆင်းကာမှသေဆုံးသွားရရှာတယ် "

    မသက်ဇင် said...

    အမေရိကန်လေယာဉ်တွေလည်းကပ်ဆိုက်နေတယ်--
    ခဏခဏပျက်ကျနေတယ်--ရေပြင်နီးလို့ လေယာဉ်
    မှူးက ရေပြင်ထဲထိုးဆင်းပြီး ခရီးသည်တွေ တရာကျော်
    တယောက်မှ မသေပဲအသက်ရှင်ခဲ့တာတော့ စိတ်ချမ်းသာရပါတယ်---

    မိုးခါး said...

    ဖြစ်ချိန်တန်ရင် ရှောင်လို့မရဘူးနော်

    စိုးဇေယျထွန်း said...

    when?

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo