အင်တာနက်ပေါ်မှ ၁၅လောင်းပြိုင်လူူသတ်မှုနှင့် ခြိမ်းခြောက်မှုများ

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,

  • ဂျာမနီနိုင်ငံတွင် အသက်(၁၇)နှစ်အရွယ် Tim Kretschmer သည် အင်တာနက်ပေါ်တွင် "လူတွေအားလုံးဟာ ငါ့ကို လှောင်ပြောင်းရယ်မောနေကြတယ်၊ ငါ့ရဲ့အစွမ်းအစကို မသိသေးကြသေးဘူး၊ အခု ငါ့ဆီမှာ လက်နက် ရှိနေပြီ၊ နက်ဖြန် မနက်ကျရင် Winnenden မှာရှိတဲ့ ငါတက်ခဲ့တဲ့ကျောင်းကိုသွားမယ်၊ သွေးစွန်းစေရမယ်" ဟု ရေးသားတင်ပို့ခဲ့သည်။

    Tim Kretschmer သည် တိုက်ခိုက်ရေး ယူနီဖောင်းအနက်ကိုဝတ်စုံကိုဝတ်ပြီးနောက် သူ့အဖေ၏ အိပ်ခန်းထဲရှိ သေနတ်ကိုယူခဲ့ခြင်းဖြစ်သည်။ ပထမဆုံး ကျောင်းသူ(၈)ဦး၊ ကျောင်းသား(၁)ဦးကို ပစ်သတ်ပြီးနောက်၊ ဆရာမ (၃)ဦးအား ပစ်သတ်ခဲ့သည်။ ထို့နောက် စိတ်ရောဂါကုဆေးခန်းမှ ထွက်လာသော လူတစ်ယောက်အား ပစ်သတ်ပြန်သည်။ ၎င်းနောက် ကားတစ်စီးအတွင်းရှိ လူနှစ်ယောက်အား ပစ်သတ်သည်။ လူ(၁၅)ဦးအား ပစ်သတ်ပြီးနောက် ၊ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့သည်။

    ၎င်းအဖြစ်အပျက်မျိုး ဥရောပတွင် (၄)ကြိမ်မြောက်ဖြစ်ပေါ်ခြင်းဖြစ်သည်။ ပြင်သစ်တွင် လူငယ်တစ်ဦးသည် "ငါ့မှာသေနတ်ရှိတယ်၊ ဘယ်သူ့ကိုမဆို ပစ်သတ်မယ်"ဟု အင်တာနက်တွင် တင်ခဲ့သည်။ ထို့နောက် ရဲမှ ၎င်းလူငယ်အား ဖမ်းဆီးခဲ့ပြီး ဒဏ်ကြေးနှင့် ထောင်ဒဏ်(၃)နှစ် ပစ်ဒဏ်ကျခံစေသည်။ ထိုလူငယ်မှ မိမိအနေဖြင့် အင်တာနက်တွင် အပြောင်အပျက်သဘောမျိုးဖြင့် ရေးသားခဲ့ခြင်းသာဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ ထို့အတူ နယ်သာလန်နိုင်ငံတွင် အသက်(၁၈)နှစ်အရွယ် လူငယ်တစ်ဦးသည် "ငါ့မှာသေနတ်ရှိတယ်၊ ကျောင်းမှာ သွေးစွန်းစေရမယ်"ဟု အင်တာနက်တွင် တင်ခဲ့၍ ရဲမှ IP Adress ကြည့်ကာ ဖမ်းဆီးခဲ့သည်။ အလားတူ ဆွိဒင်နိုင်ငံတွင်လည်း အသက်(၁၇)နှစ်အရွယ် လူငယ်တစ်ဦးသည် သေနတ်ကိုင်၍ ရိုက်ထားသော သူ၏ပုံနှင့်အတူ "ကျောင်းတွင် သွေးစွန်းစေရမယ်" ဟု အင်တာနက်ပေါ်တွင် တင်သဖြင့် ရဲမှ ဖမ်းဆီးခဲ့ရသည်။

    လင်းဦး(စိတ်ပညာ)



    သတင်းများကို ရေးသားရာတွင် Bloomberg, NewYorkTimes, CNN, BBC , ABC news စသော သတင်းဌာနများမှ သတင်းများကို အားလုံးပေါင်းစပ်ကာ ဘာသာပြန်၍ အကောင်းဆုံးဖြစ်အောင် ပြန်လည်ရေးသားထားခြင်း ဖြစ်ပါသည် .......အတတ်နိုင်ဆုံး သတင်းများကို Update ဖြစ်အောင် ရေးနေပါသည်... သို့သော် သတင်းများသည် အချိန်နှင့် Source ယူရာ သတင်းဌာနများပေါ်တွင် မူတည်နေပါ၍ အမှားအယွင်းများ ပါခဲ့လျှင် ခွင့်လွှတ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်.....

    12 comments:

    နှင်းဆီနက် said...

    ကြောက်စရာပါလား လက်နတ်ရှိတော့လဲလူသတ်ရတာလွယ်တာပေါ့ လူ့အသက်ကိုကြက်ကလေး၊ ငှက်ကလေးလိုပဲနော် သတ်နိုင်တယ် အဲ့လိုလက်နတ်တခုလောက်တော့လိုချင်သား လူတယောက်ကိုသတ်ချင်လို့ :P

    လင်းဦး(စိတ်ပညာ) said...

    ဘုရား.. ဘုရား.. စိတ်ကလည်းကြီးပါ့နော်... သတ်မယ်ဆိုတာချည်းပါပဲလား...

    ကေမောင်ငြိမ်း said...

    မလွယ်ပါလားဗျာ...ထစ်ကနဲ့ဆို၊ အင်း...ဒုက္ခ...ဒုက္ခ ဗျို့

    Phyo Maw said...

    သေ + နတ် = သေစေတဲ့ နတ်။
    ဟင်း... ကြားရတာ နားမချမ်းသာ။
    ဖွေဖွေရှာရှာ တင်ပေးတဲ့ ကိုလင်းဦးပဲ ကောင်းတယ် ပုံမှန်အတိုင်းဆို ဘာသာပြန်သတင်းက ဖတ်ရခဲလို့ :D

    မသက်ဇင် said...

    ကိုလင်းဦးရေ---
    လက်နက်တွေ-လွတ်လွတ်လပ်လပ် ရောင်းနေသမျှ--
    ဖြစ်နေမှာပါပဲ--

    မိုးခါး said...

    ဒီလိုဆိုတော့လည်း အဲဒီမှာလူသွားမဖြစ်တာ ကျေးဇူးတင်ရမယ် ..

    စိုင်းခမ်းထွန်း said...

    ကိုလင်းဦးရော ဘာတွေများ ကြော်ငြာမလဲဗျ ဘလော့ဂ်မှာ ...

    Moe Cho Thinn said...

    ရုပ်ကလေးက မထင်ရဘူးနော်။ လူ၁၅ယောက်တောင် သတ်တာဆိုပဲ။ ဘယ်လို နာကြည်း ပေါက်ကွဲမှုတွေနဲ့ ပါလိမ့်။ စိတ္တဇရူးတွေကြောင့် အပြစ်မဲ့သူတွေ သေပေါင်း များပါပြီလေ။

    My Diary said...

    ညီမလေးလည်း အဲလို ကျော်ကြားချင်တယ်

    GreenGirl said...

    ၁၅ယောက်တောင် ဘာအငြိုးနဲ့များ သတ်တာလဲမသိဘူးနော်

    Mary said...

    အမေရိကား နိုင်ငံတွင် ကျောင်းထဲဝင်ပြီး သေနတ်နဲ ့ပစ်သတ်မှု တချို ့အား ကမ္ဘာအနှံ ့ ရှိဆက်ကျော်သက်ရွယ်တချို ့ကအတုယူလေးစား အားကျ သဖြင့် လိုက်လုပ်ခြင်း ဖြစ်သည် ဟု စိတ်ပိုင်းဆိုင်ရာ လေ ့လာသူတချို ့က သုံးသပ်ကြသည်။

    လွန်ခဲ ့သည် ့ ဇန်နဝါရီလက ဩစတြီးယား နိုင်ငံတွင် နေ ့ကလေးထိန်းကျောင်းသို ့ဝင်ရောက်ပြီး ၉လသားအရွယ်ကလေးအားဓားနဲ ့ထိုးသတ်ပြီး ကျန်တဲ ့ကလေးငယ် များကိုလည်း ဓားနဲ ့ထိုးပါတယ်။

    ၉လအရွယ် ကလေးတဦး ၁နှစ်အရွယ် ၁ဦးနဲ ့ကလေးကိုကာကွယ်တဲ ့ကလေးထိန်းဆရာမ တဦး ပွဲခြင်းပြီး သေဆုံးသွားတယ်။

    ကလေး ၁၃ဦးလားမသိဘူးမမှတ်မိတော့ဘူး ဒဏ်ရာရတယ်..

    ဓားနဲ ့ဝင်ရောက်ထိုးသူ အသက် ၂၀ကျော် က မျက်နှာတွင် ဂျိုကာပုံဆေးပန်းချီ ခြယ်ထားပြီး နေ ့ကလေးထိန်းကျောင်းထဲသို ့ဝင်ကာ ကလေးများအား ဓားနဲ ့အကုန်လိုက်ထိုးခြင်းဖြစ်သည်။

    စိုးဇေယျထွန်း said...

    when?

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo