အလွမ်းရဲ့ လောင်မီးကျဒဏ်ရာ

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,
  • နိဒါန်းတစ်ပုဒ်ရဲ့ အစက
    နတ်သမီးရဲ့ ပန်းပွင့်ခြွေသံလို
    နူးညံ့ပျော့ပျောင်းခြင်းနဲ့ အရာအားလုံးဟာ
    လှပနေပါတယ်.....

    နီထွေးတဲ့ ချစ်သူရဲ့
    နှုတ်ခမ်းအဖွင့်အပိတ်ကို မြင်ခွင့်ရလို့
    အညတရဂျစ်ပစီတစ်ယောက်ရဲ့ ရင်ဘတ်ထဲ
    သီးသန့်ကမ္ဘာတစ်ခုက အိပ်မက်တွေ
    တဝုန်းဝုန်းပြိုကျမယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ...

    လွမ်းတယ်ပြောလို့
    ကွပ်မျက်ခံရတဲ့ ရာဇဝတ်သားရဲ့
    အသက်ဝိဉာဉ်ဟာ သေဆုံးသွားပေမယ့်
    လွတ်မြောက်ပျံသန်းသွားတဲ့ သူ့ရဲ့သမိုင်းဟာ
    ကောင်းကင်ထက်က ငုံ့ကြည့်နေမှာ.....

    အလွမ်းနဲ့
    လောင်မြိုက်နေတဲ့ ငါ့ချစ်ခြင်းကို
    မင်းအမှတ်တမဲ့ သတိရကြည့်စမ်းပါ...
    မင်းဟာ
    "ငါ့အနာဂတ်ရဲ့ ဘောင်ချာဖြတ်ပိုင်းတစ်ခု"
    ဆုံးဖြတ်ချက်ချပြီးကတည်းက
    လုံးလုံးမှားလည်း ငါဂရုမစိုက်ပါဘူး....
    ဒုက္ခတရားက ချိုမြိန်ခြင်းလို့ ကြားမိကတည်းက
    ခံစားမှုဝိုင်တစ်ခွက်နဲ့ ညစာစားပွဲက
    စောင့်ကြိုချင်တယ်ဆိုရင် ယုံပါ့မလား...
    အသေအချာ ပြင်ဆင်ထားတဲ့
    မရေရာတဲ့ အနာဂတ်တစ်ခုရှိတယ်လို့ပြောရင်
    မင်း ရီမှာပေါ့.........

    ဖွဲ့တည်ရာ ခံစားချက်
    ဟောဒီ ရင်ဘတ်ထဲက စကားလုံးတွေနဲ့
    ၀မ်းပြုနေသူတစ်ဦးကို
    မင်း ဘယ်လိုခံစားချက်နဲ့ လက်တွဲနိုင်ပါ့မလဲ...

    သောက အပြင်းစားတွေ
    ရင်ထဲက မှုတ်ထုတ်လိုက်တော့
    လူတွေက သက်ပြင်းလို့ အမည်တပ်မယ်
    ငါကတော့
    အလွမ်းရဲ့ လောင်မီးကျနေတဲ့ ဒဏ်ရာလို့
    သတ်မှတ်ထားခဲ့ပါပြီ.....

    လင်းဦး(စိတ်ပညာ)
    (Blogတွင် ၅၁ပုဒ်မြောက် ကဗျာ)

    16 comments:

    သဇင်ဏီ said...

    ကဗျာလေးကောင်းတယ်ကိုလင်းဦးရေ..
    ဖတ်သွားပါတယ်...

    နှင်းဆီနက် said...

    ဆန္ဒနဲ့ဘဝတစ်ထပ်တည်းကျနိုင်ပါစေ.....

    ခိုင်စိုးလင်း said...

    ;) ရွဲ့တာလားတော့သိဖူးရှင့် သိပ်တော့သဘောကျတယ် ဟက်ထိတယ်ပေါ့နော

    may16 said...

    ကဗျာလေးကောင်းတယ် လာအားပေးသွားပါတယ်...

    ကလေးငယ်လေး said...

    ဦးဦးရေ.. ကဗျာစပ်တာ အရမ်းတော်တယ်။
    မင်းဟာ "ငါ့အနာဂတ်ရဲ့ ဘောင်ချာဖြတ်ပိုင်းတစ်ခု" ဆိုတဲ့စကားလေးကို ကြိုက်တယ်။

    မသက်ဇင် said...

    လွမ်းတယ်ပြောလို့
    ကွပ်မျက်ခံရတဲ့ ရာဇဝတ်သားရဲ့
    အသက်ဝိဉာဉ်ဟာ သေဆုံးသွားပေမယ့်
    လွတ်မြောက်ပျံသန်းသွားတဲ့ သူ့ရဲ့သမိုင်းဟာ
    ကောင်းကင်ထက်က ငုံ့ကြည့်နေမှာ.....

    တဲ့လား--ကွယ်--
    နက်ရှိုင်းစွာ ခံစားလိုက်ရပါတယ်--

    Phyo Maw said...

    ကိုလင်းဦးရယ်...
    အလွမ်းနဲ့ လောင်မြိုက်နေတဲ့ ချစ်ခြင်းဆိုပါလား
    ချစ်သူအပြံုးရေစက်နဲ့မှ ညိမ်းတော့မယ်ထင်ပ။ :D

    ရွှန်းမီ said...

    ဆက်လွမ်းဦးမယ့် သဘောရှိတယ်။
    ရင်ထဲက အပူမီးတွေနဲ့ နှလုံးသားကိုကင်ပြီး ဘဝခရီးတစ်လျှောက်ဖို့ ရိက္ခာယူသွားပေါ့။ =)

    အိန္ဒြာ said...

    သက်ပြင်းတွေ ကူးစက်သွားပါရော...

    စကားလုံးတွေသိပ်အားကောင်းတဲ့ ကဗျာတစ်ပုဒ်ပါပဲ

    သီဟသစ် said...

    ကိုလင်းဦးရေ
    စာသားလေးတွေလှလိုက်တာဗျာ။

    GreenGirl said...

    အင်း... ကဗျာတွေကိုတော့ သိပ်နားမလည်တတ်ဖူး။ ဒါပေမယ့် ကဗျာတွေရဲ့ ရသကိုတော့ ကူစက်ခံရတတ်တယ်။
    တော်တော်လွမ်းတတ်တာပဲနော်။

    မိုးခါး said...

    မိုက်တယ် .. မရေးတတ်ဘူး .. အရမ်းရေးတတ်ချင်တာ .. အားပေးသွားပါတယ်နော် ..

    Han Thit Nyeim said...

    မိုက်တယ်ဗျို့... နောက်ဆုံးအပိုဒ် အကြိုက်ဆုံးပဲ။

    စကားမစပ် `ဖွဲ့တည်ရာ´ ဆိုတာ ကျုပ်တို့ မဂ္ဂဇင်းပဲဗျ။ ဟီး ဟီး... (ကြော်ငြာဝင်ကြည့်တာ)

    Mhu Darye said...

    မင်းဟာ
    "ငါ့အနာဂတ်ရဲ့ ဘောင်ချာဖြတ်ပိုင်းတစ်ခု"
    ဆုံးဖြတ်ချက်ချပြီးကတည်းက
    လုံးလုံးမှားလည်း ငါဂရုမစိုက်ပါဘူး....
    ဒုက္ခတရားက ချိုမြိန်ခြင်းလို့ ကြားမိကတည်းက
    ခံစားမှုဝိုင်တစ်ခွက်နဲ့ ညစာစားပွဲက
    စောင့်ကြိုချင်တယ်ဆိုရင် ယုံပါ့မလား...
    အသေအချာ ပြင်ဆင်ထားတဲ့
    မရေရာတဲ့ အနာဂတ်တစ်ခုရှိတယ်လို့ပြောရင်
    မင်း ရီမှာပေါ့.........

    း(

    blackslipper said...

    ငါ


    ငါတို ့ဝဋ်ကြွေးအတွက်
    ငါပြန်ပေးဆပ်
    ငါ့မနက်ခင်းကို
    ငါကိုယ်တိုင်ဖွင့်
    ငါတို ့နှလုံးသားတွေ
    ငါတို ့ပြန်ငုံ ့ကြည့်လိုက်

    " အချစ်တခုထဲအတွက် ရင်ခုန်နေလား "

    ငါ့ရွက်တိုင်ကို
    ငါကိုယ်တိုင်ချည်
    ငါ့ခြေထောက်ကို
    ငါပြန်ငုံ ့ကြည့်
    ငါ့တောင်ပံကို
    ငါကိုယ်တိုင်ခတ်မယ်

    " ငါလျှောက်တဲ့လမ်း ငါရွေးခြယ်ခဲ့တာ "

    ငါ့ချည်တိုင်ကို
    ငါစောင့်ရှောက်
    ငါ့ထွက်ပေါက်ကို
    ငါဖန်ဆင်း
    ငါ့စကားသံ
    ငါပြန်ကျက်

    " အနဲဆုံးတော့ ငါ့ကမာ္ဘကိုငါပြန်လာခဲ့မယ် "

    blackslipper said...

    သူငယ်ချင်းတယောက်ပေးလို ့ဒီblogကိုဝင်ကြည့်ရင်းကဗျာတခုcommentပေးလိုက်တာပါ

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo