ဂရိနိုင်ငံ အဓိကရုဏ်းဖြစ်မှု တည်ငြိမ်စ ပြုလာခြင်း

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,
  • ဂရိနိုင်ငံမြောက်ပိုင်းရှိ မြို့လယ်ခေါင်၌ တနင်္ဂနွေနေ့တွင် ရဲများက ဆယ်ကျော်သက် လူငယ်ဆန္ဒပြသူအား သေစေလောက်သည့် ပစ်ခတ်မှုအတွက် လူ(၁,၂၀၀)ခန့်ရှိသည့် ဆန္ဒပြသူများက မြို့တော်ခန်းမ၊ ရဲစခန်းနှင့် ဘဏ်တစ်ခုတို့ကို ခဲများနှင့် မီးလောင်ဗုံးများဖြင့် အကြမ်းဖက်တိုက်ခိုက်ကြ ပါသည်။ ထိုသို့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဈေးဆိုင်များပျက်စီးသကဲ့သို့ ဘဏ်ရုံးခွဲတစ်ခုသည်လည်း မီးလောင်ဗုံး ဒဏ်ကြောင့် ပျက်စီးခဲ့ရပါသည်။ ပြည်ထဲရေးဝန်ကြီး Mr. Prokopis Pavlopoulos က ဆန္ဒပြပွဲ ကျင်းပနေစဉ်အတွင်း အကြမ်းဖက် လုပ်ရပ်များကို ထိန်းရန် တိုက်တွန်းခဲ့ပါသည်။ ၎င်းနှင့် ဒုတိယဝန်ကြီး Mr. Panagiotis Chinofotis တို့သည် အစောပိုင်းက ၎င်းတို့၏ နှုတ်ထွက်စာများကို တင်သွင်းခဲ့သော်လည်း ၀န်ကြီးချုပ်မှ လက်ခံခဲ့ခြင်း မရှိပါ။ လွန်ခဲ့သော စနေနေ့က မြို့လယ်ခေါင် Exarchia နယ်မြေတွင် လူငယ်တစ်စုက ရဲများကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည့်အတွက် (၁၅)နှစ်အရွယ် လူငယ်ဆန္ဒပြသူကို သေစေလောက်သည့် ပစ်ခတ်မှု တွင် ရဲအရာရှိ(၂)ဦး ပါ၀င်ခဲ့သည်ဟု ရဲများက ဆိုပါသည်။ ထိုသို့ လူငယ်တစ်စုက အကြမ်းဖက် တိုက်ခိုက်စဉ် ရဲတစ်ဦးက တုန်လှုပ်ချောက်ခြားစေသည့် လက်ပစ်ဗုံုးတစ်လုံးကို ပစ်ထည့်ခဲ့ပြီး အခြာတစ်ဦးမှ သေနတ်ဖြင့် (၃)ချက်ပစ်ခတ်ခဲ့ပါသည်။ အနည်းဆုံး ကျည်ဆံတစ်ထောင့်သည် လူငယ်၏ ရင်ဘတ်ကို ထိမှန်စေခဲ့ပါသည်။

    Exarchia နယ်မြေမှ တေးဂီတလူငယ်များ ၊ ဘားများနှင့် တိုးပွားလာသည့် ပျော်ပွဲစားရုံများ တည်ရှိရာ နယ်မြေဖြစ်ပြီး၊ မင်းမဲ့ဝါဒီများ (Anarchists) နှင့် မူးယစ်ဆေးသမားများ ကျက်စားရာနယ်မြေ ဖြစ်ပါသည်။ လူငယ် ဆန္ဒပြသူကို ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အေသင်မြို့၊ Thessaloniki မြို့နှင့် အခြားဂရိမြို့များတွင် လူငယ်ရာပေါင်းများစွာက ရဲများကို မီးလောင်ဗုံးများ၊ ခဲများနှင့် အခြားအရာဝတ္ထုများဖြင့် ပစ်ခတ်သကဲ့သို့ ရဲများကလည်း မျက်ရည်ယိုဗုံးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပါသည်။ အဓိ်ကရုဏ်းသမားများက လမ်းများပေါ် တွင် မီးလောင်နေသည့် အတားအဆီးများကို ပြုလုပ်သကဲ့သို့ စတိုးဆိုင်များနှင့် ဘဏ်ရုံးခွဲများကို မီးရှို့ခြင်းနှင့် ရိုက်ခွဲဖျက်ဆီင်္းခြင်းတို့ကို ပြုလုပ်ကြပါသည်။

    တနင်္ဂနွေနေ့တွင် လမ်းများပေါ်တွင်ရှိသည့် ဆိုင်များနှင့် ဘဏ်ရုံးခွဲများအား မီးရှို့ထားခဲ့သည့် ၊ ရိုက်ခွဲထားခဲ့သည့် အပိုင်းအစများနှင့် မီးလောင်ကျွမ်းခြင်းခံရသည့် ကားများကို ရှင်းလင်းလျက် ရှိပါသည်။ အေသင်ရဲများက ယခုဖြစ်ပွားခဲ့သည့် အဓိကရုဏ်းတွင် ရဲ (၂၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ တစ်ဦးမှာ တနင်္ဂနွေ နေ့ နံနက်က ဆေးရုံတွင် ဆေးကုသမှုကို ခံယူရဆဲ ရှိပါသည်ဟု ပြောကြားပါသည်။ ၎င်းတို့က ပြောကြား ရာ၌ အဓိကရုဏ်းသမားများကြောင့် စတိုးဆိုင် (၃၁)ဆိုင်၊ ဘဏ်ခွဲ(၉)ခုနှင့် ရဲကား(၆)ကား အပါအဝင် ကား(၂၅)စီးမှာ မီးလောင်ပျက်စီးခဲ့ပါသည်။ (၆)ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထဲမှ (၅)ဦးသည် စတိုးဆိုင်များကို ဖျက်ဆီးမှုဖြင့်လည်းကောင်း၊ တစ်ဦင်္းကို လက်နက်ကိုင်ဆောင်မှုဖြင့်လည်းကောင်း အရေးယူခဲ့ပါသည်ဟု ဆိုပါသည်။

    Exarchia နယ်မြေရှိ အရာရှိချုပ်က ပစ်ခတ်မှုတွင်ပါ၀င်ခဲ့သော ရဲ(၂)ဦးကို စုံစမ်းစစ်ဆေးမှု အဖြေ ရလဒ်ပေါ်ထွက်သည်အထိ ရာထူးမှ ခေတ္တချထားသည်ဟု ဆိုပါသည်။ ပြည်ထဲရေးဝန်ကြီး Mr. Pavlopoulos က ဆယ်ကျော်သက်လူငယ်သေဆုံးမှုအတွက် စေ့စပ်သေချာစွာ စစ်ဆေးမှုပြုလုပ်မည်ဖြစ်ပြီး တာဝန်ရှိသူ မည်သူကိုမဆို အပြစ်ပေးမည် လေးနက်စွာ ကတိစကားပြောကြားလိုပါကြောင်း၊ ဒီမိုကရေစီ အစိုးရအနေဖြင့် ယခုကဲ့သို့ အသက်သေဆုံးမှုအတွက် ခွင့်လွှတ်လိမ့်မည် မဟုတ်ကြောင်းဖြင့် တနင်္ဂနွေနေ့တွင် အရေးပေါ် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားပါသည်။

    ပြည်ထဲရေးဝန်ကြီး Mr. Pavlopoulos က ပြည်သူများအနေဖြင့် မိိမိတို့ဆန္ဒကို ပြသရန် အခွင့်အရေး ရှိပါကြောင်း ၊ သို့ရာတွင် ထိုသို့သော ဆန္ဒပြမှုသည် စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများကို ဆန့်ကျင် ဘက် ပြုလုပ်ရန်မဟုတ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ အေသင်မြို့တော်ဝန် Ms. Nikitas Kaklamanis က ပြည်တွင်းရုပ်မြင်သံကြားမှနေ၍ တနင်္ဂနွေည၌ မြို့တော် မြို့လယ်ခေါင်ရှိ ခရစ္စမတ်သစ်ပင်မီးထွန်းပွဲတော် ကို ရွှေ့ဆိုင်းလိမ့်မည်ဟု ကြေညာခဲ့ပါသည်။

    ဂရိရများက အေသင်မြို့သည် အဓိကရုဏ်း(၄)ရက်ဖြစ်ပွားပြီးနောက် ပြန်လည်ငြိမ်သက်သွားသည်ဟု ဆိုပါသည်။ မြို့တော်၏ အခြေအနေမှ လုံးဝငြိမ်သက်လျက်ရှိကြောင်း၊ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Mr. Panayiotis Stathis က အင်္ဂါနေ့တွင် ပြောကြားခဲ့ပါသည်။ ရဲတပ်ဖွဲ့မှ ရဲ(၁၅,၀၀၀) ကျော်ကို နေရာချထားပြီး လူပေါင်းမြောက်များစွာကို ဖမ်းဆီးထားပါသည်။

    ရဲများအနေဖြင့် ဗုဒ္ဓဟူးနေ့ (၁၀-၁၂-၂၀၀၈)တွင် နှောက်ယှက်မှုဖြစ်ပွားနိုင်မှုများအတွက် ကြိုတင် ပြင်ဆင်ထားပါသည်။ အကြောင်းမှာ အလုပ်သမား သမဂ္ဂအနေဖြင့် နိုင်ငံအနှံ့အစိုးရ စီးပွားရေးမူဝါဒများကို ကန့်ကွက်သည့် အနေဖြင့် အထွေထွေသပိတ်မှောက်ရန် ကြံစည်နေသည့်အတွက်ကြောင့် ဖြစ်ပါသည်။

    အစဉ်အလာ ဓလေ့ထုံးစံအရ တက္ကသိုလ်တွင် ခိုလှုံနေမှုအပေါ် ရဲများအနေဖြင့် ၀င်ရောက်ခွင့်မရှိသည့် အတွက် လူငယ်အုပ်စုများသည် တက္ကသိုလ်အဆောက်အဦးတွင် ဆက်လက်ခိုလှုံလျက်ရှိပါသည်။ အင်္ဂါနေ့ (၉-၁၂-၂၀၀၈)၌ မြို့တော်တွင်းရဲများ၏ လက်ချက်ကြောင့် သေဆုံးခဲ့ရသည့်အတွက်ကြောင့် ဆယ်ကျော်သက် လူငယ် Alexandros Grigoropoulos အသုဘအခမ်းအနားသို့ ထောင်ပေါင်းများစွာသော ပြည်သူများ တက်ရောက်စဉ် ဂရိပါလီမန် အဆောက်အအုံကို စောင့်ရှောက်နေသော အစောင့်များနှင့် ဆန္ဒပြသူများ ခိုက်ရန်ဖြစ်ပွားမှုများ ပေါ်ပေါက်ခဲ့ပါသည်။ (၁၅)နှစ်အရွယ် ဆယ်ကျော်သက်လူငယ် စနေနေ့ (၆-၁၂-၂၀၀၈) တွင် အပစ်ခတ်ခံရမှုသည် ရာစုနှစ်လေးပုံတစ်ပုံကာလအတွင်း အပြင်းထန်ဆုံးသော အဓိကရုဏ်းကြီးတစ်ရပ် ဖြစ်ပေါ်စေခဲ့ပြီး လူကြိုက်နည်းလာသည့် လက်ရှိ ကွန်ဆာဗေးတစ်အစိုးရအတွက် ပြင်းထန်စွာထိုးနှက် ခံရမှုလည်း ဖြစ်ပါသည်။

    ဆယ်ကျော်သက် လူငယ် Grigoropoulos ပစ်ခတ်ခံရမှုသည် နှစ်ပေါင်းများစွာ နိုင်ငံရေးအကျင့်ပျက် မှုများအပေါ် ဒေါသထွက်မှုများ၊ ကမ္ဘာအနှံ့ စီးပွားရေးကျဆင်းမှုကြောင့် ဆင်းရဲမှုနှင့် အလုပ်လက်မဲ့အဆင့်များ မြင့်မားလာခြင်းတို့အပေါ် မီးလောင်ရာလေပင့်သကဲ့သို့ ဂရိလူငယ်များကို ဆွပေးသကဲ့သို့ ဖြစ်သွားပါသည်။ အကြမ်းဖက် အဓိကရုဏ်းဖြစ်ပွားပြီးနောက် ရဲများအပေါ် တိုက်ခိုက်မှု၊ တမင်သက်သက် ဖျက်ဆီးမှုနှင့် လုယက်မှုတို့ဖြင့် လူ(၈၉)ဦးကို ဖမ်းဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့ပြောရေးဆို်ခွင့်ရှိသူက ပြောကြားပါသည်။ အခြား (၇၉)ဦးအား ဒါဇင်ပေါင်းများစွာ ရဲအရာရှိများအား ဒဏ်ရာရစေခဲ့သည့် အဓိကရုဏ်းနှင့် ပတ်သက်၍ စစ်ဆေး မေးမြန်းရန်အတွက် ထိန်းသိမ်းထားကြောင်းဖြင့် ဆိုပါသည်။

    ဆယ်ကျော်သက်လူငယ် Grigoropoulos အတွက် အေသင်မြို့တောင်ဘက်ရှိ လူနေဆင်ခြေဖုံး ရပ်ကွက် Palio Faliro ၏ မြို့တော်စည်ပင်သင်္ချ ိုင်းတွင် ပြုလုပ်သည့် အသုဘအခမ်းအနားတွင် အုပ်စုအချို့မှ ရဲဆန့်ကျင်ရေး ကြွေးကြော်မှုများကို ပြုလုပ်ခဲ့သော်လည်း သေဆုံးသူ မိသားစုမှ သေဆုံးသူအား အရိုအသေ ပေးသော အနေဖြင့် မပြုလုပ်ပါရန် တောင်းပန်ချက်ကြောင့် အခြေအနေမှာ ငြိမ်သက်ခဲ့ပါသည်။

    အစောပိုင်းတွင် ဂရိသမ္မတ Mr. Karolos Papoulios က ဂရိပြည်သူများကို သေဆုံးသူ Alexi ၏ အောင့်မေ့ဖွယ် အခမ်းအနားကို ဂုဏ်ပြုသည့်အနေဖြင့် ငြိမ်းချမ်းစွာ ရှိနေစေရန်အတွက် မေတ္တာရပ်ခံခဲ့ပါသည်။ ၎င်း၏ ကြေညာချက်တွင် ယနေ့သည် မိမိတို့အားလုံးအတွက် ၀မ်းနည်းပူဆွေးရသောနေ့ ဖြစ်ပါကြောင်း၊ သို့ရာတွင် ဥပဒေနှင့် ဓလေ့ထုံးစံများကို လေးစားလိုက်နာရမည်ဖြစ်ကြောင်း ပါရှိပါသည်။

    ပြိုင်ဘက်ပါတီဖြစ်သည့် ဆိုရှယ်လစ်ပါတီခေါင်းဆောင် Mr. George Papandreou က လက်ရှိ ကွန်ဆာဗေးတစ်အစိုးရအား နှုတ်ထွက်ရန်နှင့် အကြမ်းဖက်မှုများ ပြီးဆုံးရန်အတွက် ရွေးကောက်ပွဲများ ကျင်းပရန် တောင်းဆိုပါသည်။ အင်္ဂါနေ့ (၈-၁၂-၂၀၀၈)တွင် ၎င်း၏ ပါလီမန်အုပ်စုကို Mr. Papandreou က မိန့်ခွန်းပြောကြားရာ၌ မိမိတို့အာဏာကို တောင်းခံပါကြောင်း၊ အစိုးရအနေဖြင့် လုပ်သင့်သည်မှာ နှုတ်ထွက်ရန်နှင့် ပြည်သူများ၏ စီရင်မှုကို ခံယူရန်ပင်ဖြစ်ကြောင်းဖြင့် ပြောကြားပါသည်။

    ဂရိ၀န်ကြီးချုပ် Mr. Costas Karamanlism က နိုင်ငံ၏ ရာစုနှစ်များစွာ မငြိမ်သက်မှုကို အဆုံးသတ်ရန်အတွက် လေးနက်စွာဖြင့် ကတိစကား ပြောပါသည်။ သို့ရာတွင် အစိုးရပြောရေးဆိုခွင့်ရှိသူက အစိုးရအနေဖြင့် နေဝင်မီးငြိမ်း ဥပဒေကို ကြေညာရန် စီစဉ်မှုနှင့်ပတ်သက်သော သတင်းများကို ငြင်းဆိုပါသည်။

    ဂရိနိုင်ငံရှိ အကြီးဆုံးအလုပ်သမားကွန်ဖယ်ဒရေးရှင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက မိမိတို့၏ အဖြေမှာ စီမံချက်အတိုင်း သပိတ်မှောက်ခြင်းနှင့် လူထုအစည်းအဝေးပြုလုပ်ခြင်းသာ ဖြစ်ကြောင်းဖြင့် ပြောကြား ပါသည်။ ပစ်ခတ်မှု မဖြစ်ပွားမီ (၂၄)နာရီ နိုင်ငံအနှံ့ သပိတ်မှောက်ခြင်းနှင့် လူထုအစည်းအဝေးပြုလုပ်ရန် စီစဉ်ခဲ့မှုမှာ နိုင်ငံ၏ စီးပွားရေးမူဝါဒများနှင့် ပြုပြင်မှုများကို ဆန့်ကျင် ကန့်ကွက်ရန်အတွက် ဖြစ်ပါသည်။


    လင်းဦး(စိတ်ပညာ)


    နိုင်ငံတကာ သတင်းများကို ရေးသားရာတွင် Bloomberg, NewYorkTimes, CNN, BBC , ABC news စသော သတင်းဌာနများမှ သတင်းများကို အားလုံးပေါင်းစပ်ကာ ဘာသာပြန်၍ အကောင်းဆုံးဖြစ်အောင် ပြန်လည်ရေးသားထားခြင်း ဖြစ်ပါသည် .......အတတ်နိုင်ဆုံး သတင်းများကို Update ဖြစ်အောင် ရေးနေပါသည်... သို့သော် သတင်းများသည် အချိန်နှင့် Source ယူရာ သတင်းဌာနများပေါ်တွင် မူတည်နေပါ၍ အမှားအယွင်းများ ပါခဲ့လျှင် ခွင့်လွှတ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်.....

    1 comments:

    အိမ် said...

    ကိုလင်းဦးရေ အဲဒါက အမှန်တော့ နှစ်ဖက်လုံးမှားနေတာဗျ။
    ဖြစ်တဲ့နယ်မြေက တကယ့်မြို့လယ်ခေါင်တည့်တည့်ပဲ အမဲ
    ရောင်နယ်မြေလဲဖြစ်တယ်။အဲဒီမှာ လူမဲတွေကုလားတွေ ကြီးစိုး
    တဲ့နေရာပဲဗျ အခုတရုတ်တွေလဲများလာပြီ။
    အဲဒီနယ်မြေမှာ ကဘယ်လောက်ဆိုးသလဲဆိုရင် အကြမ်းဖက်
    နှိမ်နှင်းရေးရဲတပ်ဖွဲ့အမြဲရှိတယ်။နေရာတိုင်းမှာကိုရှိတာ။တချို့
    လဲ အရပ်အဝတ်အစားနဲ့ပေါ့။ဆိုတော့ ရဲဘက်ကကြည့်ရင်မမှား
    ဘူးဗျ။သူလဲ လူဆိုးလူကောင်းဘယ်လိုခွဲခြားသိမှာလဲ ဒါမဖြစ်ခင်က အဲဒီနယ်မြေမှာပဲ ရဲတယောက်အသတ်ခံလိုက်
    ရတာလပိုင်းတောင်မရှိသေးဘူး လူမဲတွေသတ်တာလို့တော့
    ပြောကြတာပဲဗျ။အသတ်ခံရတာကလဲ ကလပ်ကအပြန်လို့
    ကြားမိတာပဲဗျ ကောင်လေးတွေအုပ်စုက စပြီး ပုလင်းနဲ့
    ရဲကားကိုထုတာတဲ့အဲဒီမှာ ရဲကပြောတယ် မလုပ်နဲ့ ဒီတခါထပ်လုပ်ရင် ပစ်မယ်ပြောတာကို ဆက်လုပ်လို့ပစ်တာ
    လို့ကြားတာပဲဗျ။ဟုတ်လဲဟုတ်နိုင်တယ် အနောက်နိုင်ငံက
    ဆယ်ကျော်သက်တွေက ရဲဆိုရင် ပမာမခန့်သိပ်လုပ်ကြတယ်
    ဗျ။

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo