အိန္ဒိယ-ပါကစ္စတန်အကြား ဆက်ဆံရေးတင်းမာလာခြင်း

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,
  • မွန်ဘိုင်းအကြမ်းဖက်တိုက်ခိုက်မှုများပြီးသည့်နောက် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် အိမ်နီးချင်း နိုင်ငံနှစ်ခုဖြစ်သည့် အိန္ဒိယနှင့်ပါကစ္စတန်အကြား တင်းမာမှုများ ဖြစ်ပွားခဲ့ပါသည်။ အိန္ဒိယအရာရှိများက ပါကစ္စတန် သံအမတ်ကို တနင်္လာနေ့တွင် ဆင့်ခေါ်ပြီး ယခုအကြမ်းဖက်တိုက်ခိုက်မှုတွင် ပါကစ္စတန် လူမျိုးများ၌ တာဝန်ရှိကြောင်းနှင့် သက်ဆိုင်သူများကို အပြစ်ပေးရမည်ဖြစ်ကြောင်း သံအမတ်အား ပြောကြား ပါသည်။

    အိန္ဒိယအစိုးရနှင့် ပါကစ္စတန်အစိုးရတို့အပေါ် အိန္ဒ်ိယပြည်သူများ၏ အမျက်ဒေါသများဖြစ်ပေါ်ခဲ့ပြီး နောက် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါကြေညာချက်တွင် မွန်ဘို်င်းအကြမ်းဖက်တိုက်ခိုက်မှုကို စီစဉ်သူများသည် ပါကစ္စတန်နိုင်ငံတွင် လွတ်မြောက်လျက်ရှိကြောင်း၊ ပါကစ္စတန်အစိုးရအနေဖြင့် ၎င်းတို့ကို ပြင်းထန်စွာအရေးယူလိမ့်မည်ဟု မျှော်လင့်ပါကြောင်းဖြင့် ပြောကြား ပါသည်။ အကြမ်းဖက်တိုက်ခိုက်ခဲ့သူ(၁၀)ဦးအနက် (၉)ဦးသေဆုံးခဲ့ပြီး (၁)ဦးကို ဖမ်းဆီးထိန်းသိမ်း ထားပါသည်။

    ကြေညာချက်တွင် ပါကစ္စတန်ခေါင်းဆောင်များအနေဖြင့်အိန္ဒိယနိုင်ငံနှင့်ဆက်ဆံရေးကို ကောင်မွန် စေလိုကြောင်း ပြောကြားခဲ့မှုအပေါ် အမှန်တကယ်လက်တွေ့ပြသရန် လိုအပ်သည်ဟု ဖော်ပြထားပါသည်။

    အိန္ဒိယအစိုးရမှ ပါကစ္စတန်အစိုးရသို့ စွပ်စွဲမှုနှင့်ပတ်သက်သော သက်သေအထောက်အထားများကို ပေးအပ်မှု ရှိ-မရှိကို ရှင်းလင်းစွာ မသိရှိရသေးဟု ဆိုပါသည်။ ပါကစ္စတန်အရာရှိများက ပါကစ္စတန်တွင် အခြေစိုက်သော စစ်သွေးကြွများနှင့် ဆက်သွယ်မှုရှိသည်ဆိုသည်ကို သတင်းများ မရရှိသေးကြောင်း၊ အကယ်၍ ဆက်နွယ်မှုရှိသည်ကို သိရှိပါက မိမိတို့ လျှင်မြန်စွာအရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားပါသည်။

    အိန္ဒိယအစိုးအနေဖြင့် နိုင်ငံ၏ဘဏ္ဍာရေးဆိုင်ရာ အချက်အချာကျသောမြို့တွင် (၃)ရက်ကြာ သွေးထွက်သံယို ဖြစ်ပွားသည့်အကြမ်းဖက်မှုတွင် လူ(၁၇၃)ဦးသေဆုံးခဲ့မှုအပေါ် ကို်င်တွယ်ဖြေရှင်းပုံအား ဝေဖန်ပြစ်တင်မှုနှင့် ရင်ဆိုင်ရလျက်ရှိပါသည်။ (အာဏာပိုင်များအနေဖြင့် တနင်္လာနေ့က ပြောကြားရာတွင် သေဆုံးသူဦးရေကို ရေတွက်ရာ၌ နှစ်ကြိမ်မှားယွင်းစွာ ရေတွက်မိသည့်အတွက် သေဆုံးသူဦးရေကို လျော့ချ ပြင်ဆင်ခဲ့ပါသည်)

    ရွေးကောက်ပွဲများ ကျင်းပရန် လပိုင်းသာလိုတော့သည့်အချိန်တွင် အိနိ္ဒယအစိုးရအနေဖြင့် ယခုလို သွေးထွက်သံယိုအကြမ်းဖက်မှုအပေါ် ပြတ်သားစွာအရေးယူဆောင်ရွက်ရန်လိုပါသည်။ ပါကစ္စတန်လူမျိုးများ ပါ၀င်ပတ်သက်မှုရှိသည်ကို ခိုင်မာသောသက်သေအထောက်အထားများ ပြသနိုင်ရန် အိန္ဒိယအစိုးရအနေဖြင့် ဆောင်ရွက်ရန်လိုပါသည်။

    ယခင်က အိန္ဒိယပါလီမန်တွင် အသေခံတိုက်ခိုက်မှုကြီးကြောင့် နှစ်နိုင်ငံစစ်ဖြစ်လုနီးအနေအထားသို့ ရောက်ရှိသကဲ့သို့ ၂၀၀၁ခုနှစ်မှစ၍ ဖြစ်ပွားခဲ့ခြင်းမရှိသော နှစ်နိုင်ငံအကြားတင်မာမှုကြီးသည် ယခု မွန်ဘိုင်း အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်ခဲ့ပါသည်။

    ယခုလိုတင်းမာမှုအခြေအနေကြောင့် အိန္ဒိယနိုင်ငံနှင့် ခို်င်မြဲသောမဟာမိတ်ဖြစ်သကဲ့သ်ို့ Al Qaeda ကို တိုက်ခိုက်ရာတွင် ပါကစ္စတန်အကူအညီကို ရယူရသည့် အမေရိကန်နိုင်ငံအနေဖြင့် အထူးစိန်ခေါ်မှုသဖွယ် ဖြစ်နေပါသည်။ ယခုလိုတင်းမာမှုအခြေအနေကြောင့် Al Qaeda နှိမ်နှင်းရေးစီမံကိန်းတွင် ပါကစ္စတန်နိုင်ငံ ဘေးရောက်သွားမည်ကို အမေရိကန်နိုင်ငံက စိုးရိမ်လျက်ရှိပါသည်။

    သမ္မတဘွတ်ရှ်က အိန္ဒိယနိုင်ငံသို့ နိုင်ငံခြားရေးဝန်ကြီး Ms. Condoleezza Rice ကို စေလွှတ်လိုက်ပြီး ဗုဒ္ဓဟူးနေ့တွင် ရောက်ရှိမည်ဟု ခန့်မှန်းပါသည်။ တနင်္လာနေ့တွင် Ms. Rice က လန်ဒန်မြို့တွင် ပါကစ္စတန်နိုင်ငံအား ပြောင်ကျကျ ပြောဆိုရာ၌ ပါကစ္စတန်နိုင်ငံအနေဖြင့် ပြဿနာဖြစ်ပေါ် ခဲ့သည့် ဇစ်မြစ်အထောက်အထားများကို လိုက်ရန်လိုကြောင်း၊ သူမအနေဖြင့် ဆုံးဖြတ်ချက်ကို လျင်မြန်စွာ မချလိုသော်လည်း ယခုအချိန်သည် ပြီးပြည်စုံသော ပွင့်လင်းမှုရှိရန်နှင့် ပူးပေါင်းပါ၀င်မှုရှိရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

    သတင်းစာရှင်းလင်းပွဲတွင် မွန်ဘိုင်းရဲတပ်ဖွဲ့၏ ရာဇဝတ်နှိမ်နင်းရေး ဗျူရိုရုံး၏ အကြီးအကဲ စုံစမ်း စစ်ဆေးရေးအရာရှိ Mr. Rakesh Maria က အကြမ်းဖက်တိုက်ခိုက်မှုတွင် တစ်ဦးတည်းအသက်ရှင်ကျန်ခဲ့သူ Mr. Ajmal Amir Qasat အမည်ရှိသူအား စစ်ဆေးချက်အပေါ် မူတည်ပြီး အကြမ်းဖက်တိုက်ခိုက်သူများသည် ပါကစ္စတန်လူမျိုးများဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။ အဆိုပါအကြမ်းဖက်သမားက ၎င်းမှာ Lashkar-e-Taiba ဖြစ်သည့် အစ္စလန်စစ်သွေးကြွအုပ်စုအဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ပြောကြားပါသည်။ ဖောြ်ပပါအုပ်စုမှာ ပါကစ္စတန်နိုင်ငံ၊ ကက်ရှ်မီးရားမြို့မှ စီစဉ်မှုဖြင့် အိန္ဒိယနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုများအတွက် အပြစ်တင်ခြင်းခံရသည့် အုပ်စုဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအရာရှိ Mr. Maria က ဆိုပါသည်။

    သို့ရာတွင် နိုင်ငံခြားသက်သေအထောက်အထားစာရွက်စာတမ်းများ မတွေ့ရှိကြောင်းနှင့် အကြမ်းဖက်တိုက်ခိုက်သူအချို့သည် အိန္ဒိယဆိုင်ရာ အထောက်အထားစာရွက်စာတမ်းအတုများကို ကိုင်ဆောင်ထားသည်ဟု စုံစမ်းစစ်ဆေးရေးအရာရှိ Mr. Maria က ဆိုပါသည်။

    Mr. Maria က အကြမ်းဖက်တိုက်ခိုက်မှုများ၏ အမှန်တကယ်အရေအတွက်မှာ ပိုမိုများပြားသည် ဟူသော အစောပိုင်း ခန့်မှန်းမှုများကို ချေပ၍ (၁၀)ဦးသာရှိသည်ဟု ဆိုပါသည်။ ဗုဒ္ဓဟူးနေ့ည အကြမ်းဖက် တိုက်ခိုက်မှု မစတင်မီ အနည်းဆုံးကြံရာပါ အချို့ပါရှိနိုင်သည် မပါရှိနိုင်သည်ဆိုသည်ကိုမူ ရှင်းလင်းစွာ မသိရှိ ရသေးဟု ဆိုပါသည်။

    အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုကို နှိမ်နင်းခဲ့သည့် အိန္ဒိယ ရဲကွန်မန်ဒိုအသေခံတပ်ဖွဲ့မှ တိုက်ခိုက်မှု ရှင်းလင်းရာ၌ အခက်အခဲများနှင့် ရင်ဆိုင်ရကြောင်း၊ အကြမ်းဖက်သူများက Taj Mahal Palaces & Tower နှင့် Oberoi ဟိုတယ် (၂)ခုတွင် သေဆုံးသွားသူများကို လက်ပစ်ဗုံးထောင်ချောက်များ ဆင်ခဲ့ကြောင်း၊ သေဆုံးသူများ၏ ခန္ဓာကိုယ်များကို ဖယ်ရှားရာတွင် ထောင်ထားသော လက်ပစ်ဗုံးများ ပေါက်ကွဲကြောင်းဖြင့် စုံစမ်းစစ်ဆေးရေးအရာရှိ Mr. Maria က ဆိုပါသည်။ ဧည့်သည်များ သေဆုံးမှုနှင့် ဒဏ်ရာရမှုများနှင့် ပတ်သက်၍ ရှင်းလင်းစွာ မသိရှိသေးကြောင်း ၎င်းကဆိုပါသည်။

    အဆိုပါနည်းဗျူဟာကြောင့် အကြမ်းဖက်သူများကို ရှင်းလင်းနှိမ်နင်းရာတွင် ကြန့်ကြာခဲ့ပါကြောင်း၊ နောက်ဆုံး ကျန်ရှိသည့် စစ်သွေးကြွများကို စနေနေ့ နံနက်တွင် ဖယ်ရှားပြီးသည့်တိုင် တနင်္လာနေ့အထိ ပိုင်ရှင်များအနေဖြင့် Taj ဟိုတယ်ကို စီမံ မခန့်ခွဲနိုင်သေးကြောင်းဖြင့် Mr. Maria က ဆိုပါသည်။

    သို့ရာတွင် ပြည်သူများက အကြမ်းဖက်တိုက်ခိုက်သူလူတစ်စု မွန်ဘိုင်းမြို့လယ်ကိုဝင်ရောက်ပြီး ပြည်သူများကို တိုက်ခိုက်၍ ရဲကွန်မန်ဒိုများပါ အဆောင်အဦးအများအပြားတွင် ရက်များစွာ တွန်းလှန် တိုက်ခိုက်ခဲ့မှုသည် အိနိ္ဒိယနိုင်ငံ၏ ထောက်လှမ်းရေးနှင့် တရားဥပဒေစိုးမိုးနိုင်စွမ်း မရှိမှုကို ပြသရာ ရောက်ကြောင်းဖြင့် အိန္ဒိယအစိုးရအပေါ် အမျက်ဒေါသထွက်လျက်ရှိပါသည်။

    အိန္ဒိယထောက်လှမ်းရေးအရာရှိများက Taj Mahal နှင့် Oberoi ဟိုတယ်များတွင် တိုက်ခိုက်နိုင် သည်ဟု သတိပေးချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါသည်။ သို့ရာတွင် ၎င်းမှာ စက်တင်ဘာလတွင် ဖြစ်ပါသည်။ ထိုအချိန်၌ လုံခြံုရေးကို မြှင့်တင်ခဲ့ပြီးနောက် နောက်ပိုင်းတွင် လျှော့ချခဲ့ပါသည်ဟု ၎င်းတို့က ဆိုပါသည်။

    ပြည်သူများ၏ မကျေနပ်မှုဖိအားများကြောင့် မဟာရာရှ်တာပြည်နယ် ၀န်ကြီးချုပ်နှင့် အစိုးရကွန်ဂရက် ပါတီ၏ အဖွဲ့ဝင်ဖြစ်သူ Mr. Vilasrao Deshmukh က ၎င်း၏ နှုတ်ထွက်လွှာကို ပေးအပ်ပါသည်။ ပါတီခေါင်းဆောင်များအနေဖြင့် တနင်္လာနေ့ညအထိ ၎င်း၏နှုတ်ထွက်လွှာတင်သွင်းမှုအပေါ် စဉ်းစားနေခဲ့ ကြပါသည်။ ၎င်းက သတင်းစာရှင်းလင်းပွဲတွင် မိမိအနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ သိက္ခာပိုင်းဆိုင်တာဝန်ယူမှု (Moral Responsibility) ကို လက်ခံခဲ့ပါကြောင်း ပြောကြားပါသည်။

    အဆိုပါနေ့ အစောပိုင်းတွင် ၎င်း၏ ပြည်ထဲရေးဝန်ကြီး R.R.Patil က တရားဝင် နှုတ်ထွက်သွား ပါသည်။ ၎င်းက (၃)ရက်ကြာ အကြမ်းဖက်တိုက်ခိုက်မှုကြီးအတွက် လျှင်မြန်စွာ ကာကွယ်ထိန်းချုပ်နိုင်ခြင်း မရှိ၍ တာဝန်ယူသည့်အနေဖြင့် မိမိနှုတ်ထွက်ရခြင်းဖြစ်ပါကြောင်းဖြင့် ပြောကြားပါသည်။

    ပြည်ထဲရေးဝန်ကြီးနေရာကို ဆက်ခံသူ ယခင်ဘဏ္ဍာရေးဝန်ကြီးဟောင်း Mr. Paliniappan Chidambaran က သတင်းထောက်များကို ပြောကြားရာ၌ မိမိအနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများကို အင်တိုက်အားတိုက် နှိမ်နင်းသွားမည်ဟု ကတိပြုပါကြောင်း ပြောဆိုပါသည်။

    အဆိုပါတနင်္လာနေ့တွင် အကြမ်းဖက်သမားများ ၀င်ရောက်တိုက်ခိုက်ခဲ့သော ဂျူးလူမျိုးများဗဟိုဌာန Nariman House တွင် သေဆုံးခဲ့ရသည့် ဂျူးလင်မယားဖြစ်သော အသက်(၂၉)နှစ်အရွယ်ရှိ Mr. Rabbi Gavriel Holtzberg နှင့် (၂၈)နှစ်အရွယ်ရှိ Ms. Rivka Holtzberg တို့ အောက်မေ့ဖွယ်ရာ ၀တ်ပြုဆုတောင်းပွဲ သို့ ၎င်း၏ မိဘများနှင့်အတူ အိန္ဒိယနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး Mr. Mark Sofer တို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါလင်မယား(၂)ယောက်တွင် အသက်(၂)နှစ်အရွယ်ရှိ သားငယ် Moshe Holtzberg ကျန်ရှိခဲ့ပါသည်။ သေဆုံးခဲ့ရသည့် Ms. Rivka ၏ ဖခင်ဖြစ်သူ Shimon Rosenberg က မွန်ဘိုင်းမြို့တွင် ၎င်းတို့ဆောက်လုပ်ခဲ့သည့် အိမ်နှင့်အတူ မိမိသမီးနှင့်သားမက်မှာ အစဉ်အမြဲရှိနေမည် ဖြစ်ပါကြောင်း ၊ ၎င်းတို့လင်မယားသည် မွန်ဘိုင်းမြို့ရှိ ဂျူးလူမျိုးအသိုင်းအဝန်း၏ ရှေ့ဆောင်ဖခင်နှင့် မိခင်ပင် ဖြစ်ပါကြောင်းဖြင့် ၀မ်းနည်းကြေကွဲစွာ ပြောဆိုပါသည်။

    တနင်္လာနေ့နှောင်းပိုင်းတွင် Taj ဟိုတယ်အပြင်ဘက်၌ မွန်ဘို်င်းတွင် နေထိုင်သူအချို့က ဖယောင်းတိုင်နှင့် ပန်းများကို ထားရှိပြီး ယာယီအောက်မေ့ဖွယ်အမှတ်တရအဖြစ် သေဆုံးသူများ အတွက် ပြုလုပ်ပေးခဲ့ကြပါသည်။

    သင်္ဘောကုမ္ပဏီတွင် ၀င်ရောက်လုပ်ကိုင်နေသည့် အသက်(၃၆)နှစ်အရွယ်ရှိ Mahesh Bhalt က အကြမ်းဖက်မှုဆိုသည်ကို မိမိကလေးဘဝက မသိရှိခဲ့ရကြောင်း၊ ယခု မိမိတို့၏ ဘဝအစိတ်အပိုင်းတစ်ခု အနေဖြင့် အဆိုပါအကြမ်းဖက်မှုသည် ရပ်တည်နေပါသဖြင့်ဆက်လက်မရပ်တည်နိုင်အောင် တစ်စုံတစ်ခု ပြုလုပ်ရမည်ဖြစ်ကြောင်းဖြင့် ဆိုပါသည်။


    လင်းဦး(စိတ်ပညာ)

    0 comments:

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo