ဘန်ကောက်လေဆိပ်လုပ်ငန်းများ ပြန်လည်စတင်ခြင်း

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,
  • အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများ၏ တစ်ပတ်ကြာသိမ်းပိုက်နေရာယူခြင်း ခံရပြီး နောက် အဓိက အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ပြန်လည်အသက်ဝင်လာသဖြင့် စိတ်သက်သာရာ ရမှုများ ထိုင်းနိုင်ငံတစ်ခုလုံး ပျံ့နှံ့ခဲ့ပါသည်။

    ကန့်ကွက်ဆန္ဒပြသူများ ထွက်ခွာသွားပြီးနောက် ဒေသဆိုင်ရာအချက်အချာကျပြီး ကမ္ဘာလှည့် ခရီးသွားများ၏ ပင်မ ၀င်/ထွက်ပေါက်ဖြစ်သည့် အမေရိကန်ဒေါ်လာ(၄)ဘီလီယံတန် သုဝဏ္ဏဘူမိ အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို သန့်ရှင်းရေးအဖွဲ့များက ရှင်းလင်းလျက်ရှိပါသည်။

    ဗုဒ္ဓဟူးနေ့တွင် သုဝဏ္ဏဘူမိလေဆိပ်သို့ လေယာဉ်များ ပထမဦးဆုံးအဖြစ် ဆိုက်ရောက်လာပါသည်။ သို့ရာတွင် လေဆိပ်အာဏာပိုင်များက လုပ်ငန်းများကို အချိန်ပြည့် လည်ပတ်နိုင်မှုစတင်ရန်မှာ အချိန်ကြာဦး မည်ဟု ဆိုပါသည်။ ကြာသာပတေးနေ့တွင် ဆန္ဒပြသူများက ပိတ်ထားခဲ့သော ပြည်တွင်းလေဆိပ်ဖြစ်သည့် ဒွန်မောင်းကို ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။

    လေယာဉ်လက်မှတ်များ ကြိုတင်ရောင်းချသည့် လေယာဉ်ရုံးများသည်လည်း ဖုန်းများဖြင့် စတင် ဆူညံလျက်ရှိပါသည်။ သောင်တင်နေသော နိုင်ငံခြားသားခရီးသွား (၂၃၀,၀၀၀)ခန့် ထွက်ခွာနိုင်ရန်အတွက် ရက်ပေါင်းများစွာ ကြာဦးမည် ဖြစ်ပါသည်။

    တရားရုံးမှ ၀န်ကြီးချုပ် Mr. Somchai Wongsawat ကို နိုင်ငံရေးလုပ်ခြင်းမှ တားမြစ်ခြင်းနှင့် ၎င်း၏ နိုင်ငံရေးပါတီနှင့် မဟာမိတ်ပါတီ(၂)ခုတို့ကို ဖျက်သိမ်းခြင်း အမိန့်များထုတ်ပြန်ပြီးနောက် ဆန္ဒပြသူများ အနေဖြင့် လေဆိပ်ကို ပိတ်ဆို့ထားခြင်းနှင့် (၆)လကြာ လမ်းပေါ်တွင်နေ့စဉ် ဆန္ဒပြခြင်းတို့ကို ရပ်တန့်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ဆန္ဒပြမှုများသည် အစိုးရအား ဖြုတ်ချရန် ရည်ရွယ်ပြီး မေလတွင် စတင်ခဲ့၍ ဩဂုတ်လတွင် ၀န်ကြီးချုပ်ရုံးကို သိမ်းပြီးနောက် ယခင်အပတ်က လေဆိပ်ကို ပိတ်ဆို့ခဲ့ခြင်းဖြစ်ပါသည်။

    သို့ရာတွင် လေဆိပ်များကို ပြန်လည်ဖွင့်လှစ်ပေးခြင်းသည် ထိုင်းနိုင်ငံ၏ အမျိုးသားရေးအကျပ် အတည်းကို ခေတ္တဖြေရှင်းခြင်းသာ ဖြစ်ပါသည်။ အဓိကပြဿနာမှာ ပိတ်ပင်ခြင်းခံရသည့်ပါတီတွင် ဩဇာ လွှမ်းမိုးလျက်ရှိပြီး တိုင်းပြည်မှ ထွက်ပြေးနေရသော ယခင်ဝန်ကြီးချုပ်ဟောင်း Mr. Thaksin Shinawatra ၏ ဆက်လက်တည်ရှိနေသော လောင်းရိပ်ကြီးပင် ဖြစ်ပါသည်။ ၎င်း၏ သစ္စာခံများက တနင်္ဂနွေနေ့မတိုင်မီ ပါတီသစ်တစ်ခုကို ခေါင်းဆောင်တစ်ဦးဖြင့် ရွေးချယ်၍ ပြန်လည်ဖွဲ့စည်းရန် လေးနက်စွာ ကတိပြုကြပါသည်။

    သို့ရာတွင် အလယ်အလတ် လူတန်းစားများနှင့် လူ့မလိုင်အတန်းအစားများမှ အများစု ဖွဲ့စည်း ထားသည့် ဆန္ဒပြသူများက Mr. Thaksin ၏ လာဘ်စားမှုနှင့် ဆွေမျိုးများကို ဦးစားပေးသောဝါဒ (Nepotism) လွှမ်းမိုးမှုကွန်ရက်ကို ပြတ်သားစွာ အဆုံးသတ်နို်င်အောင် ကြိုးပမ်းလျှက်ရှိပါသည်။

    ဆန္ဒပြမှုကို ဦးဆောင်ခဲ့သော ပြည်သူ့မဟာမိတ်ဒီမိုကရေစီပါတီအဖွဲ့က အကယ်၍ Mr. Thaksin အုပ်ချုပ်မှုစနစ်ကို ကိုယ်စားပြုသောအစိုးရ ထပ်မံပေါ်ပေါက်ပါက လမ်းပေါ်တွင် ဆန္ဒပြမှုများကို စတင်မည်ဟု လေးနက်စွာ ကတိပြုထားကြပါသည်။

    ယခုအချိန်မှစ၍ မည်သည့်အစိုးရမဆို ပြည်သူများအပေါ် နိုင်ငံရေးနှင့်ပတ်သက်၍ ကလိန်ကကျစ် ပြုလုပ်ပါက ပြည်သူ့မဟာမိတ်ဒီမိုကရေစီပါတီအဖွဲ့ (ပီအေဒီ)သည် ပြန်လည်တိုက်ပွဲဝင်လာမည်ဟု ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြထားပါသည်။

    ထိုင်းနိုင်ငံတွင် အချက်အချာကျသော လေဆိပ်များကို ဆန္ဒပြသူများက သိမ်းပိုက််ခဲ့မှုသည် နိုင်ငံ၏ အရေးပါသော စီးပွားရေးကဏ္ဍတစ်ခုဖြစ်သည့် ခရီးသွားလာရေးလုပ်ငန်းကို အကြီးအကျယ် ထိခိုက်စေသည် သာမက နိုင်ငံ၏ နိုင်ငံရေးစနစ်တွင် အက်ကြောင်းများ ပေါ်ပေါက်နေသည်ကိုပါ မီးမောင်းထိုးပြသကဲ့သို့ ရှိနေပါသည်။
    လင်းဦး(စိတ်ပညာ)

    0 comments:

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo