ဆန္ဒပြသူများ လေဆိပ်များမှ ထွက်ခွာသွားခြင်း

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,
  • ယနေ့တွင် ထောင်ပေါင်းများစွာသော အစိုးရကို ဆန္ဒပြသူများက လေဆိပ်တွင်စခန်းချခဲ့သည့် မိမိတို့၏ ပစ္စည်းများကို သိမ်းဆည်းထုပ်ပိုးမှု မစတင်မီ ၎င်းတို့၏ခေါင်းဆောင်မှ ပို၍ပြင်းထန်သော ဆန္ဒပြမှုများ ဖြစ်ပွားလာနိုင်ကြောင်းဖြင့် သတိပေးခဲ့ပါသည်။

    အစိုးရကို ဆန့်ကျင်သည့် ပြည်သူ့မဟာမိတ်ဒီမိုကရေစီပါတီ၏ ခေါင်းဆောင်ဖြစ်သူ သတင်းမီဒီယာ များ၏ အရေးပါပုဂ္ဂိုလ်ဖြစ်သည့် Mr. Sondhi Limthongkulm က တရားရုံးမှ ၀န်ကြီးချုပ် Mr. Somchai Wongsawat ၏ အစိုးရအဖွဲ့ကို ဖျက်သိမ်းသည့်အမိန့်ချမှတ်ပြီးနောက် ၀န်ကြီးချုပ်အနေဖြင့် နှုတ်ထွက်သွား သော်လည်း အချိန်မရွေး လမ်းများပေါ်တွင် ဆန္ဒပြနိုင်ရန် ဆန္ဒပြသူများကို ပြန်ခေါ်ရန် အသင့်ရှိသည်ဟု ဆိုပါသည်။

    Mr. Sondhi က ပျော်မြူးနေသည့် ၎င်းကိုထောက်ခံသူများအား ပြောကြားရာ၌ နောက်ထပ်ကိုယ်စား အစိုးရဖွဲ့စည်းလျှင်ဖြစ်စေ၊ သို့မဟုတ် မည်သူမဆို ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုးစားလျှင်ဖြစ်စေ၊ သို့မဟုတ် နိုင်ငံရေးသမားများ သိက္ခာဆယ်ရန် ဥပဒေပြဌာန်းလျှင်ဖြစ်စေ၊ သို့မဟုတ် ဘုရင်၏ အာဏာကို လျော့ပါးအောင် ကြိုးပမ်းလျှင်ဖြစ်စေ ပြည်သူ့မဟာမိတ် ဒီမိုကရေစီပါတီ (ပီအေဒီ)အနေဖြင့် ပြန်လည် ၀င်ရောက်လာမည်ဟု ဆိုပါသည်။

    အစိုးရဆန့်ကျင်ဆန္ဒပြသူများကြောင့် ယခင်အပတ်က ထိုင်းနိုင်ငံ၏ လေဆိပ်(၂)ခုမှာ ပိတ်သွားခဲ့ပြီး၊ ရာပေါင်း ထောင်ပေါင်းများစွာသောခရီးသည်များ သောင်တင်ခဲ့ရပါသည်။ ထို့နောက် ၀န်ကြီးချုပ် Somchai ၏ နှုတ်ထွက်မှုအတွက် ပျော်ရွှင်ပွဲများ ပြုလုပ်ခြင်း၊ အနီတစ်ရစ် အဖြူတစ်ရစ်နှင့် အပြာတစ်ရစ်စီပါသော နိုင်ငံတော်အလံအား ဝှေ့ရမ်း၍ သီဆိုမှုပြုကြခြင်းတို့ကို ပြုလုပ်ကြပြီး လေဆိပ်များကို အပိုင်စီးထားမှုများကို အဆုံးသတ်ပေးမည်ဟု ကတိပြုကြပါသည်။

    ယခင်ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ၏ လက်ဆောင်ဖြစ်သည့် မှန်နှင့် သံမဏိ သင်္ကေတများပါ အမေရိကန်ဒေါ်လာ ၃.၈ ဘီလီယံတန်ဖိုးရှိ သုဝဏ္ဏဘူမိလေဆိပ်ကို နိုဝင်ဘာလ (၂၅)ရက်နေ့တွင် သိမ်းပိုက်ခဲ့မှုကြောင့် ထိုင်းနိုင်ငံအား ကမ္ဘာတစ်ဝှမ်းလုံးက စောင့်ကြည့်ရသည်အထိ ဖြစ်ခဲ့ ပါသည်။ ယခင်အပတ်က အာဏာပိုင်များမှ ဒွန်မောင်းပြည်တွင်းလေဆိပ်ကို ဆန္ဒပြသူများက ၀င်ရောက်ပြီး ခရီးသွားများနှင့် လေယာဉ်များကို အန္တရာယ်ပြုမည်စိုးသည့်အတွက် ပိတ်ခဲ့ပါသည်။

    အခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် တရားရုံးမှ ၀န်ကြီးချုပ်အား နိုင်ငံရေးလှုပ်ရှားမှုမှ (၅)နှစ် ပိတ်ပင်ခဲ့ပြီး ၊ ၎င်း၏ပါတီကို ဖျက်သိမ်းရန် အမိန့်ပေးခဲ့သည့်နောက်တွင် အင်္ဂါနေ့၌ ၀န်ကြီးချုပ်သည် ရာထူးမှ လျင်မြန်စွာ ဆင်းပေးရန် ဆုံးဖြတ်ခဲ့ပါသည်။ သို့ရာတွင် နိုင်ငံအနေဖြင့် ရင်ဆိုင်နေရသော အခြေခံကျသည့် အငြင်းပွားမှုများကို ဖြေရှင်းပေးနိုင်ခြင်းမရှိပါ။ ဆန္ဒပြသူများက ၀န်ကြီးချုပ် Somchai ကို Mr. Thaksin ၏ ရုပ်သေးရုပ်အဖြစ် မှတ်ယူပါသည်။ ၂၀၀၆ခုနှစ် အာဏာသိမ်းမှုကြောင့် Mr. Thaksin သည် ရာထူးမှ ပယ်ရှားခြင်း ခံခဲ့ရပြီး နိုင်ငံခြားသို့ထွက်ပြေးခဲ့ရပါသည်။ ၎င်းအနေဖြင့် လာဘ်စားမှုပုဒ်မဖြင့် တရားခံမဲ့ ထောင်(၂)နှစ်ကျခံရန် အမိန့် ချမှတ်ခြင်းခံရပါသည်။

    Mr. Thaksin ရာထူးမှ ဖယ်ရှားခံရပြီးနောက် အမျိုးသားလွှတ်တော်တွင် Mr. Somchai ကို ၀န်ကြီးချုပ် အဖြစ် စက်တင်ဘာလထဲတွင် ခန့်အပ်ခဲ့သည်ဟု ပြိုင်ဘက်ပါတီမှ ဆိုပါသည်။ သို့ရာတွင် Mr. Thaksin ၏ ပထမဆုံးအကြိမ် ရွေးကောက်ပွဲတွင် တစ်ခဲနက်အနိုင်ရရှိခဲ့သည့် ၂၀၀၁ခုနှစ်တွင် ထိုင်းပြည်သူအများစုသည် Mr. Thaksin ၏ မူဝါဒပေါ်လစီကို ကြိုက်နှစ်သက်ခဲ့ကြပါသည်။ ၎င်း၏ မူဝါဒပေါ်လစီမှာ ဆင်းရဲသူများကို ပို၍ ကူညီရန်ဖြစ်သည့် နေရာအနှံ့ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေးနှင့် မြေယာမဲ့မိသားစု (၁)သန်းကျော်ကို မြေယာများပေးခြင်းတို့ဖြစ်ပါသည်။

    တစ်ခါက Mr. Thaksin နှင့် လုပ်ငန်းလုပ်ကိုင်ဖက်ဖြစ်သော ပြိုင်ဘက်ပါတီ ပီအေဒီ၏ ခေါင်းဆောင် Mr.Sondhi သည် ၎င်း၏ ဂြိုဟ်တု တီဗီလိုင်း၊ သတင်းစာ၊ ရေဒီယိုဌာန၊ Website နှင့် အခြားသတင်း မီဒီယာများကို အသုံးပြု၍ ထိုင်းနိုင်ငံတောင်ပိုင်းနှင့် ဘန်ကောက်မြို့တွင် အဓိက အခြေပြုသော ၎င်း၏ နိုင်ငံရေးပါတီလူနည်းစု၏ အာဏာကို ကြီးထွားအောင် ဆောင်ရွက်ခဲ့ပါသည်။ Mr. Sondhi အနေဖြင့် စီးပွားရေး ခေါင်းဆောင်များ၊ အလယ်အလတ်လူတန်းစားများနှင့် မြို့တော်ရှိ လူ့မလိုင်အတန်းအစားများ၏ ထောက်ခံမှုကို ရယူခဲ့ပါသည်။

    အများစု ယုံကြည်သည်မှာ Mr. Sondhi ၏ ရန်ပုံငွေ တောင့်တင်းသောလုပ်ငန်းဆောင်ရွက်ချက်ကို ပြည်သူအများစုက ကြည်ညိုသည့် ဘုရင် Bhumibol Adulyadej က လျှို့ဝှက်စွာဖြင့် ထောက်ပံ့သည်ဟု ဆိုပါသည်။ Mr. Sondhi ၏ ဆန္ဒပြသူများသည် ဘုရင့်သစ္စာခံများအနေနှင့် အဝါရောင်အမှတ်အသားဖြင့် အဝါရောင်အင်္ကျီများကို ၀တ်ဆင်ကြပါသည်။

    နိုင်ငံရေးဆိုင်ရာအားပေးမှုစနစ်မှ ထုတ်ပယ်ခြင်းခံရသော ပြည်သူများ စုစည်း၍ ပြည်သူ့မဟာမိတ် ဒီမိုကရေစီပါတီကို ၂၀၀၆ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါသည်။ အခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် တရားရုံး၏ အုပ်ချုပ်မှုများဖြင့် ၎င်းတို့ကို အကူအညီပေးခဲ့ပါသည်။

    အင်္ဂါနေ့က အခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် တရားရုံးက Mr. Somchai ၏ ပါတီနှင့် ၎င်း၏ မဟာမိတ်ပါတီ (၂)ခုကို ဖျက်သိမ်းရန် အမိန့်ပေးခဲ့ပြီးနောက် တက်ကြွသည့်တရားသူကြီးများအနေဖြင့် ထိုင်းနိုင်ငံ၏ နိုင်ငံရေးကို ၀င်ရောက်စွက်ဖက်မှုသည် ပထမအကြိမ်မဟုတ်တော့ပါ ။

    ပြီးခဲ့သောနှစ်က အခြေခံဥပဒေအရ ဖွဲ့စည်းခဲ့သော တရားရုံးသည် Mr. Thaksin ၏ ထိုင်းပြည်သူများ က ထိုု်င်းပြည်သူများကိုချစ်သည့် ပါတီ (Thais Love Thais Party) ကို ပိတ်လိုက်ပြီး ယခင်အရာရှိဟောင်း (၁၁)ဦးတို့ (၅)နှစ်အထိ နိုင်ငံရေးမလုပ်ရန် တားမြစ်ခဲ့ပါသည်။ အကြောင်းမှာ ပါတီငယ်များကို လာဘ်ထိုး၍ ပြိုင်ဘက်၏ အမာခံနယ်မြေများတွင် ကိုယ်စားလှယ်များကို မဲကွဲသွားစေရန် ဆောင်ရွက်ခဲ့သည့် အတွက်ကြောင့် ဖြစ်ပါသည်။

    ၎င်းအချိန်သည် ဘီလီယံသူဋ္ဌေး Mr. Thaksin ကို စစ်တပ်မှ အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံသည် စစ်တပ်၏ အုပ်ချုပ်မှုအောက်တွင် ရောက်ရှိနေသည့်အချိန် ဖြစ်ပါသည်။ Mr. Thaksin ကို ရာထူးမှ ဖယ်ပစ်ရန် ဘုရင် Bhumibol ၏ အတည်ပြုချက်ကိုရယူခဲ့ပါသည်။

    သို့ရာတွင် Mr. Thaksin ၏ ၁၉၈၈ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ဖျက်သိမ်းခံရသော Thais Love Thais Party မှ ပါလီမန်အဖွဲ့ဝင်များသည် People's Power Party ကို ဖွဲ့စည်းပြီး ယခင်တီဗီတွင် အစားအသောက်များကို လက်တွေ့ချက်ပြုတ်ပြသသည့် စားဖိုမှူး Mr. Samak Sundaravej က ဦးဆောင်ပါသည်။

    အခြေခံဥပဒေအရ ဖွဲ့စည်းခဲ့သော တရားရုံးသည် စက်တင်ဘာလထဲတွင် Mr. Samak ကို ရာထူးမှ နှုတ်ထွက်ရန် စီရင်ခဲ့ပါသည်။ အကြောင်းမှာ ၎င်းဝန်ကြီးချုပ်ဖြစ်စဉ်အတွင်း တီဗီတွင် ပြသသော ချက်ပြုတ်နည်း သရုပ်ပြပွဲတွင် ဧည့်သည်အနေဖြင့် တက်ရောက်ခဲ့သည့်အတွက် ၀ါသနာဆိုင်ရာ ဥပဒေကို ချိုးဖောက်ခဲ့သောကြောင့် ဖြစ်ပါသည်။

    ယခင်တရားသူကြီးဖြစ်ခဲ့သည့် Mr. Somchai ကို Mr Samak ၏ နေရာတွင် အစားထိုးခဲ့ပြီး ၀န်ကြီးချုပ် ရာထူးကို ထိန်းသိမ်းစောင့်ရှောက်သူအနေဖြင့် ထားရှိခဲ့ပါသည်။ ထို့နောက် ပါလီမန်တွင် ၀န်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ပါသည်။ ပီအေဒီ ဆန္ဒပြသူများကို ၎င်းကိုရာထူးမှ နှုတ်ထွက်အောင် ဖိအား ပေးခဲ့ခြင်းဖြစ်ပါသည်။

    မကြာသေးမီက Mr. Thaksin က မိမိသည် ထိုင်းနိုင်ငံကို ပြန်လာလိုသော ဆန္ဒရှိပြီး နိုင်ငံရေးဘဝတွင် နှစ်မြှပ်လိုသည်ဟု ဆိုပါသည်။

    တရားရုံးက Mr. Somchai နှင့် ၎င်း၏ People's Power Party မှ အမှုဆောင် (၅၉)ဦးနှင့် ညွန့်ပေါင်း ပါတီမှ အဖွဲ့ဝင် (၂)ဦးတို့ကို (၅)နှစ်အတွင်း နိုင်ငံရေးမလုပ်ရန် စီရင်ချက်ချခဲ့ပါသည်။ အကြောင်းမှာ လွန်ခဲ့သော (၁)နှစ်က ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲများဆိုင်ရာ လိမ်လည်မှုအတွက်ကြောင့် ဖြစ်ပါသည်။

    ထို့ပြင် ပါလီမန်မှ အဖွဲ့ဝင်(၂၄)ဦးသည်လည်း ၎င်းတို့၏နေရာများမှ နှုတ်ထွက်ရမည် ဖြစ်ပါသည်။ သို့ရာတွင် Mr. Somchai ၏ အရာရှိများသည် ပါတီအသစ်ကို ဖွဲ့စည်းခဲ့ပြီး ၎င်းပါတီကို Puea Thai ဟု ခေါ်၍ ဖျက်သိမ်းခံခဲ့ရသော အဖွဲ့အစည်းများမှ အဖွဲ့ဝင်များကို ဖိတ်ခေါ်ခဲ့ပါသည်။

    နိုင်ငံကိုု ပြန်ရောက်ပြီးနောက် ချင်းမိုင်တွင်ရှိနေသည့် Mr. Somchai က သတင်းထောက်များကို ပြောကြားရာ၌ ယခုကိစ္စမှာ ပြဿနာမဟုတ်ကြောင်းဖြင့် ဆိုပါသည်။

    မွန်လွဲပိုင်းတွင် ဆန္ဒပြသူအများစုသည် ပြန်လည်ထွက်ခွာသွားပါသည်။ လေဆိပ်အာဏာပိုင်အရာရှိ များက ကြာသာပတေးနေ့ သန်းခေါင်အချိန်ခန့်တွင် သုဝဏ္ဏဘူမိလေဆိပ်အနေဖြင့် လေဆိပ်ဝန်ဆောင်မှု လုပ်ငန်း တစ်စိတ်တစ်ပိုင်းကို ပြန်လည်စတင်နိုင်မည်ဟု ဆိုပါသည်။


    လင်းဦး(စိတ်ပညာ)

    0 comments:

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo