ဖိနပ်ဖြင့်အပစ််ခံရပြီးနောက် သမ္မတဘွတ်ရှ်အနေဖြင့် ပြင်းထန်သောခံစားချက်မရှိဟု ပြောကြား

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,

  • သမ္မတအိမ်ဖြူတော်မှ သမ္မတအား အီရတ်ဂျာနယ်သတင်းထောက်က ဖိနပ်ဖြင့် ပစ်ပေါက်ပြီးနောက် ပြောကြားရာ၌ သမ္မတအနေဖြင့် မည်သို့သော ပြင်းထန်သည့်ခံစားချက်မရှိဟု ဆိုပါသည်။

    အီရတ်ဂျာနယ်သတင်းထောက်ဖြစ်သည့် Mr. Muntadar al-Zaidi သည် သမ္မတ George W Bush ကို ဘဂ္ဂဒက်မြို့ သတင်းစာ ရှင်းလင်းပွဲပြုလုပ်နေစဉ်အတွင်း ၎င်းစီးထားသည့် ရှူးဖိနပ်(၂)ရံဖြင့် ပစ်ပေါက်ခဲ့ပြီး ခွေးကြီးဟု ခေါ်ဆိုခဲ့ပါသည်။

    Mr. Bush အနေဖြင့် ထိခိုက်ခြင်းမရှိသော်လည်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးဝန်ထမ်းဖြစ် သော Ms. Dana Perino အနေဖြင့် ရုတ်ရုတ်သဲသဲဖြစ်စဉ်အတွင်း မျက်လုံးတွင် ထိခိုက်မှု ရခဲ့သည်ဟု ဆိုပါသည်။

    အထက်တရားစီရင်ရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူက Mr. Zaidi သည် အင်္ဂါနေ့တွင် အမှုစစ်ဆေး သူ တရားသူကြီးရှေ့မှောက်တွင် အစစ်ခံပြီးနောက် မိမိပြုလုပ်ခဲ့မှုကို ၀န်ခံခဲ့သည်ဟု ဆိုပါသည်။ ထိန်းသိမ်းခံရစဉ်အတွင်း Mr. Zaidi အနေဖြင့် ရိုက်နှက်ခြင်းခံခဲ့ရသည်ဟု ၎င်း၏အကိုဖြစ်သူ၏ စွပ်စွဲချက်အပေါ် အီရတ်စစ်တပ်မှ အစောပိုင်းက ငြင်းဆိုခဲ့ပါသည်။ BBC သို့ ၎င်း၏အကိုဖြစ်သူ Mr. Dargham က အခင်းဖြစ်ပွားပြီးနောက် ၎င်း၏ညီဖြစ်သူ Mr. Zaidi သည် လက်မောင်းကျိုးသည့်ဒဏ်၊ နံရိုးများကျိုးသည့်ဒဏ်နှင့် ကိုယ်တွင်းသွေးယိုမှုများကို ခံစားခဲ့ရသည်ဟု ပြောကြားခဲ့ပါသည်။

    တရားသူကြီးအနေဖြင့် အမှုကို စစ်ဆေးရာတွင် အဆိုပါအမှုမှာ တရားစွဲဆိုရာ၌ ခက်ခဲရှုပ်ထွေးမည် ဖြစ်၍ ရုံးတင်မစစ်ဆေးမီ လပေါင်းများစွာ အချိန်ယူရမည်ဖြစ်သည့်အတွက် Mr. Zaidi ကို ချုပ်နှောင်ထားမည် ဖြစ်ပါသည်။ အမေရိကန်သမ္မတ Bush ၏ ပြောရေးဆိုခွင့်ရှိသူ Ms. Perino ပြောကြားရာ၌ ထိုသို့ စော်ကားခဲ့မှု အပေါ် ဆီလျော်သည့်ပြစ်ဒဏ်ကို အီရတ်အစိုးရ၏ တရားရေးစနစ်က ဆုံးဖြတ်ပေးလိမ့်မည်ဟု Mr.Bush က ယုံကြည်ပါကြောင်း ပြောကြားပါသည်။ သမ္မတအနေဖြင့် ယခုအဖြစ်အပျက်အတွက် စိတ်ထဲတွင် နာကျည်း ခံစားချက် မရှိပါဟု ဆက်လက်ပြောကြားပါသည်။

    အီရတ်အမျိုးသားလုံခြံုရေးအကြံပေး Mr. Mowaffaq al-Rubaie ၏ အမိန့်ဖြင့် အင်အားသုံး ဖမ်းဆီးခဲ့ပြီးနောက် ၊ အီရတ်အာဏာပိုင်များက ပြောကြားရာ၌ အသက်(၂၈)နှစ်ရှိ Mr. Zaidi သည် နိုင်ငံ၏ ဥပဒေနှင့်အညီ တရားစွဲဆိုလိမ့်မည်ဖြစ်ကြောင်းဖြင့် ပြောကြားပါသည်။

    တရားလိုနှင့် တရားခံရှေ့နေများတက်ရောက်သည့် ယနေ့တွင် Mr. Zaidi ကို တရားသူကြီးရှေ့သို့ ခေါ်ဆောင်လာခဲ့ကြောင်း အီရတ်အထက်တရားစီရင်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ Mr. Abdul Satar Birqadr က ပြောကြားပါသည်။ Mr. Ziadi အနေဖြင့် သမ္မတအား သေစေရန် ကြံံစည်မှုဖြင့် တရားစွဲခြင်း ခံရပါက ထောင်(၇)နှစ်မှ (၁၅)နှစ် ကျခံရမည်ဖြစ်ကြောင်းဖြင့် ၎င်းက ဆက်လက်ပြောကြားပါသည်။ အင်္ဂါနေ့တွင် အီရတ်နိုင်ငံတစ်ဝှမ်းလုံး၌ ဒုတိယနေ့လူထုချီတက်မှုကြီးနှင့်အတူ Mr .Zaidi အား သူရဲကောင်းအဖြစ်နှင့် ၎င်းအား ထိန်းသိမ်းထားခြင်းမှ လွှတ်ပေးရန် တောင်းဆိုကြပါသည်။ ယခုအချိန် အာရပ်လောကတွင် Mr. Zaidi က သမ္မတဘွတ်ရှ်အား ပစ်ပေါက်ခဲ့သော ဖိနပ်(၂)ရံကို အမေရိကန်ဒေါ်လာ(၁၀)သန်း (ပေါင်စတာလင် ၆.၅သန်း) ပေးဝယ်လိုသူများ ရှိနေကြသည်ဟု သတင်းများက ဆိုပါသည်။ အီရတ်ဂျာနယ်သတင်းထောက် သမဂ္ဂဥက္ကဋ္ဌဖြစ်သူ Mr. Mouyyard al-Lami က အစိုးရအနေဖြင့် Mr. Zaidi အပေါ် သက်ညှာရန် တောင်းဆိုလိုက်ပါသည်။

    ၎င်းက Mr. Zaidi ၏ အပြုအမူသည် ထူးဆန်းပြီး မရင့်ကျက်သေးသူ တစ်ယောက်၏ အပြုအမူဟု ဖော်ပြခဲ့သော်လည်း အီရတ်ဝန်ကြီးချုပ် Mr. Nouri al-Maliki ကို သနားညှာတာမှု ပြသရန် တောင်းဆိုလိုက်ပါသည်။ သမ္မတဘွတ်ရှ်အနေဖြင့် နောက်လတွင် သမ္မတရာထူးမှ မထွက်ခွာမီ အမေရိကန်သမ္မတတစ်ယောက် အနဖြင့် နှုတ်ဆက်သည့်အနေဖြင့် အီရတ်နိုင်ငံသို့ အလည်အပတ်လာရောက်ခဲ့ခြင်းဖြစ်ပြီး တနင်္ဂနွေနေ့ သတင်းစာရှင်းလင်းပွဲတွင် အီဂျစ်နိုင်ငံ ၊ ကိုင်ရိုမြို့၌ အခြေစိုက်သည့် ပုဂ္ဂလိက ရုပ်မြင်သံကြားဌာနဖြစ်သော al-Baghdadia ၏ လူသိနည်းသည့် ဂျာနယ်သတင်းထောက်မှ ၎င်းစီးထားသည့် ဖိနပ်ဖြင့် ပစ်ပေါက်ခံရခဲ့ခြင်း ဖြစ်ပါသည်။ Mr. Zaidi က ဖိနပ်ဖြင့် ပစ်ပေါက်စဉ်အတွင်း သမ္မတBushအား "ခွေးကြီး၊ ဒါအီရတ်ပြည်သူများက ပေးတဲ့ နှုတ်ဆက်အနမ်းကွ" ဟု အော်ဟစ်ပြောဆိုခဲ့ပါသည်။ ၎င်း၏အကိုဖြစ်သူက ဖိနပ်နှင့်ပတ်သက်၍ BBC သို့ ၎င်းဖိနပ်ကို ဘဂ္ဂဒက်မြို့လယ်ခေါင်ရှိ နာမည်ကြီး ဈေးတန်းမှ ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး အရောင်မှာ အညိုရင့်ရောင်ဖြစ်ကြောင်းဖြင့် အသေးစိတ် ပြောကြားခဲ့ပါသည်။ ဘဂ္ဂဒက်တက္ကသိုလ်မှ ဆက်သွယ်ရေးဘွဲ့ရ Mr. Zaidi သည် အီရတ်မြို့တော်တွင် နေထိုင်ပြီး al-Baghdadia ပုဂ္ဂလိက ရုပ်မြင်သံကြားဌာနတွင် အလုပ်လုပ်ခဲ့သည်မှာ (၃)နှစ်ခန့်ရှိပြီဟု သိရပါသည် ။


    လင်းဦး(စိတ်ပညာ)


    နိုင်ငံတကာ သတင်းများကို ရေးသားရာတွင် Bloomberg, NewYorkTimes, CNN, BBC , ABC news စသော သတင်းဌာနများမှ သတင်းများကို အားလုံးပေါင်းစပ်ကာ ဘာသာပြန်၍ အကောင်းဆုံးဖြစ်အောင် ပြန်လည်ရေးသားထားခြင်း ဖြစ်ပါသည် .......အတတ်နိုင်ဆုံး သတင်းများကို Update ဖြစ်အောင် ရေးနေပါသည်... သို့သော် သတင်းများသည် အချိန်နှင့် Source ယူရာ သတင်းဌာနများပေါ်တွင် မူတည်နေပါ၍ အမှားအယွင်းများ ပါခဲ့လျှင် ခွင့်လွှတ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်.....

    2 comments:

    မသက်ဇင် said...

    ကိုလင်းဦးရေ-------------
    ဘွတ်ရှ်ကိုဖိနပ်နဲ့အပေါက်ခံရတာကတော့-
    သတင်းထူးတပုဒ်အနေနဲ့ အမေရိကန်သမတ တွေထဲမှာ
    အရှက်တကွဲပါပဲ---
    သူက သေနတ်ပစ်တော်တဲ့အမေရိကန်ကောင်းဘွိုင်ဆိုပြီးနာမည်ကြီးနေတာ--

    tinkyawoo said...

    သူသေနတ်ပစ် တော်ပေမဲ့ နောက်ဆုံးတော့လည်း ဖိနပ်စာပဲ မိသွားရှာ တာပဲ :D

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo