အီရတ် ဂျာနယ်သတင်းထောက်က အမေရိကန်သမ္မတဘွတ်ရှ်အား ရှူးဖိနပ်ဖြင့် ပစ်ပေါက်ခြင်း

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,

  • အီရတ်သို့ အလည်အပတ်ရောက်ရှိနေသည့် အမေရိကန်သမ္မတ Bush အား ၎င်းစီးထားသည့် ဖိနပ်(၂)ရံဖြင့် ရုတ်ရုတ်သဲသဲဖြစ်အောင် ပစ်ပေါက်ခဲ့သည့် အီရတ်ဂျာနယ်သတင်းထောက်သည် ထိုသို့ ပြုလုပ်နိုင်ရန်အတွက် လပေါင်းများစွာ ကြံစည်ခဲ့ကြောင်းဖြင့် ၎င်း၏ အပေါင်းအဖော်များက တနင်္လာနေ့တွင် ပြောကြားခဲ့ပါသည်။

    Mr. Muntazer al-Zaidi အသက်(၂၈)နှစ်ရှိသည့် ဖော်ပြပါ အီရတ်သတင်းထောက်သည် သူရဲကောင်း အဖြစ် ချီးကျူးခြင်းခံခဲ့ရပါသည်။ ၎င်းက ဖိနပ်ဖြင့် ပစ်ပေါက်ခြင်းခံခဲ့ရသူ အမေရိကန်သမ္မတ Bush မှာ ၂၀၀၃ ခုနှစ်တွင် အီရတ်သို့ စီးနင်းဝင်ရောက်ရန် အမိန့်ပေးခဲ့သူ ဖြစ်ပါသည်။ အမေရိကန်သမ္မတ Bush အီရတ်တွင် ရှိနေစဉ် ဘာသာရေးအထွတ်အမြတ်မြို့ဖြစ်သော Najaf နှင့် Baghdadတို့တွင် အမေရိကန် ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ပြုလုပ်ခဲ့ပါသည်။

    အမေရိကန်ဆန့်ကျင်ရး Sadr လှုပ်ရှားရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ Mr. Liwaa Sumeissim က မိမိတို့ နိုင်ငံအား ကျူးကျော်ဝင်ရောက်နေသည့် အမေရိကန်နိုင်ငံ၏ သမ္မတအား မြင်လိုက်ရသည့်အတွက် ကြေကွဲ စွာ ခံစားရမှုကို ပြသခဲ့သည့် အပြုအမူပင်ဖြစ်ကြောင်းဖြင့် ပြောကြားလိုက်ပါသည်။

    သို့ရာတွင် အီရတ်အစိုးရက ဂျာနယ်သတင်းထောက် Mr. Zaidi ၏ အပြုအမူသည် ရှက်စရာ ကောင်းပြီး ၎င်း၏အလုပ်ရှင်ဖြစ်သော Al-Baghdadia ရုပ်မြင်သံကြားဌာနက တောင်းပန်ရန် တောင်းဆို လိုက်ပါသည်။ အဆိုပါ ရုပ်မြင်သံကြားဌာနက Mr. Zaidi ကို ထိန်းသိမ်းထားခြင်းမှ ချက်ခြင်းလွှတ်ပေးရန် တောင်းဆိုထားပါသည်။

    တနင်္ဂနွေနေ့တွင် သမ္မတ Bush နှင့် အီရတ်ဝန်ကြီင်္းချုပ် Mr. Nuri al-Maliki တို့ သတင်းစာ ရှင်းလင်းပွဲပြုလုပ်နေစဉ် ဂျာနယ်သတင်းထောက် Mr. Zaidi က ထိုင်နေရာမှ ခုန်ထ၍ "ခွေးကြီး၊ ဒီဟာ နှုတ်ဆက်အနမ်းပဲကွ( Farewell Kiss, you Dog !) ဟု ဆိုပြီး ၎င်း၏ဖိနပ်(၂)ရံဖြင့် အမေရိကန်သမ္မတကို ပစ်ပေါက်ခဲ့ခြင်း ဖြစ်ပါသည်။

    ပထမဖိနပ်တစ်ရံမှာ ခေါင်းဆောင်(၂)ဦး၏ နောက်တွင်ရှိသည့် အမေရိကန်နှင့် အီရတ်အလံကို ထိပြီး၊ နောက်တစ်ရံမှာ ပစ်မှတ်လွဲချော်သွားပါသည်။ Mr. Zaidi မှာ ချက်ခြင်းပင် လုံခြံုရေးအစောင့်များ၏ မြေပြင်ပေါ်သို့ လှဲချချုပ်နှောင်ခြင်းကို ခံခဲ့ရပါသည်။ ထို့နောက် ချုပ်နှောင်ထားလျက်နှင့် ၎င်းက "သေဆုံးခဲ့ရသော အီရတ် ထောင်ပေါင်းများစွာအတွက် မင်းတွင် တာဝန်ရှိသည်"ဟု အော်ဟစ်ခဲ့ပါသည်။

    ကြေညာချက်တွင် Al-Baghdadia ရုပ်မြင်သံကြားဌာနက အီရတ်အာဏာပိုင်များကို ၎င်းတို့၏ ဂျာနယ်သတင်းထောက်အား အမေရိကန်အာဏာပိုင်များက အီရတ်ပြည်သူများကို ကတိပေးခဲ့သည့် ဒီမိုကရေစီနှင့် လွတ်လပ်ရေးနှင့်အညီ ချက်ခြင်းလွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်းဖြင့် ဖော်ပြထားပါသည်။ ၎င်းတို့၏ ဂျာနယ်သတင်းထောက်အပေါ် မည်သည့်အရေးယူမှုများကို မဆို မိမိတို့အနေဖြင့် အာဏာရှင် အစိုးရ၏ အပြုအမူများသာ ဖြစ်သည်ဟု မိမိတို့ စဉ်းစားရလိမ့်မည်ဖြစ်ကြောင်းဖြင့်

    Al-Baghdadia ရုပ်မြင်သံကြားဌာနမှ Zaidi ၏ လုပ်ဖော်ကို်င်ဖက်တစ်ဦးက Mr. Zaidi အနေဖြင့် အခွင့်အရေးရသည်နှင့်အမျှ Mr. Bush အား ဖိနပ်ဖြင့် ပစ်ပေါက်ရန် ကြံစည်ထားပြီးဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ ၎င်းကပြောကြားရာ၌ Mr. Zaidi အနေဖြင့် ၎င်းက လုပ်မည်ဆိုသည်ကို မိမိတို့ သံသယ မရှိမိပါကြောင်းဖြင့် ဆက်လက်ပြောကြားပါသည်။

    အမည်မဖော်လိုသော Mr. Zaidi ၏ လုပ်ဖော်ကို်င်ဖက်တစ်ဦးက Mr. Zaidi အနေဖြင့် အမေရိကန်တို့ အပေါ် စက်ဆုတ်ရွံ့မုန်းကြောင်း ၊ ၎င်းသည် အမေရိကန်တပ်သားများကို ရွံ့မုန်းသကဲ့သို့ သမ္မတ Bush ကိုလည်း ရွံ့မုန်းကြောင်းဖြင့် ပြောကြားပါသည်။

    ဖိနပ်ဖြင့် ပစ်ပေါက်ခြင်းသည် အာရပ်ယဉ်ကျေးမှု၌ အပြင်းထန်ဆုံးသော စော်ကားမှုကြီးပင်ဖြစ်ပါသည်။ အီရတ်သမ္မတဟောင်း ဆဒ္ဒန်ဟူစိန်၏ ရုပ်ထုကို ၂၀၀၃ခုနှစ် ၊ ဧပြီလတွင် လှဲချပြီးနောက် ၊ ထိုသို့ လှဲချလိုက်သည့် ရုပ်ထု၏ မျက်နှာကို လာရောက်ကြည့်ရှု့သူများက ဖိနပ်များဖြင့် နင်းချေခဲ့ဖူးပါသည်။

    အီရတ်ရှေ့နေများက ပြောကြားရာ၌ Mr. Zaidi သည် နိုင်ငံခေါင်းဆောင် လာရောက်လည်ပတ်မှု အပေါ် စော်ကားသည့်ပြစ်မှုဖြင့် တရားစွဲခံရပါက ထောင်(၂)နှစ် အနည်းဆုံးကျမည်ဖြစ်ပြီး၊ သေစေရန်ကြံစည်မှုဖြင့် တရားစွဲခံရပါက ထောင်(၁၅)နှစ် ကျမည်ဖြစ်ကြောင်းဖြင့် ပြောကြားပါသည်။

    အီရတ်နိုင်ငံ ကိုင်ရိုမြို့တွင် ရုပ်မြင်သံကြားဌာန၏ အစီအစဉ် စီစဉ်ရေးညွှန်ကြားရေးမှူးဖြစ်သူ Mr. Muzhir al- Khafaji က Mr. Zaidi သည် အာရပ်များအတွက် ဂုဏ်ယူရမည့် အမြင်ကျယ်သည့် ပုဂ္ဂိုလ်ပင် ဖြစ်ကြောင်းဖြင့် ပြောကြားသွားခဲ့ပါသည်။

    ၎င်းက AFP သတင်းဌာနကို ပြောကြားရာ၌ ၎င်းမှာ ယခု ကိစ္စမတိုင်မီ အမေရိကန်တို့၏ ဖမ်းဆီးမှုကို နှစ်ကြိမ်ခံခဲ့ရသည့်အတွက် Mr. Zaidi ၏ လုံခြံုမှုအတွက် စိုးရိမ်မိပါကြောင်း ၊ အီရတ်တွင် ရှိသည့် မိမိတို့၏ သတင်းထောက်များမှာ (၂၀၀)ရှိသည့်အတွက် ၎င်းတို့ အဖမ်းခံရမည်ကို စိုးရိမ်မိပါကြောင်းဖြင့် ဆက်လက် ပြောကြားပါသည်။ Mr. Khafaji က Mr . Zaidi သည် အသက်(၂၈)နှစ်ရှိပြီး ဘဂ္ဂဒက်တက္ကသိုလ်မှ ဆက်သွယ်ရေးဘွဲ့ကို ရခဲ့သူဖြစ်ကြောင်း ၊ မိမိတို့ဌာနတွင် လုပ်နေသည်မှာ (၃)နှစ်ခန့်ရှိပါကြောင်း ၊ ၎င်းသည် ယခင်အစိုးရနှင့် မည်သို့မျှ မပတ်သက်ပါကြောင်းနှင့် ၎င်း၏ မိသားစုသည် သမ္မတ ဆဒ္ဒန်ဟူစိန် အုပ်စိုးစဉ်အခါက အဖမ်းခံခဲ့ရပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။


    လင်းဦး(စိတ်ပညာ)


    နိုင်ငံတကာ သတင်းများကို ရေးသားရာတွင် Bloomberg, NewYorkTimes, CNN, BBC , ABC news စသော သတင်းဌာနများမှ သတင်းများကို အားလုံးပေါင်းစပ်ကာ ဘာသာပြန်၍ အကောင်းဆုံးဖြစ်အောင် ပြန်လည်ရေးသားထားခြင်း ဖြစ်ပါသည် .......အတတ်နိုင်ဆုံး သတင်းများကို Update ဖြစ်အောင် ရေးနေပါသည်... သို့သော် သတင်းများသည် အချိန်နှင့် Source ယူရာ သတင်းဌာနများပေါ်တွင် မူတည်နေပါ၍ အမှားအယွင်းများ ပါခဲ့လျှင် ခွင့်လွှတ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်.....

    2 comments:

    ဗီလိန် said...

    အဲဒီ ကောင်ကို ဖိနပ်နဲ့ မဟုတ်ဘူး သေနတ်နဲ့ ပစ်ရမှာ။ တစ်ကမာ္ဘလုံးသူ့ကြောင့် ဒုက္ခရောက်နေရတာ။

    မသက်ဇင် said...

    ကိုလင်းဦးရေ-------------
    ဘွတ်ရှ်ကိုဖိနပ်နဲ့အပေါက်ခံရတာကတော့-
    သတင်းထူးတပုဒ်အနေနဲ့ အမေရိကန်သမတ တွေထဲမှာ
    အရှက်တကွဲပါပဲ---
    သူက သေနတ်ပစ်တော်တဲ့အမေရိကန်ကောင်းဘွိုင်ဆိုပြီးနာမည်ကြီးနေတာ--

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo