ကမ္ဘာ့ငွေကြေးဆိုင်ရာ အကျပ်အတည်း(၂)

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,


  • သောကြာနေ့(အောက်တိုဘာ-၃ရက်)တွင် အာရှနှင့် ဥရောပရှိ ရှယ်ယာများ ဆက်လက်ကျဆင်းလျက် ရှိသည့်အတွက် ငွေကြေးဆိုင်ရာသမိုင်းတွင် ဆယ်စုနှစ်ကြာကာလအတွင်း အဆိုးဆုံးသောလဟု ဆိုရမည် ဖြစ်နေသည်။ အမေရိကန်နိုင်ငံတွင် ငွေကြေးဆိုင်ရာ လက်ရှိတန်ဖိုးများကို နောင်ဖြစ်လာနိုင်မည့် အခြေအနေနှင့် နှိုင်းယှဉ်ပြီး ဈေးကွက်ပြန်ဖွွင့်သည့်အခါ မည်သို့ အခြေအနေရှိနေမည်ကို စောင့်ကြည့် တိုင်းတာသည့် US Nasdaq 100 Futures ဆက်လက်ကျဆင်းနေသည် ။ ထို့အတူ ဂျပန်နိုင်ငံ၏ နီကေတန်ဖိုး (Nikkei index)သည် ၅% လျော့ကျသွားပြီး ဟောင်ကောင် ဟန်ဆန်သည် ၂.၅%၊ ဥရောပမှ Britain FTSE 100 နှင့် ပြင်သစ်မှ CAC – 40 နှစ်ခုသည် ၁.၄% စီနှင့် ဂျာမနီ DAX သည် ၁% လျော့ကျသွား ခဲ့သည်။ ထိုသို့လျော့ကျသွားရခြင်း၏ အဓိက လက်သည်မှာ US စီးပွားရေးသည် တတိယ (၃)လပတ်တွင် (0.3%) အထိ ကျံု့ဝင်သွားခဲ့သည် ဟူသည့် သတင်းအပေါ် ရင်းနှီးမြှပ်နှံသူများမှ ပူပန်နေကြခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည် ။



    ကြာသာပတေးနေ့က ထုတ်ပြန်သည့် စာရင်းများအရ US၏ GDP သည် နှစ်စဉ် 0.3% ကျဆင်းနေ သည်။ ထိုကိန်းဂဏန်းသည် (၇)နှစ်ကာလအတွင်း အဆိုးဆုံးဖြစ်သည်။ သို့ရာတွင် Wall Street အနေဖြင့် ကြာသာပတေးနေ့တွင် တိုးတက်မှုများ ရှိခဲ့သည်။ US Dow Jones Industrial Average သည် 2.1%, the standard & Poor’s 500 index သည် 2.6% နှင့် Nasdaq သည် 2.5% မြင့်တက်ခဲ့သည်။



    ကမ္ဘာ့ငွေကြေးအခက်အခဲမှ လွတ်မြောက်ရန် အစိုးရများမှ မတည်ထားသော ငွေကြေးပမာဏများပြပုံ

    ရေနံဈေးနှုန်းသည်လည်း ၀ယ်လိုအားကျဆင်းသွားမည့် အရိပ်အခြေအနေရှိနေသည့်အတွက် ကျဆင်း သွားခဲ့သည်။ US တွင် ရေနံစိမ်းဈေးနှုန်းသည် ထပ်မံ၍ ၃% ကျဆင်းသွားသဖြင့် ရေနံစိမ်းတစ်စည်တွင် $63.96 ဖြစ်သွားခဲ့သည်။ ၎င်းသည် ဇူလိုင်လက စံချိန်တင်တက်ခဲ့သည့် တစ်စည်တွင် $147 မှ ဆက်တိုက် ကျဆင်းလာခြင်းဖြစ်သည် ။ ရွှေဈေးသည်လည်း တစ်အောင်စတွင် $724.10 သို့ ဈေးကျဆင်းသွားခဲ့သည် ။





    အောက်တိုဘာ ဈေးကွက်ထိုင်းမှိုင်းနေမှုတွင် အထိနာဆုံးမှာ အာရှတိုက်ဖြစ်နေခြင်း

    သောကြာနေ့က Wall Street ပိတ်ချိန်၌ အောက်တိုဘာတစ်လလုံးအတွက် 16.9% ကျသွားသဖြင့် ဈေးကွက်တစ်ခုလုံးအတွက် အဆိုးဆုံးလဖြစ်ခဲ့သော်လည်း အာရှတိုက်ရှိ နိုင်ငံအများနှင့် အခြားဒေသရှိ နိုင်ငံ အချို့တို့နှင့် နှိုင်းစာလျှင် တော်သေးသည်ဟု ဆိုရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါလတွင် ၂၄% ကျဆင်းခဲ့သည့် ဘရာဇီးမှ ၂၅%ကျဆင်းသွားသည့် တရုတ်နိုင်ငံအထိကိုကြည့်လျှင် US သည် အဆိုးဆုံးအခြေအနေတွင် မရှိဟု ဆိုနိုင်သည်။ တရားခံမှာ Wall Street ဘာသာစကားအရဆိုလျှင် “deleveraging” ဟုခေါ်သည့် ချေးငွေဖြင့် ၀ယ်ယူထားသည့် stock နှင့် bond များကို ပြန်လည်ရောင်းချခြင်း (သို့) အသုံးပြုခြင်းတို့ကြောင့် ဖြစ်သည် ။



    စက်တင်ဘာလလယ်ကစ၍ Lehman Brothers Holdings ဒေဝါလီခံသွားရခြင်းမှ စတင်ပြီး အထက်ပါပုံစံဖြင့် stock share များ ရောင်းချခြင်းများ ပိုမိုဖြစ်ပေါ်လာပြီး stock များအား အရှုံးခံပြီး ခဝါချ ရောင်းချမှုများသည် ရေနံစိမ်းရောင်းဝယ်မှု အပါအဝင် ကမ္ဘာတဝှမ်းရှိ ဈေးကွက်များအားလုံးကို ထိခိုက်မှု ဖြစ်ပေါ်လာခဲ့သည်။



    State Street Global Advisor ၏ မန်နေဂျာ Dan Peirce မှ “ ဒါက ကွင်းဆက်ပုံစံလေ၊ ငွေကြေး ဈေးကွက်က ပိုပြီး အခြေအနေဆိုးလာတာနဲ့ အဖွဲ့အစည်းတစ်ခုရဲ့ အခြေအနေကို ပိုပြီး ဆိုးလာစေတာပေါ့၊ ဒါနဲ့ပဲ အဲ့ဒီအဖွဲ့အစည်းက အရင်းအနှီးပိုပြီး လိုအပ်လာတယ်၊ ပိုပြီး ခဝါချ အရှုံးခံရောင်းရတော့တာပေါ့’’ ဟု ပြောကြားခဲ့ပါသည် ။ ဤသို့ဖြင့် ဂျပန်နိုင်ငံ၏ နီကေ Average သည် တစ်လအတွင်း 23.8% ကျဆင်းသွား ခဲ့သည် ။ တရုတ်နိုင်ငံတွင်လည်း Shanghai Composite သည် 24.6% နှင့် Hong Kong Hand Seng သည် 22.5% ကျသွားခဲ့သည် ။ တောင်ကိုရီးယား၏ Kospi Composite index မှ 23.1% ကျသွားခဲ့သည်။



    အာရှထက်နှိုင်းယှဉ်လျှင် ဥရောပနိုင်ငံများမှ အခြေအနေကောင်းနေသေးသည် ။ Pan-European Dow Jones Stoxx 600 Index သည် ၁၃.၃%၊ London FTSE သည် ၁၀.၇% ၊ ပြင်သစ် CAC-40 သည် ၁၃.၅%နှင့် ဂျာမနီ DAX သည် ၁၄.၅% ကျသွားခဲ့သည် ။



    နိုင်ဂျီရီးယား ဗဟိုဘဏ်ဥက္ကဋ္ဌ ပါမောက္ခ Chule Wuma Soludo မှ ပြောကြားရာတွင် လက်ရှိ ကမ္ဘာ့ ငွေကြေးပြဿနာတွင် အထိခိုက်ဆုံးဖြစ်မည့်သူများမှာ အကြွေးများစွာ တင်ရှိနေသည့် အစိုးရများနှင့် ပြည်ပမှ အကူအညီများအပေါ် မှီခိိုနေသည့်နိုင်ငံများ ဖြစ်သည်ဟု ဆိုသည် ။ ၎င်းမှ ဆက်လက်ပြောကြားရာတွင် US ကဲ့သို့သော ဖွံ့ဖြိုးပြီး နိုင်ငံများအနေဖြင့် ယခုဖြစ်ပေါ်နေသည့် ငွေကြေးပြဿနာမှ ရုန်းထွက်နိုင်ရန်အတွက် ဒေါ်လာ Trillion အထိ အသုံးပြုနေကြကြောင်း၊ ၎င်းငွေပမာဏထဲမှ အတော်များများသည် ဖွံ့ဖြိုးဆဲ နိုင်ငံများမှ ပြည်ပရှိ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ဘဏ်ထဲတွင် Security အဖြစ်ထားရှိသည့်ငွေများ (ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ငွေများ) ဖြစ်ကြောင်း၊ နိုင်ဂျီးရီးယားကဲ့သို့သော ဆင်းရဲသည့် နိုင်ငံများအနေဖြင့် မိမိတို့ဘာသာ ကံကိုသာ ယုံကြည်၍၊ အားကိုး၍ နေနေရကြောင်း၊ ၎င်းသည် မဖြစ်သင့်ကြောင်းဖြင့် ပြောကြားသွားသည်။



    Professor Soludo ပြောကြားသည်မှာ မှန်ကန်သင့်သလောက် မှန်ပါသည်။ သို့ရာတွင် ဖွံ့ဖြိုးဆဲ နိုင်ငံများသာမက ဖွံ့ဖြိုးပြီးနိုင်ငံများကပါ Financial Crisis အား ကျော်လွှားနိုင်ရန်အတွက် ကြိုးပမ်းရာတွင် ပြည်ပတိုင်းပြည်များကိုပါ အကူအညီယူလာရသည်။ ဗြိတိန်နိုင်ငံ၏ အကြီးဆုံးဘဏ်တစ်ခုဖြစ်သော Barclays Bank သည် Middle East နိုင်ငံများဖြစ်သည့် Qatar နှင့် Abu Dhabi နိုင်ငံများ၏ State investment fund များမှ ပေါင် ရ.၃ billon အထိ ချေးယူနိုင်ရန် ညှိနှိုင်းလျက်ရှိကြောင်း ကြေငြာခဲ့သည်။ တစ်ဖက်၌လည်း အစိုးရမှ စတာလင်ပေါင် 37 billon (US $ 64 bn) ရှိ taxpayer များ၏ ငွေပမာဏကို အဓိကဘဏ်ကြီး (၃)ခုသို့ ထည့်တွင်းပေးမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။ Scotland Royal Bank (RBS) သို့လည်း ပေါင် ၂၀ ဘီလီယံ ကို လည်းကောင်း၊ HBDS နှင့် L Loyds TSB ဘဏ်တို့ ပေါင်းစည်းပြီးသည့်အခါတွင် ပေါင် 17 bn ကို လည်းကောင်း ထည့်တွင်း ပေးမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၃ရက်နေ့တွင် ထုတ်ပြန်ခဲ့သည် ။



    Interest rate များ လျှော့ချလာကြခြင်း

    မိမိတို့၏ ငွေကြေးဈေးကွက်တည်ငြိမ်မှုဖြစ်လာစေရေးအတွက် အစိုးရများမှ ၎င်းတို့ဘဏ်များ၏ Interest rate များကို လျှော့ချ လာကြသည်။ US ဘဏ်များမှ 2% မှ 5% အထိလည်းကောင်း၊ European Central Bank (ECB)သည် 4.25% မှ 3.75% အထိ လည်းကောင်း၊ China မှ 0.27% point ကိုလည်းကောင်း၊ UK သည် 5%မှ 4.5% အထိလည်းကောင်း လျှော့ချခဲ့သည်။ ဂျပန်ဘဏ်သည်လည်း ယခင် 0.5မှ 0.3 သို့ Interest rate အား လျှော့ချခဲ့သည် ။



    ကုလသမဂ္ဂ၏ ကြိုးပမ်းဆောင်ရွက်မှုများ

    အမေရိကန် ပြည်တွင်းငွေချေးလုပ်ငန်းများ၊ အိမ်မြေရောင်းဝယ်မှုလုပ်ငန်းများမှ စတင်လာခဲ့သည့် ကမ္ဘာ့ငွေကြေးအခက်အခဲသည် အာရှ၊ ဥရောပ အပါအဝင် အာဖရိကနိုင်ငံများအထိပါ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့သောကြောင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကလည်း ပြဿနာဖြေရှင်းနိုင်ရေးတွင် ပါ၀င်ဆောင်ရွက် လာခဲ့သည်။ ယခုဖြစ်ပေါ်နေသည့် ငွေကြေးပြဿနာကို တစ်ကမ္ဘာလုံးအဆင့်အနေဖြင့် လက်တွဲ ဖြေရှင်းနိုင်ရန်အတွက် အဆင့်မြင့်လုပ်ငန်းအဖွဲ့ high-level task force တစ်ခုကို ၂၀၀၁ခုနှစ်တွင် စီးပွားရေး နိုဘယ်လ်ဆုရခဲ့သူ Joseph Stiglitz မှ ဦးဆောင်ပြီး ဖွဲ့စည်းခဲ့သည်။ ၎င်း task force မှ နိုင်ငံတကာ ငွေကြေး စနစ်ကြီး (Financial system) ကို ပုံစံပြောင်းတည်ဆောက်နိုင်ရန် အသေးစိတ်ဆွေးနွေးကြမည် ဖြစ်သည်။



    ပြီးခဲ့သည့် ကြာသာပတေးနေ့တွင် ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂငွေကြေးဆိုင်ရာ အထွေထွေညီလာခံတွင် (General Assembly) ပညာရှင်များမှ ကမ္ဘာ့အင်အားကြီးနိုင်ငံများအား ၁၉၄၄ Bretton Woods ညီလာခံတွင် US မှ ဦးဆောင်ပြီး ချမှတ်ခဲ့သည့် World Financial Rules များအား ပြန်လည်ပြင်ဆင်ကြရန် တိုက်တွန်းခဲ့ကြသည်။ အဆိုပါ ညီလာခံကြီးမှ IMF (International Monetary Fund) နှင့် ကမ္ဘာ့ဘဏ်တို့ကို မွေးထုတ်ပေးခဲ့ခြင်းဖြစ်သည် ။



    အဆိုပါ ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဥက္ကဋ္ဌ Miguel d’ Escoto Brockmann မှ “အဲ့ဒီ တောင်ပိုင်းက သူတွေ (North America) အနေနှင့် ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံများကို အသုံးချပြီး သူတို့ရဲ့အခက်အခဲကို ကူညီဖေးမမှုပေးစေမည့် လုပ်ဆောင်မှုတွေကို လုပ်နေလို့ မရဘူးလေ” ဟု ပြောကြားခဲ့သည် ။



    အမေရိကန်ပြည်တွင်း၌လည်း လက်ရှိဖြစ်နေသည့် Financial Crisis အပြီးသတ်သွားနိုင်ရေး နည်းမျိုးစုံဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ အိမ်ဖြူတော် အနေဖြင့်လည်း အမေရိကန်နိုင်ငံမှ လက်ရှိ ကျင့်သုံးနေသည့် Home Loans များနှင့် Mortgage Plan များ၏ စည်းမျဉ်းများကို ပြင်ဆင်ရန်အတွက် ညှိနှိုင်းလျက်ရှိသည် ။ လက်ရှိအခြေအနေတွင် အမေရိကန်နိုင်ငံတစ်ဝှမ်း 7.5 သန်းကျော် ရှိသည့် အိမ်ပိုင်ရှင် များအနေဖြင့် ၎င်းတို့၏ အိမ်အတွက် အကြွေးဖြင့် ၀ယ်ယူခဲ့သဖြင့် ပေးနေရသည့် Mortgage ထက် အိမ်တန်ဖိုးလျော့နည်းလာသည့် အခြေအနေကို ရင်ဆိုင်နေရသည်။ ထိုသို့ဖြစ်နေခြင်းကို Business စကားအားဖြင့် Negative Equity ဟုခေါ်သည်။ Negative Equity ဆိုသည်မှာ “ပေးချေခြင်း မပြုရသေးသည့် အကြွေးပမာဏသည် ပစ္စည်း၏ တန်ဖိုးထက်များနေသေးသည့် ပစ္စည်ကို လက်ဝယ်ထားခြင်း”ကို ဆိုလိုခြင်းဖြစ်သည်။ စီးပွားရေး ဘန်းစကားအရ ပြောရလျှင် ၎င်းကို Under Water ဟု ခေါ်သည်။



    တစ်ဖက်၌လည်း အမေရိကားရှိ ကားထုတ်လုပ်သူများ၏ အရှုံးနှင့်ရင်ဆိုင်နေရသဖြင့် Automaker များမှ အစိုးရ၏ အကူအညီကို တောင်းခံနေကြသည်။ US ၏ ကားရောင်းချမှုသည် September တွင် ၁၃% လျော့ကျသွားခဲ့သည်။ ထို့ကြောင့် Michigan , New York , Ohio , Kentucky , Delaware နှင့် South Dakota တို့မှ မြို့တော်ဝန် (၆)ဦးနှင့် ကားထုတ်လုပ်သူများ၏ CEO များမှ ၎င်းတို့အား တိုက်ရိုက်ကူညီပေးရန် တောင်းခံလာခဲ့ကြခြင်း ဖြစ်သည်။ လက်ရှိအခြေအနေတွင် GM နှင့် Chrystler တို့အနေဖြင့်လည်း ပူးပေါင်း(Marger) ပြုလုပ်ရန် ခွင့်ပြုချက်ကို အိမ်ဖြူတော်မှ ခွင့်မပြုဘဲ ဖြစ်နေသည်။





    နိုဝင်ဘာ မျှော်လင့်ချက်အသစ်များ

    နိုဝင်ဘာလထဲ ရောက်ရှိလာကြသည်နှင့်အမျှ ငွေကြေးဈေးကွက်၏ အဆိုးဆုံးအခြေအနေများ ပြီးသွားပြီဟု မျှော်လင့်ချက်ထားရှိလာကြသည် ။ အစိုးရများ၏ ကြိုးပမ်းချက်များကြောင့် credit အခြေအနေ များလည်း တိုးတက်လာနေပြီဖြစ်သည် ။



    “Credit ပြဿနာ တဖြည်းဖြည်းနှင့် ပြေလည်လာတာကို တွေ့နေရပါတယ်၊ ဒါပေမယ့် နောက်ထပ် ၃လကနေ ၆ လအထိတော့ စီးပွားရေးကိန်းဂဏန်းတွေဟာ ဆက်ပြီးဆိုးနေဦးမှာပါ” ဟု Hinsdale Associate၏ ဒါရိုက်တာ Paul Nolte မှ ပြောကြားခဲ့သည်။



    အောက်တိုဘာလသည် ပုံမှန်အချိန်များ၌ပင် ငွေကြေးဈေးကွက်အတွက် အဆိုးဆုံးလ ဖြစ်နေကျ ဖြစ်သဖြင့် နိုဝင်ဘာလထဲသို့ ရောက်ရှိလာသည်နှင့် အကောင်းမြင်မှုများ ပေါ်ထွက်လာကြသည်။ အမေရိကန်တွင် ပြုလုပ်မည့် ငွေကြေးဆိုင်ရာ ထိပ်သီးညီလာခံ၊ ကုလသမဂ္ဂတွင် ပြုလုပ်နေသည့် ငွေကြေးဆိုင်ရာအထွေထွေညီလာခံ အပါအဝင် ကမ္ဘာတစ်ဝှမ်းမှ အစိုးရများ၏ ကြိုးပမ်းမှုများကြောင့် ငွေကြေးဈေးကွက်အခြေအနေသည် Positive Signများ တွေ့မြင်လာရသော်လည်း အမေရိကန်ရွေးကောက်ပွဲရလဒ် အပါအဝင် ငွေကြေးစနစ်ကြီးအပေါ် Investor များ၏ ယုံကြည်မှု (trust) ပြန်လည်ရရှိလာမှု အခြေအနေတို့အပေါ် မူတည်ပြီး ပြဿနာကြီး အမှန်တကယ် ပြီးဆုံးသွားပြီလား ဆိုသည်ကို စောင့်ကြည့်လျက်ရှိနေကြပါသည် ။


    လင်းဦး(စိတ်ပညာ)



    0 comments:

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo