အိုဘားမား ၎င်း၏ အိမ်ယာသစ်အား စစ်ဆေးခြင်း

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,
  • တစ်ခါက ဗြိတိသျှတို့၏ လက်ချက်ကြောင့် မီးလောင်ကျွမ်းခြင်းခံရသည့် ဂုဏ်ကျက်သရေရှိလှသော သမ္မတအိမ်တော်ကို သမ္မတအချို့မှ ဤသို့ မှတ်ချက်ပြုခဲ့ပါသည်။ သမ္မတထရူးမင်းက စိတ်လှုပ်ရှားစရာ စွဲဆောင်မှုရှိသည့် အကျဉ်းထောင်ဟူ၍လည်းကောင်း၊ သမ္မတ ဖို့တ်က ကမ္ဘာတွင် အကောင်းဆုံး ပြည်သူ့ အိမ်ယာဟူ၍လည်းကောင်း၊ သမ္မတရီဂင်က ကြယ်(၈)လုံး အဆင့်ရှိ ဟိုတယ်ဟူ၍လည်းကောင်း ဖော်ပြခဲ့ ကြပါသည်။


    မည်သို့ပင်ဖြစ်စေ နောက်နှစ် ဇန်နဝါရီလ (၂၀)ရက်နေ့တွင် ဖော်ပြပါအိမ်တော်မှာ အိုဘားမားမိသားစု၏ အိမ်တော်ဖြစ်လာပါလိမ့်မည်။

    သမ္မတဘွတ်ရှ်ကတော် မစ္စစ်ဘွတ်ရှ်အနေဖြင့် မစ္စစ်အိုဘားမားကို သမ္မတမိသားစုအတွက် သီးသန့်အခန်းများကို လိုက်လံပြသမည်ဖြစ်ပြီး၊ သမ္မတဘွတ်ရှ်အနေဖြင့် မစ္စတာ အိုဘားမားကို သမ္မတရုံးခန်း (Oval Office) နှင့် မစ္စတာအိုဘားမားအနေဖြင့် မရှောင်လွှဲနိုင်သည့် အပြည်ပြည်ဆိုင်ရာ အကျပ်အတည်းပြဿနာများကို ဖြေရှင်းရမည့် အခြေအနေများဆိုင်ရာ မြေအောက်ခန်း (Underground Situation Room) တို့ကို ရှင်းလင်းပြသလိမ့်မည် ဖြစ်ပါသည် ။

    အိမ်ဖြူတော်လွှဲဲပြောင်းမှုသည် အချို့နိုင်ငံများနှင့်မတူဘဲ အလွန်ပင် အရပ်သားဆန်သော လွှဲပြောင်းမှု ကိစ္စဖြစ်ပါသည်။ ဥပမာအားဖြင့် ဗြိတိန်နိုင်ငံတွင် ၀န်ကြီးချုပ်ဟောင်းအနေဖြင့် ၎င်းကို သယ်ဆောင်သွားမည့် ကားအတွင်းသို့ ၎င်းနှင့် ၎င်းကတော်ပိုင်ဆိုင်သည့် ပစ္စည်းများကို ရှာဖွေသိမ်းဆည်းထုတ်ပိုး ထည့်သွင်းပြီးနောက် ထွက်ခွာသည့်အခါ အမှတ်(၁၀)၊ဒေါင်းနင်းလမ်း (No-10, Downing Street)ရှိ ရုံးခန်းသည် ၀န်ကြီးချုပ်အသစ်ကို ကြိုဆိုမည် ဖြစ်ပါသည်။

    နောက်လာမည့်နှစ် ဇန်နဝါရီလ (၂၀)ရက်နေ့တွင် အိုဘားမားမိသားစုနှင့် ဘွတ်ရှ်မိသားစုတို့ ပူးတွဲ၍ အိမ်ဖြူတော်မှ Capital Hill သို့ သမ္မတသစ် ကျမ်းသစ္စာခံရန်အတွက် ထွက်ခွာမည်ဖြစ်ပါသည်။
    လင်းဦး(စိတ်ပညာ)

    0 comments:

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo