ပထမဆုံးများ

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,
  • ပထမဆုံးဘာသာရေးပေါ်အမြင် ×××××××× ကျွန်တော် လေးတန်းနှစ်လောက်မှာ အလောင်းတော် ကဿဖကို အဖွားကခေါ်သွားတယ်။ အဲ့မှာ ဘုန်းဘုန်းက တရားဟော ဆုံးမဩဝါဒပေးတော့ ကျွန်တော် ကိုယ်ဦးချကန်တော့နေတဲ့ ဘုရားကို ယုံယုံကြည်နဲ့ ကိုးကွယ်ဆည်းကပ်တဲ့စိတ်ဖြစ်ပေါ်ခဲ့သလို ထေရဝါဒ ဗုဒ္ဓ ဘာသာမှာ ဘာတွေကတော့ဖြင့် ဘာသာတရားအပေါ် ၀င်ရောက်ချဉ်းကပ်နေတာ၊ ဘာတွေကတော့ဖြင့် ဗုဒ္ဓဘာသာမှာ မှိုင်းတိုက်နေတယ်ဆိုတာကို သိလာခဲ့ရပါတယ်။ အဲ့နောက်ပိုင်း စာတွေဖတ်ခဲ့သလို လေ့လည်း လေ့လာခဲ့ပါတယ်။

    ပထမဆုံးသင်္ကန်းစီးခြင်း ×××××××× ပထမဦးဆုံး သင်္ကန်းစီးတာကတော့ ရွှေဥမင်တောရကျောင်းမှာ ဖြစ်ပါတယ်

    ပထမဆုံးဂစ်တာစသင်ခြင်း ××××××××× ကျွန်တော့်အဖေက ကျွန်တော့်ဦးလေးကိုသင်တယ်။ ကျွန်တော့်ဦးလေးက ကျွန်တော့်ကို ပြန်သင်ပေးတယ်။ အဲ့တုန်းက မင်းငယ်သေးတယ်ဆိုပြီး မသင်ပေးဘူး။ နောက်မှ ပူဆာလွန်းလို့ (၇)တန်းလောက်မှာ စသင်ဖြစ်သွားတယ်။

    ပထမဆုံးပြင်ပဂစ်တာဆရာများ ××××××××× ပထမဆုံးပြင်ပ ဂစ်တာဆရာကတော့ ဆရာခင်ဝမ်း၊ အဲ့အချိန် သူက ရန်ကုန်နဲ့ ပြည်ကို သွားလိုက်လာလိုက်ပဲ။ နောက်ဆရာတစ်ယောက်ကတော့ ဆရာဇော်ပဲဖြစ်ပါတယ်။နောက်ဆရာတစ်ယောက်ကတော့ ... ဆရာခိုင်ကျော်ပဲဖြစ်ပါတယ်။ ဆရာက တူရိယာ တော်တော်များများကို တီးတတ်သလို ဘာသာစကားလည်း (၆)မျိုးလောက်တတ်ပါတယ်။ အခုလောလောဆယ် သူ ဘာသာစကားသင်တန်းဘက်ပဲ လုပ်နေတာ တွေ့ရပါတယ်။

    ပထမဆုံးတယောဆရာ ××××× ဂစ်တာလေးတော်တော်လေးရသွားမှ ဆရာခိုင်ကျော်ကနေ တယော သွားသင်ပါလားဆိုပြီး ဆရာတယောဦးတင်ရီဆီမှာ အပ်ခဲ့တယ်။

    ပထမဆုံးဝတ္ထုတိုရေးခြင်း ×××××××××× ကျွန်တော် ဂစ်တာလေး မတောက်တစ်ခေါက် တီးတတ်နေတဲ့ အချိန်ပေါ့။ ငယ်ချစ်ဦး သီချင်းကို အရမ်းကြိုက်တယ်။ အဲ့တုန်းက စိုးပိုင်ဆိုတာဖြစ်ပါမယ်။ ပြီးတော့ ကိုတိုးကြီး ကို အရမ်းကြိုက်တယ်။ အဲ့မှာ ကျွန်တော် ၀တ္ထုတိုလေးကို စရေးဖြစ်တယ်။ ငယ်ချစ်ဦးဆိုတဲ့ သီချင်းနောက်မှာ ဇာတ်လမ်းတွေ အများကြီးရှိမယ်လို့ တွေးမိတာနဲ့ ကျွန်တော် စတင်ရေးဖြစ်သွားတယ်။

    ပထမဆုံးရေးခဲ့သောမဂ္ဂဇင်း ×××××××××× ပြည် မဂ္ဂဇင်းမှာ ကျွန်တော် ၀တ္ထုတွေ၊ ပြီးတော့ ကဗျာတွေ စရေးဖြစ်ပါတယ်။ သံတစ်ချောင်းလမ်းရဲ့ ရင်ဖွင့်သံစဉ်ဆိုတာ ကျွန်တော် စရေးတဲ့ မဂ္ဂဇင်း ၀တ္ထုတိုလေးပါ။

    ပထမဆုံးဘာသာရေးစာပေရေးခြင်း ×××××××××× ကျွန်တော် ဓမ္မရတနာဘာသာရေးမဂ္ဂဇင်းမှာ စရေးဖြစ်တယ်။ အဲ့လိုရေးတော့ တခြားစာရေးဆရာတွေရဲ့ အံ့ဩခြင်းကို ခံခဲ့ရဖူးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ကို အသက်ငယ်လို့ပါတဲ့။

    ပထမဆုံးဟာသရေးခြင်း ×××××××× ဟာသရေးတော့ သောကြာမဂ္ဂဇင်းမှာပေါ့ စရေးတာ။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်ရေးခဲ့တဲ့နာမည်နဲ့ အဲ့က ဟာသရေးတဲ့ ကိုကသာမြေနဲဲ့က နာမည်ချင်းက သွားတူနေပြန်ပါကော။ အဲ့တုန်းက ရီလိုက်ရတာ။ အဟဲ.... နာမည်ပဲတူတာ.. ။ ကျွန်တော်က ပုပု ပိန်ပိန်လေးရယ်လေ။

    ပထမဆုံးသီချင်းရေးခြင်း ×××××××× ဆရာဇော်နဲ့ ဆရာမျိုးတို့က မင်းသီချင်းရေးမလားဆိုတော့ ကျွန်တော်လည်း ရေးကြည့်ဦးမယ်ဆိုပြီး စရေးတာ.. ကျောင်းဇာတ်လမ်း သီချင်းလေးပါ။ အဲ့နောက်ပိုင်း သီချင်း တော်တော်လေး ရေးဖြစ်သွားတယ်။ အဲ့ဒီသီချင်းနဲ့ပဲ ပြဿနာ ခဏခဏတက်ခဲ့ရတယ်။ အချင်းချင်းတွေကွာဆိုပေမယ့် မယုံရဘူးဆိုတာကို ပြလိုက်ကြတာလေ။ စာချုပ်မလိုပါဘူးကွာ ဆိုပေမယ့် တကယ်တမ်းကျတော့ လိုခဲ့ပါတယ်။ ၀ယ်ယူသူက ဘယ်လောက်ပဲ ကတိခံခံ အခွေထွက်ချိန် သီချင်းရေးသူက ကျွန်တော် မဟုတ်ခဲ့ဘူး။ ဒီလိုပြဿနာမျိုးတွေ နောက်အဖြစ်မခံနိုင်တော့ဘူး။ တကယ့်ပြဿနာရှင်းတော့ ကျွန်တော့်လက်ထဲမှာ ဘာမှ ပြစရာမရှိခဲ့ဘူး။

    ပထမဆုံးဇာတ်ညွှန်းရေးခြင်း ××××××× ကျွန်တော့် ဇာတ်ညွှန်းရေးပေးဖို့ လက်ခံလိုက်ရတာက သူတို့ဖက်ကနေ တော်တော်လေးကို ဇာတ်လမ်းကို သဘောကျလို့ပါ။ ပြီးတော့ မြန်မာအမျိုးသမီးများအတွက်ကောပေါ့။ ဇာတ်လမ်းအိမ်လေးက မိန်းကလေးကို ဦးစားပေးတဲ့ ဇာတ်လမ်းလေးပါ။ တော်တော်လေးကို ပြောင်မြောက်အောင် အသစ်တွေနဲ့ပဲ ရိုက်ကူးခဲ့တာပါ။ :)

    ညီမငယ် ရွှန်းမီရေ..... Tag ထားတာကို ရေးလိုက်ပါပြီ။ ပထမဆုံးတွေ ချည်းပါပဲ။

    လင်းဦး(စိတ်ပညာ)

    12 comments:

    MrDBA said...

    ပထမဆုံးတွေကလဲ အားကျစရာတွေချည်းပါလား။ လာရောက် ဖတ်ရှု အားကျကာ ပြန်သွားရပါတယ်။

    zeRoTraSh said...

    တခြား ပထမဆုံးတွေကျတော့ ထည့်မရေးဘူးလား ကိုလင်းဦး ပထမဆုံး ရည်းစားတို့ ဘာတို့ပြောတာပါ :D

    ရွှန်းမီ said...

    :-) ရေးပေးတာ ကျေးဇူးပါ ကိုလင်းဦးရေ..
    ပထမဆုံး အတွေ့အကြံုတွေဆီက သင်ခန်းစာတွေ အများကြီးရပါတယ်။

    WWKM said...

    ပထမဆုံးများ တက်ပို့စ်လေး ဖတ်သွားပါတယ်။
    အဆင်ပြေပျော်ရွှင်ပါစေ ကိုလင်းဦးရှင့်။

    ညီအကိုများ said...

    အစ်ကိုုရေပထမဆုံုးတွေဖတ်ပြီးလေးစားစွာဂုုဏ်ယူမိပါတယ်ဗျာ။

    မိုုးကြယ်

    kolin said...

    ရှင်းရမယ်ဆိုရင် Hip Hop ဆိုတဲ့ နေထိုင်မှုပုံစံမှာ Rapသီချင်း ဆိုတဲ့သူတွေကို Rapper လို့ခေါ်ပါတယ်။ ဒါကို မသိကြဘူး။
    ကျွန်တော် "ဘာသာရေးနှင့်ပတ်သက်၍" ဆောင်းပါးများကို မတင်ခဲ့တာ ကြာပါပြီ။ ဒီနေ့တော့ တင်လိုက်ပါတယ်။ ဝေဖန်ပိုင်းခြား တတ်ကြပါစေ။
    ဤဆောင်းပါးကို အားလုံးနှင့် အတိုက်အခံလုပ်ကာ ရေးသားလိုက်ရပါသည်။
    ့ တခြားစာရေးဆရာတွေရဲ့ အံ့ဩခြင်းကို ခံခဲ့ရဖူးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ကို အသက်ငယ်လို့ပါတဲ့။

    ဆရာရေးထားတဲ့ အဲဒီအပေါ်က ဆရာ့စကားလုံးတွေက အရမ်းမြောက်တာပဲဗျာ။ သူများတွေမသိတာကို သိတယ်။ ( Rapper တွေကို rap အကြောင်း စာသင်ရဲတာ အံ့ပါရဲ့) သူများတွေ မတင်ရဲတာကို တင်ရဲတယ်။ (ဆရာတော်ကြီးတွေ ဒီကိစ္စကို လျှောက်ဟောတာ တစ်နိုင်ငံလုံးမသိသူမရှိတော့ဘူး။ အထူးအဆန်းလုပ်လို့ဗျာ၊ အတိုက်အခံလုပ်ရတယ်လေး ဘာလေးနဲ့) သူများတွေမလုပ်နိုင်တဲ့အရွယ်မှာ လုပ်နိုင်တယ်။ (ဘယ်အရွယ်လဲထော့ မပြောထားလို့ မမှတ်လိုက်ရတာ တော်တော်နာတယ်) အားကြလိုက်တာ၊ အားယလိုက်တာဗျာ။ ဆရာလို့ဆရာမျိုး နောက်ထပ်ပေါ်ဖို့တောင်မလွယ်တော့ဘူးဗျနော။ အဲဒီအရေးအသားတွေကို အတုခိုးဖို့တောင် မလွယ်တော့ဘူးဗျာ......။

    ဇင်ယော် said...

    အနုပညာနဲ ့ပတ်သက်လို ့ကတော့ အစုံပါပဲလား အစ်ကိုရေ။ အားကျစရာကြီး။ အဟဲ တခြားပထမဆုံးတွေ ကျန်သေးတယ်နော်။

    လင်းဦး(စိတ်ပညာ) said...

    Ko Lin >> ပြောရမယ်ဆိုရင် အခုညီပြောနေတဲ့ Rapper တွေကကော သေချာသိလို့လား။ မိဘ ပိုက်ဆံရှိတာနဲ့ ထထဆိုနေပြီး တစ်ဖက်အနုပညာရှင်တွေကို စော်ကားတယ်။ ငြင်းကြ ခုန်ကြနဲ့ မစည်းလုံးကြတာတွေကို ပြောချင်တာပါ ။ နောက်တစ်ခုက ဆရာတော်ကြီးတွေ ဟောနေ ပြောနေကြတယ်ဆိုတာမှန်တယ်။ သို့သော် ညီပြောနေတဲ့ အားလုံးသိကြပါတယ် ဆိုတာ မမှန်ဘူး။ အားလုံးက မိုက်တုန်းပဲ။လမ်းမှားမှာ ရှိနေကြတုန်းပါ။ ကျွန်တော်တို့က ပထမဆုံး လမ်းကြောင်းပေါ်ကို ရောက်အောင် တင်ပေးတာ။ ကျင့်ကြံတာက သူတို့အပိုင်းပါ။ အဦးဆုံး လမ်းကြောင်းမှန်ကို ရောက်ဖို့လိုပါတယ်။ ပြီးတော့ ကျွန်တော်ဟာ ဆရာလုပ်ပြီးပြောနေတာ မဟုတ်ပါဘူး။ ကျွန်တော့်ရှေ့မှာလည်း ကျွန်တော့်လို ရေးသားခဲ့တဲ့ လေးစားအားကျခဲ့ရတဲ့ ဆရာတွေလည်း အများကြီးပါ။ ဥပမာ ဆရာတစ်ယောကိုပြောရရင် ဆရာအီကြာကွေးပါ။

    မီးငယ် said...

    အစ်ကို့ရဲ့ ပထမဆုံးများက အားကျစရာတွေချည်းပါပဲနော်..အားကျတယ်အစ်ကိုရေ..

    သက်တန့် said...

    အကိုလင်းဦးရေ...
    ညီမက သောကြာကတော့ လတိုင်းဖတ်ပဲ...
    ငါးရက်လောက်ကို ဖတ်ရတယ်...
    အားတဲ့အချိန်မှ ဖတ်ရတာဆိုတော့လေ... :)

    user said...

    ဆရာကြီးအီကြာကွေးဟာ နောက်ပိုင်းမှာ ပုတီးလိုင်းကို အားသန်သွားပြီး နတ်တွေကို အယုံအကြည်ရှိသွားပါတယ်။ မယုံရင် စာပေလောကသားတွေဆီမှာ စုံစမ်းကြည့်လိုက်ပါ။ ဆရာကွေးက စာပေဟောပြောပွဲရောက်တဲ့ နေရာတိုင်းက အဆင်ပြေတဲ့ စေတီပုထိုးတွေမှာ ပုတီးသွားစိပ်လေ့ရှိပါတယ်။ နတ်ကိုဘာကြောင့်ယုံကြည်လာသလဲဆိုရင် သူကိုယ်တိုင်အိပ်မက်ရခဲံလို့ပါပဲ။ စာစုံအောင်ဖတ်ပြီး လေ့လာလိုက်ပါဦး။ မျက်လုံးတစ်ဖက်ကို ပိတ်ပြီးမကြည့်ပါနဲ့ဗျာ။

    kolin said...

    ကောင်းပါတယ်။ အင်မတန်လေးစားစရာကောင်းပါတယ်။ ဒါပေမယ့် စကားလုံးတွေ ဖောင်းပွနေပြီး၊ လိုအပ်တာထက် များနေတယ်လို့ထင်မိပါတယ်။ ဥပမာ။ ။ အဲ့လိုရေးတော့ တခြားစာရေးဆရာတွေရဲ့ အံ့ဩခြင်းကို ခံခဲ့ရဖူးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ကို အသက်ငယ်လို့ပါတဲ့။ စသည်ဖြင့်ပေါ့

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo