www.Khitlunge.com.mm ၊ Myanmar.com နှင့် usda တို့ ဖွင့်၍မရ

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,
  • မနေ့က ကျွန်တော် ညနေပိုင်းလောက် ခေတ်လူငယ်ဖွင့်လိုက်တော့ ဖွင့်လို့မရဘူး၊ ဘယ်လိုဖြစ်နေသလဲဆိုတော့ Sever is too Busy ဆိုပြီး ပြနေတယ်။ ဒါနဲ့ USDA ကို ဖွင့်လိုက်ပြန်ရော ရတယ်။ ကျွန်တော်ဒီနေ့ စုံစမ်းကြည့်တယ်။ ကိုမင်းကျော်ကလည်း သူလည်းမသိဘူးဖြစ်နေတယ်လို့ ပြောပြန်ရော။ အခြားဆိုက်တွေပါ ဖြစ်လာနိုင်တဲ့ အနေအထား ဖြစ်နေတယ်။ ဒီနေ့ USDA ဖွင့်ကြည့်လိုက်တော့ လုံးဝမရတော့ဘူး။ အဲ့မှာ လူထုအသံမှာ အခုလို ကိုမင်းမင်းရေးထားတာကို တွေ့ရတယ်.........



    မကြာသေးခင်က ဖြစ့်ပွားခဲ့သော DoS ( Denial of Service ) ဖြင့် တိုက်ခိုက်ခံရမှုအတွင်းသို့ ပြည်ပ အခြေစိုက် မီဒီယာ ဌာနများဖြစ်သည့် DVB, MIzzimaBurmese, Hittaing နှင့် ပြည်တွင်းမှ လွှင့်တင် ထားသော

    mysteryzillion.com, native-myanmar.com, myanmarchat-online.org, mgeeks.org တို့၏ အင်တာနက် စာမျက်နှာ များကို တိုက် ခိုက်ခံရပြီးမကြာ မှီ ကာလအတွင်းမှာ Myanmar.com နှင့် www.khitlunge.com.mm ကို တန်ပြန်တိုက်ခိုက်လာသည့် အနေဖြင့် ပိတ်ဆို့ ထားလိုက်ကြကြောင်း သိရှိရပါသည်။ DVB နှင့် Hittaing အင်တာနက် စာမျက်နှာ များမှာ မှုလအတိုင်းပြန်လည် ကြည့်ရှုနိုင်ကြပြီဖြစ်သော် ကျန် ဝဘ့်ဆိုဒ့် များမှာ ပိတ်ဆို့ ခံနေရဆဲဖြစ်ကြောင်းတွေ့ ရှိနေရပါတယ်။ အဆိုပါ တိုက်ခိုက်မှု မှာ ယဉ်လမ်းကြောင်းအတွင်း ယဉ်အသွားအလာများ ပြည့်ကျပ်လာအောင် ပြုလုပ်ပြီး၊ နောက်ဆုံးမှာ ယဉ်လမ်းပိတ်ဆို့ သွားအောင် လုပ်သည့်နှယ်၊ ကွန်ပျူတာအလုံးပေါင်းများစွာကို အဆိုပါ စာမျက်နှာသို့ အဆက်မပြတ် သွားလာဖတ်စေပြီး ဝဘ့်ဆိုဒ့်အား ပိတ်ဆို့ကာ ခက်ခဲမှု ဖြစ်လာစေရန် ရည်ရွှယ်သည့် တိုက်ခိုက်နည်းမျိုးဖြစ်ပါသည်။


    အဆိုပါ တိုက်ခိုက်နည်းမျိုးကို CNN နှင့် Al-jazeera ကဲ့သို့သော ကုမ္မဏီများ အပါအဝင် တခြားသော မီဒီယာ ဌာနများလည်း မကြာခဏ တိုက်ခိုက်ခံခဲရပါတယ်။ အတိုက်အခိုက် ခံရသော ဆာဗာ များအတွင်းသို့ ဝင်ရောက် ရန် မလိုအပ် သည့် အပြင် အဆိုပါ စာမျက်နှာ များသို့ အဝေးမှ ထိန်း၍ ပေးပို့ လုပ်ဆောင်သည့် ယခုလို နည်းပညာ ကြောင့် ကာကွယ် တားဆီးရန် မလွယ်ကူသေးသော်လည်း မကြာခင် ကာလ အတွင်း မှာတော့ ကာကွယ် ဟန့်တားနိုင်မည့် နည်းလမ်း ရှိလာမည် ဖြစ်ကြောင်း မြန်မာနည်းပညာရှင် တစ်ဦးက ပြောဆိုသွားခဲ့ ပြီး၊ မြန်မာ နည်းပညာ ရှင်များ ပူးပေါင်း၍ လည်း အဖြေရှာ သွားနိုင်လိမ့်မည်ထင်ကြောင်း သတင်းရရှိပါသည်။

    မင်းမင်း ( လူထုအသံ )

    အဲ့တော့ ကျွန်တော်စဉ်းစားတာက အခြားဆိုက်တွေကိုပါ လုပ်လိုက်ရင် ဒုက္ခပဲလို့ပေါ့ဗျာ။ အဲ အခုစမ်းကြည့်တော့ ခေတ်လူငယ်က ပြန်ရနေပြန်ရော၊ ရတော့လည်း နောက်တစ်ခုကို ဆက်ကြည့်လို့မရတော့ပြန်ဘူး။ ခက်ပါ့။ နည်းပညာတွေက ဘယ်လိုတွေလည်းတော့ ကျွန်တော်လည်း နားမလည်တော့ဘူး။
    လင်းဦး(စိတ်ပညာ)

    3 comments:

    myooo.nyan said...

    လိုက်လို့မမှီဘူး ကိုလင်းဦးရေ.. အတော်လျှာထွက်နေပြီဗျ ဗဟုသုတရအောင်ရော ကြိုသတိပေးတာပါ ကျေးဇူးပါ

    weenyinthit said...

    ဂလိုတွေကြောင့်မရတာလား .. သိပါဘူး.. site တွေဘာဖြစ်လို့ ပိတ်လိုက်တာလဲဆိုပြီး စဉ်းစားနေတာ...

    Thaung said...

    ကျွန်တော်တို့ကတော့ နည်းပညာတွေကို သိပ်နားမလည်ပါဘူး websites တွေဖွင့်လို့မရရင် စိတ်ညစ်တာပဲသိတယ်။

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo