(၁) ပထမဆုံး ကျွန်တော်ခံယူထားတာကတော့ လူကို လူလို မြင်ဖို့ပဲ။ လူကို လူလို မြင်ဖို့လိုတယ်။ ကျွန်တော်လည်း ကြိုးစားနေတယ်။ ဘဝဆိုပြီး ကင်ပွန်းတပ်ခဲ့တဲ့အရာထဲမှာ လူဖြစ်လာရတဲ့ကျွန်တော်တို့ လူကိုလူလို မြင်ဖို့ အရေးကြီးတယ်။ အဆင့်အတန်းတွေကို ဖယ်ထား၊ ၀ါကြီးတာတွေ ၀ါငယ်တာတွေဖယ်ထား၊ အရှေ့တိုင်းတွေ အနောက်တိုင်းဆိုတာတွေဖယ်ထား ၊ လှတာတွေ ရုပ်ဆိုးတာတွေဖယ်ထားလိုက်ပါ။ လူကို လူကိုမြင်အောင်ကြည့်ပြီး လူကိုလူလို ဆက်ဆံကြရမယ် မဟုတ်လား။
(၂) ကျွန်တော် စာပေကိုချစ်တယ်၊ ဂီတကို မြတ်နိုးတယ်။ အဲ့ဒီ မြတ်နိုးမှုတွေထဲမှာမှ အကျိုးအမြတ်ကို သွေးစုပ်လုယူနေတဲ့ သူတွေကို တိုက်ထုတ်ပစ်ချင်တယ်။ ကောင်းသော ရောင်းဝယ်မှု အကျိုးအမြတ်မဟုတ်လို့ပါ။ ဆိုပါစို့ သီချင်းရေးသူကတစ်ယောက်၊ မူပိုင်ပေးမယ်လို့ ကတိတွေပေးပြီး တကယ်အခွေထွက်တော့ ရေးသူက အခြားတစ်ယောက်နာမည်၊ ကျွန်တော်ကိုယ်တိုင် ခံစားလာခဲ့ရတဲ့ အတွေ့အကြံုတွေအရ သူတို့လို လူမျိုးတွေကို ဖယ်ရှားပစ်ဖို့ ကျွန်တော်ကြိုးစားနေပါတယ်။
(၃) ကျွန်တော့်ကတော့ ဗုဒ္ဓဘာသာခံယူထားတဲ့ သူတွေကို (မည်သည့်လူမျိုးမဆို) ဗုဒ္ဓဘာသာကောင်း ဖြစ်ဖို့၊ မှန်ကန်စွာ ကိုးကွယ်ဆည်းကပ်ဖို့ အလေးထား ကြိုးစားနေပါတယ်။ မိရိုးဖလာ ဗုဒ္ဓဘာသာကနေ တကယ့်ဗုဒ္ဓဘာသာကောင်းဖြစ်အောင် ၀ိုင်းဝန်းကြိုစားသင့်ကြပါတယ်။ နိဗ္ဗာန်ရောက်အောင် ၊ ဘာဝနာတွေ၊ ၀ိပဿနာတွေကို သင်ပြပေးနေတာ မဟုတ်ပါဘူး။ တော်တော်များများက ဗုဒ္ဓဘာသာခံယူထားပြီး တလွဲတွေ ကိုးကွယ်နေလို့ပါ။ ပြောရမယ်ဆိုရင် ပထမအဆင့်အနေနဲ့ ဗုဒ္ဓဘာသာကိုးကွယ်သူတစ်ယောက်၊ အခြေခံလေးတွေကို သိအောင် ဓမ္မရံသီတို့လို ဘာသာရေးမဂ္ဂဇင်းတွေကနေ ရေးသား ကြိုးစားနေတာပါ။ ကျွန်တော့်ရဲ့ ရည်မှန်းချက်ကြီးပါ။
(၄) ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ နေထိုင်သွားချင်တယ်။ ပြီးတော့ မေမြို့ကခြံတစ်လုံးမှာ အေးအေးဆေးဆေးနေချင်တယ်။
ကိုသကြင်္န်ရေ.... ကျွန်တော့်ရဲ့ ရည်းမှန်းချက်လေးတွေပါ။ ကျွန်တော်ကတော့ အဲ့ဒီရည်မှန်းချက်လေးတွေကို ဖြစ်အောင်ကြိုးစားရင်း ဘဝကို ဖြတ်သန်းသွားချင်တယ်ဗျာ..... ။
( ကိုသကြင်္န်ရဲ့ လူသားဘဝ ကို ဆွေးနွေးပါတယ်)

လင်းဦး (စိတ်ပညာ)
4 comments:
အကို့ရဲ့ ဆန္ဒနဲ့ ကြိုပမ်းမှုတွေ အောင်မြင်ပြည့်ဝပါစေခင်ဗျာ။ ပျော်ရွှင်ချမ်းမြေ့ပါစေ :) :)
လေးစားခင်မင်လျက်...
ဟုတ်တယ် ကိုလင်းဦးရေ အချို့က လူကို လူလို့ မမြင်တတ်ကြဘူး။ ဆွေးနွေးပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ :)
ဆန္ဒတွေဖြစ်တည်နိုင်ပါစေဗျာ..
(၁) ပထမဆုံး ကျွန်တော်ခံယူထားတာကတော့ လူကို လူလို မြင်ဖို့ပဲ။ လူကို လူလို မြင်ဖို့လိုတယ်။ ကျွန်တော်လည်း ကြိုးစားနေတယ်။ ဘဝဆိုပြီး ကင်ပွန်းတပ်ခဲ့တဲ့အရာထဲမှာ လူဖြစ်လာရတဲ့ကျွန်တော်တို့ လူကိုလူလို မြင်ဖို့ အရေးကြီးတယ်။ အဆင့်အတန်းတွေကို ဖယ်ထား၊ ၀ါကြီးတာတွေ ၀ါငယ်တာတွေဖယ်ထား၊ အရှေ့တိုင်းတွေ အနောက်တိုင်းဆိုတာတွေဖယ်ထား ၊ လှတာတွေ ရုပ်ဆိုးတာတွေဖယ်ထားလိုက်ပါ။ လူကို လူကိုမြင်အောင်ကြည့်ပြီး လူကိုလူလို ဆက်ဆံကြရမယ် မဟုတ်လား။
ဟုတ်တယ် ကိုလင်းဦး ဆင်းရဲ၊ချမ်းသာ
ဇတ်မြင့်၊ဇတ်နိမ့် အဆင့်အတန်း ခွဲမှု့ တွေတွေ့နေရတာ စိတ်မကောင်းဘူးဗျာ။ ပြည့်စုံပါစေဗျာ။
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)