သူမ

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,
  • သူမ၏ စိတ်ဓါတ်​​ရေး​​ရာသည် အမြင့်​​ဆုံး​​ စွမ်း​​​ဆောင်နိုင်လိမ့်​​မည်ဟု ကျွန်​​တော်ထင်ခဲ့​​ခြင်း​​သည် မမှား​​ခဲ့​​ပါ။ သူမ ၆ တန်း​​နှစ်တွင် ဂီတ​​ရေစီး​​​ကြောင်း​​ကို စိတ်ဝင်စား​​လာသည်။ ခံစား​​မှုကို ဦး​​စား​​​ပေး​​လာသည်။ ​​နောက်ဆုံး​​ သူဆုံး​​ဖြတ်ချက်တစ်ခုကို တစိုက်မတ်မတ် ချခဲ့​​သည်။ သူမသည် ဂစ်တာတီး​​သင်တန်း​​တက်​​ရောက်ရန် သူမ၏အိမ်ကို ခွင့်​​ပန်ခဲ့​​သည်။ သို့​​​သော် သူမ၏ မိဘများ​​မှ ခွင့်​​မပြုခဲ့​​ပါ။ ထို့​​​ကြောင့်​​ သူမသည် ထမင်း​​မစား​​​တော့​​ပါ။ ​​ကျောင်း​​မသွား​​​တော့​​ပါ။ စာမကျက်​​တော့​​ပါ...ထိုသို့​​ သူမ ဆန္ဒပြခဲ့​​သည် ။ သို့​​နှင့်​​ ..............သူမ၏မိဘမှ ခွင့်​​ပြုခဲ့​​သည်။

    သူမ သင်တန်း​​​ကျောင်း​​သို့​​ ​​ရောက်လာသည်။ ထိုအချိန် ကိုနိုင်​​ဇော် (​​လေး​​ဇီး​​ကလပ်)တို့​​ ​​ရောက်နှင့်​​​နေပြီး​​ချိန် ဖြစ်ပါသည်။ သင်တန်း​​တွင် သူမသည် အငယ်ဆုံး​​ဖြစ်​​နေသည်။ သင်တန်း​​တွင် တစိုက်မတ်မတ် ​​ပြောသမျှကို သူမ ​​သေချာ ​​လေ့​​ကျင့်​​လိုက်နာ​​လေ့​​ရှိသည်။ သူမ ဒီသင်တန်း​​တက်ဖို့​​ ကတိ​​တွေ ​​ပေး​​ခဲ့​​ရသည်။ တစ်နှစ်တစ်တန်း​​​တော့​​ ​​အောင်​​အောင် လုပ်မည်ဟူ၏။

    သူမ တစ်နှစ်တစ်တန်း​​ ​​အောင်ခဲ့​​ပါသည် ။ သီချင်း​​များ​​ကို တစ်ပုဒ်ပြီး​​တစ်ပုဒ် ​​ရေး​​ခဲ့​​သည်။ ရစ်သမ်စီး​​​ကြောင်း​​​တွေက​​နေ တဖြည်း​​ဖြည်း​​နဲ့​​ သူမ အမြင့်​​ဆုံး​​သို့​​​ရောက်ခဲ့​​သည်။ အထူး​​ချွန်ဆုံး​​ဖြစ််ခဲ့​​သည်။ သူမ၏ လိဂ်ဂစ်တာ သရုပ်ပြကစား​​​သောအခါ ကျန်သင်တန်း​​သား​​များ​​အား​​လုံး​​ ​​ငေး​​​မောခဲ့​​ရသည်။ ပညာဟူသည် ကုန်ခမ်း​​သည် ဟူ၍ မရှိပါ။ သူမ ဆက်လက်ကြိုး​​စား​​ သင်ယူ​​နေဆဲ။ ဇွဲမ​​လျှော့​​ခဲ့​​။ စတူဒီယိုတွင် အိပ်​​ရေး​​ပျက်​​အောင်လည်း​​ ​​နေနိုင်သူဖြစ်သည်။ တစ်ဖက်ကလည်း​​ စာကိုအာရုံစိုက်​​နေရဆဲ။ ထိုသို့​​ သူမ ကြိုစား​​ခဲ့​​ရသည်။

    သူမ၏ စိတ်တွင် ခနိုး​​မ​​နောင့်​​ ဖြစ်လာ​​သော ​​နေ့​​ရက်​​တွေရှိလာသည်။ သို့​​နှင့်​​ ..သူမ၏အိမ် ရှာ​​ဖွေခြင်း​​ ခံခဲ့​​ရသည်။ နိုင်ငံ​​ရေး​​ဟူ​​သော ​​ခေါင်း​​စဉ်​​အောက်တွင် သူမမြတ်နိုး​​​သော တူရိယာပစ္စည်း​​များ​​ အသိမ်း​​ခံလိုက်ရသည်။ ဂစ်တာကို ဖက်အိပ်တတ်သည်ဟူ​​သော သူမ၊​ ဘယ်​​လောက် ခံစား​​ရမည်နည်း​​။ အ​​ကြောင်း​​ပြချက်မရှိဟူ​​သော ​​ခေါင်း​​စဉ်​​အောက်တွင် သူမ ပိတ်ပင်ခံခဲ့​​ရသည်။

    သူမ ​​ပျောက်ဆုံး​​ခဲ့​​ရသည်။ အခြား​​နိုင်ငံသို့​​ ထွက်သွား​​သည်ဟု ​​ပြောကြသည်။ သူမကို မ​​တွေ့​​ရ​​တော့​​ပါ။ သူမချစ်​​သော မိဘနှင့်​​ ဂီတကိုစွန့်​​ကာ သူမထွက်သွား​​​လေပြီ။ သူမ၏ ဂီတသံစဉ်​​တွေမှ တိုက်ပွဲတစ်ခုင်္ဆီ ဦး​​တည်ခဲ့​​​လေပြင်္ီ။ သူမကို လွမ်း​​​မော​​နေဆဲ....။ သူမကို တမ်း​​တ သတိရ​​နေကြသူများ​​ ရှိ​​နေကြသည်ကို သူမ သိပါစ။

    သို့​​နှင့်​​............ သူမနှင့်​​ ကျွန်​​တော်တို့​​ ​​ဝေး​​ခဲ့​​ရသည်။

    လင်း​​ဦး​​ (စိတ်ပညာ)

    4 comments:

    thonn thonn said...

    စိတ်မကောင်းစရာပဲ..အဆုံးသတ်ကလေးက စာဖတ်သူကို တော်တော်ထိစေတယ် ..(ဝမ်းနည်းတတ်သူများ မဖတ်ရ ) ရေးထားရင် ကောင်းမယ်နော် ..း)

    myooo.nyan said...

    အင်း.. တိုက်ဆိုင်မယ်ဆို တိုက်ဆိုင်စရာပါ.. စိတ်မကောင်းဘူးဗျာ ကိုယ်စီခံစားမှုလေးတွေအတွက်

    HAPPY CLOUD said...

    အေးဗျာ... အဲလိုလူတွေဘယ်နှစ်ယောက်ရှိမလဲ....
    ဖိုးမောင်

    မေသူပိုင် said...

    သူမဆိုတဲ့ပို့စ်လေးက ရိုးရှင်းပြီးအဆုံးသတ်မှာ
    "ဟာ" ကနဲ့ဖြစ်အောင် စိတ်မကောင်ဖြစ်ပြီး
    သူမ တစ်ယောက် သူမ ချစ်သောဂစ်တာလေးနဲ့ မိသားစု
    သူမချစ်သောသူတွေနဲ့အမြန်ဆုံးဆုံဆည်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အစ်ကို
    လေးစား အားပေးလျက်
    မေသူ

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo