ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Mr.Ban အနေဖြင့် မြန်မာနိုင်ငံမှ နိုင်ငံခြား အကူအညီကို လက်ခံကြောင်း သဘောတူညီချက် ရရှိခြင်း

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: , ,
  • (လွန်ခဲ့သော နာရီ ၂၂ နာရီက)

    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Mr.Ban Ki-Moon က သောကြာနေ့တွင် ပြောကြားရာ၌ လျှို့ဝှက်သည့် စစ်အစိုးရအဖွဲ့ကို ဆိုက််ကလုန်းမုန်တိုင်းဒဏ်ကြောင့် အသက်ရှင်ကျန်ရှိနေသူများအား အရေးပေါ် ကယ်ဆယ်ရေး အကူအညီပေးမှုကို လက်ခံရန် တွန်းအားပေးခဲ့ပြီးနောက် ၊ ၎င်းက ကမ္ဘာမှ မြန်မာကို စောင့်ကြည့်နေပါကြောင်း ပြောကြားခဲ့ပါသည်။


    နှစ်နာရီနီးပါးခန့် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဆွေးနွေးပြီးနောက်၊ Mr.Banက ပြောကြားရာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နိုင်ငံခြားမှ ဘေးဒုက္ခကယ်ဆယ်ရေး ကျွမ်းကျင်သူများကို လက်ခံရန် သဘောတူညီချက် ရရှိခဲ့ပါသည်ဟု ပြောကြားခဲ့ပါသည်။ မုန်တိုင်းတိုက်ခတ်ပြီးနောက် သုံးပတ်အကြာတွင် လူဦးရေ ၁၃၃,၀၀၀ ဦးသည် သေဆုံး ပျောက်ဆုံးခဲ့ရပါသည်။

    Mr.Ban က ပြောကြားရာ၌ မုန်တိုင်းဒဏ်ခံရပြီးနောက် မိမိအားတွေ့ဆုံရန် ငြင်းဆိုခဲ့သည့် စစ်အစိုးခေါင်းဆောင်နှင့် ပြောကြားခွင့်ရရှိခဲ့သည့်အတွက် အားတက်မိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပေးခဲ့သော ကတိအတိုင်း လက်တွေ့ကျသည့် တိုးတက်လုပ်ဆောင်မှုများကို လုပ်ဆောင်ရန် လိုအပ်ပါကြောင်း ပြောကြား ခဲ့ပါသည်။

    ရန်ကုန်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ္ပ၌ Mr.Ban က ကမ္ဘာမှ စောင့်ကြည့် နေပါကြောင်း၊ အကောင်အထည်ဖေါ်ရေး အပိုင်းသည် အဓိက ကျပါကြောင်းဖြင့် ပြောကြားပါသည်။ ၎င်းက ပြောကြားရာ၌ ၂.၄ သန်းရှိ အသက်ရှင်ကျန်ရှိသူများ အနေဖြင့် အရေးပေါ်အကူအညီများကို အမှန်တကယ် လိုအပ်ပါကြောင်း၊ အကြောင်းမှာ အကူအညီပေးသည့်ပစ္စည်းများ ထောက်ပံ့ရာ၌ ဆောင်ရွက်မှုများသည် ချောမွေ့မှု မရှိခြင်းနှင့် နိုင်ငံအတွင်းသို့ နိုင်ငံခြားမှ ကယ်ဆယ်ရေး ကျွမ်းကျင်သူများ ၀င်ရောက်ခွင့်ကို ငြင်းပယ်ခဲ့သည့်အတွက်ကြောင့် ဖြစ်သည်ဟု ဆိုပါသည်။

    မေလ(၂)ရက်နှင့် (၃)ရက်နေ့များတွင် ဆိုက်ကလုန်း နာဂစ်သည် နိုင်ငံ၏တောင်ပိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို စိစိညက်ညက် ဖျက်ဆီးခဲ့ပါသည်။ လာမည့်ရာသီတွင် စိုက်ပျိုးမည့် အသက်တမျှ အရေးကြီးသော စပါးကွင်းများကိုလည်း သုံးမရသည့် အနေအထားသို့ ရောက်ရှိစေပါသည်။

    Mr.Ban က ပြောကြားရာ၌ မနေ့က (ကြာသာပတေးနေ့) တွင် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသ အပေါ်သို့ ပျံသန်းခဲ့ပါကြောင်း၊ မိမိအနေဖြင့် ၀မ်းနည်းကြေကွဲဖွယ်ရာများကို မြင်တွေ့ခဲ့ရပါကြောင်း၊ မိမိတို့၏ အသက်၊ မိမိတို့၏ မိသားစုအတွက် ကြိုးပမ်းခဲ့သမျှသည် တစ်ခဏအတွင်း ပျက်စီးခဲ့ရပါကြောင်း၊ မိမိအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုးကြီးကို စိုးရွံ့မိပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

    ပြင်ပ ကမ္ဘာ၏လှုပ်ရှားမှု အကြောင်းရင်းများကို နက်ရှိုင်းစွာ သံသယရှိသည့်အလျောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် စစ်အစိုးရအဖွဲ့သည် နိုင်ငံခြားသား အမြောက်အများကို ခွင့်ပြုရန်အတွက် ပူပန်မှု ရှိခဲ့ပြီး မြန်မာနိုင်ငံ၏ ရေပိုင်နက်များတွင် ထောက်ပံ့ရေးပစ္စည်းများအပြည့်တင်ထားသည့် ပြင်သစ်နှင့် အမေရိကန် စစ်သင်္ဘောများမှ အကူအညီများကို ငြင်းပယ်ခဲ့ပါသည်။

    Mr. Ban က ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား အကူအညီများကို ချက်ခြင်း ဘေးဒုက္ခသင့်သူများ၏ လက်ဝယ်အရောက် မပေးအပ်နိုင်ခဲ့ပါလျှင် ဒုက္ခသည်များအနေဖြင့် ပိုမို အသက်ဆုံးရှုံးမည်ဟု ကယ်ဆယ်ရေးအဖွဲ့များက သတိပေးခဲ့သဖြင့် စွမ်းအားပြည့် ကယ်ဆယ်ရေး လုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

    Mr.Ban က အစိုးရအား ပြောကြားရာ၌ ဗီဇာပေါ်လစီ လွတ်လပ်ခွင့်ပြုရန်နှင့် နိုင်ငံခြား ကယ်ဆယ်ရေး ကျွမ်းကျင်သူများနှင့် သတင်းစာ ဆရာများကို နှောင့်နှေးခြင်းမရှိဘဲ ၀င်ခွင့်ပြုရန်၊ သို့မှသာ မြန်မာနိုင်ငံကို လွတ်လပ်စွာနှင့် ထိရောက်စွာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

    အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအကူအညီ ထိရောက်စွာဆောင်ရွက်ရေးအတွက် ညှိနှိုင်း ပေါင်းစည်းဆောင်ရွက်မှုတွင် ဖြစ်ပေါ်နေသည့် အခက်အခဲကိစ္စရပ်များအပေါ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် အတော်အတန် ပျော့ပြောင်းမှုရှိလာပါကြောင်း၊ ယခု သဘောတူညီချက်ရလဒ်များကို လျင်မြန်စွာ အကောင်အထည်ဖော်နိုင်မည်ဟု မျှော်လင့်ပါကြောင်း Mr. Ban က ပြောကြားသွားပါသည်။

    သို့ရာတွင် ဖော်ပြပါ ကိစ္စရပ်အတွက် မြန်မာနိုင်ငံမှ လတ်တလော အတည်ပြုချက် ပေါ်ပေါက်လာခြင်း မရှိသေးပါ။ လှူဒါန်းသည့် သူများထံမှ တန် ထောင်ပေါင်းများစွာ အကူအညီများကို ကြိုဆိုလက်ခံခဲ့သော်လည်း စစ်အစိုးရသည် နိုင်ငံခြားမှ ကယ်ဆယ်ရေးကျွမ်းကျင်သူများကို ဗီဇာပေးခြင်းမှ ပိတ်ပင်ထားခဲ့ပါသည်။

    ဖော်ပြခဲ့သော သဘောတူညီချက်ကိုMr.Ban ၏ ထင်ရှားသောဖြစ်ရပ်ဖြစ်မည့် လည်ပတ်မှုခရီးစဉ်၏ ဒုတိယမြောက်နေ့တွင် ရရှိခဲ့ခြင်းဖြစ်ပါသည်။ Mr. Ban အနေဖြင့် ရာစုနှစ် (၄)နှစ်ကျော်ပြီးနောက် မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေဖြင့် ရောက်ရှိခဲ့ခြင်း ဖြစ်ပါသည်။

    ကယ်ဆယ်ရေးအုပ်စုအနေဖြင့် သတိနှင့် သဘောတူညီချက်ကို ကြိုဆိုခဲ့ပါသည်။ အကြောင်းမှာ မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် လက်တစ်ဆုပ်စာသာရှိသည့် နိုင်ငံခြားကယ်ဆယ်ရေးအဖွဲ့ကို ရန်ကုန်တွင်သာ အများစုနေစေပြီး ဘေးဒဏ်ခံရသည့် မြစ်ဝကျွန်းပေါ်ဒေသများသို့ သွားရောက်နိုင်ခြင်းမှ ကန့်သတ်ထားသောကြောင့် ဖြစ်ပါသည်။

    အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံရှိ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ ပြောရေးဆိုခွင့် ရှိသူ Mr.Paul Risley က အရေးကြီးသည့် ကိစ္စမှာ ရန်ကုန်မှ ဘေးသင့်ဒေသများသို့ သွားရောက်နိုင်ရေးသည် အဓိက ဖြစ်သည်ဟု ဆိုပါသည်။

    ဥရောပ သမဂ္ဂအကူအညီပေးရေး အကြီးအကဲ Mr.Louis Michel က ဖော်ပြခဲ့သော သဘောတူညီ ချက်ကြောင့် စိတ်သက်သာရာ ရပါသည်ဟု ဆိုပါသည်။

    သောကြာနေ့တွင် Mr.Ban သည် ထိုင်းနိုင်ငံသို့ ပြန်ပြီးနောက် စနေနေ့တွင် တရုတ်နိုင်ငံ၏ ငလျင်ဒဏ်သင့်သော ဇုံသို့ သွားရောက်မည် ဖြစ်ပါသည်။ Mr. Ban သည် တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံသို့ ပြန်လာပြီး မြန်မာနိုင်ငံကယ်ဆယ်ရေးကြိုးပမ်းမှုကို အကူအညီပေးသည့် အလှူရှင် နိုင်ငံများ၏ အပြည်ပြည်ဆိုင်ရာ ညီလာခံဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ပါသည်။

    စနေနေ့တွင် Mr.Ban သည် မြန်မာနိုင်ငံ၏ မြေပေါ်တွင် မရှိခြင်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်အတွက် နောက်တစ်ကြိမ် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို အစိုးရအနေဖြင့် ကျင်းပပြုလုပ်မည် ဖြစ်သည့်အတွက်ကြောင့် ဖြစ်ပါသည်။ အဆိုပါ ဆန္ဒခံယူပွဲကို ဆိုက်ကလုန်းမုန်တိုင်းဒဏ် သင့်နေသည့်ကြားက ပြုလုပ်မှုအတွက် ဝေဖန်မှုများ ပေါ်ပေါက်ခဲ့ပါသည်။

    ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အပေါ် အတည်ပြုရန် မဲပေးမှုသည် ၁၉၉၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲပြီးသည့်နောက် ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါသည်။ ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အတိုက်အခံပါတီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ပါတီမှ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သော်လည်း သူမအနေဖြင့် အကျယ်ချုပ်ကျခဲ့ပါသည်။

    ပထမအကြိမ် ဆန္ဒခံယူပွဲကို မုန်တိုင်းဒဏ်ခံရပြီးနောက် တစ်ပါတ်အကြာတွင် ပြုလုပ်ခဲ့ပါသည်။ အစိုးရမှ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူများက ၉၂%မျှ ထောက်ခံခဲ့ပါကြောင်း ပြောကြားခဲ့ပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒေါ်အောင်ဆန်းစုကြည်၏ပါတီအား ရုံးဖွင့်လှစ်ခွင့်မှ အမြဲတမ်း ပိတ်ပင်ထားမည် ဖြစ်ပါသည်။

    1 comments:

    Manuel said...

    http://magosconelbalon.blogspot.com/

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo