ကိုညိမ်းညိုသို့ တောင်းပန်ခြင်း

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: ,
  • ကျွန်တော် ဒီနေ့မနက် CBOX ထဲမှာပေါ့လေ။ တွေ့လိုက်ရတာက စိုးမိုးပါတဲ့ခင်ဗျာ။ သူက BLOGGER လားတော့ မသိပါ။ သူက ကျွန်တော်ဟာ ကဗျာကူးယူ၊ ခိုးယူသူအဖြစ်ရေထားတာကိုဖတ်ရပါတယ်။ ကျွန်တော်လန့်သွားတယ်။ နောက်ထပ် ပြဿနာကတော့ လာပြန်ပြီပေါ့လို့။ ဒါနဲ့ သူဘယ်သူလဲပေါ့။ သူပြောတဲ့ ကဗျာကို ကျွန်တော်သွားကြည့်ပါတယ်။ ဒါနဲ့ အလုပ်က လာပြန်ရော။ အဲ့ဒါကြောင့်မို့ ဆက်ပြီး မကြည့်မိသေးဘူး။ အလုပ်ပြီးလို့ နေ့လည် ၁၂း၅၀ လောက်မှာပေါ့လေ။ ကျွန်တော့် BLOG ကို ဖွင့်လိုက်ပါတယ်။ စတွေ့တာကတော့ ကိုညိမ်းညိုရဲ့ Message လေးပါ။ ဟိုက် ဆိုပြီးတော့တောင် အော်ရတဲ့အထိပဲ။ ကိုညိမ်းညိုဆိုရင်တော့ သူ့BLOG ကို ကျွန်တော်သိတာပေါ့ဗျာ။ ဒါနဲ့ သူ့BLOG ကို သွားလိုက်တယ်။ အော်... ဒီလိုကိုးဆိုတာ သိလိုက်ရတယ်။ ကျွန်တော် တော်တော်လေး စိတ်မကောင်းဘူးခင်ဗျ။ ဒါ ကျွန်တော့် ရင်တွင်းစကားပါ။ ကျွန်တော်တို့ဆိုတာ ကဗျာစာပေပေါ်ချစ်စိတ် အပြည့်အဝ ရှိသူတွေပါ။ ကိုညိမ်းညိုရဲ့ ကဗျာမှန်းမှ ကျွန်တော်မသိတာ။ ပြီးတော့ လာအော်သွားတဲ့ ကိုစိုးမိုးကို ခြေရာခံဖို့ကလည်း မရှိ။ ပြီတော့ ကိုညိမ်းညို ပြောသလို ကဗျာရေးသူ နာမည်ကို ပြောင်းလိုက်ရင်တော့ တော်သေးတာပေါ့တဲ့။ ဟုတ်ကဲ့... ကျွန်တော် ကဗျာရေးသူနာမည်ကို လုံးဝ မသိပါ။ သူငယ်ချင်း စစ်ဗိုလ်မှ ပို့လိုက်တဲ့ ကဗျာတစ်ပုဒ်။ ပြီးတော့ တင်ပေးဖို့ တောင်းဆိုလို့ တင်လိုက်တာ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော့်ရဲ့ ညံ့ဖျင်းမှု။ ကျွန်တော်၏ တာဝန်သာ ဖြစ်ပါတယ်။ အဲ့အတွက် ကိုညိမ်းညိုကို အနူးအညွတ် တောင်းပန်ပါတယ်။ ကဗျာဖျက်ပေးဆို ဖျက်ပေးပါ့မယ်။ ဒါဟာ ခွင့်လွတ်စရာ လုံးဝမဖြစ်တဲ့ စာပေ ကျူးကျော်မှုတစ်ရပ်ပါ။ ဒါကို ကျွန်တော်နားလည် ပြီးသားပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင် ခံစားဖူးလို့ပါပဲ။ ကျွန်တော့်သီချင်းတွေ Shadow ဖြစ်သွားတဲ့အခါ အရမ်းခံစားရတာပဲ ခင်ဗျ။ ဒါကြောင့်မို့လို့ပါ။ ဒါကြောင့် မို့လို့ ဒီနေရာကပဲ ၀န်ခံတာပါ။

    9 comments:

    nyein nyo said...

    အကို့ ပို့စ်ဟာ ပြည့်စုံလုံလောက်ပါတယ်။ ကျွန်တော် စိတ်လဲရှင်းပါတယ်။ ကျွန်တော်တင်ထားတဲ့ ပို့စ်ကို ပြန်ဖြုတ်လိုက်ပါပြီ။ ကဗျာမှာ စစ်သားပါတဲ့အပိုဒ်လေးကိုဖြုတ်ပြီး ရေးသူနာမည်ပါချိန်းထားတာတွေ့တော့ တအားနာကျင်သွားလို့ပါ။ အဲသည်အပိုဒ်လေးမပါဘဲနဲ့တော့ ကျနော့်ကဗျာလေး ပြည့်စုံတယ်မထင်မိလို့ပါ။ ကာလံဒေသံ အဂ္ဂဓနံအရ ဘလော့ပေါ်မတင်ဖြစ်ပေမဲ့ ဒီကဗျာကို ကျနော်စိတ်သန့်စွာနဲ့ ရေးခဲ့တာမို့ပါ။ အခုလို ဂရုတစိုက် ပြန်လည်ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ပျော်ရွှင်ချမ်းမြေ့ပါစေ .. :)

    ခင်မင်စွာဖြင့်
    ညိမ်းညို

    ညိမ်းညို said...

    ကဗျာကတော့ တင်မယ်ဆိုရင်လဲ ကျနော်ရေးထားတဲ့မူရင်းအတိုင်းအပိုဒ်စုံအောင် တင်စေလိုပါတယ်။ မတင်လိုရင်လည်း တစ်ပုဒ်လုံး ဖြုတ်ထားနိုင်ပါတယ်ခင်ဗျား။

    ခင်မင်စွာဖြင့်
    ညိမ်းညို

    မင်းကျန်စစ်။ said...

    သူငယ်ချင်း စစ်ဗိုလ်က ဘယ်သူပါလိမ့် သူငယ်ချင်းရေ။ ဘယ်စာအုပ်က ဘယ်သူရေးထားတာလို့ ပြောပြီး တင်ရင်တော်သေးတယ်နော်။ ကိုယ့်စည်းလေးတွေ ကိုယ်ထိမ်းရင်း အားလုံး အဆင်ပြေစေချင်တယ်ဗျာ။

    BLACK DREAM said...

    အခုလို ပြန်လည်တာဝန်ယူ ဖြေရှင်း ၀န်ခံတဲ့အတွက် လေးစားပါတယ်...။

    khine said...

    ဒီလိုမှပေါ့ ကဗျာကိုတန်ဖိုးထားတဲ့လူတွေအတွက် တအားနစ်နာပါတယ်။ ဒါမျိုးကိစ္စတွေက နောက်မဖြစ်ရင် အကောင်းဆုံးပါပဲ။ ကိုက ကဗျာကိုယူသုံးမယ်ဆိုရင်လည်း ကဗျာရေးသူရဲ့အမည်ကို ပြည့်ပြည့်စုံစုံဖော်ပြသင့်တယ်လို့ ထင်ပါတယ်။...

    မျှားပြာ said...

    အခုလို့ အဆင်ပြေသွားတဲ့အတွက် လေးစားပါတယ်ဗျာ ...။
    ကိုညိမ်းညို ပြောသလိုပဲ ... ကဗျာကိုတင်မယ်ဆိုရင် မူရင်းအတိုင်း အပုဒ်စုံအောင် တင်ပေးစေလိုပါတယ် ...။

    SoeMoe said...

    ဒီကဗျာကိစ္စကိုလာရေးတဲ့သူကလေးယောက်ရှိပါတယ်.. message တွေဖျက်လိုက်တော့...ခုလိုဝန်ခံလိုက်တော့အားလုံးစိတ်ရှင်းတာပေါ့..သူငယ်ချင်းစစ်ဗိုလ်ဘယ်သူလည်းသိရရင်ပိုတောင်ကောင်းအုံးမယ်...ကျေးဇူးတင်ပါတယ်....

    စိုးထက် - Soe Htet ! said...

    ကိုလင်းဦး ရေ ...
    ချီးယားစ် ... ဂုဏ်ပြုပါတယ် ...

    ကိုညိမ်းညို လည်း ကျေးဇူး ...



    အားလုံး အဆင်ပြေ ပျော်ရွှင် ကြပါစေ :)

    ဘလူးဖီးနစ် said...

    ခုလို အချင်းချင်း အဆင်ပြေသွားတာ ကို ၀မး်သာမိပါတယ်ခင်ဗျာ။ ခွင့်လွှတ်ပေးနိုင်တဲ့ ကိုညိမ်းညိုကိုရော မသိလို့ မှားခဲ့ပေမယ့် တာဝန်ယူရဲတဲ့ ကိုလင်းဦး ကိုရော လေးစားစွာ ခင်မင်မိပါတယ်။ ကျွန်တော်က ၂ ယောက်စလုံးရဲ့ စာဖတ်ပရိသတ်ပါဗျာ။

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo