အသိပေး ကြေငြာခြင်း (ကွန်ပြူတာ ဂျာနယ်အား အသိပေး ကြေငြာခြင်း)

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: ,
  • ကိုသီဟနဲ့တွေ့တော့ အကြောင်းစုံ သိရတော့ စိတ်မကောင်း ဖြစ်ရပါတယ်။ အဘယ်ကြောင့်ဆိုသော် ကွန်ပြူတာ ဂျာနယ်မှ www.all-channel.com အား ရေးထားသည်ကို သိလိုက်ရသည်။ ရေးထားသည် ဆိုသည်လောက်နှင့် စိတ်မကောင်းဖြစ်ရသည်မဟုတ်။ သူရေထားသည်ကိုလည်း ကြည့်ပါဦး ....

    www.all-channel.com

    အထက်ပါ ကွန်ပြူတာဂျာနယ်ရဲ့ ကြေငြာချက်ဟာ မှားယွင်းနေပါတယ်။

    ၂၀၀၈ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ အမှတ် ၁၆၈ မှာထုတ်ဝေခဲ့တဲ့ ကွန်ပျူတာ ဂျာနယ်မှာ ကျွန်တောတို့ရဲ့ www.all-channel.com အကြောင်းလေးကို သတင်းတစ်ပုဒ် အနေနဲ့ ဖော်ပြခဲ့ပါတယ်။ အခုလို အရေးတစ်ယူ ရေးသားဖော်ပြပေးတဲ့ ကွန်ပျူတာ ဂျာနယ်ရဲ့ အယ်ဒီတာ အဖွဲ့သားတွေကို ကျွန်တော်တို့ all-channel မှ ကျေးဇူး အရမ်းတင်ပါတယ်။ သို့သော်လည်း အဲဒီသတင်းမှာ အမှားတွေ ပါလာတာကြောင့် ကျွန်တော်တို့ all-channel အဖွဲ့သားများ အတော်လေးကို စိတ်ညစ်ခဲ့ရပါတယ်။ ဒါကြောင့် ပြန်လည်ဖြေရှင်းတဲ့ အနေနဲ့ ဒီသတင်းလေးကို ရေးသားချင်ပါတယ်။

    ကျွန်တော်တို့ www.all-channel.com ဟာ ကွန်ပျူတာ ဂျာနယ်မှာ ဖော်ပြထားသလို MCC ရဲ့ Team-X ကနေ တာဝန်ယူ ရေးသားခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့နဲ့ MCC ဟာလည်း ဘယ်လိုမှ ပတ်သက်မှု မရှိပါဘူး။ ဒီ website ကို စလုပ်ရတဲ့ ရည်ရွယ်ချက်က မြန်မာအားလုံးအတွက် နေရာတစ်ခုတည်းမှာ သိချင်တာတွေ အကုန်လုံးကို သိနိုင်စေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စလုပ်ခဲ့တာပါ။ ဒီ website ကို develop လုပ်တဲ့ webmaster ကတော့ လက်ရှိမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျောင်းတက်နေတဲ့ ABAC ရဲ့ ကျောင်းသားများ ဖြစ်ပါတယ်။ Official Site ကို 2007 ခုနှစ် ဇန်နဝါရီလ (1) ရက်နေ့မှာ Launch လုပ်ခဲ့ပါတယ်။ စစချင်းတုန်းကတော့ ဒီလောက် အခန်းကဏ္ဍတွေ မစုံလင်ပေမယ့် All-Channel အဖွဲ့သားများရဲ့ ကြိုးစားမှု၊ သူငယ်ချင်းများရဲ့ ၀ိုင်းဝန်းကူညီမှု၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများရဲ့ ကူညီမှုကြောင့် 2007 ခုနှစ်ကုန်ပိုင်း လောက်မှာ ပိုမိုစုံလင်တဲ့ ကဏ္ဍအသစ်များကို မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ နောက်နောင်မှာလည်း မြန်မာတွေ အားလုံးအတွက် သတင်းအချက်အလက်တွေကို တစ်နေရာတည်းမှာ ပေးနိုင်မယ့် အကောင်းဆုံး ဆိုဒ်တစ်ခု ဖြစ်လာအောင် လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့ All-Channel ကိုလာရောက် ဖတ်ရှုကြတဲ့ readers များ၊ memebers များကို ကျေးဇူး အထူးတင်ရှိကြောင်း ပြောကြားရင်း www.all-channel.com သည် MCC နဲ့ လုံးဝ သက်ဆိုင်မှု မရှိပါကြောင်း ကွန်ပျူတာ ဂျာနယ် အယ်ဒီတာ အဖွဲ့များနှင့် စာဖတ်ပရိတ်သတ်များအား အသိပေးပြောကြားလိုပါတယ်။


    လင်းဦး (စိတ်ပညာ)



    2 comments:

    SBTVD said...

    Hello. This post is likeable, and your blog is very interesting, congratulations :-). I will add in my blogroll =). If possible gives a last there on my blog, it is about the SBTVD, I hope you enjoy. The address is http://sbtvd.blogspot.com. A hug.

    Pinkgold said...

    အင်း
    ငါ့သူငယ်ချင်းတိုင်း သူ့ သူငယ်ချင်း ဖြစ်တော့တာပဲ

    ကောင်းပါတယ် ကောင်းပါတယ်

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo