ကျွန်တော်ပြောချင်နေတဲ့ ကျွန်တော့အမြင် (၁၁)

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: ,
  • ယခု သကြင်္န်ရောက်ရန် နီးကပ်လာပြီဖြစ်၍ သကြင်္န်သီချင်းခွေများ ထွက်ရှိလျက်ရှိပါသည်။ ထိုသကြင်္န်ခွေများတွင် သီဆိုသူများဖက်မှ အပင်ပန်းခံ၍ စေတနာများစွာဖြင့် သီဆိုထုတ်ဝေသော အခွေများ ပါသကဲ့သို့ သကြင်္န်တွင် ပေါ်ပြူလာဖြစ် ရေပန်းစားရန်အတွက် ဖြစ်သလို ရိုက်ကူးသီဆိုထားသော အခွေများလည်း ပါ၀င်ကြသည်။ သကြင်္န်ဆိုသည်မှာ မြန်မာလူမျိုးများအတွက် နှစ်သစ်ကိုကြိုဆိုသော ပွဲတော်ဟူ၍ သတ်မှတ်ထားသည်။ နှစ် သစ်တစ်ထက် သစ်သလို ၀တ်စားဆင်ယင်မှုနှင့် သီချင်းများမှာလည်း ပိုမိုအဆန်းထွင်လာကြသည်။

    ယခုထွက်ရှိသော သကြင်္န်သီချင်းခွေတစ်ချို့တွင် ဘာမှ အနှစ်သာရမရိ်ှသော သီချင်းများကို တွေ့ရှိနေရပါသည်။ အော်ကြသည်၊ ဆိုကြသည်၊ ခုန်ပေါက် ကခုန်ကြသည်၊ ဒါပါပဲ။ သူသီဆိုသောသီချင်းမှာ ဘာအဓိပ္ပါယ်မှန်းမသိ။ သံစဉ်ကလည်း အရင် မြန်မာပြည်က အဆိုကျော်ကြီးများ အခြားနိုင်ငံမှ ကူးခဲ့သော ကော်ပီ သီချင်းများသာ။ ကော်ပီဆိုလို့ အပြစ်ပြောနေခြင်း မဟုတ်ပါ။ အနှစ်သာရ မရှိခြင်းကို ဆိုလိုပါသည်။ အဆိုတော် ဇော်ပိုင် သီဆိုထွက်ရှိသော သကြင်္န်သီချင်းခွေကို နားထောင်ရာ အမှန်တကယ် ကောင်းပါသည်။ ကချင်၊ ခုန်ချင် ၊ မြူးချင်သည်ဆိုပါက မြန်မာ ဒီဂျေများထွက်နေသည်ပဲ။ အဲ့ဒါတွေနဲ့ ကခုန်လို့ရသည်။ ခက်သည်က ဘာတွေ ဆိုနေမှန်းမသိသော အခွေတွင် ပေါက်ကရဆိုတတ်သော အဆိုတော်သစ်များကို လက်ခံရန်စိတ်နှလုံးသွင်းထားသော်လည်း ထိုအဆိုတော်သစ်များမှာ အဓိပ္ပါယ်မရှိ၊ ခံစားလို့မရသည့် သီချင်းများကို ဆိုနေသည်။ ဟိုဘက်ထိပ် ပြေးလိုက်၊ ဒီဘက်ထိပ်ပြေးလိုက်နှင့်၊ နာမည် အနည်းငယ်ရနေပြီ ဖြစ်သော အဆိုတော်မလေးကလည်း ကလိုက်သည်မှာ ကျွန်တော်တို့ မြန်မာမျက်လုံးနှင့်ဆိုရသော် အလွန်ရိုင်းပါသည်။ ရိုက်သည့် ဒါရိုက်တာကလည်း တကယ့် မြင်ကွင်းတွေကို ရွေး၍ ရိုက်ပြသည်။ ပုရိသ ယောကျ်ားတို့ အကြိုက်ပင်။ သူတို့ကတောင် ပြရဲ၊ ရိုက်ရဲသေးသည်မှတော့ ဒီဘက်က ယောကျ်ားများ ကြည့်ရဲရတော့မည်ပေါ့။

    ၀တ်စားဆင်ယင်မှုနှင့်ပတ်သက်၍ ပြောချင်ပါသေးသည်။ သကြင်္န်တွင် ခေတ်နှင့်အညီဝတ်ဆင်ချင်ပါသည် ဆိုသော သူများ၊ အကျီင်္များကို ၀တ်ဆင်ရာတွင် ပါးပါးလေးများ မဝတ်ပါနှင့်။ ကားနှင့်လည်သူ အမျိုးသမီးများ ထမိန်မဝတ်သင့်ပါဟု ပြောချင်သည်။ ဒီလူကြီးက မြန်မာ့ဓလေ့ကို အလေးထားသည်လည်းပြောသေး၊ ထမိန်မဝတ်ပါနဲ့လို့လည်း ပြောသည်ဟု တွေးပါလိမ့်မည်။ အချို့ ရေပက်သူအများစုမှာ မီးသတ်ပိုက်များနှင့် ပက်နေကြ၍ ဖြစ်ပါသည်။ မီးသတ်ပိုက်နှင့်ပက်သည်ထက် မိန်းကလေး၏ အပေါ်အောက်ကို သိမ်းကျံုးပြီး ပိုက်နှင့် ထိုးခြင်းပင်။ ထိုအချိန် ထမိန်သာဝတ်ထားပါက .....?။ ပြောမယ့်သာပြောနေရသည်။ သကြင်္န်တွင် ထမိန်ဝတ်သော မြန်မာမိန်းကလေးများ အင်မတန်ရှားပါသည်။ လုံးဝမရှိသလောက်ပင်။ အကျီင်္ဝတ်ထားသည်မှာ ရေစိုလျှင် အထဲထိ အတိုင်းသား မြင်ရသည်ထိ ၀တ်တတ်ကြသော မြန်မာမိန်းကလေး အလွန်များပါသည်။ လာမည့်သကြင်္န်တွင် ၀တ်စားဆင်ယင်မှုများအား ထိန်းထိန်း သိမ်းသိမ်း ၀တ်ကြပါရန် စေတနာထား ရေးသားရပါသည်။

    ကျွန်တော်တို့ မြန်မာနိုင်ငံ၏ နှစ်သစ်ကူးပွဲတော်ဟု ခေါ်ဆိုကြသော သကြင်္န်ပွဲတော်ပြီးသွားတိုင်း သတင်းများ ကြားနေရသည်မှာ လူသေဆုံးသတင်း အများဆုံးဖြစ်သည်ကို တွေ့ကြရပါလိမ့်မည်။ ပြီးခဲ့သည့်နှစ်က ကျွန်တော် IC မဏ္ဍပ်တွင် လက်မှတ်ရ၍ သွားကြည့်ပါသည်။ လူများမှာ ကခုန် ပျော်မြူနေကြ၊ သီချင်းလိုက်ဆိုနေကြနှင့် တော်တော်လေးကို ပျော်ဖို့ကောင်းပါသည်။ ဘီယာဆိုသည်ကိုလည်း လမ်းဘေးမှာ ဒီအတိုင်း ခွက်နှင့် ချရောင်းနေသည်ကိုလည်း တွေ့ရပါသည်။ သို့နှင့် တံတားအတိုင်း အပျင်းပြေ လမ်းလျှောက်ထွက်ခဲ့ပါသည်။ နေရာကား ကန်တော်ကြီး ဖြစ်ပါသည်။ ကျွန်တော်တစ်ယောက်တည်းလားဟု မေးဖွယ်ရှိ၏။ ဟုတ်ပါ၏။ ကျွန်တော်သည် တစ်ယောက်တည်း သွားရတာကို ပိုမို သဘောကျတတ်ပါသည်။ အပေါင်းအသင်းနှင့် သိပ်မသွားပါ။ ကျွန်တော်ကြည့်လိုက်တော့ ကန်စပ်တွင် ယောကျ်ားလေး လေးဦင်္း ရေချိုးနေပါသည်။ အားလုံးကတော့ မူးနေဟန် ရှိသည်။ ကျွန်တော်လည်း ဟိုကြည့် ဒီကြည့်နဲ့ တံတားပေါ်မှာပေါ့လေ။ ထို ယောကျ်ားလေးဦးမှာ တစ်ယောက်နဲ့တစ်ယောက် စရင်း စရင်း ရေလယ်ဘက်ကို ရောက်သွားသည်။ ထိုထဲမှ လူငယ်တစ်ဦးသည် အောက်က ဆွဲချလိုက်သည့်အလား မြှုပ်သွားပါသည်။ သူ့သူငယ်ချင်းများမှာ ကုန်းပေါ်သို့ တက်ပြေးကြသည်။ အော်ကြသည်။ လူတွေက အများကြီး ၀ုိင်းကြည့်ရုံမှလွဲ၍ တစ်ယောက်မှ မဆင်းကယ်ကြပါ။ လုံခြံုရေး ရဲ ငါးဦးပြေးလာပါသည်။ ပြီးတော့ ဆင်းကြည့်သည်။ “ အနစ်ကြီးကွ” ဆိုပြီး ရဲ ငါးဦးစလုံး ကမ်းပေါ် ပြန်တက်လာသည်။ အပေါ်ကနေ ဘယ်အချိန်စဖြစ်သလဲ စသဖြင့် ကျန်ခဲ့သူ သူငယ်ချင်းများအား မေးနေသည်။ ကယ်ရမည့်သူကို မကယ်ပါ။ တော်တော်အားကိုးရသော ရဲများပင် ။ ပြေးလာတုန်းကတော့ သူတို့ပဲ ကယ်တင်တော့မလိုလို။
    ထိုရဲများ မေးမြန်းနေသည်မှာ နာရီဝက်လောက်ကြာခဲ့သည်။ ခဏကြာလာတော့ စည်ပင်မှ အသက်(၅၀)အရွယ် အဘကြီးတစ်ဦး ရောက်လာ ပါသည်။ သူက အကျီချွတ်ပြီး ၀ါးလုံးတစ်လုံးကိုင် ဆင်းပြီး ရေငုပ်ရှာလေသည်။ ရေလယ်အနီးတွင် တွေ့ပါပြီ။ သူက ကမ်းပေါ်မှ အခြား ရေကူးတတ်သူများအား ခေါ်ပါသည်။ သုံးယောက်လောက် ဆင်းလိုက်သွားသည်။ သို့နှင့် ရေနစ်သူအား ကမ်းပေါ်သို့ သယ်ခဲ့ကြသည်။ ကမ်းပေါ်ရောက်သော် အသက်မရှိပါ။ ကယ်ဆယ်သူ အဘိုးကြီးသာ မရောက်ခဲ့ပါက အလောင်းတောင် ရမည်မဟုတ်။ သကြင်္န်တွင် အလွန်အကျွံ မမူးကြဖို့ ပြောချင်ပါသည်။ ဒီအဖြစ်အပျက်က ကိုယ်ရှေ့မှာ ဖြစ်ပျက်သွားသော အဖြစ်အပျက်။ သကြင်္န်ရက်များကုန်ဆုံးသွားသောအခါတွင်ကား သေဆုံးသတင်းများ တန်းစီပြီး ထွက်လာပါတော့သည်။ နှစ်သစ်ကို ကြိုဆိုသောပွဲကား အလွန်အကျည်းတန်လှ တကား။
    လင်းဦး (စိတ်ပညာ)


    5 comments:

    pandora said...

    အချက် အတော်များများ သဘောတူပါတယ် အထူးသဖြင့် ၀တ်စားတာနဲ့ ပတ်သက်လို့ပေါ့

    Emily said...

    အကိုရေ ပြောသင့်ပြောထိုက် ရေးသင့်ရေးထိုက်တဲ့ ပို့စ်တခုပါ။ မိန်းကလေးတွေ အရောင်နုတွေ ၀တ်တာလည်း အထင်းသား မြင်အောင် တမင် ၀တ်ထားသလား အောက်မေ့ရပါတယ်။ အဖြူ၊ ပန်းရောင် စသည်ဖြင့်ပေါ့။ ဒီလို ရေစိုချိန်ကျတော့ အနက်ကို မဝတ်ကျဘူး ခင်ဗျ။ အဲလိုတော်ကြတာ။ သကြင်္န်မှာ ယောက်ျားလေးတွေလဲ အမူးလွန်တာ၊ ရန်ဖြစ်တာ အရမ်းများတယ်။ ထိန်းသိမ်းသင့်တယ်လို့ ယူဆပါတယ်။ နောက်ထပ်လည်း အခုလို ပို့စ်ကောင်းတွေ အများကြီး တင်နိုင်ပါစေခင်ဗျာ။

    စိုးထက် - Soe Htet ! said...

    မှန်တယ် ... တော်တော်လေးကို ပြင်သင့်ပြီ :)

    Aung Thu said...

    ကောင်းပါတယ်..အခုလိုမျိုး မြန်မာရိုးရာသကြင်္န်မှာ သရုပ်ပျက်ယဉ်ကျေးမှုတွေထွန်းကားနေထာဟာ အရိုးစွဲနေရင် နောက်လာမည့် နောက်လာနောက်သား တွေအသိမှတ်မှားနိုင်ပါတယ်...များများပြောထားသင့် ပါတယ်...ကျွန်တော်အမြင်ကတော့ မြန်မာယဉ်ကျေးမှု ကိုဖီလာဖြစ်စေမဲ့ ၀တ်စားဆင်ယင်မှုနဲ့ လူထုအတွင်း နေထိုင်သွားလာမှုတွေကို ဥပဒေနဲ့ထိန်းချုပ်ဖို့လိုတယ် နိုင်ငံကြိးတစ်ချို ့ မှာလည်း ဥပဒေတွေနဲ့ထိန်းချုပ်ထား တာကိုတွေ ့ရပါတယ်

    Aung Thu said...

    ကောင်းပါတယ်..အခုလိုမျိုး မြန်မာရိုးရာသကြင်္န်မှာ သရုပ်ပျက်ယဉ်ကျေးမှုတွေထွန်းကားနေထာဟာ အရိုးစွဲနေရင် နောက်လာမည့် နောက်လာနောက်သား တွေအသိမှတ်မှားနိုင်ပါတယ်...များများပြောထားသင့် ပါတယ်...ကျွန်တော်အမြင်ကတော့ မြန်မာယဉ်ကျေးမှု ကိုဖီလာဖြစ်စေမဲ့ ၀တ်စားဆင်ယင်မှုနဲ့ လူထုအတွင်း နေထိုင်သွားလာမှုတွေကို ဥပဒေနဲ့ထိန်းချုပ်ဖို့လိုတယ် နိုင်ငံကြိးတစ်ချို ့ မှာလည်း ဥပဒေတွေနဲ့ထိန်းချုပ်ထား တာကိုတွေ ့ရပါတယ်

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo