ကျွန်တော်သိသမျှ ( ၃ )

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: ,





  • ကျွန်တော်သည် ဂီတလောကမှ လူတစ်ယောက်ဖြစ်၍ ဂီတနှင့်ပတ်သက််ပြီး အခြားမိတ်ဆွေသူငယ်ချင်းများ ဗဟုသုတရရှိစေရန် ဒီပို့စ်လေးကို ရေးလိုက်ရခြင်းဖြစ်ပါသည်။

    “တယော”ကို လူတိုင်းမြင်ဖူး၍ တယော၏ သာယာနာပျော်ဖွယ်တေးသံသာကိုလည်း ကြားဖူးကြမည် ဖြစ်ပါသည်။ သို့ရာတွင် တယော၏ သမိုင်းကြောင်းကိုမူ သိသူနည်းလိမ့်မည်ဟုထင်ပါသည်။ သို့ဖြစ်၍ တယောအကြောင်း သိကောင်းစရာအချို့ကို တင်ပြလိုပါ၏။

    တယောပြုလုပ်ပုံ
    “တယော”သည် ကြိုးတပ်တူရိယာတစ်မျိုးဖြစ်သည်။ မူလက တယောသည် ယနေ့အသုံးပြုနေကြသော တယောလောက် သာယာနာပျော်ဖွယ်မကောင်းပေ။ ခရစ်နှစ် ၁၆၀၀ပြည့်ခန့်တွင်ပေါ်သော တယောလုပ်သူ “နိကိုလောအားမာတီ”နှင့် “အန်တိုနီးယပ်စထရားဒီဗဲရီယပ်” တို့ လက်ရာကောင်းခြင်းကြောင့် ယခုအခါ တယောသံသည် အလွန်သာယာနာပျော်ဖွယ်ရှိပေသည်။ တယောလုပ်ရာတွင် လက်ရာကောင်းသဖြင့် နာမည်ကျော်ကြားသော ပုဂ္ဂိုလ်မှာ “ဂျူဇက်ပေကွနိယဲရီ” ဖြစ်သည်။
    တယောသံ ကောင်း၊ မကောင်းမှာ အသုံးပြုသော သစ်သားပေါ်မူတည်သည်။ တယောလုပ်ရန် သစ်သားကို
    အသားသေအောင် နှစ်ချို့ထားရသည်။ သစ်သားအမျိုးအစားကိုလည်း အထူးရွေးချယ်ရ၏။ သို့မှသာလျှင် တယောလုပ်ရာ၌ ပါ၀င်သော သစ်သားအစိတ်အပိုင်းတို့သည် ခုံးခြင်း၊ အက်ခြင်း၊ လိမ်ခြင်း၊ ကွဲခြင်း မရှိနိုင်တော့ပေ။ တယောလုပ်ရာတွင် သစ်သားအစိတ်အပိုင်း အမျိုးပေါင်း ရ၀ ကျော်ဖြင့် ပြုလုပ်ရ၏။ လိုရာပုံစံအတိုင်း သစ်သားကို ခွဲခြမ်းစိတ်ဖြာ၍ အပိုင်းအစတို့ကို အံကျအောင် ကော်ဖြင့် ဆက်စပ်ရ၏။ အပြီးသတ်၌ တယောကို အရောင်တင်ပေးရ၏။
    တယောတွင်ပါ၀င်သော အစိတ်အပိုင်းတို့တွင် အရပ်စကားဖြင့် တယောအိုးဟုခေါ်သော ကိုယ်ထည်သည်
    အရေးကြီးဆုံးဖြစ်၏။ တယောကိုယ်ကို ပါးလွှာသော ပျဉ်းပြားဖြင့် ပြုလုပ်ရ၏။ တယောကိုယ်၌ ကျောပိုင်းနှင့် ၀မ်းပိုင်းကို ဘေးပတ်လည်၌ သစ်သားပေါင်ဖြင့် ဆက်စပ်ထားသည်။ ထိုပေါင်ကို ဘေးပတ်ဟုခေါ်သည်။ ပျဉ်နှစ်ချပ်ကို အရှည်လိုက်စပ်၍ကျောပိုင်းကို လုပ်ရစမြဲဖြစ်သည်။ သို့သော် တစ်ခါတစ်ရံ ပျဉ်တစ်ချပ်တည်းနှင့် စပ်၍ လုပ်သည်လည်းရှိသည်။ တယောသည် သေးသွယ်သော လည်တံရှိသည်။ လည်တံအထက်ပိုင်း၌ အောက်ဘက်သို့အနည်းငယ်ကော့၍ဆင်းသောခေါင်းပိုင်းရှိသည်။ထိုခေါင်းပိုင်း၏ ဘေးတစ်ဘက်တစ်ချက်တွင် အပေါက်နှစ်ခုစီရှိရာ ပေါင်း လေးပေါက်ဖြစ်သည်။ ထိုလေးပေါက်တွင် “သော့”ဟုခေါ်သော တယောကြိုး ချည်တံ လေးခုရှိသည်။ လည်တံထိပ်မှစ၍ ၀မ်းဗိုက်၏ သုံးပုံတစ်ပုံကျော်အထိရောက်၍ ရှည်လျားသော လက်ပေါက်ပျဉ်သည် ၀မ်း၌ ကပ်လျက်တည်ရှိသည်။ ၀ိုက်နေသော နှုတ်ခမ်းတစ်ဖက်တစ်ချက်တွင် သံချတ်သဏ္ဍန် လေပေါက်တစ်ပေါက်စီ ရှိသည်။ ၀မ်းဗိုက်၏အဆုံးပိုင်းတွင် ကိုယ်ထည်သုံးပုံတစ်ပုံနီးပါးမျှ အမြီးပိုင်းရှိသည်။ အမြီးပိုင်းနှင့် လက်ပေါက်ပျဉ်ကြားတွင် ကြိုးခုံရှိသည်။ သော့လေးချောင်းမှစ၍ ချည်လိုက်သော တယောကြိုးလေးချောင်းသည် လက်ပေါက်ပျဉ်တစ်လျှောက် ဆင်းသွားပြီးလျှင် ကြိုးခုံကိုကျော်ကာ အမြီးပိုင်း၌ တစ်ဖန်ချည်လျက်သားရှိရသည်။ အသံအတင်းအလျော့ လိုရာကို “သော့”လှည့်ကာ ကြိုးညှိပေးရသည်။
    တယောကိုယ်တွင်း၌ အသံဩဇာဖြစ်စေသော အသံထောက်ပါရှိသည်။ ထိုအသံထောက်သည် ကြိုးခုံ
    ညာဘက်အောက်နားတွင်ရှိ၍ ၀မ်းဗိုက်နှင့်ကျောကို အံကျအောင်ထောက်လျက် ရှိသည်။ အသံထောက်ကို နေရာအတိအကျ ထောက်မထားလျှင် တယောသံပျက်သည်။ ရှေးအခါက တယောကြိုးများကို “သိုးအူ”နှင့် အခြားတိရစ္ဆာန်အူတို့ဖြင့် ပြုလုပ်ခဲ့ကြ၏။ ယခုကာလတွင် တယောကြိုးပြုလုပ်ရာ၌ ပထမကြိုးကို သတ္တုဖြင့် လည်းကောင်း၊ ဒုတိယ၊ တတိယနှင့် စတုတ္ထကြိုးတို့ကို ငွေနန်း၊ ကြေးနန်း၊ ဒန်သတ္တုနန်းဖြင့် ကွပ်ထားသော တိရစ္ဆာန်အူကြိုးဖြင့်လည်းကောင်း လုပ်ကြသည်။

    တယောထိုးနည်း
    တယောကို ဘိုးတံဖြင့် ထိုးရ၏။ ဘိုးတံသည် ၂၇လက်မခန့်ရှည်သည်။ ဘိုးတံ၌ မြင်းမြီးပေါင်း ၁၅၀ခန့်ကို
    စုစည်း၍ ဆွဲချည်ထားသည်။ ယခုခေတ်သုံး ဘိုးတံကို “ဖရန်ဆွာတူးအက်”ဆိုသူ ပြင်သစ်လူမျိုးတစ်ဦးက ၁၇၀၀ ပြည့်နှစ်နောက်ပိုင်းတွင် တီထွင်ခဲ့သည်။ ထိုတီထွင်မှုကြောင့် ရှေးက ဘိုးတံကို ခပ်ကွေးကွေးပြုလုပ်ကြ သော်လည်း ယခုအခါ ဘိုးတံကို ခပ်ဆန့်ဆန့်ပြုလုပ်ကြသဖြင့် အနည်းငယ် ရှည်လျားပေါ့ပါးလာသည်။
    တယောထိုးရာ၌ တယောအမြီးပိုင်းကို ဘယ်ပခုံးပေါ်တွင်တင်၍ မေးဖြင့်ညှပ်ပြီးလျှင် ဘယ်ဘက်လက်သည်
    လက်ပေါက်ပျဉ်ကို တယော၏လည်တံအောက်မှ လျှို၍ ကိုင်ရသည်။ လက်လေးချောင်း၏ထိပ်သည် ကြိုးလေးချောင်းကို လိုသလိုနှိပ်ပေးရသည်။ လက်မမှာ ထိန်းရုံသာ ထိန်းပေးရ၏။ တယောဘိုးတံကို ကြိုးခုံ ရှေ့တစ်လက်မခန့်တွင် ကြိုးခုံနှင့် မျဉ်းပြိုင်ထားကာ တယောကြိုးပေါ်တင်၍ ရှေ့တိုး နောက်ငင်ဆွဲရသည်။ ထိုအခါ ဘိုးတံ၏မြင်းမြီးသည် ကြိုးဖြင့်ထိကာ အသံထွက်လေသည်။

    နိုင်ငံတကာသုံး တယောအမျိုးမျိုး
    အရှေ့တိုင်းနိုင်ငံများနှင့် အစ္စလာမ်အယူဝါဒ ထွန်းကားသောနိုင်ငံများတွင် တယောများသည် လည်တံရှည်
    တယောများဖြစ်ကြသည်။ တရုတ်နိုင်ငံသုံး “ဟူချင်”ဟုခေါ်သော တယောမှာ ၀ါးကိုယ်ထည်နှင့် သေးသွယ်သော လည်တံရှိ၏။ ၀ါးကိုယ်ထည်၏တစ်ဘက်ကို အသံအလို့ငှာ မြွေရေခွံဖြင့် ကျက်ထားသည်။ဘိုးတံမှာ တယောနှင့် သီးခြားမဟုတ်။ တယောကြိုးဖြင့် ထွေးရောယှက်တင် ဆက်ထားသည်။ ဂျပန်တယောမှာမူ ကြိုးသုံးချောင်း တပ်သော “ကိုကျူ”ခေါ် တယောဖြစ်၏။ မာလာယုကျွန်းဆွယ်နှင့် ဘာလီကျွန်းတို့တွင် အုန်းမှုတ်ခွံကို သားရေဖြင့် ကျက်ထားသော တယောကို အသုံးပြုလေ့ရှိကြသည်။
    အိန္ဒိယနိုင်ငံရှိ ဇာတ်နိမ့်သူ လူမျိုးတို့ အသုံးပြုသောတယောမှာမူ ကိုယ်ထည်၏ကျောဘက်၌ လုံးဝန်း၍
    ၀မ်းဘက်တွင် ခွက်နေသည်။ အသံအလို့ငှာ သားရေဖြင့် ကျက်ထားသည်။ အချို့တယောတို့၌ တယောကြိုး သုံးလေးချောင်းကို ထုံးစံအတိုင်းတပ်ထားသည့်အပြင်တယောဝမ်းဗိုက်တွင် ကြိုးအပိုများမြှုပ်၍ ထည့်ထားသည်။ သဘောမှာ မူလကြိုးမှထွက်ပေါ်လာသောအသံအလိုက် အပိုကြိုးများက မြည်ဟည်းစေရန်ဖြစ်သည်။ အချို့ တယောတို့မှာ ကိုယ်ထည်သည် ပုလင်းပုံသော်လည်းကောင်း၊ ပန်းသီးပုံသော်လည်းကောင်း ရှိကြသည်။
    မြန်မာနိုင်ငံ၌ တယောတူရိယာကို ကုန်းဘောင်ခေတ်တွင် သုံးစွဲတီးမှုတ်ကြောင်း အစောဆုံး တွေ့ရှိရ၏။
    “တယောပြား”နှင့် “အုန်းမှုတ်တယော”ဟူ၍ နှစ်မျိုးရှိသည်။ ကုန်းဘောင်ခေတ်တယောများသည် ရှေးမြန်မာ တယောစစ်စစ်များဖြစ်ကြပြီး ကြိုးသုံးချောင်တပ်ဆင်ထားသည်။တယောထိုးနည်မှာ အနောက်နိုင်ငံတယောများ ထိုးနည်းအတိုင်းမဟုတ်ဘဲ တယောခေါင်းကို အပေါ်ထောင်လျက်ထိုးကြသည်။ တယောကြိုးကို မြင်းမြီး၊ တိရစ္ဆာန်အူ၊ ပိုးကြိုးတို့ဖြင့် ပြုလုပ်၏။ ရှေးမြန်မာ တယောပြားကို မွန်လူမျိုးများ၏ တီးဝိုင်းတွင် ယနေ့တိုင် တွေ့မြင်နိုင်သေးသည်။

    တရုတ်နိုင်ငံမှ တယောအကယ်ဒမီကျောင်း
    တရုတ်နိုင်ငံ ပေကျင်းတွင် Missouri Southern Suzuki Violin Academy (MSSVA)ကို ဖွင့်လှစ် ထားသည်။
    ၎င်း MSSVA သည် တေးဂီတ တက္ကသိုလ်၏ လက်အောက်ခံဖြစ်သည်။ ၎င်းအကယ်ဒမီ အဖွဲ့ဝင်များမှာ အများအားဖြင့် အထက်တန်း ကျောင်းသားအရွယ်များ ဖြစ်ကြ၏။ အချို့မှာ အသက်လေးနှစ်အရွယ် ကလေးငယ်များ ဖြစ်ကြသည်။ ၎င်း အကယ်ဒမီကျောင်းကို တည်ထောင်သူမှာ Dr.Shinichi Sujuki methad ဖြစ်သည်။ အဆိုပါ အကယ်ဒမီကျောင်းတွင် သင်ကြားသော တေးဂီတနည်းစနစ်ကို Sujuki methadဟုခေါ်ပြီး ရိုးရာတေးဂီတ အခြေခံဖြင့် တီထွင်ထားသောကြောင့် အံဝင်ခွင်ကျမှုရှိသည်။
    ယင်း အကယ်ဒမီကျောင်း၏ ဒါရိုက်တာ Dr.Kexi Lui က “ကျွန်တော်ရဲ့တေးဂီတသင်ကြားဆရာများရဲ့
    ကြိုးပမ်းမှုကြောင့် ကောင်းမွန်တဲ့ရလဒ်များ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီအတွက် ကျွန်တော်များစွာ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်” ဟူ၍ ပြောကြားခဲ့သည်။ Sujuki ၏ တေးဂီတ သင်ကြားမှုနည်းစနစ်သည် အမေရိကန်နိုင်ငံတွင် လွန်စွာ လူသိများထင်ရှားကျော်ကြားသည်ဟု Dr.Kexi Lui က ဆိုပါသည်။ထို အကယ်ဒမီကျောင်းသို့ မကြာခဏ ဆိုသလို နိုင်ငံခြားဧည့်သည်များ လာရောက်လေ့လာကြရာ ၎င်းကျောင်းမှ ကလေးသူငယ်များက “ကြိုဆိုပါသည်။ ကြိုဆိုပါသည်” ဟူသော သံပြိုင်တေးသီချင်းဖြင့် သီဆိုဖြေဖျော်ကြသဖြင့် ဧည့်သည်များ အာရကျေနပ်မှု ရရှိသည်ဟု သိရပါသည်။

    ကျွန်တော်သိသမျှသာ တင်ပြထားခြင်းဖြစ်ပါသည်။
    Lin Oo ( psy )


    1 comments:

    Pinkgold said...

    လင်းဦးရေ
    တယောထုတ်ပြီးရောင်းစာယးရအောင်
    ကျေးဇူးပါ မြန်မာ့ တူရီယာ အကြောင်း မျှဝေပေးလို့

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo