
မျှော်လင့်ချက်တွေနဲ့ ဆက်လက်ရှင်သန်ဖို့ ကျွန်တော့်မှာအားမရှိတော့ဘူး။လဲပြိုနေတဲ့နှလုံးသား တစ်စုံကို ဘယ်သူတည့်မတ်ပေးမှာလဲ။ ကျွန်တော်နဲ့သူဟာငယ်သူငယ်ချင်းတွေပါ။ သူဟာကျွန်တော့်ထက်ငယ်ပါတယ်။ ကျွန်တော်တို့ကျောင်းတက်ရင် စက်ဘီးလေးတွေနဲ့ပေါ့။ စကြနောက်ကြနဲ့ အင်မတန် ပျော်ဖို့ ကောင်းပါတယ်။ ကျွန်တော်လက်ကျိုးသွားတဲ့အချိန် သူကျွန်တော့်ကို စာတွေကူးပေးခဲ့တယ်။ အဲ့ဒီတုန်းက သူငိုလိုက်တာ.... ကျွန်တော့်ကို ဘေးကနေအားပေးတယ်။ ကျွန်တော်တို့ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်မှာ အကောင်းဆုံးပျော်ရွှင်မှု တွေနဲ့နေထိုင်ခဲ့ ပါတယ်။ကျွန်တော်ရှစ်တန်းနှစ်လောက်မှာစာတွေရေး၊ကဗျာလေးတွေ ရေးရင် သူက အမြဲတမ်းဖတ်တယ်။ အားပေးတယ်၊ ဝေဖန်တယ်။ ပြဿနာဖြစ်ရင်လည်း ကျွန်တော့်ဘက်က ရပ်တည် ပေးတယ်။ ပြီးတော့ သူက စာအရမ်းတော်တယ်။ အတန်းထဲမှာ ပထမကြီးပါပဲ။ ညနေခင်း ဧရာဝတီရဲ့အလှကိုနှစ်ယောက်သားထိုင်ကြည့်ဖူးတယ်။ကဗျာတွေစပ်ခဲ့ကြသလိုသီချင်းတွေလည်း ဆိုခဲ့ဖူးတယ်။ ကျွန်တော့်ရဲ့ရင်ထဲမှာ သူဟာနတ်သမီးပါ။ ကျွန်တော့်ရင်ဘတ်စာမျက်နှာမှာ သူပဲရှိတယ်။ ကျွန်တော် ဟာသ ၀တ္ထုတိုတွေရေးတော့ သူအားပေးတယ်။ ကျွန်တော့်ရဲ့ “ငယ်ချစ်ဦး” ၀တ္ထုတိုလေးကို သူပဲ ကျောင်းထဲမှာ လိုက် ဝေပေးတယ်။ ကျွန်တော့်ရဲ့ မျှော်လင့်ချက် မီးအိမ်ရှင်လေးပါ။ သူဂစ်တာတီးရင်း သီချင်းဆိုရင် ကျွန်တော် သူ့ ဂီတတေးသွားမှာ မျောပါသွားတယ်။၊ သူ ကျွန်တော့်ထက်ငယ်ပေမယ့် အတွေးအခေါ်ရင့်ကျက်တယ်။ ကျွန်တော်သီချင်းတွေ ရောင်းရတဲ့အခါ သူနဲ့အတူပျော်ရွှင်ခဲ့တယ်။ ကျွန်တော့်သီချင်းတွေ လုပ်စားခံရတဲ့ အခါ သူ ဆတ်ဆတ်နာ သောင်းကျန်းတော့တာပဲ။ “အစ်ကိုက ရှဲဒိုးအဖြစ်ခံမလား၊ ဘယ်တော့မှအဖြစ်မခံနဲ့၊ အနု ပညာသမားအချင်းချင်း ကိုယ်ချင်းမစာနာကြဘူး ” လို့ သူပြောခဲ့ပါတယ်။
ကျွန်တော့်အပေါ် သည်းခံ၊ နားလည်ပေးသူ၊ ကျွန်တော့်ဘဝရဲ့ ရောင်ခြည်တန်းလေး...အခု သူဆုံးပြီတဲ့ ။
ကျွန်တော်မယုံနိုင်ဘူး။ ကျွန်တော်အော်မိတယ်။ အရမ်းဝမ်းနည်းတယ်၊ ကျွန်တော်မခံစားနိုင်ဘူးဗျာ။ အသက် ၂၁နှစ်သာရှိသေးတဲ့ ဆေးတက္ကသိုလ်တတိယနှစ် ကျောင်းသူလေးကို ရက်ရက်စက်စက် ဒီလောကကြီးက ဆွဲ ထုတ်သွားကြရလား။ ဒီဇင်ဘာကိုချစ်တဲ့ ၊ ဆောင်းကိုနှစ်သက်တဲ့ မိန်းကလေးကို ဒီဇင်ဘာမှာ ခေါ်သွားကြတယ် ဆိုတော့ မရက်စက်လွန်းကြဘူးလား။ “ရုတ်တရက် မူးလဲပြီးသေဆုံး” ဆိုတဲ့ တယ်လီဖုန်းထဲကအသံဟာ အဆိပ် လှိုင်းတွေပဲ။ ကျွန်တော် ဘယ်လိုဖြေရမလဲဗျာ....။ အနုပညာ ရဲဘော်ရဲဘက်တစ်ဦး ဆုံးရှုံးလိုက်ရပြီ ။ ကျွန်တော့် ရင်ထဲမှာ ရုပ်ပျက်ဆင်းပျက် စုတ်ပြဲနေပြီ။ သူ့နောက်ဆုံးခရီးတောင် ကျွန်တော် မသွားနိုင်ဘူး၊ မမီနိုင်တော့ဘူး။ အရာရာကို နားလည်ပေးနိုင်ခဲ့တဲ့သူ၊ ကျွန်တော့်ဘဝရဲ့ အလင်းရောင်လေး။
ကျွန်တော် သူ့ကို ဆုံးရှုံးလိုက်ရပြီ။ ကျွန်တော့်ရဲ့ ဂစ်တာလက်သံလေးကို အမြဲကြားချင်နေတဲ့ သူ ။ ဘဝကူး ကောင်းအောင်သာ ဆုတောင်းပေးမယ် ညီမလေးရေ။ ညီမလေးရေ မင်းနှစ်သက်ခဲ့ ရူးသွပ်ခဲ့တဲ့ဂီတကို စွန့်လွှတ်ပြီး အဝေးဆုံးကို မင်းထွက်သွားပြီပေါ့။ (၆-၁၂-၀၇)ကွယ်လွန်သွားသူညီမလေး ကောင်းရာသုဂတိ လားပါစေ။
ကျွန်တော့်ကို ၀မ်းနည်းကြောင်းပြောကြား ပေးတဲ့ ကိုစိုးထက် ၊ အားပေးစကားတွေနဲ့ နှစ်သိမ့်ပေးတဲ့သူငယ်ချင်း မင်းကျန်စစ် ၊ Pinkgold ၊ ဂျပန်မှ Okisu တို့ကို ကျေးဇူးတင်ပါ တယ်ဗျာ။
16 comments:
တစ်ကယ် စိတ်မကောင်းဘူး ကိုလင်းဦးရေ ရုတ်တရက် ငယ်ငယ်လေးနဲ့ လောကကြီးကို နှုတ်ဆက်သွားတာ တစ်ကယ်ဆို နေချိန်တွေ အများကြီး ကျန်သေးတာ ကောင်းရာသုဂတိ လားပါစေ :(
စိတ်မကောင်းပါဘူးကိုလင်းဦးရယ်.. အရွယ်ကောင်းလေးရှိသေးတာနော်။ ဘယ်လိုမှရှောင်မရတဲ့လမ်း ဆိုပေမယ့်ဒီအရွယ်ကတော့ စောလွန်းပါတယ်။ သူ့အတွက်ဆုတောင်းပေးပါတယ်ကိုလင်းဦးရေ.. ကောင်းရာသုဂတိလားပါစေလို့။
ကိုလင်း)ီးရေ
ကျွန်မ မနေ့ကတည်းက တော်တော် စိတ်မကောင်း ဖြစ်နေတာပါ
ကိုလင်းဦး ဘယ်လိုခံစား နေရမယ် ဆိုတာ သိပေမယ့် ကျန်ရှိနေသေးတဲ့ ဘဝကို ပျော်ပျော်ပဲ ဆက်လျှောက်သွား ပါနော်..
သူလည်း ကောင်းရာ သုဂတိ ရောက်ပါစေရှင်
ရတနာ စိတ်မကောင်းပါဘူးရှင်။ အသက်ငယ်ငယ်လေးရှိသေးတယ်။ အစ်ကို အရမ်းဝမ်း
နည်းနေမယ်ဆိုတာ ရတနာ နားလည်ပါတယ်။
အစ်ကိုရေ . . .ရတနာတို့ သူ့အတွက် အတူတူ ဆုတောင်းပေးရအောင်နော်။ အစ်ကို အရင်တုန်းကလိုဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ စာတွေ ဆက်ရေးနေပါနော်
ဒီဇင်ဘာချစ်သော ကောင်မလေး နှင်းမှုန်လေးတွေနဲ့ အတူတူ ပျော်ရွင်စွာ နေနိုင်ပါစေ။ ကောင်းရာမွန်ရာ ရောက်ပါစေ။
စိတ်မကောင်းပါဘူး ကိုလင်းဦးရေ
အကိုလည်းအရမ်းခံစားနေရမယ်ဆိုတာ သိပါတယ်။
အရှင်ဆန္ဒာဓိကရဲ့ လမ်းခွဲတာ ၀မ်းနည်းစရာလား ဆိုတဲ့ တရားစာအုပ်လေး ဖတ်ဖို့ အကြံပြုပါရစေ။
သူ့အတွက် အမျှဝေ၊ မေတ္တာပို့၊ ဆုတောင်းပေးပါတယ်။
ကောင်းရာ သုဂတိလားပါစေ...
သနားပါတယ်... စိတ်မကောင်းဘူး...
ဒီလိုပါပဲ..ဘဝဆိုတာ အချိန်တန်ရင်အဆုံးသတ်ရမယ်..
စောတာနဲ့နောက်ကျတာပဲကွာတာပါ...
ဘဝမှာပျော်စရာကောင်းတဲ့အချိန်တွေနဲ့ပဲ ဖြတ်သန်းနိုင်အောင် ကြိုးစားပါ
လူ့ဘဝဆို တာ
ခပ်ညိုညို သစ်ကိုင်းထက်က
သစ်ရွက်တစ်ရွက်လား...။
အိပ်မှုံစံမွှား
တမလွန်ကို အလည်သွားတဲ့
သူငယ်ချင်းနဲ့ အဖြေညှိလိုက်တော့
သတိသံဝေဂတွေ
ရစရာပါလေ...။
(၈ တန်းကျောင်းသားဘဝမှာ သူငယ်ချင်းခွေးရူးကိုက်ခံရပြီးဆုံးတော့ ရေးဖြစ်တဲ့ ကဗျာ တစ်ပိုင်းပါ။ ဖတ်ပြီးတော့ စိတ်ထဲပြန်ပေါ်လာလို့ ရေးလိုက်တယ်။ ကောင်းရာမွန်ရာ ရောက်စေသော်ဝ်)
mm thinker
စိတ်မကောင်းပါဘူး ကိုလင်းဦးရေ။ မူးလဲပြီး သေဆုံးတာဆိုတော့ ဘာရောဂါများလဲဟင်။ ဆေးကျောင်းကဆိုတော့ ၁လား ၂လားဟင်။ သဲက ၂ကပါ။ ငယ်ငယ်လေးနဲ့ ဆုံးသွားတယ်ဆိုတော့ နှမြောတသ ဖြစ်မိပါတယ်။ အခုချိန်မှာတော့ ကောင်းရာသုဂတိလားပါစေလို့ပဲ ဆုတောင်းရတော့မှာပေါ့နော်။ အမရေ အမျှ အမျှ အမျှ
သယ်ရင်းရေကျနော်လည်း ထပ်တူ ၀မ်းနည်း ပါတယ်ကွာ။ မင်းကောင် မလေး ကောင်းရာရောက် ပါစေ။ မင်းကောင်မလေး ကို သတိရရင် ကျနော်ပြော သလို ကောင်းကင် ကြီး ကိုမော့ကြည့်လိုက် နော် မင်းအနားမှာ သူအမြဲရှိ နေမှာပါ
:cry:
ထပ်တူထပ်မျှ ၀မ်းနည်းပါတယ်ညီလေးရေ..ရင်ထဲကစကားပါ..
ကျနော် ရောက်တာနောက်ကျသွားလို့ အခုမှ သိရတယ်။ စိတ်မကောင်းဘူးဗျာ။ ကိုလင်းဦးရဲ့ ညီမလေး ကောင်းရာ သုဂတိလားပါစေလို့ ဆုတောင်းပါတယ်။
ကိုလင်းဦးရေ အားပေးနှစ်သိမ့်ဖို့တောင် စကားလုံး တကယ်ထွက်မလာတော့ဘူးဗျာ.. တကယ်ဝမ်းနည်းရပါတယ်....။ ၀မ်းနည်းနေတဲ့လူကို ၀မ်းမနည်းပါနဲ့လို့ ပြောရုံနဲ့ ရမှာ မဟုတ်ပါဘူး။ ခုချိန်မှာ စိတ်ထဲရှိတာတွေ ပွင့်အံချလိုက်ပါဗျာ..။ ဒါပေမယ့် အဆိုးဝါးဆုံးတွေတော့ ကျေးဇူူးပြု၍ မလုပ်ပါနဲ့ ကိုလင်းဦးရေ ...။ သွားတဲ့သူလဲ အဲလိုဖြစ်စေချင်မှာ မဟုတ်ပါဘူး။ အချိန်တွေက ရွှေ့လျားနေအုံးမှာပါ..။ အချိန်နဲ့သာ ကုစားပါဗျာ..။ ထပ်တူကြွေကွဲရပါတယ်။ ကျနော်ဘာထပ်ပြောရမှန်းတောင် မသိတော့ပါဘူး..။ :(
မျက်ရည်လွယ်တဲ့ ကျနော် ကိုလင်းဦးရဲ့ အကြောင်းတွေဖတ်မိတော့ မျက်ရည် မဆယ်နိုင်တော့ဘူးဗျာ။ ထပ်တူထပ်မျှ ၀မ်း နည်း မိပါတယ်။ ဒီလို ခက်ခက်ခဲခဲ အချိန်မျိုးကို အတတ်နိုင်ဆုံးကျော်ဖြတ်နိုင်ပါစေလို ဆုတောင်းပေးပါတယ်ဗျာ။
ချစ်ဦး(ဓာတ်ပုံ)
စိတ်မကောင်းဘူးသူငယ်ချင်းရေ
တရားနဲ့ဖြေပါဟာ
ဒီဇင်ဘာမှာ လမ်းခွဲသွားတဲ့ ညီမလေးအတွက်
တို့လည်းဆုတောင်းပေးပါမယ်
ညီမလေးကောင်းရာသုဂတိလားပါစေ.
ကျွန်မလဲ စိတ်မကောင်းပါဘူး
ကိုလင်းဦးနဲ့ထပ်တူထပ်မျှပါပဲ
ငယ်ပေမယ့်
ရှောင်လွဲမရတဲ့
ကံကြမ္မာရဲ့ ရိုက်ချက်ကို
တကယ်ကြံံုလာတဲ့
လူတွေမှ သာ
ခံစားသိမှာပါ
ထပ်တူထပ်မျှ ဝမ်းနည်းမိပါတယ်။ ကောင်းရာသုဂတိ ရောက်ပါစေလို့ အမျှဆုတောင်းပါတယ်ရှင်။
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)