ကျွန်တော်သိသမျှ ( ၁ )

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: ,



  • “ဆူမို” Sumo သည်် ဂျပန်ရိုးရာ နပန်းသတ်ပွဲပင် ဖြစ်ပါသည်။ ယင်းအားကစားနည်းမှာ အင်္ကျီဗလာ နပန်းသမားနှစ်ဦးက အချင်း ၄ဒဿမ ၅မီတာရှိ မြက်ထုံးများဖြင့် ကြိုးဝိုင်းသဖွယ်ပြုလုပ်ထားသော ရွှံ့သားမြေပြင်ပေါ်တွင် ယှဉ်ပြိုင် နပန်းသတ်ရခြင်းဖြစ်သည်။ မြက်ထုံးကြိုးကို ထက်ဝက်မျှ မြေထဲတွင် မြှပ်ထားသည်။ ယှဉ်ပြိုင်သူတို့၏ခါးတွင် “မာဝါရှီ” ခေါ် ခါးဝတ်မှလွဲ၍ မည်သည့်အဝတ်စားမှလွဲ၍ ၀တ်မထားကြပေ။
    ယှဉ်ပြိုင်သည့် နပန်းသမားနှစ်ဦးက တစ်ဦး၏ မာဝါရှီ ခါးဝတ်ကို အမိအရဆုပ်ကိုင်၍ တစ်ဖက်လူကို မြေပြင်ပေါ်သို့ ကျောနှင့်ကျအောင် (သို့မဟုတ်)စည်းဝိုင်းအပြင်ဘက်သို့ကျအောင် တွန်းထိုးနိုင်ခြင်း သည် ဆူမိုနပန်းသတ်ပွဲ၏ အဓိကနည်းနိဿရည်းဖြစ်သည်။ ဆူမိုသတ်ပွဲ၏ ထူးခြားချက်မှာ ကိုယ်အလေးချိန် ကန့်သတ်မှုမရှိခြင်းပင်ဖြစ်သည်။ ထို့ကြောင့် စိန်ခေါ်သူတစ်ဦးအဖို့ မိမိပြိုင်ဘက် သည် မိမိထက် ခန္ဓာကိုယ် နှစ်ဆကြီးသူဖြစ်ပါစေ ၊ မိမိကို်ယ်ကို ယုံကြည်မှုဖြင့် ၀င်ရောက်ယှဉ်ပြိုင်ရ သော “ဆူမိုစိတ်ဓါတ်”ပင်ဖြစ်သည်။ ယင်းကြောင့် ဆူမိုပြိုင်ပွဲဝင်မည့်သူတစ်ဦးအတွက် အဓိကလိုအပ် ချက်မှာ စိတ်ဓါတ်နှင့်ခွန်အားပင် ဖြစ်သည်။ ဆူမိုသမားတိုင်း အရိုးအဆစ်သန်မာသူ၊ အရပ်အမောင်း ကောင်းသူ (အနည်းဆုံး ၅ပေ ၁၁လက်မ ) ဖြစ်ရမည်။ ခြေလက်သန်မာ၍ ကိုယ်ခန္ဓာကြီးထွားရမည်။ ဆူမိုပြိုင်ပွဲတွင် မိမိခွန်အားကိုသုံး၍ ပြိုင်ဘက်ကို ယှဉ်ပြိုင်မည်ဟူသော ခိုင်မာသည့် ဇွဲ သတ္တိစိတ်ဓါတ် သည် အဓိကဖြစ်သည်။ ဤစိတ်ဓါတ်မျိုး ရရှိစေရန် ဆူမိုသမားတိုင်း “ဆာမူရိုင်းဆံထုံး”ကို ထားရသည်။
    ဆူမိုနပန်းသမားတစ်ယောက်ဖြစ်ရန်လည်း မလွယ်ကူပေ။ ထို့ကြောင့် ဆူမိုသမားဦးရေ နည်းပါးခြင်း ဖြစ်သည်။ ဆူမိုသမားတစ်ဦးသည် နေ့စဉ် ပရိုတိန်းဓါတ်များသော “ချန်ကို”ခေါ် သားပြွမ်းဟင်းရည် နှင့် အာဟာရကို စားသောက်ရသည်။ စားပြီးတိုင်း တစ်မှေးအိပ်စက်အနားယူရသည်။ နံနက်စောစော ထ၍ လေ့ကျင့်ရသည်။ နေထိုင် စားသောက်စဉ်မှာပင် မိမိကိုယ်ကို စိတ်ဓါတ်ခိုင်မာသူအဖြစ် အမြဲသတိရှိနေရမည် ဖြစ်သည်။
    အဆိုပါ ဆူမိုနပန်းသတ်ပွဲများကို ဂျပန်နိုင်ငံတွင် နှစ်စဉ် အခမ်းအနားများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမြဲဖြစ်သည်။ ပြိုင်ပွဲကျင်းပပုံမှာ ဦးစွာပထမ “ယိုဘီဒါရှီ” ခေါ် ဒိုင်လူကြီးက နပန်းသတ်သမား များ ကွင်းထဲသို့ ၀င်မလာခင် ယှဉ်ပြိုင်ကြရမည့် နပန်းသမား၏ အမည်ကို ဖော်ထုတ်ကြေငြာပေး သည်။ ယင်းနောက် နပန်းသမားများက ကွင်းကို သန့်စင်ပေးသည့်အနေဖြင့် ဆားများကို လက်ဖြင့် ဆုပ်၍ ပက်ဖျန်းပေးကြသည်။
    ထို့နောက် “ရှီကို”ခေါ် ဟန်ရေးပြကြရသည်။ ဤသည်မှာ ခြေနှစ်ချောင်းကိုကား၍ မတ်မတ်ရပ်ကာ ခြေတစ်ဖက်မြှောက်၍ အောက်သို့ ဆောင့်နင်းခြင်း၊ ထို့နောက် အလားတူ အခြားခြေတစ်ဖက်ကို လည်း မြှောက်၍ ဆောင့်နင်းခြင်းဖြစ်သည်။
    နပန်းသတ်ရာတွင် တာဝန်ယူရသည့် ဒိုင်လူကြီးကို “ဂျိုဂျီ” ဟု ခေါ်ကြသည်။ နပန်းသတ်ပွဲ စတင်သည် နှင့် နပန်းသမားများသည် “ရှီကီရီ”ခေါ် ကွင်းလယ်တွင်ကုန်း၍ တစ်ဦးကိုတစ်ဦး မျက်နှာချင်းဆိုင်ကာ လက်သီးဆုပ်ကို အောက်ခြေသဲပြင်ပေါ်သို့ ထောက်ထားရသည်။ ဤလှုပ်ရှားမှုကို ဂျိုဂျီခေါ် ဒိုင်လူကြီးက ပွဲစရန် အချက်မပေးမချင်း အကြိမ်အနည်းငယ်မျှ လုပ်ပြရသည်။
    ထို့နောက် ဒိုင်လူကြီးက ပြိုင်ပွဲစတင်ရန်အချက်ပေးလိုက်သည့်အခါ တစ်ဦးနှင့်တစ်ဦး တွန်းထိုးရိုက် ပုတ်ခြင်း၊ ခြေနှင့်ခတ်ခြင်း၊ ခြေလိမ်ခြင်း သိုမဟုတ် ခါးဝတ်ကိုဆုပ်ကိုင်ကာ မြှောက်၍ရလျှင် တစ်ဖက် လူကို ကွင်ပြင်သို့ လွှင့်ပစ်ခြင်းတို့ကို ကြိုးပမ်းရသည်။ ပွဲတစ်ပွဲ အပြီးသတ်သည်ဆိုခြင်းမှာ နပန်းသမားတစ်ဦးကို ကွင်းထဲမှ အပြင်သို့ရောက်သွားအောင် ပြုလုပ်နိုင်ခြင်း (၀ါ) ပြိုင်ဘက်၏ ခန္ဓာ ကိုယ်ကို မြေပြင်နှင့်ထိအောင် လုပ်နိုင်ခြင်း ဖြစ်သည်။
    သမိုင်းကြောင်းအရဆိုလျှင် ဆူမို နပန်းသတ်ပွဲများသည် ဂျပန်နိုင်ငံတွင် လွန်ခဲ့သောနှစ်ပေါင်း ၁၅၀၀ ကျော် ကတည်းက ပေါ်ပေါက်လာခဲ့သည်။ ဂျပန်နိုင်ငံ၏ ရှေးဟောင်းသမိုင်းမှတ်တမ်းများ အဆိုအရ ဆူမိုသည် ဂျပန်ဧကရာဇ်မင်းမြတ်၏ ရှေ့မှောက်တွင် ကစားရသည့် အားကစားနည်းဖြစ်သည်။ အေဒီ ရ၃၀ ၀န်းကျင်လောက်တွင် ဧကရာဇ်ဘုရင်မင်းမြတ်က ပထမဦးဆုံးပြိုင်ပွဲကို ကျင်းပပေးခဲ့သည်။
    ထိိုအချိန်မှစ၍ အမျိုးသားရိုးရာ အားကစားအဖြစ် ဆူမိုသည် ကျော်ကြားလာပြီး နှစ်စဉ် ဇူလိုင်လ ရရက်နေ့တွင် ဧကရာဇ်မင်းမြတ်၏ နန်းတော်အတွင်း၌ ကျင်းပစမြဲဖြစ်သည်။
    “အီတို”ခေတ် (၁၆၀၃-၁၈၆၇)တွင် ကြေးတန်းစား ဆူမိုနပန်းသမားများ ပေါ်ပေါက်လာခဲ့သည်။ ထိုစဉ်ကာလ၌ “ရှင်တို” ဘုရားကျောင်းနှင့် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများ၌ ဆူမိုနပန်းသတ်ပြိုင်ပွဲ များ ကျင်းပ၍ ရန်ပုံငွေများ ရှာဖွေခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲများကို “ကန်ဂျင်ဇူမို” ဟု ခေါ်ဝေါ်ကြ သည်။ ဤသို့ဖြင့် ကြေးတန်းစား ဆူမိုသက်တမ်းသည် အနှစ် ၃၀၀ ကြာမြင့်ခဲ့ပြီးနောက် “မေဂျီ”ခေတ် (၁၈၆၈-၁၉၁၂)တွင် ခေတ်သစ်ဂျပန်နိုင်ငံ စတင်ပေါ်ထွန်းလာသည်နှင့်အတူ ကြေးတန်းစား ဆူမိုကစားပွဲများလည်း ပိုမိုထွန်းကား ကျယ်ပြန့်လာခဲ့သည်မှာ “ရှိုဝါ”ခေတ် (၁၉၂၆) တိုင်အောင်ပင်ဖြစ်သည်။
    ၁၉၃၀ ပြည့်နှစ်များ၌ “ဖူတာဘာရာမာ”ဆိုသူသည် ဆူမိုသူရဲကောင်းတစ်ယောက်ဖြစ်သည်သာမက နိုင်ငံဂုဏ်ဆောင် ဆူမိုနပန်းသမား အဖြစ်လည်း ကျော်ကြားခဲ့သည်။ သူသည် နပန်းသမား အမြောက် များစွာကို အရှုံးမရှိ ယှဉ်ပြိုင်အောင်နိုင်ခဲ့ပြီး ဆူမိုနပန်းသတ်ပွဲပေါင်း ၉၈ပွဲမျှ ယှဉ်ပြိုင်အနိုင်ရခဲ့သည်။ သူ့စံချန်ကို မည်သူမျှ မချိုးနိုင်သေးပေ။ ထို့ပြင် သူသည် “ဆူမို”ကို သန်းပေါင်းများစွာသော လူသားများ စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်ခဲ့သူ ဖြစ်သည်။
    ၁၉၇၇ ခုနှစ်တွင် နိုင်ငံခြားထိပ်တန်း ဆူမိုနပန်းသမားတစ်ဦး ပါ၀င်ယှဉ်ပြိုင်ခြင်းမှစတင်၍ ဆူမို သမိုင်းသစ်ကို စတင်ခဲ့သည်။ အဆိုပါပြိုင်ပွဲ၌ ဂျပန်ဆူမိုသမားများကို အောင်ပွဲခံသွားခဲ့သော နိုင်ငံခြားသားမှာ အခြားသူမဟုတ်၊ ဟာဝိုင်ရီကျွန်းမှ “ဂျက်ဆီတာကာမီယာမာ”ဆိုသူ ဖြစ်သည်။ သူသည် ဂျပန်နွယ်ဖွား အမေရိကန်နိုင်ငံသား ဖြစ်သည်။ ယင်းသည် ဂျပန်နိုင်ငံတွင် နှစ်များစွာ အောင်လံလွှင့်ခဲ့ပြီးနောက် ဆူမိုလောကမှ အနားယူသွားလေသည်။
    ၁၉၈၅ ခုနှစ် ဇန်နဝါရီလတွင် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ကျိုဂိုဂူဒေသတွင် “နယူးကိုကူဂျီကန်” အမည်ရှိ အမျိုးသားအားကစားခန်းမသစ်၌ ဆူမိုနပန်းသတ်ပြိုင်ပွဲကို စတင်ကျင်းပ၍ ဆူမိုသမိုင်းသစ်ကို စတင်ခဲ့သည်။ အဆိိုပါ ကိုကူဂျီကန် အမျိုးသား အားကစားခန်းမသစ်၌ ၁၉၈၅ခုနှစ်၊ ဇန်နဝါရီလ ၁၃ရက်နေ့တွင် ဆူမိုနပန်းသတ်ပြိုင်ပွဲကို စတင်ကျင်းပခဲ့သည်။ ယင်းပြိုင်ပွဲသို့ ခန်းလုံးပြည့် ၁၅ရက် ပတ်လုံး အားကစားဝါသနာရှင်များ ကြွရောက်အားပေး ကြည့်ရှု့ခဲ့ကြသည်။ ယင်းပြိုင်ပွဲတွင် ထိပ်တန်းဆူမိုနပန်းသမားဖြစ်သူ “ချီယိုနိုဖူဂျီ”က ၁၅-၀ မှတ်ဖြင့် အပြတ်အသတ်အနိုင်ရရှိကာ ဧကရာဇ်ဖလားကြီးကို ဆွတ်ခူးရရှိသွားလေသည်။
    ဆူမို နပန်းသတ်အားကစားနည်းသည် ယခုအခါ အထက်တန်းကျောင်းများနှင့် တက္ကသိုလ်များတွင် လည်း လူကြိုက်များသည့် အားကစားနည်း ဖြစ်ပေသည်။ ဂျပန်လူမျိုးတို့က မိမိတို့ ရိုးရာယဉ်ကျေးမှု ဓလေ့ကို ထိန်းသိမ်းနိုင်မှုသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရာရောက်သည်ဟု ယုံကြည်ထား သည့်အတိုင်း ဂျပန်ရိုးရာ အားကစားတစ်ခုဖြစ်သော “ဆူမို”ကို မပျောက်မပျက်စေရန် အားပေးချီး မြှောက်ကြပေသည်။
    ထို့ကြောင့် တစ်ချိန်က ဂျပန်ရိုးရာအားကစားနည်းတစ်ခုဖြစ်သော ဂျူဒိုကိုသာလျှင် ကမ္ဘာကသိခဲ့ သော်လည်း ယခုမူ ဆူမို နပန်းသတ် အားကစားနည်းသည် ကမ္ဘာအနှံ့ လူသိများလာသည့် အားကစားတစ်ရပ် ဖြစ်လာခဲ့ပေသည်။ ....။

    ကျွန်တော်သိသလောက်သာ တင်ပြထားခြင်းဖြစ်ပါသည်။

    Lin Oo (psy)

    1 comments:

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo