ကျွန်တော်ပြောချင်နေတဲ့ ကျွန်တော့်အမြင် (၆)

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: ,

  • ခက်ပြီ....ခက်တော့ခက်ကုန်ပါပြီ။ ကျွန်တော်ပြောခဲ့တာတွေဟာ အမှန်တရားတွေပါ။ ကျွန်တော့်အပေါ်တုန့်ပြန်တဲ့အခါ သူတို့မငြင်းသလို ၀န်လည်းဝန်မခံကြပါဘူး။ ဒါပြသနာမဟုတ်သေး ပါဘူး။ ပြသနာက အခြားဂီတတစ်ခုဖြစ်တဲ့ Hip Hop ဂီတအပေါ် စော်ကားတဲ့ စကားမျိုး ပြောလာ တာပါ။ ကျွန်တော်အပိုင်းနှစ်ပိုင်းခွဲပြီး ပြောချင်ပါတယ်။

    ပထမပိုင်းကတော့ Hip Hop ဂီတအပေါ် သူတို့ ကာဗာယူခြင်း။
    ကျွန်တော့်ရဲ့အမြင်ကို ပြောပါ့မယ်။ ကာယကံရှင်တွေအနေနဲ့ အခြားဂီတအပေါ်အပြစ်ရှာပြီး ကိုယ့်အပြစ်ကို မဖုံးကွယ်သင့်ပါဘူး။ ယနေ့ ခေတ်လူငယ် အများစုဟာ Hip Hop ကို ရူးသွပ်ကြ ပါတယ်။ Hip Hop ကို ဒီနိုင်ငံရဲ့ ဂီတမဟုတ်ဘူး။ လူမည်းတွေရဲ့ဂီတ၊ သူတို့လည်းကူးချကြတာပဲလို့ ပြန်တုံ့ပြန်ခဲ့ပါတယ်။ ဒါဆိုရင် ကျွန်တော်ကလည်းမေးပါ့မယ်။ Rock ဂီတကကော ကျွန်တော်တို့ နိုင်ငံက စခဲ့တာ ဟုတ်ပါသလား။ ဘယ်လိုပဲဖြစ်ဖြစ် မိတ်ဆွေတို့ဟာ အနုပညာဆိုတဲ့ အမိုးအောက်မှာ အတူတူခိုလှုံနေတဲ့ လူတွေပါ။

    ကျွန်တော်ပြောပါဦးမယ်။ ကျွန်တော်တို့နိုင်ငံမှာ Rock ဂီတစခဲ့စဉ်တုန်းက ဘယ်သူလက်ခံခဲ့ပါသလဲ။ လက်မခံခဲ့ကြပါဘူး။ ပရိသတ် လက်ခံလာအောင် ဘယ်လောက်ထိ ကြိုးစားခဲ့ရပါသလဲ။ ပေးဆပ်ခဲ့ရ တာတွေအများကြီးပါ။ ကဲ .. အခု Hip Hop ၊ လူငယ်တွေရူးသွပ်တဲ့ Hip Hop ။ လူငယ်တွေဟာ ဒီဂီတအသစ်ကို လက်ခံလာအောင် ကြိုးစားခဲ့ကြရတာပဲမဟုတ်လား။ အခုတော့ ဝေဖန်ရှုတ်ချနေ ကြတယ်။ ဒါဟာ အနုပညာသမားချင်း ကိုယ်ချင်းမစာနာတာပါ။ အောင်မြင်လာတဲ့ ဂီတတစ်ခုကို မနာလိုတာလို့ပဲ ကျွန်တော်မြင်ပါတယ်။

    အခုလက်ရှိမှာ တစ်ယောက်နဲ့တစ်ယောက် စောင်းမြောင်းဆိုတဲ့အဆင့်၊ Show ပွဲတွေမှာ ရိုက်ပွဲ ဖြစ်ကြတဲ့အဆင့်ထိ အခြေနေဆိုးဝါးလာ ခဲ့ပါတယ်။ “ဒီပုတ်နဲ့ ဒီပဲနဲ့ အဟုတ်ကြီးကို လက်ခုပ် တီးတယ်” ဆိုတာဟာ ပရိသတ်ကိုုပါ စော်ကားတာပါပဲ။ ကျွန်တော်ဒီလောက်ထိ ပြောနေပုံ ထောက်တော့ Hip Hop ပရိသတ် ၊ Rock မုန်းတီးသူ လို့ ကျွန်တော့ကို ထင်ပါလိမ့်မယ်။ ကျွန်တော့်ကို ဘယ်သူလဲလို့ သိချင်ပါသတဲ့။ ကျွန်တော်ဟာ ဂီတမျိုးစုံကို လက်ခံပါတယ်။ လက်ခံနိုင်အောင်ကြိုးစားသလို အမြဲတမ်းလေ့လာနေသူပါ။ စန္ဒယာလှထွတ် နဲ့ စန္ဒယားချစ်ဆွေ သီချင်းများကို ကြိုက်သလို၊ ကိုင်ဇာ၊ခိုင်ထူး၊ စိုင်းထီးဆိုင်တို့ကိုလည်း ကြိုက်ပါတယ်။ ကျွန်တော်ဟာ Classical သီချင်းများကို ရူးသွပ်ပါတယ်။ ကိုခင်မောင်တိုး သီချင်းများကို နှစ်သက်ပါတယ်။ ကျွန်တော်ဟာ ငယ်ငယ်လေးထဲက ၊ ကုန်ကုန်ပြောရရင် မွေးကတည်းက ဒုံမင်းနဲ့ ဂစ်တာကို ရင်းနှီးလာခဲ့တဲ့သူပါ။ ဒီလောက်ဆိုရင် ကျွန်တော့်ခံယူချက်ကို နားလည် လောက်ပြီလို့ထင်ပါတယ်။ Hip Hop သီချင်းဆိုတဲ့သူတွေဟာ သူတို့လိုတော့ မလိမ်ထားပါဘူး။ လိမ်ခဲ့တဲ့သူတွေကလည်း ၀န်ခံခဲ့ကြပြီမဟုတ်ပါလား။ တဆက်တည်း အနဂ္ဂရဲ့ ဖွင့်ဟချက်ကို ဖော်ပြသွားပါ့မယ်။
    အနဂ္ဂက “ ကျွန်တော် ဥပမာလေးနဲ့ရှင်းပြရမယ်ဆိုရင် ကိုယ့်ဘက်ကစကားတစ်ခုကို တစ်ဘက်က လက်ခံတဲ့အချိန်မှာ သူ့ဘက်က အသံတိုးတိုးလေးကြားရရင် ဒါသူ့ဘက်က တိုးတယ်လို့ခံစားရမယ်။ သူ့ဘက်ကမှားတယ်လို့ယူဆရင် မှားတယ်လို့ ယူဆလို့ရတယ်။ ပုတ်ခတ်တယ်လို့ယူဆရင် ပုတ်ခတ်တယ်လို့ ယူဆလို့ရတယ်။ အဲ့ဒါကိုပဲ သူ့ဘက်က ဟာ.....ကြိုက်သလို ယူဆလို့ရတယ်။ လူက စိတ်ပညာအကုန်လုံးတတ်နေရင် တစ်ယောက်နဲ့တစ်ယောက် ပုန်းလျှိုးကွယ်လျှိုးပြောတဲ့ စကားတွေလည်း ဖြစ်လာမှာမဟုတ်ဘူး။ ကျွန်တော်တို့က ဘယ်သူ့ရယ်မှမဟုတ်ဘူး။ ကျွန်တော်တို့က ဒဲ့ပြောတာ။ ဘာမဆို မားမားမတ်မတ်နဲ့ ရပ်ရဲတယ်။ လူငယ်ဘက်က ဖြစ်ဖြစ် ၊ Hip Hop ဘက်ကဖြစ်ဖြစ် မားမားမတ်မတ်ရပ်ရဲတယ်။ တစ်ချို့တွေက အရမ်းပုတ်ခတ်တယ်။ ကျွန်တော်ကတော့ J-Meပြောတဲ့ Hip Hop ကို လိုက်လို့ မင်းဉာဏ်မမှီဘူးဆိုတဲ့ဟာနဲ့ပဲ ပြောချင်တယ်။ တစ်ချို့တွေက Hip Hop အကြောင်းဘာမှမသိဘဲနဲ့ လာပြီးပုတ်ခတ်တယ်။ ပုတ်ခတ်တော့ ဒီလူဘာဖြစ်လဲ။ ကိုယ့်အတွက် တန်ဖိုးမဲ့တဲ့ဟာ ဖြစ်တာပေါ့ ” လို့ ဖွင့်ဟခဲ့ပါတယ်။

    ဒုတိယပိုင်းအနေနဲ့ကတော့ ဘယ်လိုခေါင်းစဉ်မျိုးတပ်ရမလဲ မသိတော့ပါဘူး။ ကျွန်တော်က ဒီအပိုင်းမှာ ကာယကံရှင်ကိုပဲ ပြောချင်ပါတယ်။ ဂီတအသိုင်းအဝိုင်းက သတင်းပြန်လာတော့ ကျွန်တော်နည်းနည်း အ့့ံအားသင့်သွားတယ်။ ကျွန်တော်ရဲ့ စာအရေးအသားများ မှားနေသလားပေါ့။ ကျွန်တော်ပြန်ဖတ်ကြည့်မိတယ်။ မမှားပါ။ ကျွန်တော်ဆိုလိုတာက Copy ကူးတာကို အပြစ်ပြော နေတာ မဟုတ်ပါဘူး။ ဒီcopy ကိစ္စက ကျွန်တော်တို့တစ်နိုင်ငံတည်း ဖြစ်နေတဲ့ ကိစ္စမှ မဟုတ်တာ။ ကျွန်တော်ပြောခဲ့တာက Copy လုပ်ထားတာကို ကိုယ်ပိုင်သံစဉ်လို့ မကြေငြာသင့်ဘူးလို့ ပြောတာပါ ။ ကျွန်တော်ထပ်ပြောပါဦးမယ် ။ ကျွန်တော်တို့ ဂီတလောကမှာ သူများသီချင်းကို ခိုးကူးရုံတင် မဟုတ်တော့ဘဲ လိမ်တဲ့အဆင့်ပါတိုးလာပြီလို့ ပြောတာပါ။ အခုတော့ Hip Hop လည်း Copy ဘဲ လို့ ပြန်ချေပနေပါကောလား။ ကျွန်တော်ဆိုလိုတာက ဒါမှမဟုတ်တာပဲ။ အင်း ခက်ကုန်ပြီကောဗျာ ။

    0 comments:

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo