ကိုရွာသားက ဗုဒ္ဒဘာသာမှန်ရင် ရေးပေးပါဆိုလို့ ဒီပိုစ့်ဟောင်းလေးကိုပဲ ပြန်တင်ပေးလိုက်ပါတယ်..

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels: ,
  • ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ တကယ့်စစ်မှန်တဲ့လမ်းကို လျှောက်ဖို့ စေတနာထားပြီး ပြောချင်နေတာပါ။ဗုဒ္ဓဘာသာစစ်စစ်မှာဗေဒင်မပါပါဘူး။နတ်ကိုးကွယ်ယုံကြည်မှုမရှိရပါဘူး၊ ရတနာ သုံးပါးကိုပဲ ကိုးကွယ် ဆည်းကပ်ရပါမယ်။
    အိမ်တိုင်း အိမ်တိုင်းမှာအနည်းဆုံးတော့ အိမ်တွင်းဖခင်ကြီးဆိုပြီး အတော်များများထားရှိ ကိုးကွယ်နေ ကြပါတယ်။ အဲ့ဒိလို နတ်ကိုးကွယ်မှုပြုတဲ့ ဗုဒ္ဓဘာသာကို အဆင့်နိမ့်ဗုဒ္ဓဘာသာလို့ခေါ်ပါတယ်။ အမေမွေးလို့ လူ့ လောကထဲရောက်လာ၊ မိဘတွေရှိခိုးတာကိုတွေ့လို့လိုက်ရှိခိုးနေကြသူတွေကို မိရိုးဖလာဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။
    မိဘတွေကလည်း သားသမီးတွေရှေ့မှာ ဘုရားကိုတော့ သောက်တော်ရေလောက်ကပ်၊ နတ်များကို ကျ တော့ စားဖွယ်သောက်ဖွယ်စုံနဲ့ နေ့စဉ်နှင့်အမျှ ပူဇော်ပသနေကြတာတွေဟာ မိမိတို့သားသမီးတွေကို အရိုးစွဲ လမ်းလွဲစေခဲ့တာပါပဲ။ ပြီးတော့ပြောကြပါသေးတယ်။ ဒီနတ်တွေမကိုးကွယ်ရင်ဘဲ ဒုက္ခရောက်တော့မလိုလိုမျိုး (နတ်ကိုင်မယ်ပေါ့) ဆိုတာမျိုးတွေ ပြောကြလေ့ရှိကြပါတယ်။ မျိုးဆက်သစ်လူငယ်တွေကလည်း အကြိမ်ကြိမ် မြင်ဖန်များလာတဲ့အခါ မိဘတွေအတိုင်း လမ်းလွဲကို ရောက်သွားပါတော့တယ်။
    အဲ့ဒီ (၃၇)မင်း နတ်တွေဆိုတာဟာ အနိမ့်စားနတ်တွေပါ။ လူတွေကျွေးမှစားရတာပါ။ ဒါကို လူတွေက ကန်တော့နေကြတယ်လို့ဗျာ။ ပြီးတော့ဒီနတ်တွေက သူများမယားပြစ်မှား၊ အရက်သေစာသောက်စား စသည် အားဖြင့် မကောင်းမှုတွေလုပ်ပြီး သေခဲ့ကြသူတွေပါ။ တစ်ချို့ကလည်း ဟိုးအရင်ကတည်းက ရိုးစွဲလာခဲ့၊ ငါဒီ လို မလုပ်ရင် နတ်များကိုင်မလားဆိုတဲ့ ရိုးရာစွဲတွေကြောင့် ဆင်ခြင်တုံတရားကြီးကို ဖုံးအုပ်ခြင်းခံရပါတော့ တယ်။ ကိုယ့်ကြိုးစားလို့ အောင်မြင်တာတောင်မှ ဒါ ဘယ်ကိုယ်တော်က စောင့်ရှောက်ကူညီပေးတာလို့ ထင်ကြပါတယ်။ အယူမှားလမ်းလွဲနေလိုက်ကြတာ။
    ဟိုးအရင် အနော်ရထာမင်းလက်ထက်ကတည်းက ဒီနတ်ကိုးကွယ်မှုကို နှိမ်နှင်းခဲ့ပါတယ်။ အခုနတ် လှောင်ကျောင်းဆိုတာ အနော်ရထာမင်းကြီးနတ်ရုပ်တွေကို လှောင်ထားခဲ့တဲ့နေရာပါ။ ဘယ်လောက်ပဲ နှိမ်နှင်း ဖမ်ဆီး ဖမ်းဆီး ခိုးပြီးကိုးကွယ်နေကြမြဲပါပဲ။ နောက်တော့ အနော်ရထားမင်းကြီးက တိုင်းသူပြည်သားတွေ ဘုရားလည်းဖူး ၊နတ်လည်းကိုးကွယ်လို့ရအောင် တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်အနေနဲ့ ရွှေစည်းခုံ ဘုရားရဲ့ တံတိုင်းအတွင်း၊အပြင်တွေမှာ နတ်ရုပ်တွေကိုထားရှိစေပါတယ်။ အဲဒီမှာပဲ အပြင်(၃၇)မင်း အတွင်း(၃၇)မင်းဆို ပြီး ပေါ်လာတော့တာပါပဲ။
    ဗေဒင်ဆရာပုဏ္ဏားတွေကို ယုံကြည်မှုဟာလည်း အခုခေတ်မှာ တော်တော်လေးလွန်ကဲလာတာကို တွေ့ရပါတယ်။ ဗေဒင်ဆရာပြောလျှင် ပြောတိုင်းအကုန်လုပ်ကြတော့တာပါပဲ။ ကဲလက်ဖက်ရည်ဆိုင်ဖွင့်မယ့်သူတစ်ဦးပေါ့ခင်ဗျာ။ စီးပွားရေး ကောင်းအောင််၊ လူသောက်များအောင် ဗေဒင်ဆရာကိုသွားမေးပါတယ်။ ဗေဒင်ဆရာ ကတော့ဘယ်နားမှာဘယ်လိုလုပ်၊ ဒါလေးကို အဆောင်ယူပြီး လုပ်ဆိုရင်တော့ လုပ်ပြီပေါ့ခင်ဗျာ။ အဲ့ဒီလက်ဖက်ရည် ဆိုင် လုံးဝရောင်းမကောင်းပါ။ ဘာလို့ ရောင်းမကောင်းတာပါလဲ။ သူဖွင့်တဲ့နေရာက တော်တော်လေးချောင်ကျတယ်၊ သူ့တို့ လမ်းထိပ်ဖက်မှာလည်း အခြားသော လက်ဖက်ရည်ဆိုင်များရှိနေတယ်လေ။ ဘယ်လိုပါလဲ။ ဗေဒင်ဆရာကို အားကိုးကျတာကိုး၊ ကိုယ့်ဟာကိုယ်ဆန်းစစ်ကြည့်ရင် ဗေဒင်တောင် သွားမေးစရာမလိုပါဘူး။
    ကျွန်တော်တို့ဗုဒ္ဓမြတ်စွာဘုရားရဲ့အလိုတော်နဲ့ သူတို့ပုဏ္ဏား၊ ဗေဒင်ဆရာတွေရဲ့အလိုကို ကြည့်ကြပါဦး။ သူတို့ပုဏ္ဏား၊ ဗေဒင်ဆရာတွေက ကောင်းကင်နက္ခတ်ဂြိုဟ်ကြီးတွေရဲ့ ပြောင်းလဲမှုဟာ လူတွေရဲ့ ကံကြမ္မာနဲ့ ဆိုင်ပါသတဲ့။ မြတ်ဗုဒ္ဓကတော့ လူတွေ့ရဲ့ ကုသိုလ်၊ အကုသိုလ်၊ကိုယ်ကျင့်တရားကောင်းမှုတွေကသာ မိမိတို့ရဲ့ကံကြမ္မာဂြိုဟ်နက္ခတ်တွေကို ပြောင်းစေပါ တယ်တဲ့။မိတ်ဆွေများခင်ဗျာ.....မြတ်ဗုဒ္ဓအလိုနဲ့ သူတို့ပုဏ္ဏားတွေရဲ့ အလို တူတယ်လို့ ထင်ပါသလား။ လုံးဝလုံးဝကွဲပြားခြားနားပါတယ်။ မိတ်ဆွေတို့ဆိုရင်ကော ဘယ်အလိုကို လိုက်ပါမလဲ ? ။..။
    ဒီတော့ ကျွန်တော်တို့တွေ မိရိုးဖလာကိုးကွယ်မှုအဆင့်ကနေ တကယ့်ဗုဒ္ဓဘာသာဖြစ်အောင် ကြိုးစားကြစို့လားခင်ဗျာ.......။

    Lin Oo ( psy )

    0 comments:

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo