“အားလုံးကြားကြားသမျှ ၊ အမျှ၊ အမျှ ယူတော်မူကြပါကုန်တော် ၊ သာဓု သာဓု သာဓု ”၊ ကျေးဇူးရှင် ဆရာတော် ဘုရားကြီး၏ အဆုံးအမကို ခံယူကာ (၈)ပါးသီလ ဆောက်တည်ပြီး သက်သက်လွတ်စားခဲ့သည်မှာ နက်ဖြန်ဆိုလျှင် (၁၀)နှစ် ပြည့်ပေပြီ။ နက်ဖြန် ဆရာတော်နှင့် လိုက်သွားတော့မည်။ အမျှဝေပြီးနောက် အိပ်ရန်ပြင်ပါသည်။
“ဒေါက် ဒေါက် ဒေါက် ၊ဆရာ တံခါးဖွင့်ပေးပါဦး၊ အရေးကြီးလာလို့ပါ”
အပြင်က လူစိမ်းတစ်ဦး၏ အသံ။ ဒီအချိန်ကြီးဘယ်သူများလာသလဲလို့ တွေးရင်း တံခါးနားသို့ ကျွန်တော်ကပ် သွားပါသည်။ အပြင်သို့ချောင်းကြည့်လိုက်သောအခါ အမှောင်ထဲတွင်ရပ်နေသော လူငယ်တစ်ဦး။ ဘယ်သူမှန်း လည်းမသိ။ သတိတော့ထားမှ၊ ည(၁၁)နရီခွဲကျော်နေပြီ။
“အမြန်ဖွင့်ပါဆရာ၊ တံခါးအမြန်ဖွင့်ပေးပါ ၊ ကျွန်တော့်ကို ကူညီပါဆရာ”
အသံရှင်မှာ တကယ့်ကို သေရေးရှင်ရေးဖြစ်လာသော ပုံမျိုးပင်။ ကျွန်တော်လည်း တုတ်တစ်ချောင်းကိုင်ပြီး တံခါးကို ဖြည်းဖြည်းချင်းဖွင့်ပေးလိုက်ပါသည်။ ၀ရုန်းသုန်းကားဖြင့် လူငယ်တစ်ဦး ၀င်လာပါတော့သည်။
“ဆရာ၊ တံခါးပြန်ပိတ်ပေးပါဆရာ ၊ မြန်မြန်ဆရာ”
ကျွန်တော်လည်း သူပြောသလိုပင် တံခါးကိုပိတ်လိုက််ပါသည်။ဆံပင်ကဖရိုဖရဲ့နှင့် အကျင်္ ီကလည်း မဲပြီးပေလို့။
“မင်း ဘယ်သူလဲ၊ ဘာကိစ္စလဲ”
“ကျွန်တော့်ကိုမမှတ်မိဘူးလားဆရာ၊ အင်းလေး ကလေဆရာ”
ထိုအခါမှကျွန်တော် သူ့မျက်နှာကို သေချာကြည့်မိပါသည်။
“မင်းက”
“ဟုတ်တယ်လေဆရာ၊ ကျွန်တော်ပါဆရာ၊ ကျွန်တော့်ကို ကယ်ပါဆရာ”
မှတ်မိပါပြီ။ လွန်ခဲ့သော(၅)နှစ်ခန့်က ကျွန်တော် အင်းလေးဘက်သို့ ဘုရားဖူးသွားခဲ့ပါသည်။ ရောက်တုန်း ရောက်ခိုက် အင်းလေးကန်၏ အလှအပကို မော်တော်ဖြင့်လိုက်၍ ကြည့်ရှုပါသည်။ ကံဆိုးစွာ ကျွန်တော်စီးသော မော်တော်မှောက်ပါတော့သည်။ ကျွန်တော်ရေမကူးတတ်ပါ။ ကြောက်ကြောက်လန့်လန့် ဆွဲွဲမိဆွဲွဲရာ ဆွွဲပါတော့ သည်။ ထိုစဉ် “ကျွန်တော့်ကိုတွဲပြီးလိုက်”ဆိုသော အသံကြားရပါသည်။ ကျွန်တော်လည်း အသံကြားရာသို့ လှမ်းစွဲပါသည်။ ထို့နောက် အသိ၀င်လိုက်၊ မဝင်လိုက်နှင့် ပါသွားပါသည်။ ကမ်းပေါ်ရောက်တော့ ထိုလူငယ်က ပြုစုပါသည်။ လူငယ်မှာအသက်(၁၆)နှစ်လောက်ပဲ ရှိပါဦးမည်။ မော်တော်တွင်ပါလာသော လူငယ်ပင်ဖြစ်ပါ သည်။ အတူတူစီးလာသောသူ (၃)ယောက်သေပါသည်။ ကျွန်တော်ကံကောင်းလေစွ။ ထိုစဉ်က ကျွန်တော့် အသက်ကိုကယ်ခဲ့သောလူငယ်မှာ ယခုအိမ်ပေါ်သို့ရောက်ရှိနေသော လူငယ်ပင်ဖြစ်ပါသည်။
“အေးမှတ်မိပြီကွ၊ မင်းငါ့အသက်ကို ကယ်ခဲ့တဲ့သူပဲ”
“ဟုတ်ပါတယ်ဆရာ၊ အခုကျွန်တော်ဒုက္ခရောက်လာလို့ပါဆရာ၊ ကျွန်တော့ကို ကူညီပါ”
တစ်ခုခုကို စိုးရိမ်ထိတ်လန့်စွာ အိမ်ရှေ့ကို ကြည့်ရင်းပြောနေသောသူ့ကို ကျွန်တော်နားမလည်နိုင်ပါ။
“လိုက်ကွ ဒီနားလေးမှာပဲပျောက်သွားတာ၊ရှာကြ ရှာကြ” ရပ်ကွက်ထဲမှ လူများ၏အသံပင်။
ကျွန်တော်သဘောပေါက်ပါပြီ။
“မင်း မဟုတ်တာလုပ်လာတယ်မဟုတ်လား၊ ပြောစမ်း”
“ဟုတ် ဟုတ်ပါတယ်ဆရာ၊ ကျွန်တော်လည်း မလွှဲသာလို့ပါ ၊ ကျွန်တော်အမေအသည်း အသန်ဖြစ်လို့ ဒီမြို့ကို ခေါ်လာတာပါဆရာ၊ ဒီရောက်တော့ ဆေးဖိုးဝါးခနဲ့၊ အသုံးစရိတ်တွေကြောင့် ပိုက်ဆံပြတ်သွားတယ် ဆရာ၊
ဒါနဲ့ ကျွန်တော်လည်း လုပ်မိလုပ်ရာ လုပ်လိုက်မိတာပါဆရာ”
ခက်ပြီ ၊ ကျွန်တော်ဘယ်လို လုပ်ပေးရမည်နည်း။သူ့ကိုဖွက်ထားလျှင်လည်း (၈)ပါးသီလ ပျက်ပေတော့မည်။ “ဦးလေး တံခါးဖွင့်ပါဦး၊ ကျွန်တော်တို့ မေးစရာရှိလို့ပါ”
ဟော အပြင်မှာ လိုက်ရှာတဲ့သူတွေရောက်လာပေပြီ။
လူငယ်ကိုမတွေ့မိပါဘူးလို့ဖြေပြီးအနှစ်နှစ်အကာလစောင့်ထိန်းခဲ့သော (၈)ပါးသီလကိုအပျက်ခံကာ ကိုယ့်အသက်သခင် ကျေးဇူးရှင်ကို ကူညီပေးရမလား။ သူ့ကို မျက်ကွယ်ပြုပြီး ထောင့်ထိန်းရမလား။ကျွန်တော် ဘာကိုရွေးချယ်ရမလဲ။
ဇာတ်လမ်းလေးကို ဒီနားမှာပဲ အဆုံးသတ်လိုက်ပါတယ်။ မိတ်ဆွေတို့ ဆိုရင်ကော ဘယ်ဟာကို ရွေးပါမလဲ။ ကူညီပြီးရွေးပေးလိုက်ကြပါဦး

1 comments:
အစ်ကိုရေ . . .ညီမရွေးကြည့်မယ်နော် . . .
ညီမကတော့ အသက်သခင် ကျေးဇူးရှင်ကို ဖွက်ထားပေးမယ် . .ဘာလို့လည်း ဆိုတော့ သူတုန်းက အသက်နဲ့ ရင်းပြီး ကယ်ထားတယ်လေ . .ခုလို အခြေအနေမျိုးမှာ ကျေးဇူးဆပ်လိုက်မယ် . . .သူကလည်း အမေ့ ဆေးဖိုးလိုလို့တဲ့ သနားပါတယ်နော် . .အမေနဲ့ ပတ်သတ်လာလို့ သူမှာ ငါးပါးသီလတောင် လုံအောင်မထိန်းနိုင်တော့ဘူး . . .လူတစ်ယောက်ကို ကျေးဇူးဆပ်ဖို့ဆိုတာက ကံပါမှလေ. .အဲတော့ ကြံုတုန်းလေးပေါ့နော် . .ကူညီလိုက်မယ် . . .ညီမမှားနေရင်လည်း သွန်သင်ပေးပါ . .ခုချိန်မှာ ညီမသာ ကြံုရမယ်ဆိုရင်တော့ ရှစ်ပါးသီလကို အပျက်ခံလိုက်မှာလို့ ပြောလိုက်ပါတယ်ရှင်။
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)