ကျွန်တော်ပြောချင်နေတဲ့ ကျွန်တော့်အမြင်(၂)

Posted on
  • by
  • လင္းဦး(စိတ္ပညာ)
  • in
  • Labels:
  • အခုမန်ယူပရိတ်သတ်တော်တော်များများဟာချယ်လ်ဆီးလ်နည်းပြမော်ရင်ညို ထွက်သွားတာကိုဝမ်းသာနေကြတယ်။ပရီးမီးယာလိဂ်မှာသူတို့စိုးမိုးတော့မယ်ပေါ့။ ပြိုင်ဘက်ကောင်းတစ်ယောက်ဆုံးရှုံးသွားတာသူတို့တွေနားမလည်ကြဘူးလား။ စိတ်ထဲမကောင်းတာလေးပြောရပါဦးမယ်။ပြီးခဲ့တဲ့နှစ်ကOlympicဂျာနယ်ကနေ ကျန်အဖွဲ့အစည်းများနဲ့ပူးပေါင်းပြီးမျှော်စင်ကျွန်းမှာပျော်ပွဲရွှင်ပွဲလေးလုပ်ခဲ့ပါတယ်။ Olympic Fan Club ၀င်တွေကို ကြိုတင်ကြေငြာဖိတ်ခဲ့ပါတယ်။ဒီလိုမျိုးပွဲတွေလုပ်ပေးတဲ့ Olympic ဂျာနယ်ကိုလည်းကျေးဇူးတင်ပါတယ်။ပျော်ပွဲရွှင်ပွဲကိုမနက်(၁၀)နာရီက စပါတယ်။ ညနေ(၄)နာရီလာက်မှာတော့တေးဂီတအစီအစဉ်မစမီပြိုင်ပွဲလေးတွေကိုကျင်းပ ပေးပါတယ်။ ကမ္ဘာကျော် ကစားသမားတွေနဲ့အတူဆုံးလူ ပြိုင်ပွဲမှာပေါ့ ၊ မန်ယူက ရွန်းနီ၊ လာဆင်၊ အာဆင်နယ်ကအဒီဘာရော၊ဝေါကော့ ၊ လီဗာပူးက ပီတာခရော့ချ် စတဲ့ ဘောလုံးသမားတွေနဲ့ တူတဲ့သူတွေ လာပြိုင်ကြတာပါ။ ပြိုင်ပွဲတလျှောက် ကိုဆန်းထွတ်နဲ့ ကိုမောင်မောင်ကြီး တို့ကနေ Presenter အဖြစ်ပြုလုပ်ပါတယ်။ သူတို့က ပရိသတ်နဲ့ပဲ မဲခွဲပြီး ဆုံးဖြတ်မယ်လို့ ပြောပါတယ်။ ဒါဟာမှားတယ်လို့ ကျွန်တော်ထင်ပါတယ်။ စဉ်းစား ကြည့်ကြပါ။ကျွန်တော်အမှတ်(၁)မှာ ပြောခဲ့သလိုတယူတန်ဆန်၊ တစ်ဘက်စွန်းရောက် အားပေးသူတွေ အများကြီးပါလာပါတယ်။ ပြိုင်ပွဲမှာ ကိုဆန်းထွတ်ကနေပြီး ပြိုင်ပွဲဝင်သူ တစ်ယောက်ချင်းစီကိုလက်ညိုးထိုးပြီးကမ္ဘာကျော်ကစားသမားနဲ့တူသလားလို့ ပရိတ်သတ် ကိုမေးပါတယ်။ဘယ်လိုဆုံးဖြတ်မလဲဆိုတော့ပရိတ်သတ်ဆီကတူတယ်လို့အသံအကျယ် ဆုံး၊ အများဆုံးဆိုရင် အဲ့ဒီလူကိုဆုပေးပါမယ်တဲ့။ အောက်ကလည်း အော်တာပါပဲ။ တူတယ်၊ မတူဘူးဆိုပြီးတော့ပေါ့။မန်ယူကလာဆင်နဲ့ရွန်းနီတို့နဲ့တူတဲ့လူဆီရောက်ရောတူတယ် ဆိုတဲ့ အသံကြီးက ဟိန်းပြီးထွက်လာလိုက်တာ၊ လာဆင်နဲ့ရုပ်တူတဲ့လူ ဆုရသွားပါတယ်။ တကယ်ဆိုရင်မန်ယူပရိတ်သတ်များနေမှတော့ဒီလိုပွဲမျိုး၊ဒီလိုဆုံးဖြတ်ခိုင်းရင် မန်ယူလူူချည်း ပဲရတော့မှာပေါ့။မဟုတ်ဘူးလားဗျာ။နောက်ထပ်ပြိုင်ပွဲတွေလဲထိုနည်းလည်းကောင်းပါပဲ။ သူတို့ချည်းပဲပေါ့။မန်ယူပရိတ်သတ်တစ်ယောက်ကဘေးကသူငယ်ချင်း တွေကိုဘာပြောသ လဲဆိုရင်မင်းတို့အခြားအသင်းကလူတွေဆိုရင်လုံးဝမအော်ကြနဲ့၊တူ တူ မ တူ တူ ငါတို့ အသင်းကဆိုရင် အော်တာအော်ကြကွာ တဲ့။ ကောင်းရောဗျာ။
    Fashion စုံတွဲ ပြိုင်ပွဲမှာတော့ ကိုမောင်မောင်ကြီးက “ခင်ဗျားတို့ မန်ယူကလူများတော့ မန်ယူချည်းပဲ တစ်ခုပြီးတစ်ခုယူနေတယ်။ ခင်ဗျားတို့ မန်ယူတစ်သင်းထဲဆိုရင် ဘောလုံး ကန်လို့ ရပါ့မလား ။ မျှမျှတတ စဉ်းစား ပေးကြပါ ” လို့ ပြောပါတော ့တယ်။ ဒီအခါမှာတော့ ပရိတ်သတ်ကိုမဆုံးဖြတ်ခိုင်းတော့ပဲသူတိုပဲဆုံးဖြတ်ပါတယ်။ချယ်ဆီးမှစုံတွဲဆုရသွား ပါတယ်။Olympicဂျာနယ်ကလည်း လူငယ်တွေကို ပျော်ရွှင်စေချင်၊သူတို့ အတွက်လုပ်တဲ့ပွဲ ဆိုပြီး ပရိတ်သတ်ကိုဆုံးဖြတ်ခိုင်းတာပါ။ အခုတော့ ပရိတ်သတ်က တဘက်စွန်း ရောက်စွာ ဆုံးဖြတ်တော့မဖြစ်သင့်တာတွေဖြစ်ရတာပေါ့။တကယ်ဆိုရင်ဘယ်အသင်းကို အားပေးသူပဲ ဖြစ်ဖြစ်မှန်မှန်ကန်ကန်ဆုံးဖြတ်သင့်ပါတယ်။(မှတ်ချက်။မန်ယူပရိတ်သတ်ကိုတိုက်ခိုက်လိုတဲ့ ဆန္ဒမပါပါကြောင်း၊ )

    1 comments:

    Mintasay said...

    ဒါပေါ့ Manu တစ်သင်းထဲနဲ့ ဘယ်အလုပ်ဖြစ်ပါ့မလဲ

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo